Daily Archives: October 9th, 2012

Bader Mokan Mosque Covered Buddisht Pagoda ,Akyab, Arakan, Burma,ဗလီအတွင်း ဗုဒ္ဓဘုရားတည်ထားခြင်း ……..

Posted by danyawadi

AD 1727 ANCIENT MOSQUES FORCIBLY CONVERTED IN TO BUDDHIST PAGODA IN ARAKAN STATE BURMA

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

IN SIDE BADAR MAKAM MOSQUE

 

 

 

 

 

 

 

ရိုဟင်ဂျာမွတ်ဆလင်များသည်နိုင်ငံသားဖြစ် ကြောင်းလွှတ်တော်အသီးသီးသို့ကော်မရှင်ဖွဲ့၍ စစ်ဆေးရန်တင်ပြထားသည့်စာတမ်း …….

Posted by danyawadi

ရိုဟင်ဂျာမွတ်ဆလင်များသည်နိုင်ငံသားဖြစ်ကြောင်းလွှတ်တော်

အသီးသီးသို့ကော်မရှင်ဖွဲ့၍စစ်ဆေးရန်တင်ပြထားသည့်စာတမ်း

A

ဦးညီညီထွေး(ဗုဒ္ဓဘာသာ မာရမာကြီး)မှ နိုင်ငံသမ္မတထံ အသနားခံတင်ပြစာ (ရခိုင်ပြည် လူမျိုးတုန်းသတ်ဖြတ်ခြင်းကို ဖေါ်ထားသည်။) …

Posted by danyawadi

 

ရခိုင်အကြမ်ဖက်နိုင်ငံရေးပါတီ၏မျက်နှာဖုံးကွာကျ၍ ပင်ကိုယ်စရိုက်ပေါ်လွင်ခြင်း

အောက်တိုဘာလ ၉ ရက်၊ ၂၀၁၂ ခုနှစ်

မြောက်ဦးမြို့မှ ဗုဒ္ဓဘာသာ မရမာလူမျိုးတစ်ဦးဖြစ်သူ ဦးညီညီထွေးမှ သမ္မတဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာတစ်စောင် ၂၀၁၂ ခုနှစ်၊ စက်တင် ဘာလ (၁၃) ရက်နေ့စွဲနဲ့ ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံ၌ ရခိုင်အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးလှုံ့ဆော် ဖြန့်ဖြူးနေတဲ့ နိုင်ငံရေးပါတီ၊ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းဖြစ်အောင် ဦးဆောင်ပါဝင်ခဲ့သောပါတီဖြစ်တဲ့၊ တိရိစ္ဆာန်ကုဆရာဝန် ဦးအေးမောင် ဥက္ကဌအဖြစ် ဆောင် ရွက်၍ တိုင်းပြည်အတွင်း အကြမ်းဖက်မှုများ၊ ဆူပူအုံကြွမှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ စတဲ့၊ စတဲ့ ရာဇ၀တ်မှုကြီး များကို ကျူးလွန်နေသော RNDP ၏ သူတော်ယောင် မျက်နှာဖုံးကွာကျစေရန်နှင့် ၎င်း၏နှစ်နာဆုံးရှုံးမှုများ ပြန်လည်ရ ရှိစေရန် တရားဥပဒေအရ အရေးယူပေးပါရန်   မြောက်ဦးမြို့မှ ဗုဒ္ဓဘာသာ မရမာလူမျိုးတစ်ဦး၏ သမ္မတ ဦးသိန်းစိန် ထံ အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးပို့ခဲ့ပါတယ်။ သို့သော် ဦးသိန်းစိန်အနေနဲ့ ယင်း အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ မည်သို့မျှ တုံ့ပြန်ခြင်း၊ အလေးထားစဉ်းစား၍ တရားဥပဒေ အရ အရေး ယူပေးခြင်း မရှိသေးကြောင်းလဲ သိရှိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးလှုပ်ရှားနေသူ ပညာရှင်တစ်ဦးမှ

“ဒီအပြစ်မဲ့ မြောက်ဦးမြို့မှ ဗုဒ္ဓဘာသာ မရမာလူမျိုး အိတ်ဖွင့်ပေးစာရေးသားသူ အနေနဲ့ တရားဥပဒေစိုး မိုးရေး အကြောင်း တဖွဖွ ပြောဆိုနေသူ၊ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ထံ စာရေးသားပေးပို့ပြီး ၎င်းရဲ့ကိစ္စအတွက် အရေးယူပေး ပါရန် တောင်းဆိုသင့် တယ်” လို့ ရိုဟင်ဂျာလူမျိုးစုအသံကို ပြောခဲ့ပါတယ်။

၎င်းအိတ်ဖွင့်ပေးစာမူရင်းကို စာရှုသူများ ဖတ်ရှုနိုင်ရန် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

 

 

 

Rohingyas daily being killed with government support

Rohingyas daily being killed with government support

(A)A Rohingya tortured and hung by Military and Bengali Rakhine Gang

On 8th October, 2012, at around 3:45pm, a Rohingya from Gawdu Thara, Maungdaw south, was arrested on the way back from mountain by military and Bengali Rakhine gang. He went to the mountain for collecting firewood. He is identified as Abdu Karim (F) U Abdu Gawfurr, 28 years. As he was severely tortured and hung, his life survival is in a critical condition. Similar cases have been being occurred throughout Maungdaw and Buthidaung townships, some of which are known by the community and some are totally unknown. Although Act-144 imposed by the central government in most of the townships in Rakhine State, it is implied only for Rohingya communities. According to the said Act, not more than 5 people can gather. Interestingly, Rakhines can even do demonstration with mass people in any part of the Rakhine State, which has been continually heard from broadcasting channels. That clearly shows that the Act has been imposed only for Rohingyas.

(B) A detainee died in Buthidaung jail

On 8th October, 2012, at around 2:00pm, one of the detainees, who was arrested in June, 2012, falsely accused for involvement in the communal violence in Maungdaw, died in Buthidaung detention center during investigation process with inhumane torture by government authority. He is Moulvi Haroon (F)xxxxxxxxx, 38 years from Du-Thanda (Hawns Sawra) hamlet, Thanda village tract, Maungdaw south. He is originally from Sittway and got married with a woman from the village mentioned above. The dead body was seen on a push-cart by one of the Rohingyas who went to Buthidaung jail in order to meet a prisoner. Many Rohingyas have been died with severe torture in Buthidaung Detention Center, but few are known. As far as the information collected, the dead body of Rohingya is generally thrown somewhere that is in hide from the public.

Forward mail :

 

 

 

AD ( ၁၈၂၃ ) ခုနှစ် မတိုင်မီကမြန်မာနိုင်ငံ၌ ပင်ရင်းနှိုင်ငံအဖြစ် နေထိုင်ကြခဲ့သောမွတ်ဆလင်များ

Posted by danyawadi

 အမှာစာ

မြန်မာနိုင်ငံ၏ သမိုင်းရာဇ၀င်များကိုလေ့လာကြည့်လျှင်မြန်မာနိုင်ငံအရပ်ရပ် ၌နေ ထိုင်ကြသော အစ္စ လာမ် ဘာသာဝင် မြန်မာမွတ်ဆလင်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်၊ (၁၂၀၀) ခန့် လောက်ကစ၍ အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော် လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ ထိုင်ခဲ့ကြောင်း သမိုင်း တွင် အထောက်အထားခိုင်လုံစွာ တွေ့ရှိ ရသည်။

မြန်မာ့ရာဇ၀င် ၊သမိုင်း များတွင် အခြားသော တိုင်းရင်းသားလူမျိုးများမြန်မာနိုင်ငံ သို့ ၀င်ရောက် နေ ထိုင် ပုံကို လေ့လာလျှင် မြန်မာမွတ်ဆလင်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို သမိုင်း သမိုင်း အထောက်အထားများအရသိရှိနိုင် ပါ သည်။ ထို့ကြောင်း မြန်မာမွတ်ဆလင်များသည်လည်း ထိုခေတ် ထိုအခါ(နှစ်ပေါင်း ၁၀၀၀)ကျော်  ကပင်  ရောက်  ရှိနေ ကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်း တွင် ထင်ရှားနေ ပါသည်။

မြန်မာနိုင်ငံသားဥပဒေတွင် ၁၈၂၃ ခုမတိုင်မီက မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ် နေထိုင် သူ များ သည် တိုင်းရင်းသားများဖြစ်သည်ဟုပြဌာန်ထားသဖြင့်  မြန်မာ နိုင်ငံ သား ဥပဒေ နှင့် အ ကျုံ့ဝင် သော ၁၈၂၃ ခု မတိုင်မီက မြန်မာ့သမိုင်းထဲက မွတ်ဆလင် များအ ကြောင်း ကိုရှာဖွေ၍ စာဖတ်ပရိသတ် ဖတ်ရှူ လေ့လာ သိရှိ နိုင် ရန်အ လို့ ငှါ ဤ မှတ်စု ကိုရှာ ဖွေစုစည်းတင်ပြခြင်းဖြစ် ပါ သည်။ မြန်မာ့သမိုင်း`၌မွတ် ဆလင်များ ထဲတွင် (၁) ဗမာ မွတ် ဆလင် (၂) ရခိုင် မွတ် ဆလင် (၃)ကမန် မွတ်ဆလင် (၄)ပသျှူးမွတ်ဆလင် (၅)ပန်းသေး မွတ် ဆလင် ဟူ၍ (၅)မျိုး ခွဲခြား လေ့လာ နိုင် သည်။ များပြားသော ရာဇ၀င်၊ သမိုင်းများကို လေ့လာ ရန် အခက်ခဲ ရှိသူများ အနေဖြင့် ဤမှတ်စု ကို လေ့လာ ခြင်း ဖြင့် အချိန် တိုတို အတွင်း အလွယ်တကူဗဟုသုတတိုးပွါးနိုင်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်ကချ မှတ်သော မူဝါဒအညီ … ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး သည်  … တို့အရေး … ဟူသော ဆောင်ပုဒ် ကိုဦးထိပ်ထားလျက် တိုင်းရင်းသားအချင်းချင်း စည်းလုံးရေး၊ အပြန်အလှန်ခင်မင် လေးစား ရေးတွက်  သမိုင်း ထဲ က မြန်မာ့မွတ်ဆလင် အကြောင်း ကို ရေး သား ဖေါ်ပြပါသည်။

  ခရစ်သက္ကရာဇ် ( ၁၈၂၃ ) ခုနှစ် မတိုင်မီကပင်ရင်းနှိုင်ငံအဖြစ်

မြန်မာနိုင်ငံအရပ်ရပ်သို့ ပြန့်ကျဲနေထိုင်သောမြန်မာမွတ်ဆလင်များ

(1)
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက် ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်း ကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ ရသည်။
(2)
အေဒီ ၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ် ၀လီခန် နှင့်ပါလာသော စစ်သည် ငါးသောင်း(Bangladesh District Gazatteers,p-63)၊ ဗိုလ်ချုပ် စန္ဒွီခန်နှင့် ပါလာသော စစ်သည်များ(Journal of Burma Research Society No.2,p-493) သည် ရာစုနှစ် အဆက်ဆက် Arakan ကိုအုပ်ချုပ် လာခဲ့သည်။ဤသည်များမှာ များစွာသော သမိုင်းအထောက် အထားများမှ အချို့သာ ဖြစ်သည်။
(3)
သမိုင်းဆရာ Dr.သန်းထွန်း၏အဆိုအရ (၁၄၄၂-ခု) ကျောက်စာပါ အချက်များကို ကိုးကား၍ အာရ်ကန် မင်းများတွင် မူဆလင်ဘွဲ့ နာမည်များ ရှိခဲ့သည်။ ထိုမူဆလင် ဘုရင်များမှာ နတ်မြစ် အရှေ့ဘက် နှင့် ကုလားတန်မြစ် အနောက်ဘက် မေယုတောင်ကြားက မွတ်ဆလင်များသည်(ယနေ့ရိုဟင်ဂျာ)တွေဖြစ်သည်။သူတို့ ၎င်း ဒေသမှာ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းထောင် ကျော်ပြီ လို့ပြောသည်။ Ref : ဒေါက်တာ သန်းထွန်း-Kalya Magazine p-27,1994,August
(4)
အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အနောက်တိုင်းမှ အာရပ်ကုန်သည်၊ ပါရှင်းကုန်သည် နှင့် ရောမကုန်သည် တို့သည် မိမိတို့ ပင်ရင်းတိုင်း ပြည်များမှ ရွက်သဘောင်္ဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းကိုလည်းကောင်း၊ ယင်းကိုကျော် လွန်ကာ အရှေ့ဖက် တရုတ်ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။၂ အာရပ် တို့သည် ပင်လယ် ကူးသန်း သွားလာရာ၌ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းမြို့များ၊ ကုန်သည်ရောင်းဝယ်ရေး စခန်း များ၊ အချက်အချာကျသော နေရာ၏ တည်နေပုံ၊ မျက်နှာပြင်အနေအထား၊ နေထိုင်သည့်လူမျိုးများ၊ ထွက်ကုန်များ အစရှိသည်တို့ကို စနစ် တကျ လေ့လာသုတေသန ပြုလေ့ရှိရာ- (၉) ရာစု အာရပ်ပထ၀ီဝင် ဆရာများ၊ ခရီးသည်များ၊ သုတေသီများ၏ မှတ် တမ်းများတွင် ရခိုင်ပြည်နှင့် မြန်မာပြည်အောက်ပိုင်း မွန်တို့နယ်ဖြစ်သော ရာမည ဒေသများအကြောင်းကို တွေ့ရှိနိုင် ပေသည်။၃ ရာခိုင်ရာဇ၀င်များအရလည်း အာရပ်တို့သည် အေဒီ (၈) ရာစုမှစ၍ ရခိုင်ပြည်သို့ ရောက်ရှိအခြေချနေပြီ ဖြစ်ကြောင်း ပါရှိပါသည်။ ရခိုင်ရာဇ၀င် အထောက်အထားများကို ကိုးကား၍ ၁၈၄၄ – ခုထုတ် ဘင်္ဂလား အေးရှာတိခ် ဆိုဆိုင်အေတီ ဂျာနယ် ( Journel of the Asiatic Society of Bengal) တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

(5)
“ရခိုင်ဘုရင် မဟာတိုင်း စန္ဒြမင်း (အေဒီ ၇၈၈ – ၈၁၀) လက်ထက်တွင် ရမ်းဗြဲကျွန်းအနီး အာရပ်သင်္ဘောများစွာ ပျက် စီးခဲ့ကြောင်း၊ သင်္ဘောသားများက သေဘေးမှလွတ်ကာ နီးရာကမ်းခြေဒေသဖြစ်သော ရမ်းဗြဲကျွန်းသို့ ၀င်ရောက်ခိုလှုံခဲ့ ကြောင်း၊ ရခိုင်ဘုရင် ကြားသိသောအခါ ယင်းတို့အား ကောင်းမွန်စွာ ပြုစုဧည့်ခံပြီး လယ်ယာမြေများပေးကာ အခြေတ ကျနေထိုင်ခွင့် ပေးခဲ့ကြောင်း” ပါရှိသည်။၎ အေဒီ ၁၈၇၉ ခုထုတ် ဗြိတိသျှဘားမားဂေဇက် (British Burma Gazetters) ကို ကိုးကား၍ အာရ်ဘီ စမတ် (R. B. Smart) ကလည်း “အေဒီ ၇၈၈ – ခုနှစ်တွင် မဟာတိုင်း စန္ဒြမင်း သည် ရခိုင်ထီးနန်းကို ဆက်ခံခဲ့ကြောင်း၊ ၄င်းသည် ယခင် ရာမ၀တီ မြို့ဟောင်းကို မြို့သစ်တည်ထောင်ကာ နှစ်ပေါင်း ၂၂ နှစ်တိုင် စိုးစံခဲ့ကြောင်း၊ ယင်းမင်းလက်ထက်တွင် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ကြောင်း၊ သင်္ဘောသားများမှာ မဟာမေဒင် ဘာသာဝင်များဖြစ်ကြ ကြောင်း၊ ယင်းတို့ကို ရခိုင်ပြည်မသို့ ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးကြောင်း” စစ်တွေဂေးဇတ် (Akyab Gazette) တွင် ရေးသားထားသည်။၅ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သော ဗိုလ်မှူးဘရှင်ကလည်း- မြန်မာနိုင်ငံ ပင်လယ် ဆိပ်ခံမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများ ပျက်ပြားခြင်းဆိုင်ရာ အကြာင်းအရာများ အချိန်ကာလ စောစွာကပင် ရှိခဲ့ကြောင်း၊ မွန်-မြန်မာ ရာဇ၀င်များနှင့် အချို့ သော ဘုရားသမိုင်းများတွင် သင်္ဘောပျက် စစ်သား များအကြာင်း ရေးသားထားသည်ကို တွေ့ရှိရကြောင်း – ၁၉၆၁ -ခု နှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့ သော အာရှသမိုင်း နှီးနှောဖလှယ်ပွဲတွင် တင်ပြသော “မြန်မာနိုင်ငံ သို့ အစ္စလာမ်သာသနာဝင်များ ၀င်ရောက် လာပုံ (အေဒီ ၁ရ၀၀)” စာတမ်းတွင် ရေးသားထားပါသည်။

( 6)

မြောက်ဦးမြို့၏ထူးခြားချက်ကား ကုလားမွတ်ဆလင်များနေခြင်းဖြစ်သည်။ဤသို့ဖြစ်ရခြင်း ကလည်း အ ဆန်း မဟုတ်ပေ။ ဒုတိယမြောက်ဦးခေတ်တွင် ဘင်္ဂလား ၁၂ ပြည်နယ်ကို ပြန်လည် တိုက် ခိုက် သိမ်း ပိုက် ရာ`၌ စစ်သူကြီးဓမ္မဇေယျသည်ကုလားပြည်မှ ကုလား ဘုရင်နှင့်တကွ သုံ့ပန်းတို့ကို ဖမ်းဆီး ခဲ့ရာတွင် ကုလား (၁၀၀၀၀) ကို ဆင်စာမြင်း စာရိတ် အစု၊ကုလား(၂၀၀၀) ကို ဝါးခုတ်၊သစ်ခုတ် အစု၊ ကုလား (၁၀၀၀) ကိုလယ်လုပ်၊ ကုလား(၁၀၀၀၀) ကိုဟင်းသီးဟင်ရွက်၊ငရုတ်၊ကြက် သွန်၊ကွမ်း ဆက်အဖွဲ့ အစု ကုလား (၂၀၀၀) မိဖုရား၊သားတော်၊ သမီးတော်များ၊ အိမ် ၌ ရေခပ်၊ထင်းခွဲ၊ ကုလား (၂၀၀၀) လေးကိုင်းစစ်သည်၊ကုလား (၁၀၀၀) ရက်ကန်းရက် ၊ကုလား (၁၀၀၀) ယာဉ်ထမ်း၊ ကုလား(၁၀၀၀) ဆားချက်၊ ကုလား(၁၀၀၀)မြို့တွင်းမြို့ပြင်အမှိုက်ကျုံး၊ သန်ရှင်းရေး စသည်ဖြင့် ကုလားစုစုပေါင်း (၄၇၅၀၀) ဦး ဖမ်းဆီးလာကာတာဝန်ခွဲဝေ အပ် နှင်း ပေးခဲ့ သည်ဟုရေးသားဖေါ်ပြ ထားသည်။(စာ ၂၅၇-၂၅၈)
(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။
(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)။စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။)

( 7 )
ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ တို့ တွင်ငနှလုံမင်း(၁၂၃၄ – ၁၂၃၇)လက်ထက် ကုလားပြာည်ကိုစစ်ထိုး
ရာ သုံ့ပန်းအဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊မိဖုရားသုံး၊ မင်းသားသုံး၊ မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူသည်။ ဤကားဓညဝတီအရေးတော်ပုံ`၌ ပါသောငနှလုံမင်း အကြောင်း တည်းဟု ရေးသားဖေါ်ပြထားသည်။
(ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃)

( 8 )
Francois Bernier ၏မှတ်တမ်းနှင့် Father Delaunoite ၏ Catholic encyclopedia အရ ၁၆၂၁ မှ ၁၆၂၄ ခှုနှစ်အတွင်း ဖမ်းဆီးခေါ်ဆောင်လာသူများမှာ (၄၂၀၀၀) လေးသောင်း နှစ်ထောင် ရှိ သည်ဟု ဆို၏ ဆာအာသာဖယ်ယာက ဖမ်းဆီးခေါ်ဆောင်လာသူ ဦးရေး
သည် ရခိုင်ပြည် စုစုပေါင်း လူဦး ရေး၏ ၁၅ % ရှိသည် ဟု ဆိုထားသည်။ ရခိုင်ဘုရင် ကထိုဖမ်းဆီးယူလာ သောလူထဲတွင် အတတ် ပညာ ရှင် ဖြစ် သူ လေးပုံတစ်ပုံ ခန့်ကိုယူ ထားပြီး ကျန်လူများကို တစ်ဦး လျှင် (20 Rs မှ 70 Rs ဖြင့် )ဈေးတင်ရောင်း ချ ခဲ့သည်။ ထိုဖမ်းဆီးကျွန်များကို လက်ဖဝါးဖေါက်ပြီး ကြိမ်လုံးဖြင့် ချည်နှောင်ကာ ကြက်၊ငှက် ကဲ့ သို့ သင်္ဘော ကုန်တွင်း ထဲ ထည့်သွင်းပြီး သယ်ဆောင် လာခဲ့သည်ဟုဆို၏။
(Harvey,Outlineof Burmese History Page, 94 )

( 9 )
(က)- မင်းဘာကြီး ခရစ်ဝက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့ လက်ထက် က သောင်းထီး ကျွန်းမှကုလားလေးထောင်စီ ဖမ်းဆီးခေါ်လာခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း)သားတော် အိမ်ရှေ့ မင်းသား မင်းခ မောင်း ပိုမော်တင် ချောင်း၊ သံလျှင်မြို့သို့ စစ်ချီလေသည်ဟု ပါရှိသည်။မောရစ်ကော လစ် ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်းရခိုင်ပြည် သည် ပထမနှစ် (၁၀၀၀) အတွင်းကုလားမင်းများအဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက်ပိုင်းတွင်ရခိုင်ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်းကောင်း၊စာမျက်နှာ ၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီက
ရခိုင်ပြည်သည် ကုလား ပြည် တစ်ပြည်ဖြစ်ခဲ့ သည်ကတော မှန်ပေ၏ ဟူ၍ လည်းကောင်း – စသည်ဖြင့် ဖေါ်ပြထားသည် ။ရခိုင်ပြည်ကို ဟိန္ဒူဘာသာဝင်များက အေဒီ ၁ ရာစုမှ ၁၁ ရာစု အထိ နှစ်ပေါင်း (၁၀၀၀) ကျော်စိုးမိုး အုပ်ချုပ်ခဲ့သည်ဟု ရေးသားထားသည်။

(ခ) –  အထက်ပါစာအုပ်၏နောက်တစ်နေရာတွင် တရံရောအခါ စစ်တွေကျွးန်ကုလားတို့ကို ဓါးပိုင် ကြီး သောက်ကြယ်က ခေါ်၍ ဆုလာဘ်ပေးကြောင်း ၊မင်းမသိအမတ် မြို့သစ်စား ရွှေသဲ သိစေလျှင် ထို အကြောင်း ကိုလျှေက်ထား လေသော် ဟုပါရှိရာ (ပြည့်ရှင်မင်းမဟာရာဇာ လက်ထက်) စစ်တွေမှာ ထိုစဉ် ကပင် ကုလားမွတ်ဆလင်များ ရှိနေကြောင်း ထင်ရှားနေသည်။
ရခိုင်အမျိုးသားစာရေးဆရာများ၏အထက်ပါမှတ်တမ်းများအရ ထိုစဉ်က မူဆလင် ဦးရေ အများ အပြားရှိသည်ကိုခန့်မှန်း နိုင်သည်။ ဤ အရပ်ရပ် မူဆလင်များသည် ရှူးဂျား မင်းသား ၁၆၆၀ ခုနှစ်ရခိုင် သို့ခိုလှုံလာသည့် ကာလ ထက်အချိန်ကာလ အားဖြင့် စော နေသည်ကိုတွေ့ ရ သည်။ရခိုင်ဘုရငသည် လေးသညတော် (ကမန်)တပ်ဖွဲ့ဝင် ရှားရှူးဂျား မင်းသား နောက် လိုက်များ ထက်ရှေးကျသူများဖြစ် သည်ရခိုင်ဒေသတွင်ဗုဒ္ဓဘာသာဝင်တစ်ချို့အစ္စလာမ်ဘာသာ သို့ကူးပြောင်းခဲ့သည်ဟုဓညဝတီဆရာ တော် ဦးညာဏ၏ရခိုင်ရာဇဝင် ဒုတိယတွဲ စာမျက်နှာ (၁၆၁- ၁၆၂) `၌လည်း ကောင်း၊ ဦးကြည် မြန်မာ သမိုင်း စာမျက်နှာ (၁၆၀ )`၌လည်းကောင်း ဦးလှထွန်းဖြူ ၏ ငွေစကားရည်လုပွဲစာအုပ် စာမျက်နှာ (၄၇) တွင် လည်း ကောင်းရေးသား ဖေါ်ပြထားသည် ကိုတွေ့ရှိရသည်။

( 10 )
Maurice Collis ရေးသော The Land Of the Great Image အား ဦးလှဒင်က ရွှေရတနာ မြေ အမည်ဖြင်ပြန်ဆို ရေးသာဘာသာပြန်ဆုရစာအုပ်၏ စာမျက်နှာ (၁၉၁) တွင် အေဒီ ၆၃၀ ခုနှစ် က ရခိုင်ပြည် သည် အိန္ဒိယနိုင်ငံအတွင်း ပါဝင်ခဲ့၍ နေထိုင်သောလူမျိုးများမှလည်း ဘင်္ဂလား ပြည် မှလူမျိုး များ နှင့်အသွင် တူကြ သည်။ ထိုနည်းတူဟိန္ဒူဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာ နှစ်မျိုး စလုံးပြိုင်တူထွန်းကားခဲ့ သည့်အထောက် အ ထား များ ရှိသည်ဟုဖေါ်ပြသည်။အိန္ဒိယ တိုက် ငယ်တွင်အထူးသဖြင့် ပါကိစ္စတန်နှင့်ဘင်္ဂလားနယ်တွင် ဟိန္ဒူဘာသာဝင် အများစုသည် အစ္စလာမ်ဘာသာသို့ကူးပြောင်းကိုးကွယ်ရာ ဘင်္ဂလားပြည်နယ်နှင်ဆက်စပ်လျက်ရှိသော ရခိုင်ပြည်`၌ လည်း မြောက်ပိုင်း `၌လည်း ရခိုင်လူမျိုးဟိန္ဒူဘာသာဝင်အများစုမှာအစ္စဘာသာသို့ကူးပြောင်းကိုး ကွယ် လာကြသည်။ ထိုသူများမှာရိုဟင်ဂျာများဖြစ်သည်။ တစ်ချိန်ကပြည်သည် ဘင်္ဂလား သစ္စာတော် ခံအဖြစ်လည်းကောင်း၊ဘင်္ဂလား(၁၂)မြို့ခေါ် ဘင်္ဂလား ဒေသ သည်ရခိုင် ပြည်၏ အင်ပါယာ အဖြစ် သို့လည်းကောင်း အပြန်အလှန်ကျရောက် ခဲ့ကြကြောင်း History Of Burma နှင့်သမိုင်းစာအုပ်များ တွင်ဖေါ်ပြထား သည်ကိုတွေ့ရသည်။
( 11 )
(က)-  ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကိုဗမာ ဘုရင် သိမ်း ပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ ဂေါလ်ဒေသသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ဂေါလ်ကကောင်းမွန်စွာလက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့ တည် ၍ မြောက် ဦးခေတ် ကို စတင် တည်ထောင်ခဲ့ပါသည်။
(ခ) – မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရဗ်မှစစ် သည်တော်များ၊ ဥရောပ မှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော် တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ် သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်း ကျင်တွင် နေထိုင်ကြ ပါသည်။ ယင်းတို့ကို ရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်း သား မျိုးနွယ်စု အဖြစ်အသိ အမှတ်ပြု ထား ပါသည်။ယင်းမူဆလင် ဘာသာဝင် ကမန်တို့ သည် ရခိုင်ပြည် ၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိက ရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့်ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူပူအမျှ ငြိမ်းချမ်း စွာ နေထိုင်လာခဲ့ကြသော ကမန် လူမျိုး တစ်မျိုးများရှိသကဲ့သို့ အထက်တွင် ဖေါ်ပြခဲ့သော ဗုဒ္ဓဘာသာမှ အစ္စလာမ် ဘာသာသို့ ကူးပြောင်းကိုးကွယ်ကြသောလူတစ်စု လည်းရှိ နေသေးသည်။

(ဂ)-  မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစု အတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ် များ တွင်ပင် လယ်များတွင် လွှမ်းမိုး ခဲ့သည်။၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ် ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေ ချ နေထိုင်ခဲ့သည်။
(ဃ)-  အေဒီ ၁၆၆၀ တွင်အိန္ဒိယ ပြည် ၌ ရှာဂျဟန် ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာ သည် နောင်တော် သြရန်အဇစ်နှင့်နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။စန္ဒသုဓမ္မ မင်းအား ကတိ မတည် ဟုဆိုရာ ရှာရှုဂျာက ပုန်ကန် ခဲ့ရာ ရှားရှုဂျား ကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေး သည်တော်)တို့အား ရခိုင် ဘုရင်၏ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
(င)- စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာ သော ကမန် တို့အား ရမ်းဗြဲကျွန်း၊စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ် စလင်မ် တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြ သော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။

(စ) – ၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူ ဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင်ဖမ်းဆီးရမိသော မွတ်စလင်မ်များ အေဒီ – ၁၅၄၇ီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့်၁၇၀၇ အေဒီတွင်စနေမင်း၏အရာရှိ များ သံတွဲကို တိုက်ခိုက် ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့ စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက်မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီး စ အချိန်နှောင်းမှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်း ကောင်း၊ ရမည်းသင်းခရိုင်ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ရသည်။

(ဆ) – ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန် လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှ ကျော်ထင် ရေးကူးသော စစ်တမ်း တွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင် ဘက်မှ ၀င် ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား မြန်မာ သက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက် ဖော်ပြပါ ၁၂-နေရာ ၌ နေရာချထားခဲ့ ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ(၉)သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ တွင် ဖြစ်သည်။အ ထက် ဖော်ပြ ပါ အတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များကူးသန်း ရောင်းဝယ် ရေး စခန်း များ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်း ကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။(နဝတ-ဦးစီးထုတ်ဝေသောသာသနာရောထွန်းစေဖို့ – စာအုပ်စာမျက်နှာ ၆၇ )
( 12)
ရခိုင်ဘုရင်များသည် ဗုဒ္ဓဘာသာ ၊ အစ္စလာမ်ဘာသာ ၊မကွဲခြားဘဲမျှမျှတတအုပ်ချုပ်ခြင်း၊ ဘာသာရေးလွပ်လတ်ခွင့်ပေးခြင်း ၊ဘုရင်ကိုယ်တိုင် တိုင်းပြည်စည်းလုံးရေးအတွက် အစ္စလာမ် အမည်ဘွဲ့ ကိုခံယူခြင်း ရှေးရခိုင် ဘုရင်များ၏ အမြော်အမြင်ကြီးမားပုံကိုစံနမူနာ ယူစရာဖြစ် သည် ဟု ဦးကြည်(B.A )ရေးမြန်မာရာဇဝင်သိမှတ်ဖွယ်ရာအဖြာဖြာ ကို ကိုးကား ၍တိုင်းရင်း သား လူမျိုးစု သတင်လွှာက ရေသားဖေါ်ပြထားသည်။
( 13 )
စန္ဒသုဓမ္မရာဇမင်း(၁၆၅၂-၁၆၈၄) လက်ထက်တွင် အိန္ဒိယ မဂိုဧကရာဇ် ရှဂျီဟန်၏ ဒုတိယသား တော် ရှားရှူးဂျားနျင့် အတူ နောက်လိုက်အင်အား(၃၀၀) နှင့် ၁၆၆၀ ပြည့် ရခိုင်ပြည်သို့ဝင်ရောက် ခိုလှုံကြောင်း ရခိုင် သမိုင်း၊မြန်မာသမိုင်း၊ကမ္ဘာ့သမိုင်း တို့တွင် တွေ့ရှိရသည်။
(14 )
၁၆၆၈ ခုနှစ် မြောက်ဦးမြို့တွင် ရှားရှူးဂျားဗလီကြီးကို တည်ဆောက်ထားသည်ကို ယနေ့တိုင် တွေ့မြင်ရသော ရှေးခေ တ် ကပင်မွတ်ဆလင်များ ရှိနေကြောင်းသမိုင်း အထောက်ဖြစ်သည်။( အမှတ်စဉ် – ၅၆ – ကု ရှု )

(15)
ရခိုင် သမိုင်ဆရာဦးစံရွှေပုက ဘင်္ဂလားဒေရှ် နှင့် ရခိုင်ဒေသသည် နယ်စပ်ချင်းဆက် စပ်နေ၍ ရခိုင်ဘက်တွင် အစ္စလာမ်သာရှိနေခြင်းကို သံသယပွါးမရှိဟုသုံးသပ်ဖေါ်ပြထားသည်။
(16)
AD  ၇၀၀ ကျော်မှာ ရခိုင်ပြည်ရမ်းဗြဲ(ရမ္မာဝတီ) ကျွန်းတဝိုက် အာရဗ်သဘောင်္များ လေမုန် တိုင်းပြီးပျက်စီးသွားရာ အာရဗ်ျွါတ်ဆလင်များသည် ရမ်းဗြဲ ကျွန်းအခြေချ နေခဲ့သည် ဖေါ်ပြသည်။ (၁၉၅၇ ခုနှစ် ထုတ် Burmese GezetteerVol. 1 , District- P-19)
(17)
ကဝိဿရ ဘိ သီရိဝရ အဂ္ဂမဟာ ဓမ္မရာဇဝိရာဇ် ဂုရု ရခိုင်ဆရာတော်ဘုရား ပြုစုရေးသားသော ဓညဝတီ အရေးတော်ပုံစာအုပ်တွင် မူဿလံလူမျိုးဆိုပြီး ယခုအခေါ် မူဆလ်မံ ၊ ( ဆ ) နေရာတွင် ( ဿ ) ရေးသားထားကြောင်းတွေ့ရသည်။ ၁၉၃၉ ခုနှစ် ဇူလိုင်၊ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ဆရာဘိုးချယ် (ဆရာချယ်၊ပါတီဒီမို ကရေစအထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်) ရေးသော ဗမာမွတ် ဆလင် တို့၏ ရှေးဟောင်အတ္ထုပ္ပတ္တိ စာအုပ် စာမျက် နှာ (၁၆) တွင်၁၈၇၉ ခုနှစ် ထုတ်ဗြိတိသျှဂေတိယ အရရမ်းဇြဲကျွန်းအနီး`၌ပျက်စီးသော အာရဗ် သဘောင်္သား မွတ်ဆလင်များ ထိုအချိန်မှစ၍ ရမ်းဗြဲကျွန်းတွင် အတည်တကျ နေထိုင်ဖေါ်ပြထားသည်။
(18)
မြန်မာနိုင်ငံရှေးဟောင်းသုတေသနမှူး ဂျာမန်လူမျိုးပညာရှင် ရန်ကုန်ကောလိပ်ပါမောက္ခ အာမိလ် ဖိုခင်ဖါ( Emil Forchamfer )၏ ရခိုင်ရှေးဟောင် လက်ရာအစီရင်ခံစာ(၁၈၉၂)ခုနှစ် ၊ ဓါတ်ပုံ ၆၈ (၄၂) ၊ စာမျက်ျနှာ ၆၀`၌ထင်ရှားကြီးကျယ်သော မွတ်ဆလင်သူတော်စင် ဗုဒ္ဒေါရေ အော်လီယာ(Budder Auliah )ကိုရည်မှန်းပြီး ဗုဒေါရ်မုကာန်(စစ်တွေ) အားခရစ်နှစ် ၁၇၅၆ ခုနှစ်တွင် တည်ဆောက် ထားသည်။
(19)
ရခိုင်ဒုတိယအရေးပိုင် Deputy Commissioner Col: Nelson Devies ၏မှတ်တမ်းအရ ၁၇၃၆ ခုနှစ် တွင်စစ်တကောင်းမှစစ်တွေသို့ မာနိခ်ျ နှင့်ကျန်ညီနောင် ရောက်ရှိကြောင်းကို ဖေါ်ပြ ထား သည် ။
(ခ) – ၁၆၆၈ ခုနှစ် မင်းပြားမြို့နယ် ၊ပန်မြောင်းရွာတွင်  အာလောင်မ် လောန်ကာ ဗလီ ၊ ကန်ကြီ (၁၂) ရွာ ကိုတည်ဆောက်ထားကြောင်း တွေ့ရသည်။(ရုပ်ရှင်တေးကဗျာ ရသ စုံ မဂ္ဂဇင်း ၊ သန်းထွန်း(သမိုင်းပညာရှင်)
(20)
၁၆၆၈ ခု၊နှစ် မင်းပြားမြို့နယ်၊ပန်းမြောင်းရွာတွင် အာလောင်မ် လောန်ကာဗလီ ၊ကန်ကြီး (၁၂) ရွာကိုတည်ဆောက်ထားတွေ့ရသည်။
(21)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်အစောပိုင်း ကာလကပင်ရောက်ရှိခဲ့သည်။ ‘အစ္စလာမ် ဘာသာသည်ခရစ်ယာန်ထက်စောပြီး မြန်မာပြည်သို့ ရောက်ရှိခဲ့သည်ဟု ယူဆနိုင်သည်။ ပုဂံ ကျောက် စာ အချို့တွင် ”ပန်သိယ်”” ပ သည်” ဟုရေးသားထား သဖြင့် ပုဂံခေတ် ကပင် အစ္စလာမ် ဘာသာဝင် များရှိလိမ့်မည်ဟု ဆိုနိုင်ပေသည်။
[ဒေါ်တင့်စိန်၊ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း၊ တက္ကသိုလ်ပညာ ပဒေသာ စာစောင်၊ ရန်ကုန်၊ တက္ကသိုလ် များပုံနှိပ်တိုက်၊အတွဲ၃၊အပိုင်း၎၊စာ-၇၅၊၁၉၇၃၊ဇူလိုင်။]

(22)
ထိုအဆိုကို ခိုင်မာစေသည့် အထောက်အထားတစ်ရပ်ကိုလည်း ဤသို့တွေ့ရှိရပါ သည်။ ‘ပုဂံခေတ်၏ အစောပိုင်းကာလပိတ်သုံမင်း(အေဒီ ၆၅၂-၆၆၀)လက်ထက်တွင် အာရပ်လူမျိုး ကုန်သည် တို့သည် သထုံ၊ မုတ္တမအစရှိသော ဆိပ်ကမ်း မြို့များသို့ရောက်ရှိလာခဲ့ကြသည်။ အာရပ်သင်္ဘော များ သည် အနောက်ဘက် မဒဂတ်စကားကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်အထိ သွားလာ လျက် မြန်မာ ပြည်သို့လည်း ၀င်ထွက်ခြင်းပြုခဲ့ကြသည်။
[ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာရာဇ၀င်သိအပ်ဖွယ်ရာအဖြာဖြာ၊ စာ-၈၁-၈၃၊ မန္တလေး၊ပိဋကတ်တော်ပြန့်ပွားရေး၊၁၉၅၀။]
(23)
(က)-  ပုဂံခေတ်တွင် မြန်မာမှုပြု အစ္စလာမ်စာပေဟူ၍ သီးခြားမတွေ့ရပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ် သာသနာသည်ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီ ဖြစ်သောကြောင့် အစ္စလာမ်စာပေများ လည်း ရောက်ရှိလာနိုင်သည်။ ပုဂံခေတ် မြန်မာစာပေ တွင်’ကျောက်စာ ‘ များကိုသာ အများ ဆုံးတွေ့ရသည်။ ကမ္ဘာပေါ်တွင် ကျောက်စာရေး ထိုးသည့်အလေ့အထကို အီဂျစ်လူမျိုးများက စတင်သည်။ အီဂျစ်နှင့်အခြားမြေထဲပင်လယ်ဒေသများတွင် တွေ့ရသည့် ကျောက်စာများမှာ ရှေးအကျဆုံးဖြစ်သည်။ ပုဂံခေတ်၌ပင် အရဗီဘာသာနှင့် ရေးထိုးထားသော ကျောက်စာ များရှိသည်ဟု သိရှိသည်။( အမှတ်စဉ် -၂၁ – ကိုကြည့် )

(ခ)-  ၁၉၆၉ ခုနှစ်ကစစ်တွေခရိုင် မြို့ဟောင်းမြို့(မြောက်ဦးမြို့)နန်းရာကုန်း အရှေ့ဘက် သရက်အုပ် ရွာမှရသော အလျား၃ပေခွဲ၊အနံ ၂ပေ၊ စာကြောင်းရေ ၈ ကြောင်းပါ သည့်ရှေး ဟောင်းပါရှားနှင့် အူရ်ဒူဘာသာစာ ရောပြွန်းရေးထိုးထားသော ကျောက်စာတစ်ချပ်ကို တွေ့ရ သည်။ ရှေးရခိုင် မင်း လက်ထက်က ရွှေချိန် ၂၃တန် ပိဿာ၁၄၂၉၁ ကို မြှုပ်နှံ သည့်အခါ ရေးထိုးခဲ့သည့် ကျောက်စာဟု သိရသည်။
(၂၉-၁၁-၆၉ နေ့ထုတ် ဗိုလ်တထောင်သတင်းစာ စာ-၅)ထိုအချက် ကို အထောက် အထားပြု၍ မြန်မာနိုင်ငံ၌ ရှေးခေတ်ဘုရင်မင်းများ အုပ်စိုးစဉ်က အရဗီ၊ ပါရှား၊ အူရဒူကျောက် စာများရှိလိမ့်မည်ဟု ခန့်မှန်း နိုင်သည်။
(24)
ပုဂံကျောက်စာအချို့တွင် ပသီ၊ ပန်းသေး ဟူသော ဝေါဟာရများကိုတွေ့ရသည်။ သာဓက အားဖြင့် ‘သ္မီ မြက်ရ ပသီ’သက္ကရာဇ် ၅၈၅ခုထိုး၊ မင်းအနန္တသူ (လေးမျက်နှာဘုရား) ကျောက် စာ ကြောင်းရေ ၃၉-၄၀)’ငီ ငာ ပန်သိယ် ၁’ သက္ကရာဇ်၆၀၄ ခုထိုး၊ ညောင်ရမ်းမင်းကြီးသမီး (အိမ်ရာကျောင်းကျောက်စာ) တောင်ဖက်ကျောက်ချပ်၊ စာကြောင်းရေ ၅) တို့ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များကို ရည်ညွှန်း ခေါ်ဆိုသည့် လူမျိုးအခေါ်အဝေါ်များကို ကျောက်စာ များတွင် တွေ့ရှိရသည်ကိုအထောက်အထားပြ၍ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီဟု အခိုင်အမာ ဆိုနိုင် ပါသည်။ ပေ၊ ပုရပိုက်တို့ကို စာရေးကိရိယာအဖြစ် ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့မည်ဟု ယုံကြည် ရသောကြောင့် ပေ၊ ပုရပိုက်တွင်ရေးသား ထားသော စာပေများရှိကောင်း ရှိနိုင် မည်ဖြစ် သော်လည်း ရှာဖွေရန် ခဲယဉ်းနေပါသည်။ ထို့ကြောင့်ပုဂံခေတ်တွင် မြန်မာမူပြုအစ္စလာမ်စာပေ မရှိဟု ယတိပြတ် မဆိုသာပါ။
(25)
ကုန်းဘောင်ခေတ် (အေဒီ ၁၇၂၅-၁၈၈၅)တွင် အစ္စလာမ်စာပေ အမြောက်အမြား တွေ့ရှိရ သည်။ ကုန်းဘောင်ခေတ်တွင် ကျမ်းတော်မြတ်ကုရ်အာန်အား မြန်မာဘာသာပြန်ဆိုမှုကို စတင်တွေ့ရှိရသည်။ ကျမ်းမြတ် ကုရ်အာန်သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကို အတွင်းရေးမှူး များ အဖွဲ့ချုပ်က ထုတ်ပြန် ထားသော နိုင်ငံတကာစာပေ၌ အကျော်ကြားအထင်ရှားဆုံး စာအုပ်(၁၀၀)စာရင်း အရ ဘာသာ ရေးကဏ္ဍ၌တစ်အုပ်အပါအ၀င်ဖြစ်သည့် ကမ္ဘာ့ဂန္ထ၀င်စာပေ ကျမ်းတစ်ဆူဖြစ်ပါသည်။
[မောင်ဆုရှင်၊ ဂန္ထ၀င်စာပေဟူသည်၊ ဂန္ထ၀င်စာပေစာတမ်းများ (ပထမတွဲ)၊ စာ-၉၅၊ ရန်ကုန်၊ စာပေဗိမာန်၊၁၉၉၁]

(26)
ကုန်းဘောင်ခေတ်ဦးပိုင်းမှာ ကိုရမ်ကျမ်းကို မြန်မာဘာသာ မပြန်ဆိုရသေး လို့ အာရေဗျ ဘာသာ နဲ့ဖတ်နိုင်အောင် သင်ပေးတယ်။ နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ ပြန်ဆိုစေခဲ့တယ်။”[တတိယနှစ် ၀ိဇ္ဇာသင်တန်း (သမိုင်းသာမန်) သမိုင်းဘာသာပို့ချချက်များ၊ စာ-၃၇၊ မြန်မာနိုင်ငံသမိုင်း သင်ရိုး အမှတ်(၃၀၃)အတွဲ(၂)၊ တက္ကသိုလ်စာပေး စာယူသင်တန်း၊ စာစဉ် (၁၁၅) ၁၉၈၇၊ စက်တင်ဘာ]
ထို့ကြောင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ် ကုရ်အာန်ကို အရဗီ ဘာသာနှင့်ပင် လေ့လာခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကုန်းဘောင်ခေတ် အမရပူရမြို့တည် နန်းတည်ဘိုးတော် ဘုရားဗဒုံမင်း(သက္ကရာဇ် ၁၁၄၃-၁၁၈၀)လက်ထက်တွင် ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်ဆိုမှုကိုစတင် တွေ့ရှိရသည်။ ဘာသာပြန်ဆိုသူ ပညာရှိကြီးမှာ ရွှေတောင်သာဂသူ ဆရာကြီးဦးနုဖြစ်သည်။
(27)
သံတော်ဦးတင်လွှာကျမ်းမှာ သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ဘိုးတော် ဗဒုံမင်းထံတင်သွင်းသော ကျမ်း ဖြစ်သည်။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၀)ခုလက်ထက်တွင် သာသနာပေါင်းစုံနှင့် စပ်လျဉ်း ၍ ဘုရင်ဧကရာဇ်က စူးစမ်းမေးမြန်းလေ့လာတော်မူရာတွင် အစ္စလာမ်သာသနာ အတွက် ဦးနုက ရေးသား တင် ဆက်သော အစ္စလာမ်သာသနာလျှောက်စာတမ်း ပင်ဖြစ်ပေ သည်။ [သံတော်ဦးတင်လွှာကျမ်း၊ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ကျမ်းဦး စကား၊ စာ-(ဈ)၊ အစ္စလာမ်စာ ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၀]
(28)
မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံ တော် ကြီး ဖြစ်သည့် ပုဂံခေတ်ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်း တင်ထား သည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံအနီးရှိ မြန်မာ နိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။
Ref : (“The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2, paragraph 3, line 1,2&3 )
(29)
အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည် တော်များနှင့်ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန်(တလိုင်း) တို့ ၏ မြို့တော်မုတ္တမမြို့ အား အနော်ရထာမင်းကြီး စစ်ပြုတိုက်ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ် ခဲ့သည်။(Luce & Tin 1960, pp. 80-81)
(30)
တောင်ပြုန်းရွာသည် ငါးရက် ခန့်စည်ကားသော ပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့မြောက်ဖက်၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီးနတ်ကွန်း ၂၀၀၀ နီးပါးသည်ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထား ခြင်း ဖြစ်သည်။( Various Myanmar History tax-books of Ministry of Education, Myanmar.)
(31)
ယနေ့တိုင် အယုံအကြည်ရှိသူများ သည်နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြ သည်။ ထို ကိုးကွယ်သူ များသည် မိရိုး ဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှဝက်သားကို သယ် ဆောင် သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်း ခံ သည့် အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။
( a b “The Muslims of Burma” A study of a minority Group,
by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden.)

(32)
ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ် စာ နေရာ ကို အနော်ရထာ မင်းကြီးမြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရ ထာမင်း ကြီးသည် အမှု သွားအမှုလာကို စုံစမ်းကြားနာ စစ်ဆေးေ တာ် မူပြီးနောက် ၎င်းညီနောင်နှစ်ဦး အား အမိန့် တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင် တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာ မင်း ကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေ ခဲ့သည်။ ဤသို့ ဖြစ်ရခြင်းမှာ ရွှေဖျင်းညီ နောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်ကတော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များက ရွှေဖျင်းညီနောင်တို့သည် အနော်ရထာ မင်း ကြီး အားသစ္စ္စာစောင့်သိစွာ အမှုတော် ထမ်း ခဲ့သော် လည်းမတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ် ချက် ကို ဖော်ပြ သည့်အနေဖြင့် တော် ဝင်ဖောင် တော်၏တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော်ရွေ့လျားမရ ဖြစ်နေသည်ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက် တင်ကြ သောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီး တစ် ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ်ပသ စေသည်။
(Online Burma/Myanmar Library )

(33)
မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံ တော်ကြီးဖြစ်သည့်ပုဂံခေတ်ခရစ်သက္ကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်း တင် ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော ဗျတ်မျိုးနွယ်ဝင်အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ်ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။
(“The Muslims of Burma” A study of a minority Group,by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2,paragraph 3, line 1,2&3 )
(34)
ဗျတ် ညီနောင်နှစ်ဦးအကြောင်းဖော်ပြထားသော မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီ နောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့ သော ဘုန်း ကြီး ဆွမ်းစားရန် စီစဉ်ထားသော ဇော်ဂျီအသေ(ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီး နောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြ ထား သည်။ သထုံ ဘုရင်သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား၎င်း ၏ ဇနီးမယား ၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။ညီငယ်ဖြစ်သူ သည် ပုဂံသို့ ထွက်ပြေး လွတ်မြောက်သွားပြီးအနော်ရထာမင်းကြီးအပါးတော်တွင်ဝင် ရောက်ခို လှုံ ခစားခဲ့သည်။သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သို့ တစ် နေ့ လျှင် ဆယ်ကြိမ် သွား၍ ပန်းများကိုယူလာရလေ့ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်း ပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက်ထွန်းကားခဲ့သည်။
( Pe Maung Tin and G.H.Luce, The Glass Palace Chronicle of the Kings of Burma)

(35)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀) ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်းနှစ်ဦးချင်းအားဖြင့်လည်းကောင်းပျံ့နှံ့ဝင် ရောက် ခဲ့ပါ သည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ် ဘာသာမြန်မာနိုင်ငံသို့ စတင်ရော က် ရှိ လာ ခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာ နိုင် ငံသို့လာရောက်
သာသနာပြု သဖြင့် ရောက် ရှိလာခဲ့ခြင်း မျိုး မဟုတ်ပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာ ရောက်ရှိလာ ပုံနှင့် ပတ်သက်၍အောက် ပါသမိုင်း မှတ်တမ်း အထောက် အထားများ အရ လေ့လာသိရှိပါသည်။ နိုင်ငံတော်အစိုးရကထုတ်ဝေသော(စာမူခွင့်ပြုချက်-၃၄/၉၇(၃)၊ ပထမအကြိမ်ပုံနှိပ်) သောသာသနရောင်ဝါထွန်း စေဖို့ စာအုပ်စာမျက်နှာ (၆၅-၆၈)နှင့်(၇၁-၇၃ )မှ ကူးယူဖေါ်ပြခြင်းဖြစ် ပါသည်။)
(36)
အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များ မှ တစ်ဆင့် အာရဗ် ကုန်သည်များသည်မြိတ်မြို့သို့ရောက် ရှိနေကြပြီးဖြစ် သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကော လစ်ရေး Into HiddenBurma စာ-၂ )

(37)
သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ် ကုန်သည်များရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ် ကျွန်းမှအရှေ့အိန္ဒိယ ကျွန်းစု များနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်းဖော်ပြထား သည်။(ဦးကြည်၊ ဘီအေ၊ ရာဇ၀င် ဂုဏ်ထူး ရေး၊ မြန်မာရာဇ၀င် မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇)

(38)
တပင်ရွှေထီး လက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလား ပန်းသေး တို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်း သုတေသီ ပညာရှင် များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ် ဘာသာ သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ရောက်ရှိ အခြေချ နေထိုင် ခဲ့ကြကြောင်း သိရှိရပါသည်။((နဝတ-ဦးစီးထုတ်ဝေသောသာသနာရောထွန်းစေဖို့ – စာအုပ်စာမျက်နှာ ၆၅- ၆၈)၊ အမှတ်စဉ် ၃၅ – ကိုရှု

(39)
ဓမ္မစေတီမင်း ပုသိမ်ကို တိုက်ခိုက်သိမ်းယူပြီးနောက် သူဋေးသူကြွယ်များ၊ကုန်သည်များ ၊ ကု လား ပသီများသည် လက်ဆောင် ပစ္စည်း များဆက်သ ကြသည်ဟု ရာဇဝင်ဟောင်းများ တွင် တွေ့ရကြောင်း ၊ပသီတွင် ကုလားပသီမင်းမျှ အုပ်စိုးရုံမျှမက လူဦးရေအားဖြင့် လည်းအများ အပြား ရှိကြဟန်တူသည်ဟုဆိုထားသည်။ (ဆရာမာဃ၏ ပုသိမ်ရာဇဝင် စာမျက်နှာ ၁၅၇)
(40)
၁၇ ရာစု အလယ်(၁၆၄၇) ခှုစ်တွင် အင်္ဂလိပ်အရှေ့ အိန္ဒိယ ကုမ္ပဏီက မြန်မာနိုင်ငံ`၌ ကုန် တိုက်ဖွင့်၍မွတ်ဆလင်များ မှတဆင့်ကူးသန်းရောင်းဝယ် မှုပြုလုပ်ခဲ့သည်။
(D.G.E. Hall Early English Intercourse with Burma P . 32,Ibid p.25 ,Ibid p. 87)
(41)
အနောက်လွန်မင်းသန်လျင်ကိုအောင်နိုင်ပြီး နောက် ယခင်ပေါ်တူဂီတို့အုပ်စိုးခဲ့ သော ကူးသန်း ရောင်းရောင်းဝယ်ရေးသည် မွတ်ဆလင်လက်သို့ရောက်ရှိသွားသည်။
(Aoyage of Floristhothu Indies p.119)
(42)
၁၇၅၆ ခုနှစ်တွင် သန်လျင်မြို့ကိုအလောင်းဘုရားအောင်တော်မူရာတွင် ဖမ်းစီးသောသုံ့ပန့် များတွင် ကုလားသင်္ဘော ခလာသီများ လည်းပါဝင်သည်။ရန်ကုန် ရောက်ပြီး သွေးသောက်ကြီး ခန့်ရာတွင် ပီယာမဟာမတ် တို့အပါ အစ္စလာမ်ဘာသာဝင် (၂) ဦးပါဝင် သည်ကို တွေ့ရသည်။ (Konbanzet Mahayazawindawgyi (KBZ) Vol.1,p.187)
(43)
အလောင်းဘုရားလက်ထက် အစ္စလာမ်ဘာသာဝင်များကို အရေးကြီးသော ဘုရင့်သက် တော်စောင့်ခန့်ထားသည်သာမက ကုလားပျိုသေနတ်စု ကိုဖွဲ့စည်းသည်။ ၁၇၅၈ ခုနှစ်တွင် ဘုရင့်ကောင်းမှုဌာပနာတော် ထွက်တော်မူခန်း`၌် ကုလားပျိုသေတ် စုများလည်း ပါဝင် သည်။(Konbanzet Mahayazawindawgyi (KBZ) Vol.1,p.254)
(44)
မင်းတုန်းမင်းတရားလက်ထက် တွင်ရွှေ လင်္ကျာတပ်၏ အမှုထမ်းတို့မှာ အစ္စလာမ် ဘာသာဝင်များဖြစ်သည်။(An account of Burmese Published on the centenary of the founding of Mandalay U Ba U p.8 ,(from now be refrrence U Ba U)
(45)
၁၇၆၄ ခုနှစ်တွင် ယိုးဒယားသို့ချီတက်တော်ရမူသောမြန်မာ တပ်များတွင် ကုလားဗိုလ်တပ် တပ်လည်းပါဝင်ခဲ့သည်။(Konbanzet Mahayazawindawgyi (KBZ) 1373)
(46)
ဘိုးတော်ဘုရားနန်းတက်ပြီးစ (၁၇၈၂)ခုတွင်မင်းလောင်း ငမြတ်ဖုန်း ရှမ်းအမျိုးသား တစ် ယောက် သည် လူအင်အား (၂၀၀၀)နှင့် ညဘအချိန်တိတ်တဆိတ် ရွှေနန်းတော် ကို ဝင် ရောက်စီးနင်း ချိန်တွင် ရွှေနန်းတော်တာဝန်ကျဝန်သူ ကုလားပျို အစုလည်း ခုခံတိုက်ခိုက် ခဲ့သည်။ (Ibid 554)
(47)
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားသည် (၁၇၈၃) ခှုစ်တွင်အမရပူရ ကိုတည်ထောင်ရာ`၌ အစ္စလာမ်ဘာသာဝင်များလည်းပါဝင်ခဲ့သည်။၎င်းတွင် ကုလားဝန်၊ကုလားစာရေးနှင့်
ရွှေလက်ယာ အစုသားများပါဝင်ခဲ့သည်။(Parabike No.509 , Bernard library)
(48)
တရုတ်ပြည်မွန်ဂိုမင်းဆက်(ယွန်မင်းဆက်) ရာဇ၀င်များအရ တရုတ်ပြည်ယူနန်ပြည်မှ တဆင့်မြန်မာနိုင်ငံသို့အစ္စလာမ်ဘာသာဆက်မိသညိ။ ရောက်ရှိလာသည်။
The Mongol or Yuan Dynasty (1280-1368)
(49)
စိုင်ယဒ်အလ်ရှမ်ရွတ်ဒင်န် သည် ယူနန်ပြည်နယ်ကိုငြိမ်ဝပ်အောင်အုပ်ချုပ်ခဲ့သည်။၎င်း၏သား နဇဥဒ္ဒင် သည်မွန်ဂိုတိုမြန်မာနိုင်ငံကို ပထမအကြိမ်ဝင်ရောက်တိုက်ခိုက်စဉ်( ၁၂၈၅ – ၈၇ ) က မွန်ဂိုတပ်များကိုကွပ်ကဲသော စစ်ဇိုလ်ချုပ်ဖြစ်သည်။
(For the Biographies of the three official see Yunamshih chapter 125 , and for the Mongol invasion of Burma G.H. luce Early Syam . Journal of Siam Society (Vol.xLvi part 2 )
(50)
မွန်ဂိုမင်းလက်ထက် ပုဂံပြည်ကို မွန်တို့က (၃)ကြ၇ိမ် ၀င်ရောက်တိုက်၍ မြန်မာပြည် မြောက် ဖက်တွင် (၁၃၀၃ )ခု အထိ အုပ်ချုပ်ခဲ့သည်။ထိုအချိန်ကပင် အစ္စလာမ်ဘာ သာသည် တရုတ်ပြည် ဖက်မှမြန်မာနိုင်ငံဆက်စပ်မိသည်။
(The Mongol Set up Cheng-mien -Province about Katha and Bhamon
district west of Irrawady river.It was abolished only in 1303 )

(51)
၁၄၂၉ – ခုနှစ်တွင် ရခိုင်ဘုရင်နရမိတ်လှ ကို နန်းတင်ပေးရန် စေလွှတ်ခြင်းခံရသော စစ်ဗိုလ်ချုပ်ဝလီခန် (ဥလုံခင်) သည်နရမိတ်လှကို သစ္စာဖေါက်ပြီး တစ်ျနှစ်ကျော်ဖမ်းစီးချုပ်
နှောင်ထား ကာ စစ်ဗိုလ်ချုပ်ဝလီခန် (ဥလုံခင်) ကရခိုင်ပြည်ကို အစ္စလာမ်တရားဓမ္မ နှင့် အညီ တရားစီရင်ရေးစနစ်ကိုကျင့်သုံးခဲ့သည်။
က- (Bangla District Gezetteer, Chittagong ,Page-63,AD 1798)
ခ – (Harvey Outline of Burmese History , Page-97)

(52)
ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမ္ခောဖြစ်ခဲ့သူ G.H. Luce က ၁၄ ရာစု ချင်းတွင်းမြစ် ကျောက်စာတွင် ရခိုင်မင်းများသည်အိန္ဒိယ ဘွဲ့ အမည်ရှိကြပြီး မူဆလင်များဖြစ်သည် ဟုဆိုထားသည်။ ( ဘုရင် များ သည် မွတ်ဟုတ်မဟုတ် တပ်အပ်သေချာမပြောနိုင်သော်လည်း ပြည်သူထုများတွင် မွတ်ဆလင် ရှိနေသည်မှာ ထင်ရှားသော သာဓကပင်ဖြစ်သည်။)
(G.H Luce . Phases of Pre Pagan Burma, Language History စာအုပ် Page- 95. Oxford University 1985)

(53)
၁၆၆၃ ခုနှစ် ရခိုင်ဘုရင်သုဓမ္မလက်ထက် ဘင်္ဂလားမှ ရခိုင်ဒေသ သို့ခိုလုံလာကြသော ရှားရှူးဂျား၏ နောက်လိုက်များလေးသည်တော် တပ်တွင် သွပ်သွင်းပြီး တစ်လလျှင် လခ ရူပီငွေ 4 Rs ခဲ့သည်။ ကမန် ဆိုသောစကားသည်ပါရှန်စကားဖြစ်၍် (လေး) = Bow ဟုအဓိပ္ပါယ်ရသည်။
၁။ -ကမန်လူမျိုးသမိုင်း ၊ကမန်ဒီကရေစီအဖွဲ့ချုပ် (၁၉၉၀)
၂။- Hla Tun Pru .The Fall of the great Arkanese Empire
(54)
၁၆၆၆ – ခုနှစ်မှ ၁၇၁၀ ထိ ရခိုင်ပြည်၏ နိုင်ငံရေးသည် ကမန်လက်ထဲတွင်ရှိ ၍ ဘုရင်များကို သူတို့ သဘော ဆန္ဒအလျောက်နန်းတင်ခြင်း၊ဖြုတ်ချခြင်းများ ပြုလုပ်နိုင်သည် ထိ ကမန်မွတ် ဆလင်တို့မှာ အင်အား ရှိခဲ့သည်။
(က- Harvey, Outline Burmese History Page 96,97)
(ခ- Moshe Yegar ,The Muslim of Burmese Page 35 )
(55)
အာရဗ်တို့သည် ဂျာဗား၊စုမတြား၊မလက္ကား၊မြန်မာ၊ရခိုင် စသည့် တောင်အာရှ နှင့် အရှေ့တောင်အာရှတွင် ခရစ်သက္ကရာဇ်အစော ပိုင်းမှ၍ ကုန်သွယ်ကိုလိုနီ များထူ ထောင်ခဲ့သည်။
(Nafis Ahamed (P.hd.) Muslim Contribution to the geography, Page 121 )
(56)
ရခိုင်ဘုရင်များသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော်လည်းဗြဟ္မဏ၊ခရစ်ယန်၊အစ္စလာမ်
ဘာသာမျာကိုလွတ်လပ်စွာကိုးကွယ်ခွင့်တရားဟောခွင့်ပြုထားကြောင့်၊ဝေသာလီကျောက်
လှေကားနျင့်မြောက်ဦးခေတ်မှစ၍ ခရစ်ယန်နှင့်အစ္စလာမ်ဘာသာ အဆောက်အဦးဆောက် လုပ်ခွင့်ပေးထား သည်ဟုဆိုသည်။ (မဆလ ပါတီဌာနချုပ်၊၁၉၇၆ ဇူလိုင်လ ထုတ် တိုင်းရင်း သားရိုးရာဓလေ့ထုံးစံများ(ရခိုင်)စာမျက်နှာ ၁၄၉၊၁၅၀)

(57)
ဒေလီ အက်ဘာရ် (Akbar) ဘုရင် (၁၅၅၆-၁၆၀၆) သည် အေဒီ ၁၅၇၆ တွင်ဘင်္ဂလားကို အပြီး အပိုင်သိမ်းယူသော အခါဂေါ်ရီပထန်မြောက်များ စွာ တို့သည် ရခိုင်ဒေသ သို့ခိုလှုံ လာကြ သည်။ ရခိုင်ဘုရင်ကလည်း ခိုလှုံလာကြသောပထန်များအား ရက်ရောစွာလက်ခံပြီး ရာထူးနေ ရာ၊မြို့ စား၊နယ်စား ခန့်အပ်ခဲ့သည်။
( Dr. Kanungo ,The History ofChittagong Vol.!, 197 P )
(58)
ပဲခူးမြို့တွင်(၁၆၁၇) `၌ ဆင်မြူရယ် ရှိတ် အနိစ္စရောက်၍၎င်း၏ပစ္စည်းများကို ၎င်းအား ဆက်ခသူံ တောင်းလာမှ ပေးရန် မြန်မာဘုရင်က သိမ်ဆည်းထားသည် ဆိုသော သတင်းကို ပဲခူမြို့မှပြန် လာ သော မွတ်ဆလင်ကုန်သည် များ က အိန္ဒိယ ကုမ္ပဏီ မဆူလီပထန်ရှိ ကုန်တိုက် သို့ အကြောင်း ကြားခဲ့သည်။(ဆိုလိုရင်းမှာ ပဲခူးမြို့တွင်(၁၆၁၇) ခု ကတည်း က မွတ်ဆလင်ရှိ နေ ကြောင်း ထင်ရှားသည်။)
(D.G.Hall Early English Intercourse with Burma p.34 )
(59)
ကျန်စစ်သားမင်းနန်းသစ်တည်ဆောက်ပွဲ`၌ မြန်မာ သီချင်း၊မွန်သီချင်း၊ ကုလားသီချင်းများ သီဆိုကြ ဟန်ရှိသည်။ ပုဂံကျောက်စာတွင်မြန်မာ ပန်တျာ ၊ကုလားပန်တျာ ၊မြန်မာစည်၊ ကုလားစည်၊ မြန်မာ ကခြိယ်သည် ၊ ကုလား ကခြိယ်သည် ဟုရေးထိုးဖေါက်ကြသည်။ ပုဂံကျောက်စာ အထောက် အထားများအရ ကုလားပန်တျာ၊ ကုလားစည်၊ကုလားကခြိယ်များ ကုလားများ၊ ကုလားကျွန်များ ပုဂံခေတ် ပျူမြန်မာနိုင်ငံတွင် နေထိုင်ကြောင်းတွေ့ရသည်။
( ဘုန်းတင့်ကျော်၊ ပိတောက်ပွင့် သစ် ၊အနုပညာမဂ္ဂဇင်း အမှတ်(၁၆) ဖေဖေါ်ဝါရီလ -၂၀၀၈ )
(60)
ကောဇ သက္ကရာဇ် (၆၉၅) ခုတွင် အရှေ့ဘက်ရှိ သက်တို့သည် တောင်စဉ်ကျေးရွာများဖျက်စီး နေသည် ကို ချေမုန်းရန်စစ်ကြော င်းအမျိုးမျိုးခွဲ၍ချီတက်ရာ`၌ အမတ်ကြီး (စနဲ)ပါသောစစ် ကြောင်း ကိုယ်တော် သူရဲ ၂၀၀၀၀ (နှစ်သောင်း) ၊ ကုလား၃၀၀၀၀(သုံးသောင်း) ၊ဘီပေါင်း ၅၀၀၀၀(ငါးသောင်း) နှင့်အတူ မအီလမ်းမှ စစ်ချီတက်သည်ဟု တွေ့ရှိရသည်။
(ရက္ခပူရ ကြေးမုန်ကျမ်း စာမျက်နှာ ၉၇ ၊၉၈ ၊စာမူခွင့်ပြုချက်အမှတ်၃၇၁ / ၂၀၀၄(၇) )

(61)
ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း(၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာ ဗန္ဓုလဦး ဆောင် တဲ့ ရမူး-ပန်းဝါတိုက်ပွဲမှာ ‘ခန်ဆပ်ဗိုလ်’(၀လီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော်(၂၀၀) ကျော် ပါဝင်စေခဲ့သည်။ Ref : ‘ကုန်းဘောင်ခေတ် မဟာရာဇ၀င်’ ဒုတိယတွဲ စာမျက်နှာ(၃၇၇)မှာ တွေ့ရပါတယ်။

(62)
အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူများဝင်ရောက်လာကြခြင်း ၁၇-ရာစုနှစ်များအတွင်း အာရဗ်တွေ ပါရှင်းတွေနှင့် အိန္ဒိယ အနွယ် ၀င်တွေဟာ ဒမတ်စကတ်ကျွန်းမှ တရုတ်ပြည် အထိ ပင်လယ်ရေ ကြောင်းဖြင့် ဖြတ်သန်းသွားလာကြရမှာ မြန်မာနိုင်ငံ မုတ္တမ၊ သထုံ၊ ပုသိမ်ဆိပ်ကမ်းတို့မှာ ဆိုက်ကပ် စခန်းချခဲ့ကြတယ်လို့ သမိုင်းမှာတွေ့ရပါတယ်။
ထူးခြားမှုများ
ဖြတ်သန်းသွားလာကြတဲ့ အာရဗ်သင်္ဘောတွေထဲက သင်္ဘောတစ်စင်းဟာ ရခိုင်ပြည် ရမ်းဗြဲကျွန်း အနီးမှာ ပျက်ခဲ့ပါတယ်။ အဲဒီသဘောင်္ာနှင့်ပါလာတဲ့ အာရဗ်တွေ ရမ်းဗြဲကျွန်း(ရမ္မာဝတီ)မှာ အတည် တကျ နေထိုင် ခဲ့ကြသည်။ Ref : (၁၈၉၇) ခုနှစ်ထုတ် ‘ဗြိတိသျှ-ဘားမားဂေဇက်’မှာ တွေ့ရတယ်လို့ ဆရာချယ် ရေး ‘ဗမာမွတ် စလင်မ် တို့၏ ရှေးဟောင်းအတ္ထုပ္ပတ္တိ’ စာအုပ်၊ စာမျက်နှာ(၁၆)မှာ တွေ့ရပါတယ်။
(63)
‘၁၃-ရာစုနှစ်များအတွင်းမှာပဲ ပါရှင်းလူမျိုးတို့က ပုသိမ်မြို့ကို သိမ်းပိုက်ကြပြီး ၁၂-နှစ်တိုင်၊ မင်းသုံးဆက်မင်းလုပ် အုပ်ချုပ် ခဲ့ကြသည်။ Ref : ‘မြန်မာ့စွယ်စုံကျမ်း’ အတွဲ(၆)၊ စာမျက်နှာ(၃၅၀)၊ ‘ရန်ကုန်တက္ကသိုလ် ပုသိမ်ကျောင်း သား များ မဂ္ဂဇင်း’ (၁၉၅၅-၅၆)၊ စာမျက်နှာ(၅)နှင့် စာရေး ဆရာကြီး ဘကြီးဦးမာဃရေး ‘ပုသိမ်ရာဇ၀င်’တို့မှာ တွေ့ရပါတယ်။
(64)
ပုဂံခေတ်အတွင်း နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)လက်ထက် တရုတ်တို့နှင့်စစ်ဖြစ်ကြရာ ဗိုလ်မှူး နဇရွတ်ဒင် အုပ်ချုပ်ရတဲ့ တာရ်တာရ်စစ်သည်များဟာ ကောင်းစင်မြို့(ယခု ဗန်းမော်မြို့)ကို သိမ်းပိုက် အခြေချနေထိုင် ခဲ့ကြသည်။ Ref :  ဦးကြည် (ရာဇ၀င် ဂုဏ်ထူး)ရေး ‘မြန်မာရာဇ၀င်မှ သိမှတ်ဖွယ်ရာ အဖြာဖြာ’ စာအုပ်၊ စာမျက်နှာ(၈၂-၈၃)
(65)
၁၄-ရာစုနှစ်များအတွင်း အာရဗ်ကုန်သည်များက မြိတ်မြို့ကို အသုံးချရာမှ (ယခု-နောက်လယ်ရပ်) လို့ခေါ်တဲ့ နေရာမှာ အခြေ တကျနေထိုင်ခဲ့ကြသည်။ Ref : မောရစ်ကောလစ်ရေး Into Hidden Burma စာအုပ် ဦးခင်မောင်ကြီး ဘာသာပြန် စာမျက် နှာ(၂၁၁)မှာ တွေ့ရပါတယ်။
(66)
၁၇-ရာစုနှစ်များအတွင်း ညောင်းရမ်းခေတ်တွင် အနောက်ဘက်လွန်မင်း(၁၆၁၂-၁၆၂၈)လက်ထက်၌ ငဇင်ကာ နှင့် စစ်ဖြစ်ပွားပြီး သင်္ဘော(၄)စီးပါ အိန္ဒိယစစ်သား(၃၀၀၀) ကျော် ဖမ်းဆီး ရမိရာ မွတ်စ လင်မ်များ ပါဝင်ခဲ့သည်။ Ref :  ‘မှန်နန်းရာဇ၀င်’ တတိယအတွဲ စာမျက်နှာ(၁၇၂)မှာ တွေ့ရပါ တယ်။
(67)
၁၈-ရာစုနှစ်များအတွင်း အိန္ဒိယပြည်မှ ရခိုင်ပြည်သို့ ၀င်ရောက်လာကြသူများတွင် များစွာသော မွတ်စလင်မ်များ ပါခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ကျင်းပတဲ့ အာရှသမိုင်း ဆိုင်ရာကွန်ဂရက်တွင် ဗိုလ်မှူးဘရှင် တင်သွင်း တဲ့ Coming of Islam to Burma Down စာတမ်း စာမျက်နှာ(၆)မှာ တွေ့ရပါတယ်။
(68)
၁၈-ရာစုနှစ်များအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက်တွင် ဟိုင်းကြီး ကျွန်း ကို ချီတက် တိုက် ခိုက် ရာအောင်မြင်သဖြင့် ဖမ်းဆီးခေါ်ဆောင် ခဲ့သည့် သုံ့ပန်းများတွင် အစ္စလာမ် သာသနာဝင်များ ပါဝင်ခဲ့သည်။ Ref : ‘ကုန်း ဘောင် ခေတ်မဟာရာဇ၀င်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ (၁၄၄)မှာ တွေ့ရပါတယ်။
(69)
ကုန်းဘောင်မင်းဆက်များအတွင်း ကသည်းတို့နှင့်အကြိမ်ကြိမ်စစ်ဖြစ်ပွားရာမှာလည်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းများ၊ ၀င်ရောက် ခိုလှုံသူများ လေးသောင်းကျော်ထဲမှာ အစ္စလာမ် သာသနာဝင် များပါဝင်ခဲ့တာဖြစ်ပါတယ်။ ကသည်း ပြည် တွင် အစ္စလာမ် သာသနာထွန်းကားနေသည်မှာ ၁၂-ရာစုနှစ်များကပင်ဖြစ်သည်။ Ref : ဟာဗေးရေး တဲ့ ‘မြန်မာရာဇ၀င်’
(70)
ညောင်ရမ်းခတ်၊ အနောက်ဘက်လွန်မင်းလက်ထက်(၁၆၁၂-၁၆၂၈)ခုနှစ်များအတွင်း ငဇင်ကာနှင့်စစ်ဖြစ်ရာ ဖမ်းဆီး ခေါ်ဆောင် လာတဲ့ မွတ်စလင်မ်တို့ကို အင်းဝမြို့ရဲ့မြောက်ဘက် မြစ်သာမြို့မှာ လုပ်မြေနေမြေပေးပြီး အတည်တကျ နေထိုင်စေခဲ့တယ်။ မင်းမှုထမ်းစေခဲ့သည်။ Ref : ‘မှန်နန်းရာဇ၀င်’ တတိယတွဲ၊ စာမျက်နှာ(၁၇)မှာ တွေ့ရှိရပါတယ်။ (ဒါ – ပထမအကြိမ်ဖြစ်သည်)
(71)
ညောင်ရမ်း ခေတ် အတွင်းမှာပဲ သာလွန်မင်းတရားကြီး(၁၆၂၈-၁၆၄၆)လက်ထက်မှာ အတည်တကျ လုပ် မြေနေ မြေပေးပြီး နေထိုင်စေခဲ့သည်။ Ref : ဦးဘသန်းရေး ‘ကျောင်းသုံးမြန်မာရာဇ၀င်’စာအုပ်၊ စာမျက်နှာ (၂၇၀)မှာ တွေ့ရပါတယ်။
(ဒါ –  ဒုတိယအကြိမ် နှစ်ပေါင်း(၃၇၀)ကျော်ပါသည်။)
(72)
ကုန်းဘောင်ခေတ်ဦးရောက်လာခဲ့အခါ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျလက်ထက်(၁၇၅၃-၁၇၆၀) အတွင်းမှာ သန်လျင်ကိုချီတက်တိုက်ခိုက်ရာမှ ရရှိလာတဲ့ အစ္စလာမ် သာသနာဝင်များ၊ အကြိမ်ကြိမ် ကသည်း ပြည် တိုက်ခိုက်ရာမှ ရရှိသူ၊ ၀င်ရောက်ခိုလှုံကြသူ ကသည်းမွတ်စလင်မ် တို့ကို ရှိရင်းစွဲ မွတ်စလင်မ်အစုအဝေး များရှိရာဒေသ တို့မှာခွဲခြား နေရာချထားကြောင်း‘ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီး’  ပထမတွဲ၊ စာမျက်နှာ(၂၉၈-၂၉၉)မှာ တွေ့ရပါတယ်။
(73)
ကုန်းဘောင်ခတ်အဆက်ဆက်အတွင်း ဗဒုံမင်းလို့ခေါ်တဲ့ ဘိုးတော်ဦးဝိုင်း(၁၈၇၁-၁၈၁၉)ခေတ်မှာ အစ္စလာမ် သာသနာဝင်တို့ သည် အထက်ပါနေရာဒေသတိှု့မှာ အတည်တကျ လည်းရှိနေကြပြီးဘုရင့်သစ္စာ တော်ခံများလည်း ဖြစ်ကြတယ်။ ဒေသများမှာ လည်း ပြန့်ကျဲနေထိုင်ကြတယ်။ အဲဒီလူတွေအပေါ်ယုံကြည်ကိုးကွယ်ရာ ဘာသာ တရားအရ ဆုံးဖြတ်ရမယ့်ပြဿနာ တို့လည်းရှိ လာတာကြောင့် ဘာသာတရားဓမ္မနဲ့ဆိုင် တဲ့ဆုံးဖြတ် ချက် တို့ကိုပေးနိုင်ရန် သာသနာ့ပညာရှိကြီးဖြစ်တဲ့ ‘အာဗိရှားဟ်ဟိုစိုင်နီ သခင်ကြီး’ကို အစ္စလာမ်ဓမ္မသတ်မှူးကြီးအဖြစ် ခန့်အပ်တယ်လို့ အမိန့်တော် ပြန်တမ်းထုတ်ခဲ့တယ်။
(74)
အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့က အရပ်ရပ်မြို့ရွာများမှာနေသည့် (ရခိုင်ပြည်အပါအ၀င်) ပသီ ကုလားတို့သည် ဘာသာကျမ်းရှိသည့်အတိုင်း အာဗိရှားဟ်ဟိုစိုင်နီ တပည့် ငရွှေလူ၊ ငရွှေအေးတို့ပြသရာ နာခံကြစေ”လို့ ၁၁၆၉-ခု၊ တန်ဆောင် မုန်းလပြည့်ကျော်(၃)ရက်၊ ၁၈၇၀-ခု၊ နိုဝင်ဘာလ (၁၇)ရက်နေ့မှာ နာခံတော် ဘယကျော်ထင်တွင် ပြန်သည်လို့ ‘ဘိုးတော် မင်းတရားကြီး၏ ရာဇသတ်ကြီး’စာအုပ် အတွဲ-၄၊ စာမျက်နှာ(၂၇၆)မှာ တွေ့ရပါတယ်။
(75)
အနော်ရထာဘုရင် (၁၀၄၄-၁၀၇၇) ဘုရင်အဖြစ် (၃၃)နှစ်အုပ်ချုပ်ခဲ့ရာ နန်းစံသက်(၁၃)နှစ်အရမှာ မိတ္ထီလာကန် ဆယ်ဖို့ခဲ့တယ်။ ‘ပသီ’လက်နက်ကိုင်တပ်သားတို့ ပါဝင်စေခဲ့တယ်လို့ ဟံသာဝတီဦးဘရင်ရေးတဲ့ ‘မြန်မာ့ယဉ်ကျေးမှုနဲ့ လယ်သမားရေးရာ’စာအုပ် စာမျက်နှာ(၂၅)မှာ တွေ့ရပါတယ်။
(76)
တောင်ငူခေတ်ဖြစ်တဲ့ မင်းခေါင်နော်ရထာလက်ထက် (၁၄၀၁-၁၄၁၂)အတွင်း ဒုတိယအကြိမ် မိတ္ထီ လာကန်ဆည်ဖို့ ပြန်ရာ ‘ပသီ’လက်နက်ကိုင်တပ်သား(၁၀၀၀)၊ ရွေးလက်ျာတပ်သား (၁၀၀၀) လိုက်ပါ ဆည်ဖို့စေခဲ့သည်။ Ref : ‘ကင်းဝန်မင်းကြီး စာပေါင်းစု’စာအုပ်၊ စာမျက်နှာ(၈၆)မှာ တွေ့ရတယ်။ အဲဒီအချိန် ကာလဟာ အတည်တကျနေထိုင်ကြရသေးတဲ့ ကာလ မဟုတ် သေးပါဘူး။
(77)
ကုန်ဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက် သန်လျင်ကို ချီတက် တိုက်ခိုက်ရာ အောင်မြင် သဖြင့် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ အစ္စလာမ်သာသနာ ၀င် အစု(၂၅၀၀)ကျော်ပါတယ်လို့ ဆိုတယ်။ ‘ဒါဝတ်’ဆိုသူနဲ့ ‘ပီးရ်မာမက်’ဆိုသူတို့ကို သွေးသောက်ကြီး များခန့် အပ်တာဝန်ပေးခဲ့တယ်။ ကိုယ်ရံတော်တပ်မှာ အမှုထမ်း စေခဲ့သည်။ Ref : ‘ကုန်းဘောင် ခေတ် မဟာရာဇ၀င်တော်ကြီး’ပထမတွဲ စာမျက်နှာ(၁၈၅-၁၈၆)
(78)
ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း(၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာဗန္ဓုလဦးဆောင်တဲ့ ရမူး-ပန်းဝါတိုက်ပွဲ မှာ ‘ခန်ဆပ်ဗိုလ်’(၀လီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော်(၂၀၀)ကျော်ပါဝင်စေခဲ့သည်။ Ref : ‘ကုန်းဘောင်ခေတ် မဟာရာဇ၀င်’ ဒုတိယတွဲ စာမျက်နှာ(၃၇၇)မှာ တွေ့ရပါတယ်။
(79)

ရခိုင် ဘုရင် နရမိတ်လှ လက်ထက်ဝန်ကြီးရာထူး၊ စစ်တပ်၊ ရေတပ်၊ ဗိုလ်မှူးရာထူး များ၌ လည်းကောင်း ခန့်အပ်ခြင်းခံရသည့် ပုဂ္ဂိုလ် တို့၏ အစုအဝေးလူမျိုးစု ပင်ဖြစ်သည်။မွတ်စလင်မ်စာဆိုတော် စိုင်ယက်ဒ်ရှားအာလ်ဝါလ် (Sayued Shah Al wal) ၏ အဆိုအရ စန္ဒသူဓမ္မဘုရင်၏ နန်းရင်းဝန် ]`မာဂန်´မှာ ရိုဟင်ဂျာလူမျိုး ဖြစ်သကဲ့သို့ ဆိုင်ယက်မုဆာ (Sayed Mussa)၊ မူဂျာဟစ် (Mujaehi နှင့် ဆုလေမန် (Sulaiman)တို့မှာ ရခိုင်နန်းရင်းဝန်ကြီးများ ဖြစ်ကြပြီး အရှရက်ဖ်ခန် (Asharaf Khan) မှာ စန္ဒသုဓမ္မ ဘုရင်၏ စစ်သူကြီးဖြစ်သည်။ Ref :  ၁။ – MKရာမန်-ရ   ၊  ၂။ – မြ၀တီမဂ္ဂဇင်း၊ ၁၉၆၀-ခု၊ မောင်သံလွင်၏ ရိုဝန်ညာလူမျိုးများ။
(80)
မဇ္စိုမဒေသ အန္ဒိယတိုက်၏ အရှေ့ဘက်ဒေသနေထိုင်သူများကို အနောက်ဘက်ဒေသအခေါ် အဝေါ်ဖြင့် ရွမ်းကိုင်ညာ၊ ရွမ်းသား ဟု ခေါ်ဆိုသကဲ့သို့ ရခိုင်တောင်ပိုင်းသားတို့ကလည်း ရွမ်းကိုင်ညာ၊ ရွမ်းကိုင်ညာ ခေါ်ဆိုကြရာမှ ရိုဟင်ညာ၊ ရိုဟင်ဂျာ ဖြစ်လာ သည်။ “ဘင်္ဂါလီဒေသ၏ အရှေ့ကမ်းရှိ လူ့အစုအဝေး´´ဟု အဓိပ္ပါယ်ရသည်။အချို့က ရွာဟောင်း နေထိုင်ကြသည့် ကျားကဲ့သို့ စွမ်းရည်သတ္တိရှိသည့် လူမျိုး၊ ရွာဟောင်းမှကျား၊ ရွာဟိန်းကျားမှာ ရိုဟင်ဂျာဟု ကောက်ချက်ပြုခဲ့သည်။
ရိုဟင်ဂျာလူမျိုးအား ၁၉၅၄-ခု၊ စက်တင်ဘာလ(၂၅)ရက်၊ ည(၈)နာရီ ၀န်ကြီးချုပ် ဦးနု၏ အသံလွှင့်မိန့်ခွန်းဖြင့် အသိအမှတ်ပြုသကဲ့သို့ ၁၉၆၁-ခု၊ မေလ(၁၅) ရက်မှစတင်ကာ တပတ်(၃)ကြိမ် ရိုဟင်ဂျာ ဘာသာဖြင့် မြန်မာ့အသံမှ အသံလွှင့်ပေးခဲ့သည်။ Ref :၁။ – ဦးကျော်ငြိမ်း၊ မာတလိ၊ နှစ်၃၀ မြန်မာ့အသံ၊ စာမျက်နှာ-၇၁ခိုင် နှင့်  မြန်မာပြည်ရှိ မွတ်စလင်မ် လူမျိုးများ ရာဇ၀င်။
(81)

အင်ဒိုအာယိယာန်နှင့် မွန်ဂိုဂျွိုက်တို့မှာဟိမ၀န္တာတောင်၏တောင်ဖက် ကမ္မရုပဒေသ မာဂဒတိုင်း၊ ဂင်္ဂါမြစ်ဝှမ်းဒေသဖြစ်သည့် ဘင်္ဂလားနယ်၊ အရှေ့မြောက်ဒေသမှ ရခိုင်ပြည်ရောက်ရှိကာ ကမန်လူမျိုး အခြေစိုက် နေထိုင်ခဲ့သည်။ Ref :1.E.B.Harell; The History of Aryan Rule in India.page 34; 2.S.K.Chatterji;Ki-Ar-A-yana-Krit. page 22.
(82)
ကမန်လေးလံကိုင် သူရဲကောင်းဟု ပါရှင်းစကားဖြင့် ခေါ်ဝေါ်မှုကို ရခိုင်မူပြု၍ ခေါ်ဆိုပညတ်ထားသည်။မူလက ဟိန္ဒူဘာသာကိုး ကွယ်ရာမှ ဗုဒ္ဓသာသနာနှင့် ထိတွေ့ကာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ရာမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ် ခဲ့ကြသည်။ ရခိုင်ဘုရင်မင်းဘာကြီး(ခ)မင်းဘင်ကြီး(ခ) သီရိ သူရိယာ စန္ဒမဟာဓမ္မရာဇာ၊ ဇဘာရ်ရှား (1531-1553) လက်ထက် ဘင်္ဂလားကြည်း ကြောင်း၊ ရေကြောင်း ချီတက်ရာတွင် ကမန်လေးကိုင် သူရဲကောင်း (၅၀ ၀၀၀) ငါးသောင်းကျော်တို့မှာ လေး၊ လှံ၊ သိုင်း၊ ဓါး၊ သူရဲကောင်းတပ်အဖြစ် ပါဝင်ခဲ့ကြောင်းဖေါ်ပြထားသည်။ Ref :  ၁။ – အရှင်ဥက္ကံ-စောမဲကျီစာအုပ်၂။ – ဦးလှထွန်းဖြူ-ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးများ-  (စာမျက်နှာ-၄၇ )`၌ကမန်သူရဲကောင်း တပ် တွင် ဘင်္ဂလားဘုရင် ဒေါ့ဒါအုပ်၏ အရေးနိမ့်ခဲ့သည့် စစ်သည်များ (၁၅၇၆) နှင့် မဂိုဘုရင် Shah Jahan ၏ သားတော် ရှာရူဂျာ ဘုရင်တပ်မှ စစ်သည်များ (၁၆၃၉) မှ တပ်သားများ၊ ဘာသာရေးအခြေခံတူညီမှုအပေါ် ကမန်သူရဲကောင်း တပ်တွင် ဖြည့်တင်းပေးခဲ့သည်။ကမန်လူမျိုး တို့၏ H Civil Society လူယဉ်လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှ အသိအမှတ်ပြု ထားသည်။
(83)

ပန်းသေးလူမျိုးများ
ပုဂံကျောက်စာ အနန္တသူ(လေးမျက်နှာဘုရား) အိမ်တော်ရာကျောက်စာ၊ ညောင်းရမ်းကြီးသမီး တောင်ဘက်မျက်နှာကျောက်စာ၊ ပုဂံဆုတောင်းပြည့်ဘုရားကျောက်စာ တို့တွင် ဖော်ပြချက်အရ ပုဂံခေတ်ကပင် ကုန်သည်တော်၊ အမြောက် တပ်အမှုထမ်း များ အ ဖြေစ်နေထိုင် လျက်ရှိကြောင်း တွေ့ရသည်။တရုတ်ပြေးမင်းလက်ထက်၌ တာတာတို့ မြန်မာပြည်သို့ ၀င်ရောက်ထိုက်ခိုက်ရာ ယူနန်ပြည်နယ်မှ မွတ်စလင်မ်စစ်သည်များ ခေါ်ဆောင်ခဲ့သည်။နန်ပေါ့၇ွာသို့ ပန်းသေးများ စုစည်းမိရာ ပန်လုံဟု ပညတ်ခဲ့သည်။ မင်းခေါင်ကြီး (အေဒီ-၁၄၀၁-၁၄၂၂) သားတော် မင်းရဲကျော်စွာ ပုသိမ်မြို့သိမ်းယူရာ ပန်းသေးတို့က ရွှေ၊ငွေ၊ပုဆိုးသက္ကလပ်၊ ပရပတ်၊ နီပါးဆက်ကြ၏။Ref : ၁။BaShin;ComingofIslam ;၂။ ဦးယူစွတ်-ပန်းလုံ ပန်းသေးအမျိုးသားသမိုင်း ;၃။ W.S.De Saj; History of the British Residency in Burma. Page-154.; ၄။ မြန်မာမင်းများ အရေးတော်ပုံ၊ စာမျက်နှာ- ၂၉၈
(84)
မင်မင်းဆက်၏ ယုန်လီ၏ နောက်လိုက်အကြီးအကဲနှစ်ဦးတွင် တိုက်ခွန့်ခွန့်မှာမှာ ပန်းသေးဖြစ်၍ ချဲန်ရှမ်းတုန်းမှာ ဗုဒ္ဓဘာသာ ၀င်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များနှင့် သင့်မြတ်စွာယှဉ်တွဲ လျက် တုက်ခွန့်ခွန့်(တိုက်ခုံခုံ)မှာ ကိုးကန့်ဒေသနမ့်ဟန်မော်အရပ် အ ခြေပြု နေထိုင်ခဲ့သည်။ နောင်တွင် “မာ´´ အုပ်စုလူမျိုးအကြီးအကဲမှ ဆက်လက်စီမံအုပ်ချုပ်ခဲ့သည်။ အေဒီ ၁၈၆၀ တွင် အကြီး အကဲ မာလင်ယွီ(၁၉၃၄-၃၅)တွင် မာမေတင်၊ နယ်မြေအုပ်ချုပ်ရေးကို လက်ခံပြီး၊ ၀နယ်ကွမ်ပြယ်စော်ဘွား ၏ သမီးနှင့် လက် ဆက်ခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ ပန်လုံလူငယ်များအား ခေါင်းဆောင် မာကွမ်းကွေ့ ဥိးဆောင် တိုက်ခိုက် သကဲ့ သို့  မာမေတင်က မြန်မာတို့ဘက်မှ ရပ်တည်ကာ ပန်လုံမြို့ကို မြန်မာနယ်မြေပိုင်နက်အဖြစ် ရပ်တည်ခဲ့သည်။
85
(၄)“ပသီ´´-မြန်မာမွတ်စလင်မ် လူမျိုး Par-thi, Far-si

ပသီလူမျိုးတို့မှ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကာလကပင် မြန်မာနိုင်ငံတွင် တည်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မန်ချုး မှတ်တမ်းနှင့် မှန်နန်းရာဇ၀င်နှင့် ကုန်းဘောင် ဆက်မဟာရာဇ၀င်များ တွင် ပါရှိသည်။အေဒီ ၁၂၂၁-ခု၊ အနော်ရထာမင်း တည်ထောင်ခဲ့သည့် ပုဂံနေပြည်တော် ယိမ်းယိုင်လာ၍ နိုင်ငံတော်ရေပိုက် နက်လုံခြုံရေးနှငင့် ကာကါယ် ရေးတာဝ န်ဆောင်ရွက် နေရသည့် ပသီတပ်မှ၊ မိမိတို့ကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးမည့် အခြေအ နေသို့ရောက်ရှိလာကာ ပုသိမ်ဟု ခေါ်မည့်ဒေသတွင် ပသီမြို့ပြနိုင်ငံ ပသီမင်းဆက် (၃)ဆက်၊(၁၂)နှစ်တိုင်တိုင် တည်ထောင်အုပ်ချုပ်ခဲ့သည်။ကရင်တို့မှ ၀ိန့်ပသီ၊ ဝေ့ပသီ ဟူ၍လည်းကောင်း၊ မွန်တို့မှ ဒုံးပသီ၊ဥုင်းပသီ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ဝိဋဋူပနှင့် သာကီဝင်တို့ မသင့်မတင့်ဖြစ်၍ စစ်ခင်းကြ သည်တွင် သာကီဝင် ဓဇရာဇာမင်း၊ မဇ္ဈိမဒေသမှ စွန့်ခွာလာသကဲ့သို့ တပ်မှူး၊ ဗိုလ်မှူး၊ ၀န်ကြီး၊ ပညာရှိတပ်သား မကျန် နန်းမျိုးနွယ် (၃၇၀၀) တို့အစုခွဲကာ အင်းဝဘုရင် စနေမင်းထံ သစ္စာနှံကာ ခိုလှုံခဲ့ကြသည်။ တောင်ငူ၊ ရမည်းသင်း၊ ယင်းတော်၊ မိတ္ထီလာ၊ စည်သာ၊ ဒီပဲယင်း၊ ညောင်းရမ်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ ဘောဓိ၊ စည်ပုတ္တရာ၊ မြေထူး တွင် အစုခွဲနေထိုင်သူတို့မှာ မင်းမှုထမ်းရင်း အမြှောက်တပ်၊ သေနတ်တပ်၊ မြင်းတပ်၊ ကိုယ်ရံတော်တပ်၊ ကင်းတားကုလားပျိုတပ်၊ စာဆိုများ ကုန်သည်တော်များအဖြစ် အမှုတော်ထမ်း ရွက် ခဲ့ကြသည်။ Ref : ၁။ ဆရာမာဃ-ပုသိမ်ရာဇ၀င်၊ စာမျက်နှာ-၁၃၇
(86)
(၅)ပသျှူးလူမျိုး

မြန်မာနိုင်ငံ၏ Rocial Gene မူလလူမျိုးနွယ်ရင် Primitive Man ရှေးကျသော လူများဖြစ်၍ မြန်မာစာပေ လောကတွင် ဘီလူးဟု ပညတ်ပြီး ရက္ခပူရတိုင်းသား ရေဘီလူးဟု ဓမ္မစေတီကျောက်စာ၊ မွန်တို့၏ ကလျာဏီကျောက်စာတို့တွင် ရေးထိုးထားသည်။ သမိုင်း သုတေသီများလေ့လာရာတွင် ပသျှူးလူမျိုး+ဆလုံ လူမျိုးတို့မှ Australied သြစတြီးလွိုက်လူမျိုးတို့၏ အသွင်အပြင် လက္ခဏာ ယဉ်ကျေးမှု အကြွင်းအကျန် များတွေ့ရပြီး ပင်ကိုယ်အရည်အသွေး၊ အရည်အချင်းရှိပြီး ရိုးသားမှုအပြည့်အ၀ရှိကြောင်း မှတ်ချက်ချကြသည်။မွန်ခမာ၊ တိဗက်တို့အား မင်းတို့အင်အားမလွန်ဆန်နိုင်၍ သဘာသတရားအရ ပင်လယ်ကမ်းစပ် ကျွန်းများ သိုပပင် အုပ်စုဖွဲ့ကာ ဆုတ်ခွာခဲ့ရသည်။ Historical life သမိုင်းဖြစ်စဉ်အရ ကော့သေ ကျွန်းဒေသများသို့ အခြေစိုက်နေ ထိုင် လျက်ရှိသည်။
ဆလုံဟု နတ်ကိုးကွယ်သူများကို ပညတ်ခေါ်ဆိုပြီး အစ္စလာမ်သာသနာ အငွေ့အသက်ရရှိပြီး လက်ခံ ကျင့်သုံးသူများကို ပသျှူးဟု ပညတ်ခေါ်ဝေါ်ခဲ့ကြသည်။ပသျှူးအမျိုးသား အမျိုးသမီးတို့၏ ခံယူချက်မှာ “မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကါယ်ရန်မှာ မိမိတို့တာဝန်သာဖြစ်ကြောင်း´´ အဆင့်ဆင့်သော ဘ၀ပေး အသိက တပ်လှန့်ထားသည်။Ref : ၁။ ကွင်းဆင်းသုတေ သနမှတ် တမ်း (Field Work, 1982) ; ၂။ ကမ္ဘာလှည့်သူတေသီ အိဗနေဘတူတာ (Ibni Batuata) မှတ်တမ်း၊ အေဒီ ၁၃၄၅ ; ၃။ မောင်မောင်ကြီးမန်း- မြန်မာနိုင်ငံတောင်ဖျားပိုင်းရှိ အစ္စလာမ်ဘာသာဝင် ပသျှူးလူများ (သုတစာစောင် ၁၉၉၁၊ နိုဝင်ဘာ)
(87)
ပဲခူး (ဟံသာဝတီ)သို့ မွတ်စလင်(မ်)များ ရောက်ရှိလာပုံ
အာရဗ် မွတ်စလင်(မ်)နှင့် ပါရှင်းအစုအဝေးတို့မှာ အရှေ့ဖက်သို့ လျင်မြန်စွာပြန့်နှံလာခဲ့ကြသည်။ (၈)ရာစု အလယ်အဦးပိုင်း ကျကျတွင် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ၌ မွတ်စလင်(မ်)ဦးရေမှာ အတော်ပင် ကြီးထွား နေပြီဖြစ်သည်။ အာရှ တလွှား မွတ်စလင်(မ်) သင်္ဘောခရီးလွှင့်မှုက (၄)ရာစုမှ (၁၅)ရာစုအဆုံးထိတိုင် တည်ရှိခဲ့သည်။ မွတ်စ လင်(မ်)ကုန် သည်တို့မှ အိန္ဒိယ ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် အရှေ့တိုင်းမှ နိုင်ငံများအထိရောက် ရှိခဲ့ကြသည်။ နေရာများစွာတွင် အခြေချ ခဲ့ကြရုံမက ကုန်သွယ်မှုကို ကိုလိုနီများကို ဖန်တီးခဲ့ကြသည်။ ဘင်္ဂလားတွင် ဗဟိုပြုပြီး ဗမာပြည် နှင့်လည်းကောင်း၊ ရခိုင်ပြည်`၌လည်းကောင်း ၊ မာလ တာမြို့ များနှင့်လည်းကောင်း၊ သီရိလင်္ကာနှင့် လည်းကောင်း၊ မာလက္ကားနှင့် လည်းကောင်း ကုန်သွယ် မှုပြုခဲ့ကြသည်။Ref :သမိုင်းသုတေသီကြီး မိုရှေးယာရ်ရေးသားခဲ့သည့် “The Muslim of Burma” စာအုပ် စာမျက်နှာ (၁) ၄င်းစာအုပ်ကို ဘာသာပြန် ဆိုသူ ဝါးခယ်မမောင်မင်းနိုင် “မြန်မာ့မြေမှမွတ်စလင်များ” စာအုပ် စာမျက်နှာ(၁-၂) တွင်ဖော်ပြ ထားသည်။(ရှူ)
(88)

စစ်တွေမြို့ သမိုင်းဝင် သင်္ချိုင်း နေရာပြောင်းရွှေ့ပြောင်းခံရခြင်းရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှ ၂၂၅ နှစ် သက်တမ်းရှိ အာကျိတ်တော်ကုန်းရှိ သင်္ချိုင်းဟောင်းကို ၁၇၈၄ ခုနှစ် စစ်တွေမြို့တည်ကတည်းက တည်ရှိခဲ့ပြီး ဗုဒ္ဓဘာသာ၊ မူဆလင် ဘာသာဝင်များနှင့် တရုတ်လူမျိုးများအတွက် သီးခြားခွဲထားရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။သင်္ချိုင်း၌ လွတ်လပ် ရေးကြိုးပမ်းစဉ် ကျဆုံးခဲ့သော ဗိုလ်မှူးမြတောင်ရည် အပါ အဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ စစ်တွေဆန်ပြဿနာတွင် အာဏာ ပိုင်များ က ပစ်ခတ်သဖြင့် သေဆုံးခဲ့သူများလည်း မြှပ်နှံခဲ့သည်။Ref ဒါကာ –  (မဇ္ဈိမ)  )

(89)
၁၇၉၅ ခုနှစ် အင်းဝရှိဗြိသျှသံတမန် Michael Symes ၏အဖွဲ့သံအဖွဲ့ဝင်တစ်ဦးဖြစ်သူ   Francis Buchanin  က မြန်မာအင်ပါယာ အ တွင်း ဘာသာ စကားများကိုလေ့လာခဲ့ရာတွင် ရခိုင် ၊ထား ၀ယ်၊ ယော့  မြန်မာ ဟု မြန်မာ ဘာသာစကား လေးမျိုးကို နှင့် ဂင်္ဂါမြစ် ၀ှမ်း တ၀ိုက်သုံးသော ဘာသာ စကား နှင့် ဆင် တူ ရိုးမှား (အိန္ဒိယ နွယ်သော) စကားသုံးမျိုးကို သုံးမျိုးကိုတွေ့ခဲ့ရသည်။
၎င်းစကားစကား(၃) မျိုးမှာ–
(၁)။ – ဘိုးတော်ဘုရားလက်ထက်ဖမ်းဆီးခေါ်ဆောင်လာသော Banga ဟုဆိုသူ လူမျိုးတို့ပြော   သော ဘာသာစကား
(၂)။ – ရခိုင်ပြည်ရှိ ဟိန္ဒူများပြောသောစကားဖြစ်ပြီး
(၃)။ – ရခိုင်ဒေသရှိအစ္စလာမ်ဘာသာဝင်များပြော သောစကား တို့ဖြစ်သည်။
ဟိန္ဒူတို့ကမိမိကိုယ်ကို Rosswan ဟုခေါ်ဆို၍  မူဆလင်တို့ကမူ   Rovinga  ဟုခေါ်ကြသည်။ ၎င်းတို့နေ ထိုင်ရာဒေသကို Rovinga (Rowang Shor)  ခေါ်ကြသည်။ Buchanin က အမရပူရ တွင်သူတွ့ရှိ ခဲ့သောသူ့တပည့်တို့က သူတို့ပြောသော Roinga နှင့် Rosswan ဘာသာစကားသည် ရခိုင်ဒေသ ရှိ လူမျိုးစုက နားလည်သုံးနုံးသော ဘာသာစကားဖြစ်ကြောင်း အကြိမ်ကြိမ် တင်ပြခဲ့ သည်ဟု ရေးသားထားသည်။18
(18)- Bangla Distric Gezetter,Chittagong,Page-115 AD-1798
(90)
နေနှင့်လ တံဆိပ်အမှတ်အသားသည် ရခိုင်ပြည်သားရှေးဦးစွာအာရီယံလူမျိုးတို့၏တံဆိပ်အမှတ် သားဖြစ်ပြီး ဝေသာလီခေတ် အေဒီ ၄ ရာစု နောက်ပိုင်းကာလတွင်ခပ်နှိပ်သုံးစွဲခဲ့သော ဒင်္ဂါးများ တွင် နေနှင့်လ တံဆိပ်ကိုကိုတွေ့ရသည်။ထိုခေတ်ကာလာက ဒင်္ဂါးစာ၊ ကြေးနီးပြားစာ၊ကဗျည်းစာများ တွင် ယခုခေတ်ရိုဟင်ဂျာတို့ပြော ဆိုနေသောအသံထွက် တစ်နည်းပါဠိဘာသာဖြင့် ရေးသားထားသည် ကို တွေ့ ရသည်။ Ref : ရခိုင်ပြည် ဗိုလ်မှူးထွန်းကျော်ဦး(ငြိမ်း)လက်စွဲ စာစောင်-အတွဲ ၆ ၊ခွင့်ပြုမိန့် အမှတ်နသ/ ၀၆၆-၁၉၉၀(စာမျက်နှာ-၂၆/၃၀)ဗိုလ်မှူးထွန်ကျော်ဦး၏အထက်ပါသုတေသနအရ ရိုဟင်ဂျာသည် ရခိုင်ဝေသာလီခေတ် အင်ဒို အာရီ ယန်နှင့ှ်ဆက်နွယ်နေကြောင်းတွေ့ရပေသည်။
(91)
ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေးဟောင်း သုတေ သနကျောက်စာ လိုက်စား သူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည်ရှိ ခဲ့ဘူးသော ဓညဝတီမြို့ဟောင်း၏ အရှေ့မြောက်ဖက် တွင်တည်ရှိ ကြောင်းထိုမြို့တော်၏မြို့ရိုးဟောင်းများကိုယခုတိုင်တွေ့မြင်ရ သဖြင့် ထိုမြို့ရိုးကို အေဒီ ၁ ရာစုထက်စော ၍ တည်ထောင်ခဲ့သော အိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်းစသည်တို့ကို ကျောက်စာအထောက်အထားများ အကိုးအကား များ စွာ ဖြင့်ပြကြ သည်။
(92 )
ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေး ဟောင်း သုတေ သနကျောက်စာလိုက်စားသူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည် ရှိခဲ့ဘူးသော ဓည ဝတီမြို့ ဟောင်း၏အရှေ့မြောက်ဖက်တွင်တည် ရှိကြောင်း ထိုမြို့တော် ၏မြို့ရိုး ဟောင်း များကို ယခုတိုင်တွေ့မြင်ရ သဖြင့် ထိုမြို့ရိုးကို အေဒီ ၁ ရာစုထက် စော ၍တည်ထောင် ခဲ့သောအိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်းစသည်တို့ကို ကျောက်စာ အထောက် အထားများအကိုးအကား များ စွာ ဖြင့်ပြကြသည်။
( ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ )
(93)
ရခိုင်ဘုရင်ဘစောဖြူလက်ထက်သုံးသော ဒင်္ဂါးများတွင် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော် ကိုတံးဆိပ်အဖြစ်ထု ထားသော အ ထောက် အထားများသည် အစ္စလာမ်ဘာသာ သည် ရှေးနှစ်ပေါင်း (၁၀၀၀) ကျော်ကတည်း က ပင် မြန်မာနိုင်ငံတွင် ရောက်ရှိနေကြောင်း သာဓက ဖြစ်သည်။
(94)
သမိုင်း D.G. E Hall က ခရစ်နှစ်ဦးကာလတွင် ရခိုင်ပြည်တွင် ဗုဒ္ဓဘာသာ ထွန်းကား ခဲ့သည်။ ၎င်းနှင့်တစ်ဆက်တည်းအာရဗ်တို့မှ တဆင့်အစ္စလာမ်ဘာသာအမြစ်တွယ် လာခဲ့ သည်ဟု ဖေါ်ပြ ထား ကြောင်း တွေ့ရသည်။
(95)
မြန်မာသမိုင်းအထူးပြုလေ့လာသူ Martin Smith က (၉) ရာစု `၌ အစ္စလာမ်ဘာသာ ဝင်များ ရခိုင်ပြည်`၌ အခြေချနေထိုင်ခဲ့သည် ဟု ဖေါ်ပြထားသည်။
(96)
G.E Harvey က မူ (၁၀) ရာစုမတိုင်ကတည်း အစ္စလာမ်ဘာသာဝင်များ ရခိုင်ဒေသ တွင် နေထိုင်ခဲ့သည်ဟု ရေးသားထားကြောင်းတွေ့ရှိရသည်။
(97)
ရခိုင့်သမိုင်းများအရ – တိုင်းစန္ဒြမင်းလက်ထက် ဝေသာလီသည် အထူးစည်းကားခဲ့ကြောင်း၊ နှစ်စဉ်သင်္ဘောအစီး တစ် သောင်း ကျော် ဝေသာလီသို့လာရောက် ကုန်သွယ်မှုပြုခဲ့ကြောင်း၊ ဝေသာလီသည် ဘင်္ဂလားပင်လယ်အော် ကမ်းခြေ တွင် အရေးပါသော ကုန်သွယ်စခန်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။၆ ဂ – ရာစုတွင်း တရုတ်ခရီးသည်တို့၏ မှတ် တမ်းများအရလည်း – ဘင်္ဂလားနှင့် ဝေသာလီတွင် အာရပ်နှင့် မိုးလူမျိုးပိုင် သင်္ဘောများစွာ တွေ့ရှိကြောင်း ပါရှိသည်။ အာရပ်နှင့် ပါရှန်းသမိုင်း အထောက် အထားများအရလည်း အိန္ဒိယသမုဒ္ဒရာကို “အာရပ်ရေကန်” ဟုခေါ်ဆိုရလောက် အောင် အိန္ဒိယသမုဒ္ဒရာတွင် အာရပ် သင်္ဘောများ ဥဒဟို သွားလာခဲ့ကြောင်း ပါရှိသည်။၇ ဆရာဦးကြည်ကလည်း ၈ -ရာ စုအတွင်းက ပုဂံဘုရင် ပိတ်သုံမင်း လက်ထက် သထုံ၊ မုတ္တမ ဒေသများသို့ အာရပ်ကုန်သည်များရောက်ရှိ ၀င်ထွက် သွားလာလေ့ရှိခဲ့သည်ကို သက္ကရာဇ် ၈၀၀ ကျော်လောက်က ရေးသားထားသော အာရပ်မှတ်တမ်းများမှ သိရကြောင်း၊ အာရပ်သင်္ဘောများသည် အနောက်ဖက် ဒမတ်စကတ် ကျွန်းမှ အရှေ့အိန္ဒိယ ကျွန်းစုများနှင့် တရုတ်ပြည်မကြီးအထိ ခရီးပေါက်ရောက်နေပြီဖြစ်ကြောင်း ဖေါ်ပြထားသည်။၈
(98)
ပါရှန်နှင့် အာရပ်ကုန်သည်တို့မှာ ပင်လယ်ရေကြောင်း ကူးလူးသွားလာရင်း အချက်အချာကျသောဒေသများနှင့် ကမ်း သာယာ အရပ်များတွင် ရောင်းဝယ်ရေးစခန်းများပြုလုပ်ကာ အခြေချနေထိုင်လာခဲ့သည်။ အလားတူ ရခိုင်ပြည်အပါအ ၀င် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများ၌လည်း ပါရှန်နှင့် အာရပ်ကုန်သည်တို့သည် အခြေချနေထိုင်ခဲ့သည်။၉ ထို့ ပြင် ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းတလျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါ (ခေါ်) သူတော်စင်များ၏ ဂူဗိမာန်များက သင်္ဘောသားများ၊ ကုန်သည်များ အပြင် သူတော်စင်တို့ကလည်း ရောနှောဝင်ရောက် နေထိုင်လာခဲ့ ကြောင်း သက်သေခံနေသည်။၁၀

(99)
ဥရောပလူမျိုးများဖြစ်ကြသော ဗဲတေမာ (Varthema)၊ ဘာဘို့(စ) (Barbose)၊ ဆီဇာ ဖဲဒရိဒ် (Caesar Frederide)၊ ရဲလ(ဖ) ဖီတ်(ရှ) (Ralph Fitch) နှင့် ပေါ်တူဂီလူမျိုးများ၏ ရေးသားချက်များအရ ဘင်္ဂလားကမ်းခြေဒေသများတွင် မူဆလင်ကုန်သည် အမြောက် အမြား အခြေစိုက်နေထိုင်လျက်ရှိခဲ့ကြောင်း၊ အများအားဖြင့် အာရပ်လူမျိုးများဖြစ်ကြ ကြောင်း၊ မူဆလင်များက စစ်တကောင်းကို သိမ်းသွင်းနိုင်ခဲ့သော အေဒီ ၁၃၃၈ – ခု မတိုင်မီကပင် မူဆလင်မြောက် မြားစွာတို့သည် စစ်တကောင်းနှင့် ရခိုင်ကမ်းရိုးတန်းအထိ ပျံ့နှံ့နေထိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။၁၁

(100)
အေဒီ ၁၅ – ရာစုသို့ ရောက်သောအခါ အစ္စလာမ်ဘာသာဝင်များ အလုံးအရင်းဖြင့် ၀င်ရောက်လာရန် အကြောင်းတရား က ဖန်တီး လာသည်။ ယင်းမှာ အင်းဝ မင်းခေါင်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဘုရင် နရမိတ်လှသည် ဘင်္ဂလား ဂေါ့ဘု ရင်ထံ ခိုလှုံခဲ့သည်။ ၄င်းသည် ဂေါ့တွင် နှစ်ပေါင်း ၂၄ – နှစ် နေထိုင်ခဲ့ရပြီး၊ ဂေါ့ ဆုလ်တန်၏ စစ်သည် အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည် ဆက်ခံနိုင်ခဲ့သည်။ ဂေါ့ဘုရင် မူဟာမတ် ရှားသည် ၁၄၂၉ – ခုနှစ်တွင် စစ်သူကြီး ၀လီခန် ဦး စီးသော စစ်သည်အင်အား သောင်းကျော်ကိုလည်းကောင်း၊ ၁၄၃၀ – ခုနှစ်တွင် စစ်သူကြီး စန်ဒီခန် ဦးစီးသော ထိုထက် များပြားသော စစ်သည် အင် အားရှိသည့် စစ်တပ်ကိုလည်းကောင်း စေလွှတ်ခဲ့သည်။ ဤစစ်သည်များသည် နရမိတ်လှ အား ရခိုင်ထီးနန်းကို ပြန်လည် ရယူစေခဲ့ပြီး – ဘင်္ဂလားသို့ ပြန်သွားခြင်းမပြုဘဲ၊ မြောက်ဦးတ၀ိုက်တွင် အခြေစိုက် နေ ထိုင်လာခဲ့ကြသည်။ ယင်းတို့အား ရခိုင်ဘုရင် ရာထူးကြီးငယ်ပေးကာ မင်းမှူးထမ်းစေခဲ့သည်။ ဤစစ်သည်များမှာ အများအားဖြင့် တူရကီမျိုးနွယ်များ၊ ပါရှန်များနှင့် အာဖဂန် ပထန်လူမျိုး မူဆလင်ဘာသာဝင်များ ဖြစ်ကြသည်။

(101)
သမိုင်းပါရဂူ ဒေါက်တာ အေနာမုလ်ဟောက်နှင့် သုတေသီ အဗ္ဗဒူလ်ကော်ရိမ် တို့၏ အဆိုအရ – မင်းစောမွန် (နရမိတ် လှ) ရခိုင်ထီးနန်း ပြန်လည်ရရှိသည်နေ့မှစ၍ ၀န်ကြီးများ၊ မှူးမတ်ဗိုလ်ပါများ၊ သမားတော်များ၊ တရားသူကြီးများ၊ စစ်သည်များ၊ ကုန်သည်များ၊ ဈေးသည်များ၊ အလုပ်သမားများ စသည်ဖြင့် မြောက်မြားစွာသော မူဆလင် မင်းမှူးထမ်း တို့သည် ရခိုင်ပြည်သို့ ၀င်ရောက်လာပြီး ကာလကြာသောအခါ သာမန်အရပ်သားများကြား စိမ့်ဝင်သွားလေကြောင်း ဆိုထားပါသည်။၁၂

102
စစ်တကောင်းကို မူဆလင်တို့က ၁၃၃၈ – ခုနှစ်မှ ၁၅၃၈ – ခုနှစ်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ၁၅၃၈ – ခုနှစ်မှ ၁၆၆၆ – ခုနှစ် ထိ စစ်တ ကောင်းသည် ရခိုင်ပိုင်နက်ဖြစ်ခဲ့ပြန်သည်။ ဤနှစ်ပေါင်း ၃၀၀ ကျော် ကာလအတွင်း စစ်တကောင်းနှင့် မြောက်ဦး နေပြည်တော် သည် အိမ်ဦးနှင့် ကြမ်းပြင်အလား ဖြစ်ခဲ့ရလေသည်။ စီးပွါးကုန်သွယ်မှုမှအစ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နယ်နှင့်တစ်နယ် ဥဒဟို သွားလာမှုများရှိခဲ့သည်။ ဤအတော်အတွင်း မူဆလင် မြောက်များစွာတို့သည် စစ်တ ကောင်းမှ ရခိုင်ဒေသအနှံ့သို့ ပြန့်နှံ့နေ ထိုင် လာကြသည်။ အထူးသဖြင့် မင်းနေပြည်တော်ဖြစ်သော မြောက်ဦးသို့ လာရောက် အခြေစိုက်လာသည်။ နန်းတွင်းနန်းပြင်တွင် မူဆလင်တို့သြဇာ တိုးပွားလာသည်။၁၃

(103)
အေဒီ ၁၆ – ရာစုနှောင်းပိုင်းမှ ၁၇ – ရာစု အလယ်ပိုင်းကာလသည် ဘင်္ဂလားတွင် နိုင်ငံရေးမတည်မငြိမ် ဖြစ်ခဲ့သော ကာလဖြစ် သည်။ အာဖဂန် ပထန်တို့၏သြဇာ တစတစ ယုတ်လျော့လာပြီး၊ မဂိုတို့၏သြဇာ တဖြည်းဖြည်း ကြီးထွားလာ သည်။ ယင်းကြောင့် ဘင်္ဂလားရှိ ပထန် တတ်သိပညာရှင်များနှင့် မင်းမှူးထမ်း မြောက်မြားစွာတို့မှာ အရှေ့ဖက်သို့ ထိမ်းရှောင်လာလေသည်။ ယင်းတို့အနက်မှ အချို့မှာ မြောက်ဦးနေပြည်တော်သို့ လာရောက်ခိုလှုံကာ အရေးကြီး သော ရာထူးများတွင် ၀င်ရောက် ခစားလာ သည်။၁၄ ထို့ပြင် ဘင်္ဂလားအား မဂိုအင်ပါယာသို့ သိမ်းသွင်းလိုက်သောအခါ ဂေါ့စစ်သည်များနှင့် တိုင်းသူပြည်သားများစွာတို့မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးထိမ်းရှောင်လာရင်း ရခိုင်ပိုင်နယ် မြေများသို့ ၀င်ရောက်ခိုလှုံ နေထိုင်လာခဲ့ကြသည်။ ယင်းကြောင့် ၁၇ – ရာစု အစောပိုင်းတွင် ရခိုင်ပြည် မူဆလင်ဦးရေ ပိုမိုတိုးပွါးလာကာ အစ္စလာမ်ဘာသာနှင့် မူဆလင်ယဉ်ကျေးမှုသည်လည်း ပိုမိုထွန်းကားလာခဲ့သည်။
(104)
ရခိုင်ပြည်တွင် ပြင်ပမှရောက်လာသော မူဆလင်လူမျိုးများနှင့် ယင်းတို့၏ သားမယားများသာ အစ္စလာမ်ဘာသာကို ကိုးကွယ် နေသည် မဟုတ်ဘဲ၊ ဟိန္ဒူဘာသာဝင်အချို့လည်း အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကိုးကွယ်နေကြပြီးသူများလည်း အစ္စလာမ်သို့ ကူးပြောင်းကိုးကွယ်မှုများ ရှိခဲ့သည်။ ဤအ ကြောင်းကို ရခိုင် မဟာ ရာဇ၀င် ဇာတ်တော်ကြီးတွင် “သက္ကရာဇ် ၈၈၇ ခုနှစ် ကိုးဆက်မြှောက်သော ဇယတ္တ မင်းစောမွန် လက်ထက်၌ ရုမ် ပါသျှားမင်း၏ သန်အမတ်ကြီး ကာဒီ၊ မူသျှာ၊ ဟော်နုမျာတို့သည် နိုင်ငံတော်၌ မဟာမတ်ဒန် သာသနာ စည်ပင် ပြန့်ပြောစေခြင်းငှါ၊ ပူလီကျောင်းတို့သည် မြို့တော်၌ အပြန့်အနှန့် တည်ဆောက်လုပ်ကြ၍ မြို့တော်တွင် သူအပေါင်းတို့အား ဟောပြောပြသလျက် နေ့စဉ်မပြတ် ပြုလုပ်တော်မူလေသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာ လူမျိုးတို့ သည် ယုန်ကြည်လျက် ၄င်းဘာသာ၌၀င်၍ ၄င်းတရားကို ဆောံတည်လျှက် ဖြစ်ရှိကြလေသည်။ သို့နှင့် မဟာမတ်ဒန် လူမျိုးတို့သည် နိုင်ငန်တော်၌ ဖုန်းလွှန်းစိုးမိုးလျက် ပြန့်နှန့်စွာ +ဖစ် ရှိလေသည်။ ဘုရင်မင်းမြတ် ကိုလည်း လက်ဆောင် ပန်နာပို့ဆက်လျှက် ဘုရင်မင်းအား ၄င်းသန်အမတ်ကြီးတို့ကို များသောအားဖြင့် မိတ္တာ သက်ဝင်လျက် ဖြစ်ရှိလေသည်။” ဟု ဖော်ပြထားသည်။
(105)
၁၅ – ရာစုတွင် များစွာသော ဗုဒ္ဓဘာသာ ရခိုင်တို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်၍ မူဆလင်များဖြစ်ကြကြောင်း ဦး ကြည်က “မြန်မာ ရာဇ၀င် သိမှတ်ဘွယ်ရာ အဖြာဖြာ” စာအုပ်တွင် ရေးသားခဲ့ပေသည်။ နိုင်ငံတော်ကောင်စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူ ကလည်း – ဗုဒ္ဓဘာသာဝင်အချို့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင်း “အောင် ပန်းကြီးငွေ စကားရည်လုပွဲ” စာအုပ်တွင် အတည်ပြုဖော်ပြထားသည်။

ထိုစဉ်က ရခိုင်ပြည် အလေ့အထတစ်ခုမှာ နိုင်ငံခြားက လာသူများကလည်း ဆန္ဒရှိလျှင် ရခိုင်ပြည်သူများနှင့် လက်ထပ် ထိမ်းမြား နိုင် သည်။ သို့သော် ရခိုင်ပြည်မှ ထွက်သွားသောအခါ သားမယားများကို ခေါ်ဆောင်သွားခွင့် မရှိခဲ့ချေ။ သို့ကြောင့် ဥရောပသားတို့သည် ၄င်းတို့၏ ရခိုင်ဇနီးမယားနှင့် သားသမီးများကို ရခိုင်ပြည်၌ ချန်ထားပါက အစ္စလာမ် ဘာသာသို့ ကူးပြောင်းသွားမည်ဟု စိုးရိမ်၍ ခိုးယူခေါ်ဆောင်သွားခဲ့သော အမှုကိစ္စများစွာ ပေါ်ခဲ့ကြောင်း – ဒတ်(ချ) မှတ်တမ်းများတွင် တွေ့ရသည်။ သို့ကြောင့် အခြားဘာသာများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်သူများ လည်း ရခိုင်ပြည်တွင် မနည်းလှပေ။
ကျမ်းကိုးစာရင်း -

၁။ ဆရာတော် စန္ဒမာလာလင်္ကာရ – ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒု-တွဲ)၊ မန္တလေး (၁၉၃၁)၊ စာ – ၃၁၂

၂။ ဒု-ဗိုလ်မှူးကြီး ၀င်းမောင် (ကာကွယ်ရေးဝန်ကြီးဌာန) “သာသနာ့ရောင်ဝါ ထွန်းစေဖို့”၊ ရန်ကုန် (၁၉၉၇)၊ စာ-၆၅

၃။ ကိုး (၂)၊ စာ – ၆၅

၎။ JASB – Vol. XIII, Calcutta (1844), p – 36

Dr. S.B Qanungo “ A History of Chiitagong”, Vol. I, Chittagong (1988), p – 111

၅။ R. B Smart – Burma Gazetters (Akyab Distric) Vol. A, Ragoon (1957), p – 19

၆။ ဦးကြည် (ဘီအေ- ရာဇ၀င် ဂုဏ်ထူး) “မြန်မာရာဇ၀င်မှ သိကောင်းစရာများ”၊ စာ ၁၅၆

၇။ Mohammed Abdur Rahim “Social and Cultural History of Bengal”, Vol. I, Karachi (1966), p – 37

၈။ ကိုး (၆)၊ စာ – ၁၅၇

၉။ S. N. H Rizvi “Bangladesh Distric Gazetteers (Chittagong)”, Dacca (1975), p – 122

၁၀။ ဆရာချေ (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) “ဗမာမွတ်စလင် ရှေးဟောင်း အတ္ထုပတ္တိ”၊ စာ – ၁၆

“သာသနာရောင်ဝါ ထွန်းစေဖို့”၊ စာ – ၆၆

၁၁။ S. N. H Rizvi – “East Pakistan Dicstric Gazetteers (Chittagong Dist)”, Dacca (1970), p – 111

၁၂။ Mohammed Enamul Huq and Abdul Karim – “Bengali Litrature in Arakanese Court (1600 ~ 1700 AD)

Calcutta (1935), p – 4 ~9

၁၃။ တိုင်းရင်းသားလူမျိုးစု ဘ၀သစ်ထူထောင်ရေးပါတီ – သတင်းလွှာ၊ ရန်ကုန် (၁၉၈၉)၊ စာ – ၄၅

၁၄။ Muhammad Mohar Ali “History of The Muslim Bengle” Vol. I (B), Riyadh, 1985, p – 865

၁၅။ J. A. S. B – Vol. X, Calcutta (1941), p – 681

မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၊ ရန်ကုန် (၁၉၆၀)၊ စာ – ၇၂

၁၆။ Qanungo, p – 322

၁၇။ ၄င်း စာ – ၃၂၄

၁၈။ ၄င်း စာ – ၂၉၁

၁၉။ Secrect Consultation (SC) of the Government of Bengal, Preserved in the National Acrhives of India, New Delhi, Jun 9, 1926, No. 10

Also Robertson’s Report dated July 21, 1825 (SC- August 26, 1825, No. 41)

 

 

 

ရခိုပြည်သို့ ဘယ်သူတွေ ခိုးဝင်လာသလဲ

Posted by danyawadi

ရခိုင်ကို ဘယ်သူတွေ ၀င်ခဲ့သလဲ | ဌေးလွင်ဦး


မြန်မာနိုင်ငံကို ဗြိတိသျှ မအုပ်ချုပ်မှီက သန်းခေါင်းစာရင်း အတိအကျကောက်ယူပြီး လူဦးရေ ဘယ်လောက် ရှိတယ် ဆိုတာ ကိန်းဂဏန်း မရှိခဲ့ပါ။ ဗြိတိသျှ အုပ်ချုပ်မှသာ လူဦးရေ သန်းကောင်းစာရင်းကို ပြုစုခဲ့ခြင်း ဖြစ်ပါ တယ်။ ဗြိတိသျှတို့ရဲ့ မှတ်တမ်း- Encyclopaedia Britannica အရ စီစစ်ကြည့်ရအောင်ပါ။
Encyclopaedia Britannica အရ ရခိုင်နယ် လူဦးရေး တိုးပွားလာမှုမှာ- ၁၈၃၁ ခုနှစ်မှာ ၁၇၃၀၀ ယောက်၊ ၁၈၃၉ ခုနှစ်မှာ ၂၄၈၀၀၀ ယောက်၊ ၁၈၇၁ ခုနှစ်မှာ- ၄၆၁၁၃၆ ယောက်၊ ၁၉၀၁ ခုနှစ်မှာ ၇၆၂၁၀၂ ယောက် ဖြစ်လာတယ်။ ဒီလိုနှုန်းနဲ့ တိုးပွားဘို့ရာ- ၁၈၂၆ ခုစ ပထမ ၅ နှစ်အတွင်း နှစ်စဉ် တိုးနှုန်း ၁၁.၅၉ % ဖြစ်ရမယ်၊ ၁၃ နှစ်အတွင်း နှစ်စဉ် ၇.၂၄% ဖြစ်ရမယ်၊ ၄၅ နှစ်အတွင်း နှစ်စဉ် ၃.၄၆% ဖြစ်ရမယ်၊ ၇၅ နှစ် အတွင်း နှစ်စဉ် ၂.၇၄% ဖြစ်ရမယ်။ ဒီလူဦးရေတိုးမှု ရာနှုန်းတွေထဲက ၁၈၃၉ ခုနှစ်အထိ- ပထမ နဲ့ ဒုတိယ တိုးနှုန်း ဖြစ်တဲ့ နှစ်စဉ် ၁၁.၅၉% နဲ့ ၇.၂၄၃% တို့ဟာ သဘာဝ တိုးနှုန်း လုံးဝ မဖြစ်နိုင်ပါ။ ရခိုင်နယ်ရဲ့ အပြင် ဘက်က ၀င်ရောက်လာတဲ့ လူဦးရေတိုးနှုန်းများသာ ဖြစ်ရပါမယ်။
၁၈၂၆ ခုနှစ် ရခိုင်ကို အရှေ့အိန္ဒိယ ကုပ္မဏီထဲမှာ ထည့်သွင်းပြီးနောက် ရခိုင်နယ်ထဲမှာ လူဦးရေ ခုန်ပျံတိုးတက်လာတယ် ဆိုတာတော့ မငြင်းနိုင်ပါ။ ဗြိတိသျှ တရားဝင် ရခိုင်ဒေသ- မြို့ပြရေးရာ ထိန်း သိမ်းရေး အရာရှိ မစ္စတာ ပက်တန်က ၁၈၂၆ ခုနှစ်မှာ ရခိုင်ဒေသ လူဦးရေဟာ ရခိုင် ၆၀၀၀၀၊ မွတ်ဆလင် ၃၀၀၀၀ -စုစုပေါင်း တစ်သိန်းထက် မကျော်လွန်ပါ လို့ ရီပို့တ်ပေးခဲ့ပါတယ်။ (၁၈၂၆ ခု မတိုင်မှီက တည်းက ရခိုင်နယ်မှာ မွတ်ဆလင်ဟာ အခြားလူမျိုး ၂ ယောက် မွတ်ဆလင် ၁ ယောက် နှုန်း ရှိခဲ့ပါတယ်။)
လူဦးရေ ပွားနှုန်း ကောင်းပါတယ်ဆိုတဲ့ မွတ်ဆလင် လူဦးရေက ၁၈၂၆ မတိုင်မှီမှာ လူဦးရေ သုံး သောင်း ရှိပြီး ၁၈၇၁ ခုနှစ်မှာ ခြောက်သောင်းနီးပါး (နှစ်ဆ နီးပါး) တိုးသွားပြီး-၊ လူဦးပွားနှုန်း မကောင်း ပါဘူး ဆိုတဲ့ ရခိုင်ဗုဒ္ဓဘာသာများက ၁၈၂၆ ခုနှစ်မှာ လူဦးရေ ၆၀၀၀၀ (ခြောက်သောင်း)က ၁၈၇၁ နှစ် မှာ လူဦးရေ ၁၇၁၆၁၂ (သုံးဆ နီးပါး) တိုးသွားခဲ့ပါတယ်။ မွတ်ဆလင်တွေလောက်လည်း ကလေး မမွေးနိုင်ဘဲ ဒီလူတွေ ဘယ်လို တိုးသွားခဲ့တာလဲ။ မြေကြီးထဲက ထွက်လာသလား၊ မိုးပေါ်က ကျလာ သလား– ဆင်ခြင်ဘို့ လိုပါတော့မယ်။
ဗြိတိသျှဟာ ရခိုင်ကို အရှေ့အိန္ဒိယကုပ္မဏီထဲမှာ ထည့်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ လုပ် တော့ အလုပ်သမားတွေ လိုလာခဲ့တယ်။ ဒီအခါ ဘင်္ဂလားနယ်ထဲက အလုပ်သမားတွေကို ရခိုင်ထဲကို ထည့်ခဲ့တယ်။ ဒီလို ထည့်ခဲ့တာမှာ ရခိုင်ဗုဒ္ဓလူဦးရေက အခြားသော လူဦးရေထက် ပိုမိုများပြားခဲ့တယ် လို့ ဂျာကွဗ်လိုင်ဒါ Jacques Leider’s ရဲ့ သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။ အလားတူပဲ ရခိုင် သမိုင်းဆရာများကလည်း ဗမာသတ်လို့ ရခိုင်တွေ အများအပြား သေကြေခဲ့ရပြီး ဗြိတိသျှ အုပ်ချုပ်စဉ် မှာ ရခိုင်မှာ လူမရှိတော့လို့ ဘင်္ဂလားနယ်က ရခိုင်တွေကို ရခိုင်ထဲသို့ ပြန်ခေါ်ခဲ့ရတယ်လို့ ဆိုထားပါ တယ်။
ဒီတော့ ရခိုင်ကို ၁၈၂၆ ခုနောက်ပိုင်းမှာ ရခိုင်ဗုဒ္ဓအမည်ခံ ဘင်္ဂလီမောဂ် လူမျိုးများက ၀င်ခဲ့ပါသလား၊ သို့မဟုတ် မွတ်ဆလင်များက ၀င်ခဲ့ပါသလား- ဆင်ခြင်လို့ ရမှာပါ။
ဒီနောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်သေးသလဲ– ဒါတွေကို စီစစ်နိုင်ဘို့ ရခိုင်နယ်ရဲ့ လူဦးရေ အများဆုံး ကျက်စားရာ ဒေသဖြစ်တဲ့ စစ်တွေခရိုင် မှတ်တမ်းကို ဆင်ခြင်ကြည့်ပါ။- အောက်ပါဇယားမှာ Encyclopaedia Britannica (ဗြိတိနီကာ ဗဟုသတ ဟင်းလေး အိုးကြီး မှတ်တမ်း) စာမျက်နှာ ၈၆ အရ စစ်တွေခရိုင် လူမျိုးနွယ်နှင့် လူဦးရေ ဇယားဖြစ်ပါတယ်။
မျိုးနွယ်
၁၈၇၁
၁၉၀၁
၁၉၁၁
၁၈၇၁%
၁၉၀၁%
၁၉၁၁%
မဟာမေဒင်
၅၈၂၅၅
၁၅၄၈၈၇
၁၇၈၆၄၇
၂၁.၀၅
၃၂.၁၆
၃၃.၇၁
ဗမာ
၄၆၃၂
၃၅၇၅၁
၉၂၁၈၅
၁.၆၇
၇.၄၂
၁၇.၄၀
ရခိုင်
၁၇၁၆၁၂
၂၃၀၆၄၉
၂၀၉၄၃၂
၆၂.၀၂
၄၇.၈၉
၃၉.၅၂
ရှမ်း
၃၃၄
၈၀
၅၉
ဝ.၁၂
ဝ.၀၂
ဝ.၀၁
တောင်တန်းသား
၃၈၅၇၇
၃၅၄၈၉
၃၄၀၂၀
၁၃.၉၄
၇.၃၇
၆.၄၂
အခြား
၆၀၆
၁၃၅၅
၁၁၄၆
ဝ.၂၂
ဝ.၂၈
ဝ.၂၂
စုစုပေါင်း
၂၇၆၆၉၁
၄၈၁၆၆၆
၅၂၉၉၄၃
၁၀၀
၁၀၀
၁၀၀
ဒီလူဦးရေ ဇယားက စစ်တွေနယ် ပတ်ဝန်းကျင်တစ်ခုတည်းမှာ (ရခိုင်နယ် တစ်ခုလုံး မဟုတ်) ၁၈၇၁ မတိုင်မှီကတည်း မွတ်ဆလင်ပေါင်း ၅၈၀၀၀ ကျော် ရှိနေတယ် ဆိုတာ ရှင်းနေပါတယ်။ ရခိုင်ခွဲ ထွက်ရေး ၀ါဒီများနဲ့ မျက်ကန်းမျိုးချစ်များ မုန်းတီးလိမ်ညာနေသလို ၁၉ ရာစု နောက်ပိုင်းမှ မွတ်ဆလင် တွေ ၀င်ရောက်လာတယ် ဆိုတာ မဟုတ်ကြောင်း သက်သေဖြစ်ပါတယ်။
အထက်မှာ ဖေါ်ပြခဲ့တဲ့ လူဦးရေ တိုးနှုန်းနဲ့ ဒေသတွင်း လူဦးရေရဲ့ ရာနှုန်းများဇယားကို ပြန်ကြည့်ပါ။ မွတ်ဆလင်တွေဟာ ဒေသတွင်း လူဦးရေရဲ့ ၁၈၇၁ ခုနှစ်မှာ ၂၁% ဖြစ်ပြီး ၁၉၁၁ ခုနှစ်မှာ ၃၃.၇% ဖြစ် ကြောင်းတွေ့ရပါမယ်။ ဒီတူညီတဲ့ ခုနှစ်အတွင်းမှာပဲ- ရခိုင်နယ်အတွင်း ဗမာလူဦးရေ ခုန်ပျံတိုးနှုန်းကို ကြည့်ပါ- ၁၈၇၁ ခုနှစ်မှာ ၁.၆၇% ကနေပြီး-၁၉၁၁ ခုနှစ်မှာ ၁၇.၄% ထိ ဖြစ်သွားပါတယ်။ တစ်ပြိုင် နက်ထဲမှာ ဒေသခံရခိုင်များနဲ့ အခြားသော လူမျိုးများက ၁၈၇၁ မှာ ရှိတဲ့ ရာနှုန်းထက် လျှော့ကျသွား တာကို တွေ့နေရပါတယ်။
ဒီဇယား အရ ရခိုင်ဗုဒ္ဓ လူဦးရေဟာ ၁၈၇၁ ခုနှစ်မှာ ၆၂% ရှိခဲ့ရာက ၁၉၁၁ ခုနှစ်မှာ ဒေသတွင်း လူဦး ရေရဲ့ ၃၉.၅၂% ထိ လျှော့ကျသွားပါတယ်။ ဒါကို ရခိုင်မျက်ကန်းတွေက မွတ်ဆလင်တွေက ရာနှုန်း အကြီးအကျယ် တိုးပွားလာပြီး- ရခိုင်တွေ ပျောက်ကွယ်သွားသလို လျှောက်ပြောပါတော့တယ်။ မွတ် ဆလင် ရာနှုန်းက အစကလည်း သုံးပုံတစ်ပုံ၊ နောက်ပိုင်းမှာလည်း သုံးပုံတစ်ပုံ သာ ရှိနေပြီး- ရခိုင်ဗုဒ္ဓ ဘာသာတွေက မိမိကိုယ်မိမိ ဗမာ အဖြစ်ခံယူလိုက်လို့ ရခိုင်လျှော့ပြီး ဗမာ ရာနှုန်း ခုန်ပျံတိုးသွားတာကို မသိဟန်ပြုနေပါတော့တယ်။
လက်ရှိခေတ်ထိ- ရခိုင်နယ်ထဲမှာ မိမိကိုယ်မိမိ ဗမာ ပါလို့ ခံယူသူပေါင်း များစွာ ရှိနေတယ်၊ ဥပမာ အားဖြင့် သံတွဲမြို့မှသည် ဂွမြို့ထိ ရှိသမျှသော ကျေးရွာ၊ မြို့ငယ်၊ မြို့နယ် အားလုံးမှာ ရှိတဲ့ လူတွေက သူတို့ကိုယ်သူတို့ ဗမာလို့သာ ခံယူပါတယ်။ မဆလ ခေတ်အတွင်း သံတွဲမြို့နယ်နဲ့ ဂွမြို့နယ် နယ်စပ် ဖြစ်တဲ့ ရေငံရောက် မြေနေရာတွေကို လယ်လုပ်မယ့်သူ မရှိလို့ မြောက်ပိုင်းရခိုင်တွေကို ခေါ်ယူကာ ကျက်သရေကျွန်း ဆိုတဲ့ ရခိုင်ရွာလေး တစ်ခု တည်ဆောက်ပေးခဲ့တယ်။ သံတွဲနဲ့ ဂွမြို့အကြား မြောက် များစွာသော ကျေးရွာအားလုံးရှိ ဗမာခံယူသူများက မှတ်ပုံတင်မှာ အတင်းဖြည့်ခိုင်းလို့ လူမျိုးရခိုင် ဆိုပြီး ရေးနေရပေမယ့်- အခုထိ သူတို့ကိုယ်သူတို့ ဗမာ လို့ခံယူထားကြောင်း လက်တွေ့သွားရောက် လေ့လာနိုင်ပါတယ်။
ရခိုင်လူဦးရေ လျှော့သွားရခြင်း အကြောင်းထဲမှာ (၁) ဘင်္ဂလားနယ်က ၀င်ရောက်လာတဲ့ ရခိုင် လူဦး ရေ လျှော့သွားခြင်း (၂) ဘင်္ဂလီရခိုင်များကို မနှစ်သက်လို့ ဒေသခံ ရခိုင်များက မိမိကိုယ်မိမိ ဗမာလို့ ခံယူလိုက်ခြင်း- စတဲ့ အကြောင်းများကြောင့်သာ ဖြစ်ကြောင်း ဆင်ခြင်နိုင်ပါတယ်။
ဒီနေ့ ရခိုင်မှာ ရှိနေတဲ့ မွတ်ဆလင်များက ရခိုင်ဗုဒ္ဓဘာသာနဲ့ ဘ၀တူများသာ ဖြစ်ခဲ့တယ်။ ဒေသခံရခိုင် များမှာ သူတို့ရဲ့ အစဉ်အလာအရ လုပ်ကိုင်စားသောက်ဘို့ရာ ရေမြေများ ရှိခဲ့သလို၊ ဒေသခံမွတ်ဆလင် (ရခိုင်နယ်ရဲ့ သုံးပုံတစ်ပုံသော လူဦးရေ)မှာလည်း လုပ်ကိုင်စားသောက်ဘို့ရာ ရေမြေများ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒေသခံရခိုင်ဗုဒ္ဓဘာသာများက ဒေသခံမွတ်ဆလင်များရဲ့ လယ်မြေများကို မတရားအနိုင် ကျင့် သိမ်းပိုက်ယူဘို့ရာ စိတ်မကူးခဲ့ပါ။ မကြံစည်ခဲ့ပါ။ အင်္ဂလိပ်လက်အောက် နောက်ပိုင်းဝင်လာတဲ့ ဘင်္ဂလီရခိုင်များကသာ သူတို့မှာ လုပ်ကိုင်စားသောက်ဘို့ရာ ရေမြေများ မရှိတဲ့အတွက် သူတို့အနေနဲ့ မွတ်ဆလင်များဆီက လယ်မြေများကို မတရားသိမ်းပိုက်ရယူလိုခဲ့ခြင်း ဖြစ်တယ်။ ဘင်္ဂလီဆိုတဲ့ သူတို့ ဇာတိကို ကွယ်ဝှက်ပြီး သူတို့ကိုယ်သူတို့ ရခိုင်အဖြစ်လိမ်ညာလျှက် မွတ်ဆလင်မုန်း စစ်အာဏာပိုင် များနဲ့ ပူးပေါင်းကာ- မွတ်ဆလင်များပိုင်မြေများကို သိမ်းဆည်းလုယူခဲ့ပေါင်းလည်း များခဲ့ပါပြီ။ ဆက် လက်ပြီး သိမ်းဆည်းလုယူဘို့ရာ ကြံစည်လျှက် ရှိနေပါသေးတယ်။
အရေးအကြီးဆုံး အချက်က- အင်္ဂလိပ်လက်ထက်မှာ ရခိုင်ဒေသရှိ မွတ်ဆလင်များကို မွတ်ဆလင် လို့သာ ဖေါ်ပြခဲ့ပါတယ်။ အဲ့ဒီ မွတ်ဆလင် လူဦးရေဟာ ရခိုင်ဒေသရဲ့ သုံးပုံတစ်ပုံ ရှိခဲ့ပါတယ်။ အခု ခေတ်မှာလည်း မွတ်ဆလင်ဟာ သုံးပုံတစ်ပုံ ရှိနေပါတယ်။ ဒါဆို ရခိုင်နယ်မှာ ရှိတဲ့ မွတ်ဆလင်များကို တိုင်းရင်းသား ကမန် အဖြစ် သတ်မှတ်ပြီး စာရင်းပြထားတာ လူဦးရေ ဘယ်လောက် ရှိပါသလဲ။ လက်ရှိ ရခိုင် လူဦးရေ လေးသန်းလောက်မှာ ကမန်က လူဦးရေ သုံးသောင်းမျှပင် မရှိပါ။ ကျန် မွတ်ဆလင်များ ဘယ်ကို ရောက်သွားပါသလဲ။
ရိုသားဖြူစင်တဲ့ သမိုင်းပညာရှင်များ မနုဿဗေဒပညာရှင်များ လေ့လာကြည့်ပါ။ သမိုင်းမှန်ကို ထိမ် ၀ှက်ထားသူများဟာ သမိုင်းမှာ တရားခံဖြစ်ရမယ် ဆိုတာကိုလည်း ဆင်ခြင်သင့်ပါတယ်။ သမိုင်းလိမ်၊ စာပေလိမ်ပေါင်းများစွာနဲ့ မြန်မာလူငယ်မျိုးဆက်များစွာကို နှစ်ထားခဲ့လို့ မြန်မာပြည်ကြီး နောက်ကျ ကျန်ခဲ့ပြီ ဆိုတာကိုလည်း ဆင်ခြင်သင့်ပါတယ်။ သူများ (ကမ္ဘာ့နိုင်ငံများ)ကဲ့သို့ တန်းတူ တိုးတက်ချင် ပြီး- မျက်ကန်းမျိုးချစ်စိတ်နဲ့ ပညာရပ်အမှားတွေ၊ သမိုင်းအမှားတွေထဲမှာ ဆက်လက်နစ်မြောနေမယ် ဆိုရင်တော့–၊ အဲ့ဒီလိုလူများ လွှမ်းမိုးထားတဲ့ နိုင်ငံတစ်ခုအတွက် ရင်လေးစရာသာ ဖြစ်ပါတော့တယ်။

ဌေးလွင်ဦး
MMCRM

 

 

 

Follow

Get every new post delivered to your Inbox.

Join 33 other followers