ဦးဝီရသူ ဘာလဲဘယ်လဲ

. ဘွဲ့နာမည်က ဦးဝိစိတ္တ ဘိဝံသ

ဒီနာမည်ကို လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က စကြားဖူးခဲ့ရသည်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ စာချ သံဃာတော်တစ်ပါး။

သူဟောကြားသည့် မွတ်စလင်မ်မုန်းတီးရေး တရားခွေတွေ ၂၀၀၂ ဝန်းကျင်က အတော်လေး ပြန့်နှံ့ခဲ့ဖူးသည်။ ကက်ဆက်ခွေခေတ်ဆိုတော့ ယခု CD ခေတ်လောက်တော့ ပြန့်အား မကောင်းလှသေး။ အမျိုးပြောက်မှာစိုးကြောက်စရာ၊ ကိုယ်တော့ကရုဏာ အစရှိသည့် ဝါဒမှိုင်းတိုက် စာအုပ်တွေကိုလည်း သူက ဦးစီး ဖြန့်ချိသည်ဟု သိရသည်။

မကြာမီပင် မန္တလေးနှင့် အနီးတစ်ဝိုက်တွင် ၂၀၀၃ခုနှစ်အတွင်း၌ ဗုဒ္ဓဘာသာဝင်အချို့နှင့် မွတ်စလင်မ်အချို့အကြား ပဋိပက္ခများ ဖြစ်ပွားလာရသည်။ ဒီအခွေတွေ စာအုပ်တွေ၏ သွေးထိုးလှုံ့ဆော်မှု၊ နိုင်ငံရေးသမားတို့၏ အကွက်ချ ကစားမှုတို့က ပြဿနာဖြစ်ပွားရခြင်း၏ အရင်းအမြစ် တရားခံ။

ပဋိပက္ခများ စတင်ပြီး မကြာမီပင် သူလည်း ထောင်နန်းစံရသည်။ ကျောက်ဆည်မြို့တွင် မွတ်စလင်မ် မိသားစုဝင်များ ရက်ရက်စက်စက် မီးရှို့ အသတ်ခံရသည့်အမှု၊ မန္တလေးမြို့ပေါ်တွင်လည်း မငြိမ်မသက်ဖြစ်လာရမှုတို့၏ နောက်ကွယ်က တရားခံတစ်ဦးအဖြစ် ထိုက်သင့်သည့် အပြစ်ပေးခံရခြင်း။ ပြစ်ဒဏ်ကတောင် သူကျူးလွန်ခဲ့သည်တို့နှင့်စာလျင် နည်းလွန်းသေးသည်။ မရှေးမနှောင်းမှာပင် သူ့ဒကာ (သို့မဟုတ်) သူ့ဆရာ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လည်း အဖမ်းခံခဲ့ရသည်။ နိုင်ငံရေး ဖြုတ်ထုတ်သတ် ဇာတ်လမ်း။

ထိုကာလ တစ်လျှောက်လုံး မြန်မာပြည်တွင်းတွင် ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ တစ်စုံတစ်၇ာ မရှိခဲ့သည်မှာ တိုက်ဆိုင်မှု သက်သက်မျှသာဟု မည်သူမျှ ယုံကြည်လက်ခံနိုင်မည်မထင်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် သူထောင်က ပြန်လွတ်သည်။ ထောင်ထွက်စကလည်း ပုံစံတစ်မျိုးဖြင့် စတိုင်ထုတ်ကြည့်သေးသည်။ ထောင်ကျစဉ်က သင်္ကန်း ချွတ်ခဲ့ရသဖြင့် ထောင်ကထွက်တော့လည်း ထို ထောင်ကျနေစဉ်က ဝတ်စုံ အရောင်အတိုင်း သင်္ကန်းပုံ ရုံခဲ့သည်။ ထူးထူးခြာခြား ထောက်ခံမည့်သူမရှိတော့ နောက်ဆုံးတွင် သင်္ကန်အစစ် ပြန်ဝတ်ပြန်သည်။

၂၀၁၂ ဇန်နဝါရီလက ဆရာကြီး ဦးရာဇတ် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ဘာသာပေါင်းစုံမှ ပါဝင်ကာ မန္တလေးမြို့တွင် ကျင်းပသည်။ သီတဂူဆရာတော်ကဲ့သို့သော ထေရ်ကြီးဝါကြီးပညာတော်ကြီး ဆရာတော်ကြီးများတက်ရောက်ကြကာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး သြဝါဒပေးသည်။ မန္တလေးမြို့တွင် ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည် ရှိနေကြသည့်အချိန်၊ ငြိမ်းချမ်းရေးဘက်တော်သားများ အားကောင်းနေသည့်အချိန်။  ထိုပွဲတွင် သူတက်ရောက်လိုကြောင်း စကားပြောလိုကြောင်း ကြားခံ ပုဂ္ဂိုလ်တစ်ဦးမှတစ်ဆင့် ကမ်းလှမ်းသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက်ပါ ရည်ရွယ်သည့် အခမ်းအနားဖြစ်သည့်အတွက်  ဗုဒ္ဓဘာသာဝင်များရော အစ္စလာမ်ဘာသာဝင်တို့ကပါ မည်သူကမျှ သူ့ကို ယုံယုံကြည်ကြည် လှိုက်လှိုက်လှဲလှဲ မကြိုဆိုခဲ့ရဲကြ။

ထိုပွဲအပြီးတွင် ပွဲစီစဉ်ရာတွင် ပါဝင်သူ မန္တလေးမြို့ရှိ မွတ်စလင်မ် သတင်းထောက်တစ်ဦးမှတစ်ဆင့် မွတ်စလင်မ် ခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း၊ ဘာသာနှစ်ခုကြား ငြိမ်းချမ်းရေးအတွက် ဦးစီး ဆောင်ရွက်လိုကြောင်း ပြောလာသည်။

ထို့အတွက်ကြောင့် ၂၇၊ ၁၊ ၂၀၁၂ သောကြာနေ့တွင် မန္တလေးမြို့ Eduzone Centre တွင် မွတ်စလင်မ် မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ မွတ်စလင်မ်တို့နှင့် ပတ်သက်၍ သူအမြင်မရှင်းသည်တို့ကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြရာ မွတ်စလင်မ်ညီနောင်များကလည်း ဝမ်းပမ်းတသာပင် ပြန်လည် ရှင်းလင်း တင်ပြခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် သူက သူ့အကြောင်း အတ်ာအသင့် ပြောပြသွားသည်။ ထိုစဉ်ကတော့ သူပြောသွားခဲ့သည်တို့ကို အသေးစိတ် အပြင်သို့ မထုတ်ပြန်ပေးခဲ့ကြပါ။ အကြောင်းရင်းက နိုင်ငံရေး အရှုပ်အထွေးတစ်ချို့ပါ ပါနေသောကြောင့်။

သူပြောသည်က သူသည် ဦးခင်ညွန့်နှင့် အဆက်အသွယ် ကောင်းကောင်းရှိခဲ့ကြောင်း၊ ဦးခင်ညွန့်နှင့် အပေါင်းအပါ ထောက်လှမ်းရေးများ လိုရာကြိုးဆွဲရာသို့ ပါမှန်းမသိ ပါခဲ့ရကြောင်း၊ နောင်မှ ထိုသည်ကို သဘောပေါက် နားလည်ခဲ့ကြောင်း၊ ဒကာ ဒကာမတို့ကလည်း မွတ်စလင်မ်တိှု့င့် ပတ်သက်သော သတင်းဆိုးကိုသာ သူ့ထံ ယူဆောင်လာကြောင်း၊ ထိုအတွက် မွတ်စလင်မ်တို့အား အတော်ပင် အမြင် မရှင်းခဲ့ပါကြောင်း။ ထိုသည့်အတွက်ကြောင့် သူတရားဟောရာတွင်လည်း မွတ်စလင်မ်တို့ မကောင်းသည်တို့ကို ထည့်ဟောခဲ့ပါကြောင်း။ သို့သော် သူ ပြောခဲ့ဟောခဲ့သည်တို့ကြောင့် ဘာသာတရား နှစ်ခုအကြား ဤမျှအထိ ပြဿနာဖြစ်ကာ သေကြေကြရသည်အထိ ဖြစ်စေရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း။ ပြဿနာ တကယ်ဖြစ်ပွားလာသည့် အချိန်တွင် ထိန်းရန်ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်တော့ကြောင်း။

မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက် မပါခဲ့သော်လည်း မိမိရှေ့တွင် သံဃာ့လက် သွေးစွန်းခဲ့ရသည့်အတွက်၊ သံဃာ့သွေး မြေကျခဲ့ရသည့်အတွက် မိမိ ပယောဂလည်း မကင်းဟု ခံစားရသည့်အပေါ် အထူး ဝမ်းနည်းခဲ့ရပါကြောင်း။

 

ထောင်တွင်းရောက်စဉ်တွင် အမှုတစ်မှုတည်းကြောင့် ထောင်အတူ ကျခဲ့ရသူ မွတ်စလင်မ်များနှင့်လည်း ထောင်တွင်းတွင် ပြန်တွေ့ကြောင်း၊ တစ်ဦးအကြောင်း တစ်ဦး အမှန်တကယ် သိရတော့မှ မိမိတို့အားလုံး ညွှတ်ကွင်းမိခဲ့သည်၊ ထောင်ချောက်တွင်းကျခဲ့သည်ကို  ပိုမို သဘောပေါက် လာကြောင်း။ မွတ်စလင်မ်တို့သည် မိမိထင်ခဲ့သလို လူတိုင်း အဆိုးမဟုတ်ဟု သိရှိခဲ့ရကြောင်း။

ထို့အတွက် ယခု ထောင်က လွတ်လာသည့်နောက်ပိုင်း နှစ်ဘာသာအကြား ချစ်ာကည်ရေး ဆောင်ရွက်လိုကြောင်။ အနည်းဆုံးအဆင့် အထက်မြန်မာပြည်တွင် ယခင်ကဲ့သို့ ဘာသာရေး ပဋိပက္ခများ နောက်နောင် ထပ်မဖြစ်ရအောင် တာဝန်ယူ ကြိုးပမ်းမည် ဖြစ်ကြောင်း ဆိုခဲ့ပါသည်။

ထို့နောက် ထိုတွေ့စုံပွဲတွင် ပါဝင်ကြသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကာ ငြိမ်းချမ်းရေး ဆုတောင်းစာများပင် အမှတ်တ၇ ရေးပေးသွားခဲ့သည်။

ထိုတွေ့ဆုံမှုလေးမှတဆင့် နောက်ထပ် ခြေတစ်လှမ်းအဖြစ် ဈေးချိုဟိုတယ်တွင် ဖေဖေါ်ဝါရီ၁၂ရက် ၂၀၁၃၊ ပြည်ထောင်စုနေ့တွင်  ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ရပ် ကျင်းပရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်၊ ပါမစ်မရသဖြင့် ပွဲပျက်ခဲ့ရသည်။

ထိုနောက်ပိုင်းတွင် ပြည်တွင်းရေးတစ်ချို့ အပြောင်းအလဲ ဖြစ်ခဲ့သလို သူလည်း အရောင်ပြန်ပြောင်းခဲ့သည်။ ရခိုင်အရေး ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ဒကာ လူပြိန်းတို့အကြိုက်၊ ခေတ်အကြိုက် ဝါဒဖြန့်သည့်၊ မုန်းတီးရေး သွေးထိုးလှုံ့ဆော်သည့် မူလဘူတ လမ်းကြောင်းဟောင်းပေါ်သို့ အရှိန်အဟုန်ဖြင့် ပြန်လည် ဒိုင်ဗင်ထိုးသည်။ မန္တလေးတွင် ရိုဟင်ဂျာဆန့်ကျင်ရေး၊ OIC ဆန့်ကျင်ရေး၊ ကင်တားနား ဆန့်ကျင်ရေး အစရှိသည်တို့ကို ဦးစီးဦးဆောင်လုပ်လာသည်။ facebookတွင် လိင်အသားပေး အပြာဆန်ဆန် ဇတ်လမ်းများ ကွက်ကွက်ကွင်းကွင်းရေးကာ ပေါ်ပြူလာဖြစ်ဖို့ ကြိုးစားလာသည်။ အတော်လည်း အောင်မြင်ခဲ့သည် ဆိုရမည်။ facebook တွင် မိမိတင်ချင်သည်ကို လှုံ့ဆော် တင်ပြီးနောက် မည်သူ့ကိုမဆို comment ပေးခွင့်၊ ဆဲဆိုခွင့်ပင်ပေးကာ ပြဿနာ ကြီးသည်ထက်ကြီးအောင် ဖွလာသည်။ သူ့ဒကာဟောင်းဖြစ်သူ ဦးခင်ညွန့်နှင့်တွေ့ဆုံကြသည်ကလည်း မီဒီယာမှာ မကြာမကြာ တွေ့လာရသည်။

တရားဟောရာတွင် ရှေ့ပိုင်းက ရခိုင်ဒေသ ပြဿနာကို မီးမွှေးနေရာမှ အတော်အတန် အောင်မြင်လာသည့်အချိန် မွတ်စလင်မ်အားလုံးသာမက NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ပါ မတော်မတရား ပြောလာခဲ့သည်။ ဒေါ်ဘင်္ဂါလီစုကြည်ဟူသော အသုံးအနှုန်များ၊ ခွတ်ဒေါင်းက မွတ်ဒေါင်းဖြစ်နေပြီ … စသည်ဖြင့်။ ဤတွင်မူ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများနှင့် သူ အနည်းငယ် မမြင်မကြည်မလင် ဖြစ်လာရသည်။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများက သူ မွတ်စလင်မ်များနှင့် တွေ့စဉ်က အကြောင်းတွေကို online တွင် ရေးသားလာသည်။ NLD ကို ထိပါးလာတော့ သူ့ကို ပြန်လည် ဝေဖန်လာကြသည်။

မွတ်စလင်မ်ဆန့်ကျင်ရေး အရောင်ပြကာ နိုင်ငံရေးဇာတ်ခုံပေါ်တက်ဖို့ ကြိုးပမ်းနေသည့် ဦးနေမျိုးဝေ (မတူညီကွဲပြားပါတီ ဥက္ကဋ္ဌ)က သူ့ထံသို့ ဖုန်းဆက်ကာ ယင်းသို့ မွတ်စလင်တို့နှင့် တွေ့ဆုံခဲ့ပြီး မွတ်စလင်မ်တို့နှင့် ငြိမ်းချမ်းရေးအတွက် လက်တွဲရန် ပြောခဲ့ဖူးခြင်း ဟုတ်မဟုတ် မေးမြန်းရာ လက်ရှိတါင် မွတ်စလင်မ် ဆန့်ကျင်ရေး အရှိန်ရနေသူ သူက “မဟုတ်ပါ” ဟု ဆိုခဲ့ပါသည်။ ဦးနေမျိုးဝေက သူ၏ facebook တွင် ထိုအကြောင်းပြောရာ NLD ထောက်ခံသူများဘက်မှ ထိုစဉ်က မှတ်တမ်းများအား ပြန်လည် ဖြန့်ဝေလိုက်ချိန်တွင်မူ ဖုန်းကို သေချာမကြားရသောကြောင့် မဟုတ်ပါဟု ပြောလိုက်မိကြောင်း၊ မိမိတွင် မွတ်စလင်မ် မိတ်ဆွေကောင်းများ ရှိပါကြောင်း၊ သူတို့သည် ကျန်သူများကဲ့သို့ မဟုတ်ဘဲ လူကောင်းများဖြစ်ကြောင်း ဆိုလာပြန်သည်။ NLD ထောက်ခံသူများဘက်မှလည်း ကျန် မွတ်စလင်မ်များတွင်ရော သူ့အနီးရှိ မွတ်စလင်မ်များကဲ့သို့ မွတ်စလင်မ်ကောင်းများ မရှိနိုင်ပေဘူးလား မေးခွန်း ပြန်ထုတ်သည်ကိုတော့ နှုတ်ဆိတ်လျက်။

နောက်ပိုင်းတွင် သူက ဆိုးသထက်ဆိုးလာသည်။ မစိုးရိမ်တိုက်အုပ်ဆရာတော်ကြီး ဦးရာဇဓမ္မ ပြန်လွန်တော်မူသည့် ဈာပနတွင်ပင် မွတ်စလင်မ် မုန်းတီးရေးစာများ ကိုယ်တိုင်ကိုယ်ကျ လိုက်ဝေနေပြန်ရာ ဗုဒ္ဓဘာသာဝင် အချင်းချင်းပင် အမြင်မကြည်စရာ ဖြစ်လာရသည်။

အဆိုးဆုံး ဖြစ်ရပ်ကား ၁၉၊ ၃၊ ၂၀၁၃တွင် မွတ်စလင်မ်များက ကျင်းပသည့် ဘာသာပေါင်းစုံချစ်ကြည်ရေး ပွဲတွင်ပင် (တစ်ချိန်က သူ ချစ်ခင်လေးစားပါသည်ပြောခဲ့သည့်) မွတ်စလင်မ် မြို့မိမြို့ဖ မိတ်ဆွေများ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ ထေရ်ကြီးဝါကြီး သံဃာတော်ကြီးများ ရှေ့ထားလျက် သူရေးထားသည့် ဝါဒဖြန့်စာအုပ်အား (ပွဲစီစဉ်သူများ၏ ခွင့်ပြုချက်မရဘဲ၊ မသိလိုက်ရဘဲ)ပေါ်ပေါ်တင်တင် ဝေလိုက်ခြင်းပင်။ သူ့အဆင့်သူ ပြသွားသည်ဟု ယူမှတ်ရမည်သာ။ ပွဲတွင် ပူးပေါင်းကူညီသူ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများကပင်လျင် အသားတစ်ဆတ်ဆတ် ဖြစ်သည်အထ် သူ့အပေါ် စိတ်ဆိုးခဲ့ကြရသည်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကသူ့စာပါ မဟုတ်တမ်းတရား အမုန်းပွားမှု ဝါဒဖြန့်မှုမျိုးများ မှားယွင်းကြောင်း အချိန်တိုအတွင်း ချက်ကျလက်ကျ ရှင်းခဲ့ကြသည်သာမက မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ကဲ့သို့ ဆရာတော်သံဃာတော်များကပါ အဖျက်လုပ်ရပ်တွေ ရပ်တန်းကရပ်ကြရန် သြဝါဒခြွေ မိန့်ကြားသွားကြရာ သူသာ ရှက်တတ်က ထိုပွဲတွင်ပင် လဲသေလောက်စရာ။ သို့သော်လည်း ပွဲတစ်လျှောက်လုံးတွင်ရော ပွဲပြီးသည်အထိ သူဟုတ်သလို ပြုံးပြုံးရွှင်ရွှင် နေပြသွားပြန်သည်။

ပြီးခဲ့သည့် လများမှ စတင်ပြီး ဆိုရှယ်မီဒီယာများတွင် ပြန့်နှံခဲ့သည့် ဘုန်းကြီး ဝီရသူ၏ မိတ္ထိလာ NLD ပါတီ နှင့် ပတ်သက်ပြီး ပြောကြားချက်များတွင် အစ္စလာမ်ဆန့်ကျင်ရေး တရားများ ထည့်သွင်းဟောကြားခဲ့သည့် ဗီဒီယို တရားခွေနှင့် ၉၆၉ အဖွဲ့နှင့် ပတ်သက်သည့် အွန်လိုင်းဆိုရှယ်မီဒီယာများတွင် မိထ္ထီလာမြို့ရှိ တူရကီစစ်သင်္ချိုင်းအကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းထုတ်ပြီး အစ္စလာမ် ဆန့်ကျင်ရေးလုပ်ဆောင်မှုများ ပြန့်နှံ့ခဲ့ပြီးနောက် ၂၀၊ ၃၊ ၂၀၁၃တွင် မိတ္ထီလာမြို့၌ ပြဿနာဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကြုံခဲ့ရသမျှနှင့် မှတ်ချက်ချရလျင် အမြော်အမြင်ကြီးသော ဗုဒ္ဓဘာသာဝင်များက သူ့အား လက်ခံလိုခြင်း အလျဉ်းမရှိသော်လည်း ပမာဏမနည်းလှသော အသိဥာဏ်နုံနည်းသူ နောက်လိုက်များရှိဆဲဖြစ်သည့် ဦးဝီရသူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကောက်ကျစ်သော၊ ဟန်ဆောင် လိမ်ညာတတ်သော၊ အပြောင်းအလဲ ဗလောင်းဗလဲတတ်သော အရေခြုံ သံဃာတု တစ်ပါးဖြစ်ရာ ရှေ့လျှောက်တွင်လည်း ဘာသာရေး ပဋိပက္ခများ မဖြစ်ပွား မကြိးထွားစေရေး အလေးထားစောင့်ကြည်ရဦးမည့် သူတစ်ဦးပင်။

https://www.facebook.com/notes/wira-thu/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%91%E1%80%B6%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%A1%E1%80%AD%E1%80%90%E1%80%B9%E1%80%96%E1%80%BC%E1%80%84%E1%80%B7%E1%80%B9%E1%80%B1%E1%80%95%E1%80%B8%E1%80%85%E1%80%AC/224383117705204

http://www.m-mediagroup.com/news/11905

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 32 other followers

%d bloggers like this: