ဗုဒ္ဒေါမောကန် (ရေးသူ- ဒေါက်တာ သန်းထွန်း)

View this document on Scribd

ရေးသူ-ဒေါက်တာ သန်းထွန်း
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။

သမိုင်းတစ်လျှောက်မှာ ရခိုင်၊ တရုတ်၊ ပသီ အားလုံးလေးစားရတဲ့ပလီတစ်မျိုးရှိတယ်။ ဟိန္ဒီက သူတို့နတ်ကွန်းမဟုတ်ရင် ဗုဒ္ဓ၊ မွတ်စလင်မ်၊ ခရစ်ယာန်   ကျောင်း အားလုံးကို “ပလ္လိ”လို့ ခေါ်တယ်။ ရှေးရှေးက နတ်အမျိုးမျိုးကို ယုံသလိုပေါ့။ မွတ်စလင်စာပေတွေမှာ ပါရှိတဲ့ ဗဒြုဒ္ဒိန်သြလိယ (Badru’ddin Aulia) ဆိုတဲ့ ပုဂ္ဂိုလ်နာမည်က ရွေ့လျောလာတဲ့နာမည်ဖြစ်လာတယ်။ အခုခေတ်ဘင်္ဂလားဒေ့ရှ်မှာ အဲဒီပုဂ္ဂိုလ်ကို ခွာဇခိဇာ (Khwaja Khizar) လို့ ခေါ်တယ်။ ရေကြီးတာကို ထိန်းတဲ့ နတ်(Spirit of Flood)ဖြစ်တယ်။ ရေနဲ့ဆိုင်တဲ့ပွဲလမ်းသဘင်မှာ သူ့ကို ပူဇော်ပသရတယ်။ ဒီအယူနဲ့ ဒီပူဇော် ပွဲ ဟာ အနောက်အာရှဆီးမိုက်(Semites)တွေဆီက အိန္ဒိယကို ဖြတ်ပြီး ရခိုင်ကို ရောက်လာခဲ့တယ်။ ဟိန္ဒီ တွေရဲ့ သီဝဂိုဏ်း(Sarvite)နဲ့လည်း ဆက်သွယ်တယ်လို့ ထင်ရတယ်။

ဒီကိစ္စကို ဆာရစ်ချဒ်တင်ပဲလ်(Sir Richard Temple)က ရန်ကုန်ဂေဇက်(The Yangon Gazette) မှာ ၁၈၉၄-ခုနှစ်က ဒီလို ရေးသားခဲ့ပါတယ်။

ဒေါက်တာအင်ဒါဆန်(Anderson)က ၁၇-ရာစု အင်္ဂလိပ်-ယိုးဒယားဆက်ဆံရေး(၁၈၉၀-၂၃၈)မှာ ၂၃ဂျန် ၁၆၈၇နဲ့ နောက်တစ်နေ့မှာ ကာတာန  (Carter) သင်္ဘောနဲ့ အတွဲဂျိမ်း(The James)သင်္ဘော မြိတ်(Mergu)ဆိပ်ကို ၀င်လာတော့ သင်္ဘောအုပ်ချုပ်သူအာမီဂါဂေါစလင်းကို အရေးပိုင် မစ္စတာဝှိုက် အိမ်ရှေ့ ရီစလူးရှင်း သင်္ဘောမှာ ၀င်ဆိုက်ထားတယ်။ ဒါမှ ဗန်ဒမခေါင်(Bandemahkon)ဘက်ကို သင်္ဘောသားတွေ မသွားမှာလို့ ပြော တယ်။ ဆက်ပြီး အင်ဒါဆင်ပြောပုံက မြိတ်သင်္ဘောဆိပ်အနောက်ဘက်မှာ ဗန်ဒမခေါင်ကျွန်းရှိတယ်။ အရှေ့အိန္ဒိယကုမ္ပဏီက ဖေဖော်ဝါရီ ၁၊ ၁၈၃၀ထုတ်တဲ့ မြိတ်ကျွန်းဆွယ်ပုံကို ဇွန်၊၁၈၇၁ ပြင်ဆင်ဖြည့်စွက်ထုတ်တဲ့မြေပုံမှာ မဒြမကန်(Madramacan)နာမည်နဲ့ ကျွန်းကလေး ကို ပြသေးတယ်။ မြိတ်သားတွေကို မေးတော့ ဒီနာမည် ကို သူတို့မသိ၊ သူတို့က လူတိုင်းဘယ်တော့မဆို ဒီကျွန်းကိ ပတော(Pataw)လို့ပဲခေါ် ပါတယ်လို့ ပြောကြပါတယ်။

ဒီကျွန်းရဲ့ မြောက်ဘက်ကျကျအရှေ့ဘက်ကမ်းက တစ်နေရာကို မြိတ်ဒေသခံတွေက ဗုဒ္ဓမခန်လို့ ခေါ်တဲ့အခါ ကျုပ်က အဲဒီနာမည်ဟာ မဒြမကန်က ဆင်းသက်လာတာဖြစ်မယ်လို့ တွေးမိတယ်။ ပသီ သူတော်စင်ဗုဒ္ဒရ်ဥဒိန်(Buddhar Udin)နေသွားတဲ့နေရာလို့ အဆိုရှိတယ်။ သူက မြောက်အရပ်က ပင်လယ်အတိုင်း ဆင်းလာပြီး ပတောမြောက်ပိုင်းသဘာဝအလှကို မြင်တော့ ပင်လယ်ထဲစီးဝင်လာတဲ့စမ်းချောင်းကမ်းပါးတစ်ခုမှာ တဲထိုးပြီး   နေ လိုက် တယ်။ အဲဒီနေရာမှာလည်း ကျောက်တုံးကြီး(Boulder)ရှိနေတယ်။ အဲဒီကျောက်တုံးကြီးပေါ်မှာ ရက်ပေါင်းလေးဆယ်တိုင်တိုင် တရားထိုင်ပြီး သူဆုတောင်း သမျှ ဘုရားသခင်က ပေးတယ်လို့ ပြောလေ့ရှိ ကြတယ်။ မွတ်စလင်မ်တွေက နောက်တော့ဒီနေရာကို ဗုဒ္ဒရ်ဥဒိန်ရဲ့  မခန်(Buddhar Udin’s Makhan)လို့ ခေါ်ကြတယ်။

ထူးဆန်းတဲ့အချက် တစ်ချက်က မွတ်စလင်မ်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီနေရာကို အထွတ်အမြတ်ထားတယ်။ မြိတ်မှာရှိတဲ့ တရုတ်တွေ ကလည်း ဒီလိုပဲ ရိုသေလေးစားတယ်။ ဗုဒ္ဓဘာသာဝင် တွေဆိုရင် သူတို့ယုံကြည်မှု အတိုင်း ဒီကျောက်တုံးကြီးကို ရွှေချတယ်။ တရုတ်ကတော့ အမှတ် အသားတွေ ရေးထားတဲ့လေးထောင့် ကွက်ကလေးတွေကို ရွှေရောင်ပြားပေါ်မှာ ဖြစ်ဖြစ်၊ စက္ကူအညိုပေါ်မှာ ဖြစ်ဖြစ် အလှအပရေးချ ယ်ပြီး ရေ လုပ်ငန်း   ဆိုင်ရာနတ်ကို ပူဇော်ကြတယ်။

ဆာဘွဲ့ရကာနယ်(ဗိုလ်မှုးကြီး)စလေဒင်(Sir Edward Sladen)က ပြောဖူးတာက စစ်တွေမြို့စွန်မြို့ဖျားတစ်ဖက်မှာ အင်္ဂလိပ်နာမည်နဲ့ ပွိုင့်(The Point)ခေါ် တဲ့နေရာရှိတယ်။ ရခိုင်တွေ အဲဒီနေရာကို ဗုဒ္ဓောမော်လို့ ဒီနေရာမှာ လာနေတဲ့ မွတ်စလင်သူတော်စင်ဗုဒ္ဓအောင်လိယ(Buddha Aouliah) ကို စွဲပြီး ခေါ်တာဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်မကွယ်လွန်မီ အချိန် အကြာကြီးကပဲ ဒီနေရာမှာ လာနေသွားပါတယ်။ အဲဒါကြောင့်ရခိုင်ဌာနေတွေက ဘာသာ မရွေး ဒီအရပ်ကို မွန်မြတ်တယ်လို့ စွဲလမ်းယုံကြည်နေကြပါတယ်။ ရှိခိုးတယ်။ တန်ခိုးကြီးတဲ့ပုဂ္ဂိုလ်တွေက နှိပ်စက်မယ် ထင်ရင် အပြစ်ဒဏ်မှ ကင်းလွတ်အောင် ဒီမှာ ဆုတောင်းရင် ရမယ်လို့ထင်တယ်။ ကျောက်တုံးကြီးတစ်တုံး ကို ထွင်းပြီး သဘာဝဂူလိုဖြစ်အောင် ဖန်တီးလိုက်တော့ ဗုဒ္ဓ ဆာဟစ် (Buddha Sahib)က ၀င်ပြီး သီတင်းသုံးပါတယ်လို့ ဆာအက်ဒ၀ပ်(Sir Edward)က ပြောတယ်။ ပြီးတော့ မွတ်စလင်တွေက အဲဒီပုဂ္ဂိုလ် သီတင်း   သုံးနေထိုင်ဖို့ ကပ်လျက် ကျောက်တုံးပေါ်မှာ ပသီပလီအသေးလေးကို တည်ဆောက်ပေးခဲ့ကြပါတယ်။

နောက်ကပ်လျက်ကျောက်တုံးကြီးတစ်ခုအပေါ်မှာ (ပသီသူတော်စင်ရဲ့) ကျောင်းသင်္ခမ်းဆောက် ပေးတယ်။ သူဘုရားအာရုံပြုပြီး နဖူးနဲ့ကြမ်းကို တိုက်ပြီး ၀တ်ပြုကြိမ်များလို့ ကျောက်ပေါ်မှာ အရာထင် ကျန်ရစ်တယ်လို့ လိုက်ပြလေ့ရှိကြပါတယ်။ အာအက်ဒွပ်စလေဒင်အပြောက ဒီသူတော်စင်ဟာ လူသာမန် ထက်ပိုတဲ့အစွမ်းရှိတယ်။ ဒါကို စတင်သိရှိသူတွေက ဟိန္ဒူတွေဖြစ်တယ်တဲ့။ သူက သင်္ဘောသားဆိုင်ရာ ရေကြောင်း ကိစ္စမှာ   အောင်မြင်အောင် ဘေးမသီ ရန်မခပဲ အန္တရာယ်အပေါင်းက ကင်းလွတ်အောင် လုပ်ပေး နိုင်တယ်။ ဘင်္ဂလီ အမျိုးသမီးတွေကဆိုရင် ပူဇော် ကန်တော့ ဖို့လာ တိုင်း ရေထဲမှာ ပိုက်ဆံအကြွေနည်းနည်း ပစ်ချလေ့ရှိတယ်။ ဒီလိုရေမှာ ပိုက်ဆံပစ်ထည့်တဲ့အခါ ပါးစပ်က ဒဂျကပဉ္စပယ်သေဗုဒ္ဓရ် ဗုဒ္ဓရ်လို့ ရွတ်ဆို ကြတယ်။

ဒေါက်တာအန်ဒါဆင်က မွတ်စလင်မ်တွေဟာ ဗုဒ္ဓကျမ်းစာ တစ်ပုဒ်တစ်လေယူပြီး ရွတ်ဆိုတာလား မေးရင် မဟုတ်ဘူး။ သူတို့ဒီလို မလုပ်တာ   သေချာ တယ်လို့ ဖြေပါတယ်။

မြေပုံဟောင်းတစ်ခု (၁၇၉၀)လောက်က ရေးဆွဲခဲ့တဲ့အထဲမှာ မြိတ်(Mergu)နဲ့မျက်နှာချင်းဆိုင်ကျွန်း တစ်ကျွန်းဟာ ဗဒြနန်ဖြစ်တယ်။ ဗဒါရ်မောကန်() ကျွန်းက နတ်မြစ်(Naff River)ရဲ့ အနောက်ဘက်ကမ်းမှာ ရှိပါတယ်။ ရှာပူရိကျွန်း(Isle of Shapuri)ပေါ်က သဲသောင်ပြင်ကို ဗုဒရ်မကမ်သဲသောင် (Buddhamakan Beach)လို့ ခေါ်ပါတယ်။

ဒန်း(Duen)ရေးတဲ့အရှေ့အင်ဒီးစ်လမ်းညွှန်(၁၇၈၀)စာမျက်နှာ-၃၃၂(Directory of East Indies, 1780-332)မှာ မြိတ်ကို သွားတဲ့သင်္ဘောနဲ့ မြိတ်က သွားတဲ့သင်္ဘောနဲ့ မြိတ်က ပြန်ထွက်လာတဲ့သင်္ဘောမှန်သမျှ မြိတ်ရဲ့ အရှေ့တောင်ဘက် တောင်ယွန်းယွန်းမှာ မြင်နေရတဲ့မဒြမစမ်ကျွန်းနဲ့ ကြား အလယ်ကြောကို ယူပြီး သင်္ဘောမောင်းပါလို့ ရေကြောင်းပြရတယ်။ မြိတ်မှာ ပသီကုန်သည်ကြီးတွေများတယ်။ ပြီးတော့စာမျက်နှာ(၁၉၈)အထိ ဆက်ဖတ် ရင် ရခိုင်မြစ်ဝမှာဆိုရင် ပင်လယ်ထဲကို အစွန်းအရှည်ကြီးထွက်တဲ့နေရာက အနောက်ကို ပင်လယ် (၆)တိုင်(xxxx as far as the mouth of the Arakan River. The edge of that which projects the farthest, is 6 leauges from from the land Westward of Maw hill, situate on the North side of the river of that name)သွားရင် မင်မြစ်မြောက်ဖက်ကမ်းကို ရောက်တယ်။ အဲဒီက အရှေ့ဖက်မှာ ဗဒြေမကန်ဆိုတဲ့ ရခိုင် မြစ်မြောက်ဖက်ပွိုင့်(Point)လို့ ခေါ်တဲ့နေရာမှာ ရှိပါတယ်။ သောင်ကမ်းပေါ်မတင်အောင် ကျောက်နဲ့ မတိုက်မိအောင် ဗန်ဒြေမကန်ပွိုင့် ရဲ့ တောင်ဘက်ကို ဖြတ်ထွက်ရတယ်။

ဗတ်တလာ(Butler)ရဲ့ မြိတ်ခရိုင်ဂေဇက်တိယ(Gazzette of the Mergu District)၁၈၈၄ကို ကြည့်တဲ့အခါ ရှေးက ဖော်ပြခဲ့တဲ့နေရာတွေကို ကို မဖော်ပြပဲ ထားတယ်။ ၁၃၊ အောက်တိုဘာ၊၁၈၉၃မှာ မြန်မာအတွင်းဝန်များရုံး(Burmese Secretariat)ရှိ စီအက်စ်ဘိန်း(C.S.Bayne)ကို သူက ညွှန်း လို့ ရခိုင်ကော်မရှင်နာ(Commisioner)မင်းကြီးကာနယ်ပါရောက်တ်(Parrot)က သူ့ရုံးမှာရှိတဲ့မှတ်တမ်းတွေကို ပေးလိုက်ပါတယ်။ စစ်တွေမြို့မှာ ပွိုင့်(The Point)လို့လည်း ခေါ်တယ်။ စကဲန်ဒယ်လ်ပွိုင့်(ထောင်ချောက်ထိပ်Scandal Point)လို့လည်းခေါ်တဲ့နေရာဟာ အမှန်က ကုန်းပိုင်းက မြေစွန်း ကျဉ်းကျဉ်းကလေး ပင်လယ်ထဲစွန်းထွက် နေတဲ့နေရာပါ။ အဲဒီမြေစွန်းရဲ့ အနောက်ဖက်က ကလဒန်(Kaladan)မြစ်စဖြစ်ပါတယ်။ ရခိုင်က ဗုဒ္ဓေျာေမ်ာခေါ်တယ်။ မော်ရဲ့ အဓိပ္ပါယ်က အစွန်း၊ ဗုဒ္ဓက ဗုဒ္ဓောရ်(Budder)ကို ဆိုလိုတယ်။ အမှန်က ဥရ်ဒူ(Urdu)နာမည်ရင်းဗဒ္ဒါမကမ်ကို ပီသအောင် မခေါ်ကြလို့ဖြစ်တယ်။ မြေစွန်းဆိုသည်မှာလည်း ရခိုင်ကမ်းတစ်လျှောက်ပတ်နေတဲ့တောင်ရိုးရဲ့ အစွန်းဖြစ်ပါတယ်။ စစ်တွေတောင် ဘက် မှာ ဒီကုန်းမြင့်အစဟာ အနောက်ဖရုံကာ(Boronga)ကျွန်းဖြစ်သွားတယ်။ တောင်ရိုးကတော့ ရမ်းဗြဲ(Ramree)ရောက်ပြီးတော့ ချီဒူးပါ(Chedapa) ကျွန်းမှာ လုံးဝရပ်စဲသွားပါတယ်။

အခုလိုတောင်စွန်းကို ပိတ်တဲ့နေရာမျိုးမှာ ထောင့်မှန်လိုထောင်နေတဲ့ကျောက်တွေရှိတယ်။ ရာသီ ဥတုဒဏ်ကို နှစ်ကုဋေချီပြီး ခံရလေတော့   အောက်ခြေ မှာ လုံးဝိုင်းလိုက်လို့ ကျောက်တုံးကြီးတွေအစုအဝေး လိုက်ရှိသလို မြင်ရတယ်။ အချို့ကျောက်လုံးဆိုရင် မြေပြင် အထက်ပေ(၅၀) အထိ   မြင့် တာလည်းရှိတယ်။ အဲဒီနေရာကိုပဲ ဗုဒ်ဒူရ်မကန်လို့ ခေါ်နေကြတယ်။ ဒီနာမည်ကလည်း ဒီနေရာမှာ နှစ်တွေအကြာကြီးလာနေ သွားတဲ့ မွတ်စ လမ်သူတော်စင်ဗုဒ္ဓေရ်သြလိယ(Budder Aulia)ကို စွဲပြီး ခေါ်တာဖြစ်တယ်။ ရခိုင်မှာနေကြတဲ့လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးပဲ   ဘေး ရန်ကင်း ဖို့ လုပ်ငန်းအောင်မြင်ဖို့ ဒီနေရာမှာ လာပြီး ဆုတောင်းကြတယ်။ ဒီဝန်းကျင်က အကြီးဆုံးကျောက်တုံးကို ထွင်း ပြီး သဘာဝဂူ ကို ထွင်းဖောက်လိုက်ပြီးကာမှ ဗုဒ္ဓေရ်ဆဟစ်(Buddha Sahib)က ဒီဂူထဲမှာ သီတင်းသုံးခဲ့ပါတယ်။ ကပ်လျက်နေရာ မှာ မွတ်စလင် ပလီတစ်ခုရှိတယ်။

တတိယကျောက်တုံးအပေါ်မှာတော့ စေတီပုထိုးက ခုံးမျိုးကို တွေ့ရတယ်။ ဒီနေရာက အမွန်မြတ်ဆုံးလို့ ထင်ရတယ်။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓခြေတော်ရာကဲ့သို့ ချိုင့်တွေရှိနေလို့ ဖြစ်တယ်။ အခုလိုဟိန္ဒူ၊ မွတ်စလင်နဲ့ ဗုဒ္ဓသုံးမျိုးသုံးဘက်ပူဇော်ထိုက်တဲ့နေရာတွေစုပြီး တွေ့ရခဲတယ်။ လာပြီး ပူဇော်ကြတာမှာလည်း ခြားနားပုံမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့်အလေးအမြတ်ပြုကြပုံကတော့ တူညီပါတယ်။ ဒီတော့ ကျွန်တော့်အထင်ကို ပြောရရင် ဗုဒ္ဓေရ်သြလိယခေါ် ဗုဒ္ဓေရ်ဆာဟစ်က မွတ်စလင်ဖကီရ်(Fakir)ဖြစ်ပြီး သူက တန်ခိုးရှိတယ်။ ပရောဖက်(Prophet)(တမန်တော်) အဖြစ်နဲ့ ပူဇော်ရ တယ်။ ဒီနေရာမှာ လာပြီး ဆုတောင်းကြရင် ဘုရားသခင်က ပိုပြီး နှစ်သက်မယ်လို့ ထင်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေက သူတို့အယူဘက် ဆွဲပြီး သာသနာစောင့် ရုက္ခစိုးနတ်နဲ့ တူသလိုထင်မှတ်ကြပြီး ပူဇော်ကြပါတယ်။ သူတို့ကလည်း ပူဇော်စရာတွေ များများနဲ့ ပူဇော်ကြမှာဖြစ်ပါတယ်။ ဟိန္ဒူ ကလည်း ဒီမှာနေသွားတဲ့ဗုဒ္ဓေရ်က တန်ခိုးဣိဒ္ဓိပတ်နှင့်ပြည့်စုံတယ် လို့ သူတို့က စတင်သိရှိပြီး ပင်လယ်ရေလမ်းခရီးမှာ ဘေးအန္တရာယ်ကင်းပြီး ကိုယ့်အိမ် ကို ကိုယ်ပြန်ရောက် အောင်၊ ပင်လယ်ကူးကုန်သွယ်ရေးမှာ အကျိုးဖြစ်ထွန်းအောင် ဒီသူတော်စင်က မ,စနိုင်တယ်လို့ စတင်   ပြောဆိုသူတွေဖြစ်ပါတယ်။ တစ်ခါက မနိတ်(Maniche)နဲ့ ကျန်(Chand)ခေါ်တဲ့ဟိန္ဒူအယူရှိသူနှစ်ယောက်ဟာ ပရုသိန်(ပုသိမ်Pathein)က စစ်တကောင်း (Chittagong)ကို ပြန်လာတဲ့အခါ “ရေချို”လိုချင်လို့ စစ်တွေကို ၀င်ရတယ်။ ဗုဒ္ဓေရ်မကမ် ကျောက်စွန်းမှာ သင်္ဘောဆိုက်ကပ်ပြီး လူအများရှိခိုးပူဇော်တဲ့ကျောက်တုံးကြီးတွေနားက ရေချိုကန်ငယ်ကို ရောက်လာကြတယ်။ ဖကီရ်(Fakir)ကို တွေ့တဲ့အခါ “ငါနေဖို့ ကျောက်ကို ဂူသွင်းပေးခဲ့”လို့ ခိုင်းတယ်။ သူတို့ ကုန်ရှုံးလို့ ဒီတာဝန် မယူပါရစေနဲ့လို့ ပြောတော့ ငါခိုင်းတာလုပ်၊ မင်းတို့မှာ အိမ်ပြန်ကုန်ပါမလာရင် ဒီမြေတွေ ကျုံး တင် သွားလို့ ခိုင်းတယ်။ ပြောတဲ့အတိုင်းလုပ်ကြရပြီး စစ်တကောင်းပြန်ရောက်တော့ ကျုံးတင်လာသမျှ ရွှံ့ဟာ ရွှေဖြစ်တယ်တဲ့။ စိန်ကျောက်တောင် အဆစ်ပါသေးတယ်။

ယနေ့အထိဒီလိုအံ့သြစရာတွေကို ယုံကြည်ကိုးကွယ်သူတွေတွေ့ကြုံခံစားနေရသေးတယ်လို့ ပြော ကြတယ်။ ဒီက တွင်းရေဖြင့် ရေချိုးရင် ကုမရ တဲ့ဝေဒနာ လည်းပျောက်တယ်။ ဝေဒနာရှင်ကိုယ်တိုင် မလာနိုင် ရင်လည်း ကိုယ်စားလွှတ်ပြီး ပူဇော်ဆုတောင်းနိုင်တယ်။ ဖကီရ်(Fakir)ကို မြင်ရတဲ့ လူပူးဝင်ပြီး ပြောဆိုသံကို ကြားတဲ့လူရှိတယ်လို့လည်း ပြောကြတယ်။ ပူဇော်ကြတဲ့အခါ စားစရာနဲ့ဖြစ်ဖြစ်   သောက် စရာနဲ့ဖြစ်ဖြစ်  ပသ ရတယ်။ အခု ဗုဒ္ဓေရ် မကမ် မှာ အရာရောက်ဆုံးယာဇ်ကောင်က ဆိတ်ဖြစ်တယ်။ ဆိတ်ကို သတ်ပြီး ယာဇ် ပူဇော်ရင် အကျိုးပေးလည်း မြန်တယ်။ ထိရောက် တယ်လို့ ယုံကြည်တယ်။

သံတွဲဟာလည်း အလားတူကျောက်တုံးကြီးတွေရှိတယ်လို့ သိရတယ်။ ဗုဒ္ဓေရ်မကမ်က ကျောက်တုံးကြီးတွေရှိတယ်လို့ သိရတယ်။ ဗုဒ္ဓေရ်မကမ် က ကျောက်တုံးကြီးတွေနဲ့ ဆင်တူတွေဖြစ်တယ်။ ဟိုမှာလိုပဲ လူအများက လေးစားပြီး ဂါရ၀ပြုလေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓေရ်ဆာ ဟစ်က ရေကြောင်းကိစ္စတွေမှာ မ,စစောင့်ရှောက်လို့ဖြစ်ပါတယ်။ သူ့ရဲ့ဂုဏ်သတင်းဟာလည်း မလာယု(Malayu)ကျွန်းဆွယ်ရဲ့ ကမ်းရိုးတန်း တစ်လျှောက်မှာ ထင်ရှားကျော်ကြားလှပါတယ်။ ဒါ့ထက်တောင်သြဇာ ကျယ်ပြန့်မှာဖြစ်ပါတယ်။ မြိတ်(Mergu)အနားမှာ မဒြမကမ် ရှိနေတာက ဒီစကား မှန်ကန်တယ်လို့ ထောက်ခံနေပါတယ်။ မဒ္ဒြက ဗုဒ္ဒြ၊ ဗုဒ္ဓေရ်အထိ အဆင့်ဆင့်ဆင်းသက်လာတာသေချာပါတယ်။ အဲဒီနေရာ တစ်ခုစီမှာ   ကျောက်တုံးအနေအထားနဲ့ ရှိခိုးပူဇော်ပသကြပုံတွေကို ယှဉ်ကြည့်ရင် နတ်ကွန်းနှစ်ခုမှာ အယူ တစ်ခုတည်း တန်ခိုးရှင် တစ်ပါးတည်းဖြစ် ရမယ်လို့ ဆိုချင်ပါတယ်။

အခုဖော်ပြပြီးတာတွေကို ဖတ်ရတဲ့လူဟာ ဆာအက်ဒ၀ပ်စလေဒင်(Sir Edward Sladen)ပြောပုံနဲ့ မှတ်တမ်းကောက်နုတ်ချက်ပြောပုံနဲ့လည်း တူညီနေ တာကို တွေ့မှာဖြစ်ပါတယ်။ ရှာနိုင်မယ်ဆိုရင် ဆာအာသာဖယ်ယာ(Sir Arthur Phayre)လည်း ဒီအကြောင်းကို ရေး ခဲ့ပြီးဖြစ်မယ် ထင် ရတယ်။ အပေါ်က ဖော်ပြချက်တွေဟာ သူ့အစီရင်ခံစာထဲက ဆင်းသက်လာတာပင်လျှင် ဖြစ်နိုင်ပါတယ်။

ရှေးဟောင်းပစ္စည်းအဆောက်အအုံနဲ့ ရှေးဟောင်းသုနေသနလုပ်သင့်တဲ့နေရာစာရင်း၊ ၁၈၉၂၊ စာမျက်နှာ-၇မှာ-

မှတ်၈၊ စစ်တွေခရိုင်၊ တည်နေရာ-စစ်တွေကျွန်းတောင်ဘက် ပင်လယ်အော်ရဲ့ အရှေ့ဘက်ကမ်း၊ အဆောင်အအုံအမည် ဗုဒ္ဓမကမ်ဂူ။ အစဉ်အလာပြောစကားမှာ ဂူနဲ့ပလီကို ဗုဒ္ဓသြလိယအမည်ရှိတဲ့ မွတ်စလင်သူတော်စင်တစ်ဦးကို အထိမ်းအမှတ်ပြုပြီး တည်ဆောက်ထား တာဖြစ် ပါတယ်။ အရင်နှစ်ပေါင်း (၁၂၀)(ခရစ်နှစ် ၁၇၇၁-ခုနှစ်လောက်က ဖြစ်နိုင်တယ်) စစ်တကောင်းကုန်သည်မနစ်(Maniche)နဲ့ ကျန်(Chand) တို့ဌာနေကို အပြန် သင်္ဘောမှာ နနွင်း(Turmeric)တင်ခဲ့တယ်။ ရေချိုလို့အပ်လို့ စစ်တွေကို ၀င်ရတယ်။ ကျောက်ဆောင်လွတ်ရာမှာ သင်္ဘောကျောက် ချတယ်။ အခုဗုဒ္ဓမကမ်နဲ့တည့်တည့်လောက်မှာ ဖြစ်တယ်။ ညရောက်တဲ့အခါ မနစ်ကို သူတော်စင်က ဒီနေရာမှာ သူနေဖို့နေ ရာတည်ဆောက်ပေး ရမယ်လို့ အိပ်မက်ပေးတယ်။ လုပ်နိုင်အောင် သူတို့သင်္ဘောပေါ်က နနွင်းတွေအမှန်ရွှေဖြစ်စေမယ်တဲ့။ သူတို့ညီနောင်ဟာ နောက်တစ်နေ့နနွင်းတွေ အမှန်ရွှေဖြစ်တာ တွေ့တော့ ရေတွင်းတူးတယ်။ ပြီးတော့အခုမြင်တွေ့နေရတဲ့ဂူ ကိုလည်း တည်ဆောက်ပေး တယ်။ စောင့်ရှောက်သူနဲ့ xxxxx သုံးစွဲပုံ၊ ဗုဒ္ဓ၊ ဟိန္ဒူ၊ ပသီအားလုံးပူဇော်ရာ ဒေသ၊ xxxxကောင်းတယ်။ ဂုဏ်သရေရှိပသီလူကြီးတစ်ဦးက စောင့်ရှောက်ထားတယ်။

သံတွဲနှင့်မြိတ်မှာ အလားတူပူဇော်ရာဌာနတွေ့တယ်ဆိုတဲ့စကားက မရေမရာနိုင်လှပါတယ်။ အထောက်အထားသက်သေခံနေရာမရှိပါ။

Photo from “Buddermokan, Report on the Antiquities of Arakan by Forchammer(1891)

မြန်မာနိုင်ငံမှာ ပထမဆုံးရှေးဟောင်းသုတေသနဌာနမှူးလုပ်ရတဲ့ဂျာမန်လူမျိုးပညာရှင်၊ ရန်ကုန် ကောလိပ် ပါဠိပါမောက္ခအမီလ်ဖိုခင်ဖား(Emile Forchinmer) ရဲ့ ရခိုင်ရှေးလက်ရာတွေအကြောင်းအစီရင်ခံစာ(၁၈၉၂)ဓာတ်ပုံနံပါတ်၆၈(၄၂)စာမျက်နှာ(၆၀)ကစပြီး ရေးသားထားတာကို ကြည့်ရင်-

ရခိုင်ဗိသုကာလက်ရာဟာ မြန်မာ့ပစ္စယံအဆင့်ဆင့်နဲ့ စေတီ၊ မွတ်စလင်တွေရဲ့ ထောင့်လေးထောင့် မှာ မျှော်စင်(Minerat)ပါတဲ့မျှော်စင်နှင့် ထိပ်အုပ်ခုံးပဲ တွေ့မယ်။ ရှိခိုးပုံလည်း ဒီလိုပဲရောနှောနေတယ်။ ကျောင်း ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ရော မဟာမေဒင်ဘာသာဝင်ပါတက်ကြတယ်။ ဗုဒ္ဓေရ်မော်ကန်မှာလည်း ကိုးကွယ်သူရှိတယ်။ ထင်ရှားကြီးကျယ်တဲ့သူတော်စင်ကို မွတ်စလင်မ်တွေက ဗုဒ္ဓေရ်သြလိယ(Budder Auliah)ကို ရည်မှန်း ပြီး ဗုဒ္ဓေရ်မောကန်ကို ခရစ်နှစ်)(၁၇၆၅)ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ရခိုင်ဒုတိယအရေးပိုင်(Deputy Commisioner) ကာနယ်နယ် လဆင်ဒေဗီးစ် (Colonel Nelson Davies)က (၁၈၇၆)ခုနှစ်မှာ မှတ်တမ်းတင်ခဲ့တယ်။ အဲဒီစာကို ခေတ္တ ငှားယူကြည့်ရှုခွင့်ရပါတယ်။ စာတမ်းထဲမှာ စစ်တွေကျွန်းတောင်ဘက် (ဘင်္ဂလား)ပင်လယ်အော်ရဲ့ အရှေ့ဖျားလောက်မှာ အုတ်အင်္ဂတေရော အဆောက် အအုံစုစုဝေးဝေး တစ်နေရာ မှာ တွေ့မယ်။ အဲဒီအထဲက တစ်ခုဟာ မွတ်စလင်ပလီဖြစ်တယ်။ နောက်တစ်ခုက သစ်ပင်မရှိ၊ ပြောင်နေတဲ့ကျောက်တုံးကြီးပေါ်မှာ ရသေ့နေဖို့ အပေါ်ထပ် အဆောက်အအုံက တိုက်တန်းလျားဖြစ်နေတယ်။ ဒီနေရာကို ဗဒ္ဒေရ်မောကန်လို့ ခေါ်တယ်။ ဗဒ္ဒေရ်မောကန်လို့ ခေါ်တယ်။ ဗဒ္ဒေရ်က ပသီ သူတော်စင်ရဲ့ အမည်ဖြစ်တယ်။ မကန်က နေစရာ ကျောင်းသင်္ခမ်းဖြစ်တယ်။ အရင်နှစ်ပေါင်း(၁၄၀)(ခရစ်နှစ်၁၇၃၆) က စစ်တကောင်းက မနစ်နဲ့ ကျန်ညီနောင် ဟာ အပြန်လမ်းမှာ နဂရစ်အငူမှာ ပတ်ပြီး ရေဖြည့်ချင်လို့ စစ်တွေကို ရောက်လာတယ်။ သူတို့သင်္ဘော တစ်စင်းလုံး နနွင်းအပြည့်တင်လာတယ်။ သင်္ဘောကို ဗုဒ္ဓေရ်မော်ကန်ကျောက်နားမှာ သင်္ဘောကျောက်ချပြီး ထားတယ်။ ညကျတော့ ကျန်နဲ့မနှစ် က ကျောက်တုံးကြီးတွေနားက ရေကို သယ်ယူပြီးလို့ အိပ်တဲ့အခါ မနှစ်က သူတော်စင်ဗုဒ္ဒေရ်သြလိယက သူနေဖို့ ရေရှိရာ အရပ်မှာ ပဲ ကျောက်ဂူထွင်းပေးလို့ အိပ်မက် ပေးတယ်။ သူခိုင်းစေတဲ့အတိုင်း လုပ်နိုင်ဖို့ သူတို့မှာ ငွေနဲ့ပစ္စည်းလုံလောက်အောင် မရှိပါလို့ ပြောတဲ့အခါ မင်းတို့ယူလာ တဲ့နနွင်းကို ရွှေဖြစ်ရင်ကောလို့ မေးတယ်။ နံနက်မှာ မနစ်က နနွင်းတွေကို ကြည့်လိုက်တော့ ရွှေဖြစ်နေတာတွေ့တော့ ဂူလည်း ဖောက်တယ်။ ရေတွင်းလည်း တူးပေးခဲ့တယ်။ ဂူကို ဒေသခံတွေက ဗုဒ္ဓောမော်လို့ ခေါ်ကြပါတယ်။ ခရစ်(၁၈၃၄)ကစပြီး စစ်တကောင်း အရေးပိုင်ဝီလီယံဒမ်ပီယာ(Willian Dumpire)ရဲ့ ရုံးမှာ ပါရှန်းနဲ့ အူရဒူ အမိန့်တော်တွေကို တွေ့နိုင်ပါတယ်။ ရခိုင်အရေးပိုင် တီဒစ် ကင်ဆန် (T.Dickenson)ရဲ့ စာမှာ ဘုဒမောအပိုင်သူကြီး ဟူစိန်အလီ(Hussain Ali)ကို (၁၈၂၅)ခုနှစ်မှာ ဗြိတိသျှတပ်တွေ  ကောင်းကောင်း ကူညီတဲ့အတွက် ဆုပေးတဲ့အနေနဲ့ ဘုဒမောက ရနိုင် သမျှပူဇော်တဲ့ပစ္စည်း၊ အလှုငွေကို ကောက်ယူ သုံးစွဲနိုင်ခွင့်ပေးမယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

စစ်တွေယာယီတရားသူကြီးအာစီရိပ်(R.C.Raikes)က ဟူစိန်အလီကို ဗုဒ္ဒေရ်မောကန်ကို စောင့်ထိန်းပါ၊ အမျိုးသမီးသီတင်းသည်(Female Fakir) မမင်းအောင်ကို (ကိုယ်စား)ဆက်လက်ပြီး တာဝန်ပေးခဲ့တဲ့အခါ အဲဒီအမျိုးသမီးက (၁၈၄၉)ခုနှစ်မှာ အဆောက်အဦးကိုလည်း   ပြင်တယ်။   ရေတွင်း လည်း ထပ်ပြီး တူးပေးပါတယ်။ အစုစုကုန်ကျစရိတ်က ငွေ(၂၀၀၀)ဖြစ်ပါတယ်။

ဟူစိန်အလီ(Hussain Ali)ကွယ်လွန်တဲ့အခါ သူ့အလုပ်ကို သားဖြစ်သူအဗဒူလာ(Abdula)က ဆက်ခံတယ်။ သူကွယ်လွန်တော့ ညီမမယ်မူရဇမယ် (Moorazamal)က ဆက်ခံတယ်။ (ဒီအမျိုးသမီးက) အဗဒုမရိန်(Abdul Marein)ရဲ့ ဇနီးမယား ဖြစ်ပါတယ်။ ခုတော့ဇနီးမယားကိုယ်စား အဗဒူမရိန် ကပဲ (ဒီနေရာကို) အုပ်ချုပ်စီမံရပါတယ်။

မွတ်စလင်နာမည်ကို မြန်မာသံက မှန်ကန်အောင် ကောက်ယူဖို့ သိပ်ခက်ခဲတယ်။ ဥပမာ-မရိန်(Marein)ဆိုရင် မြန်မာတွေက ကရိမ်(Karim)ခေါ် မှာ ဖြစ်ဖို့ များတယ်။ အဲဒါထက် အဗဒုရဟီးမ်(Abdur Rahim)ဖြစ်ဖို့ ပိုနီးစပ်တယ်။ မူရဇာမယ်(Moora Zamal)ကိုလည်း မူရဇမတ်(Moora Zamat)ဖြစ်မယ် ထင်ရပါတယ်။ အဆောက်အအုံအတွင်းမှာ ဘာမှကြည့်စရာမရှိ၊ ရိုးရိုးလေးထောင့်ခန်းဖြစ်ပါတယ်။ ကျောက်တုံးကြီးကို ထွင်းထားတာ တစ်ခန်း၊ တုံးထိပ်မှာ တစ်ခန်းရှိတယ်။ အခန်းထဲကို မြောက်နဲ့ တောင်ဘက်နှစ်ဘက်မှာ အ၀င်ပေါက် လုပ်ထားတယ်။ အ၀င်ကုန်းက သပ်ထိုး ကုန်း ဖြစ်တယ်။ အတွင်းခန်းကိုလည်း သပ်စီကုန်း(true urch) နဲ့တည်ဆောက်တယ်။ ဂူက အပြင်အကျယ် ၉ပေ၊၆လက်မ ရှိတယ်။ အတွင်း အရှည်၇ပေ၊အကျယ်၅ပေ၈လက်မ၊ အမြင့်၆ပေ၅လက်မ၊ ကျောက်တစ်စိတ်တစ်ပိုင်း အုတ်အင်္ဂတေတစ်စိတ် တစ်ပိုင်းဆောက် ထားတဲ့ဂူဖြစ် တယ်။ အ၀င်ပေါက်မှာ အလှဆင်တဲ့ပန်းခွေလိုဟာမျိုး ဘာတစ်ခုမှမရှိပါ။ နောက်ဂူတစ်ခုလည်း ဒီလိုပါပဲ။ ကြမ်းပြင်ကတော့ တောင်ဘက်ပေါက်ကို နည်းနည်း နိမ့်ဆင်း သွားတယ်။ ပထမဂူထက်လည်း နည်းနည်းငယ်တယ်။ ပလီက အပေါ်ဂူ၊ တက်စရာလှေကား ရှိတယ်။ အရှေ့ဘက်မျက်နှာစာက ၂၈ပေ၆လက်မ၊ တောင်ဘက်၂၆ပေ၆လက်မ၊ အတွင်းခန်းအရှည် ၁၆ပေ၉လက်မ၊ အကျယ်၁၃ပေ၊ မျက်နှာကြက်က ၃၈ပေါင်းမိုး (Cupola)ဖြစ် ပါတယ်။ အနောက်နံရံမှာ မုခ်ကပ်(Niche)ရှိတယ်။ နံရံတွင်းကို ၁ပေ၀င်အောင် ချိုင့်ထွင်းထားတယ်။ အပေါ်ကုန်းထိပ်ချွန် တယ်။ ဘေး တိုင်ဖုံး (Pilaster)ရှိတယ်။ ဒီအဆောက်အဦးက ပလီတိုင်းပါရှိနေကျမျှော်စင်(Minaret)ဖြစ်နိုင်ပါတယ်။ ပါရှန်စာနဲ့ ဒီနေရာကို ကိုးကွယ် ယုံကြည် မှုနဲ့ ဆိုင်တယ်လို့ အသိအမှတ်စာရှိတယ်။ ဣဒ်ဂါး(Idgah)ဆိုတဲ့ဝတ်ပြုဆောင်မှာ “ဥပေါင်းမျိုး”(Cupola)ရှိတယ်။ အနားက ကျောက်ကြားမှာ မရအရညှပ်သွင်းထားတယ်။ အားလုံးအပျက်အစီးမရှိ၊ အတွဲညီလို့ ကြည့်ကောင်းပါတယ်။ ပလီကို ဗုဒ္ဓသာသနာဝင်ဘုန်းကြီးကျောင်းက အတုယယူ ဟန်ရှိ တယ်လို့ ပြောလို့ရတယ်။ ဒီစကားတွေအရ ဒေါက်တာဖိုခင်မာထင်သလို ဘုရားကျောင်း၊ ပလီ၊ စေတီအားလုံးရောနေတယ်။ နားရှုပ် စရာဖြစ်ပါတယ်။ ဒါပေမယ့်ဗုဒ္ဓဘာသာဝင်တွေရဲ့ စေတိယဟာ ဟိန္ဒူ(ဗြဟ္မဏ)ကျောင်းတော်တွေနဲ့ ဆက်သွယ်မှုရှိရမှာ ဖြစ်သလို မွတ်စလင် အဆောင် အအုံတွေရဲ့ ကုန်းပေါက်၊ ကုန်းမိုးတွေကဟာလည်း တည်ဆောက်ဖွဲ့စည်းပုံ မှာ အပြန်အလှန်ပုံတူကူးယူကြလို့  ရောနှောယှက်တင်ရှိမှာ မှန်ပါတယ်။ ဒါကြောင့်စစ်တွေက ဒီပလီကိုလည်း ရှေးမူမပျက်ထိန်းသိမ်းထားသင့်ပါတယ်။

စစ်တွေဒုတိယအရေးပိုင်အေအယ်လ်ဟောက်(A.L.Hough)က ၁၃၊ဒီဇင်ဘာ၊၁၈၉၃မှာ စာတစ်စောင်ပို့ပေးပါတယ်။ စာရေးသူက ဘင်္ဂါလီအမျိုးသား ပညာအုပ် တစ်ယောက်ဖြစ်မယ် ထင်ရတယ်။သူ့စာအတိုင်း ဖော်ပြပါမယ်။ ဖောဒေါရ်မုကမ်ကို ဗောဒေရ်မုခန်ခေါ်မှ မှန်တယ်။ ဗောဒေရ်နေတဲ့ အိမ်လို့ အဓိပ္ပါယ်ရှိတယ်။ ဗောဒေါရ်ဆိုတာ ပီရ်ဗောဒေါ်ရ်၊ ဗောဒေါရ်ဆာပါ၊ ဗောဒေါရ်သြလိယ တစ်ဦးတည်းကို အမျိုးမျိုးခေါ်နေကြတာ ဖြစ်တယ်။ သူ့နာမည်က ရှိုက်ခ်(Sheik) ဗောဒေရ်ဥဒ္ဒန် (Boderuddin)ဖြစ်တယ်။ ဘုရားသခင်ရဲ့ တမန်တော်(Prophet)မဟုတ်ပါ။ လူသာမန်ပါပဲ၊ အာရဗီဘာသာ စကား၊ ပါရှန် ဘာသာစကားကို ကောင်းကောင်း တတ်တဲ့မော်လ၀ီ (Malvie)ဖြစ်ပါတယ်။ ကုလားလူမျိုး၊ ပန်ချာပီဖြစ်ဖို့ များတယ်။ ဒေလီ(Delhi)က ဇမမတ်စ်ဂျစ်(Jama Masjid)မှာ စတင်ပြီး သာသနာရေး ၀န်ထမ်းဖြစ်ခဲ့ပါတယ်။ သူ့မှာ ဓမ္မမိတ်ဆွေသုံးဦးရှိ တယ်။ ရှေးစကားတစ်ခုရှိပါတယ်။ ရှေးရှေးက အိန္ဒိယမှာ လူချမ်းသာတစ်ဦးရှိတယ်။ သူ့မှာ သမီးလှလှတစ်ယောက်လည်းရှိတယ်။ သူတို့မြို့မှာပဲ တရားကျင့်တဲ့ သူတော်စင်(Fakir)တစ်ဦးလည်းရှိတယ်။ နာမည်က ရှိက်ဖိရတ်(Sheik Firit)၊ လူသိများတဲ့နာမည်က ရှက်ဖရစ်ဒ်(Sheik Farid)ဖြစ် တယ်။ တစ်နေ့ဒီသူတော်စင်က လူချမ်းသာအိမ်နားကို ရောက်လာတော့ သမီးလှက နှာခေါင်းကို လက်နဲ့ပိတ်ပြီး နံစော်နေတဲ့အရူးကြီး လို့ ပြောလိုက် တယ်။ အဲဒီညပဲ ကလေးမ၀မ်းဗိုက်အကြီးအကျယ်နာလာတယ်။ ဘယ်သူမှ မကုနိုင်ဘူး။ သူတော်သူမြတ်ကို စော်ကားလို့ ဖြစ်တာလို့ အပြောများလာပြီး အဲဒီသူမြတ်ကို အိမ်အရောက်ပင့်ခဲ့ပြီး တောင်းပန်ရင် ပျောက်မှာလို့ ပြောပြတာနဲ့ ရှာပြီး အိမ်ကို ခေါ်ပေးကြတယ်။ ငါ့အင်္ကျီစုတ်ကို ရေစိမ်ပြီး သောက်ရင် ပျောက်မယ်လို့ဆိုတော့ ၀မ်းဗိုက်က နာလွန်းတာနဲ့ နောက်ဆုံးပြောတဲ့ အတိုင်း သောက်ပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ်ဝန်ရှိလာတယ်။ ဆယ်လကြတော့ ဗဒေါ်ရ်ဥဒ္ဒိန်(Bodderuddin)ကို မွေးပါတယ်။

ဒီပုံပြင်မှာ ဗဒရ်(Bader)ဆိုတဲ့ဗဒရ်မုကွမ်(Badarmaqam)ဟာ စစ်တကောင်းက ဗဒရ်ဥဒ္ဒိန်သြလိယ(Baddaruddin)ဖြစ်တယ်။ တို့ငယ်ငယ်က နားထောင် ဖူးတဲ့အရဗီယံညဥ့်(Arabian Nights)ပုံပြင်တွေထဲက ဗေဒြိန်ဒိန်(Bedreddin[ Badaru’ddin being the same name as the familiar Bedreddin of the Arabian Nights of childhood)ဖြစ်ပါတယ်။

ကဲ-ဒါတွေအားလုံးပေါင်းပြီး အချုပ်စကားပြောကြည့်ရအောင်၊ စစ်တွေက မြိတ်အထိ ကမ်းရိုးတန်း တစ်လျှောက်လုံးမှာ တန်ခိုးဣိဒ္ဓိပတ်ရှိတဲ့ ရသေ့ရဟန်းလိုပုဂ္ဂိုလ်တစ်ဦးသီတင်းသုံးတဲ့နေရာတွေရှိတယ်။ သူ့ကို ပင်လယ်ခရီးသွားတဲ့(ကုန်သည်သင်္ဘေားတွေ)လာပြီး ရှိခိုးပူဇော်တယ်။

အခုသိသလောက်သူနဲ့ဆိုင်တဲ့နေရာတွေဆိုတာ စစ်တွေ၊ သံတွဲနဲ့ မြိတ်မှာ ရှိတယ်။ ဒီလိုပုဂ္ဂိုလ်က လူ့ဘ၀က သေပြီး နောက်ဘ၀မှာ သူက ဗုဒ္ဓဘာသာဝင်တွေက နတ်၊ ဟိန္ဒူက ဒေ၀ါ၊ မွတ်စလင်က သူတော်စင်ခေါ်မယ်၊ တရုတ်က တစ္ဆေပေါ့။ အရှေ့တိုင်းမှာ ဒီလို(ဖုတ်ပြိတ္တာတစ္ဆေကအစ ကုမ္ဘဏ်ရက္ခ) နတ်ကို လူအများက ယုံတယ်။ ရှိခိုးပူဇော်ပသတယ်။ ဗုဒ္ဓ၀ါဒကို လက်မခံခင်ကပဲ ရှိတဲ့နတ်ကိုးကွယ်တဲ့ ဓလေ့ဟာ အခုထိရှိနေတုန်းပဲဖြစ်တယ်။ ပြီးတော့ဒေသအလိုက် ဒီနတ်ကို (ဗုဒ္ဓဘာသာဝင်တွေက သာသနာတော်စောင့်နတ်ဆိုသလို) သူတို့နဲ့နီးစပ်အောင် ပုံပြင်ထွင်ပြီး ပြောမယ်။ အခုပုဂ္ဂိုလ်ကိုလည်း မွတ်စလင်တွေက စစ်တကောင်းဘက်နေပင်လယ်ကူးသင်္ဘောသားများပေါ်ထွက်တဲ့နေရာဇာတိပိရ်ပဒါ (Pir Badar)သူတော်စင်ဖြစ်တယ်လို့ အမည်တပ်ပေးလိုက်ကြတာဖြစ်တယ်။

စစ်တကောင်းက ဗဒရုဒိန်သြလိယ(Baddruddin Auliah)အကြောင်းကို နည်းနည်းထပ်ပြီး သိရအောင်လေ့လာပါတယ်။ ဗေးလ်(Beale)ရဲ့ အတ္ထုပ္ပတ္တိအဘိဓာန်(၁၈၈၁)မှာ-

စစ်တကောင်းခရိုင်(Chittagong District) ရားမတ်ဂန်ဇ်နယ်(Rahmatganj [Rahmatganj is correct])က ခမ်မိုဗာရက်ပလီ(Kadam Mubarah Mosque)ကို န၀ပ်မုဟာမက်ယာစီးန်ခန်(Nawaz Muhammad Yasin Khan)က စစ်တကောင်း(Chittagong)ရစူလ်နဂါရ်(Rasulnagar)မှာ ၂၀၊စက်တင်ဘာ၊ (၁၇၂၃)မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ အခုထိ မပျက်မစီးအခြေအနေ ကောင်းမွန်ပါတယ်။ ပီရ်ဗဒါရ်(Pir Badar)ခေါ် ဗဒါရ်(Badar)ဟာ ထင်ရှားတဲ့သူတော်စင်ဖြစ်တယ်။ ဗာရုဒ္ဒိန်သြလိယာ(Badruddin Auliah) လို့လည်း ခေါ်တယ်။ ဗဒါရ်ဆာဟစ်(Badar Sahib)လို့လည်း ခေါ်တယ်။ ဒီသူတော်စင်ကွယ်လွန်တော့ သင်္ချိုင်းနဲ့ကျောက်စာကို စစ်တကောင်းမှာပဲ တွေ့နိုင်တယ်။ ကျောက်စာကိုတော့ ထုံးဖြူ အကြိမ်ကြိမ် သုတ်ကြလို့ ဖတ်မရတော့ပါ။ အနားမှာရှိတဲ့ ဖတ်ရတဲ့ကျောက်စာ မှာတော့ ခရစ်နှစ်(၁၇၂၄)ကို တွေ့ရတယ်။ ဒီပုဂ္ဂိုလ်ဟာ ပင်လယ်ရေကြောင်းသွားလာသူတွေနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာကိုတော့ ရှင်းလင်းအောင် မပြောတတ်ပါ။ ရနိုင်သလောက်ဆက်စပ်ကြည့်ရင် အိန္ဒိယမှာ အာရံ(Aryan)တွေ ခရစ်မပေါ်မီ နှစ်(၁၅၀၀)လောက်က ၀င်လာချိန်ထက် အရင်ကပဲ မူလနေထိုင်သူတွေပါ နတ်ကိုးကွယ်နေကြပါတယ်။ ဒါကို တစ်နည်းနည်း (မူရင်းမှာ နတ်ကိုးကွယ်မူ့ကနေ ဟိန္ဒူကိုပြောင်းတယ်ပြီးတော့ အစ္စလာမ်ကို ပြောင်းကိုးကွယ်တယ်လို့ ရေးထားတယ်။ By-M-Media) ခေတ်အလိုက်ပြင်ပြီး လူတွေက မွတ်စလင်ဖြစ်လာကြပြီ၊ သို့သော် ဒီနတ်ကိုးကွယ်တဲ့အယူက တစ်မျိုး မဟုတ်တစ်မျိုးကျန်နေ တယ်။ ပြန်ပေါ်တယ်။ ပသီသူတော်ကောင်းက သူနဲ့အဆင်ပြေရင် မစနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတွေဝင်လာတယ်။ ထင်ရှားတဲ့နတ်ကွန်းနတ်စင် လည်း အရေအတွက်လျော့တယ်မရှိ။ တိုးတိုးသာလာတယ်။ အရှေ့ဘင်္ဂလားမှာဆိုရင် ပီရ်ဗဒေရ်(Pir Badar)အပြင် ဇိန္ဒါစင်(Zindā Ghāzī)၊ ဂါဇီမီယာန်(Ghāzī Miyān)နဲ့ ပါန်ကျမီရ်(Pānch Pir)တွေလည်းရှိပါတယ်။ မြောက်ပိုင်းဟိန္ဒူတွေရဲ့ ဗဒတ် (Badar)ဟာ   နောက်တော့   ရေနတ်ဖြစ်လာတယ်။) ရေလမ်း(မြစ်ကြောင်းပင်လယ်ကြောင်း)ခရီးထွက်ရင် သူ့ကို ပူဇော်ပသလေ့ရှိတယ်။ အချို့က ပေါ်တူဂီ (Portuguese) သင်္ဘောသားတစ်ယောက် သင်္ဘောပျက်ပြီး သူတစ်ယောက်တည်းမသေပဲ ကုန်းပေါ်တက်လာတာ၊ သူက သင်္ဘောမပျက်အောင် လည်း လူမသေအောင် မ,စနိုင်တယ်ဆိုလို့ တစ်နှစ်တစ်ခါ သူ့နတ်ကွန်းမှာ လူတွေလာပြီး မီးထွန်းပွဲလုပ်ကြတယ်။ တိုင်းရင်းသားတွေက အလှုငွေထည့်ကြရင် ဖရင်ဂီ (Feringis) ဥရောပသားခရစ်ယာန်သာသနာဝင်တွေလည်း ထည့်ပါတယ်။ ဒီပေါ်တူဂီရဲ့ အမည်ကို ပြောနိုင်မှုလည်းရှိတယ်။ ပါသ်ဂေါလ် ပီရီဗိုသေလို (Pas Gual PeerisBotheilo)ဖြစ်ပါတယ်။ သူက ကျောက်တုံးကို စီးပြီး ရခိုင် က လာတာလို့ ပြောကြတယ်။ နှစ်စဉ်ပူဇော်ပွဲကို ရမဇန်(Ramzan)ရဲ့ နှစ်ဆယ့်ကိုးရက်မှာ လုပ်ရတယ်။

ဟိန္ဒူတွေမှာ ခွာဇခီဇာ(Khwazakhiza)ဆိုတဲ့ရေနတ်(God of Flood)ရှိတယ်။ နောက်တော့ ပီရ်ဘဒ်(Pir Bhad)ကိုပဲ ရေနတ်လုပ်လိုက် ပါတယ်။ ဒီနတ်ကို မိမိသားငယ်ခေါင်းရိတ်ပေးတဲ့အခါ ပူဇော်တယ်။ လက်ထပ်တဲ့အခါ လှေငယ်ကို ဆီမီးတိုင်ထွန်းပြီး ရေမှာ မျှောရတယ်။ လှေသမားတွေက ဒီနတ်နာမည်ကို ရွတ်ဆိုပြီး မတ်တပ်ဆွဲတယ်။ တစ်မျိုးချဲ့ထွင်ပြောကြပုံက ခွာဇခီဇာ(Khwazakhiza)ဟာ မဟာအလက်ဇန်ဒါ(Alexander the Great)ဖြစ်တယ်။ သူက အိန္ဒိယကို မသေးဆေးရည်(Blessed Water or Water of Everlasting life)ရှာရင်း ရောက်လာတာဖြစ်တယ်။ ဒီနတ် ကို မြစ်ဘေး မှာ ဂျင်းတစ်စိတ်၊ ထမင်းတစ်ဆုပ်၊ ငှက်ပျောနှစ်လုံးသုံးလုံးနဲ့ ပူဇော်ရတယ်။ အခုပြောတဲ့ခွာဇခီဇာ(Khwazakhiza)ခေါ် ဘယ်သူပဲဖြစ်ဖြစ် အိန္ဒိယမြစ်နဲ့ ပင်လယ်တွေမှာ သွားလာနေရတဲ့လူတွေက သူ့ကို ပူဇော်ပသရင် သင်္ဘောပျက်ပြီး ရေနစ်သေမှာ မစိုးရိမ်ရဘူး။ သားယောက်ျားမွးရင်လည်း သူ့ကို ကျေးဇူးတင်လို့ ပွဲပေးရတယ်။ သြဂုတ်၊ စက်တင်ဘာလမှာ ဘေရာ(xxx)ပွဲလုပ်ရတယ်။ နတ်ရုပ်ကို ငှက်ပျောဖောင် မှာ တင်ပြီး နေ၀င်လို့ မှောင်စပြုရင် ဆီးမီးခွက်ကို မီးထွန်းညှိပြီး မြစ်ပြင်မှာ မျှောရတယ်။ ယုံကြည်သူတွေများလို့ မီးဖောင်တွေရာ နဲ့ချီပြီး ရှိတတ်တယ်။ အမှောင်ထဲမှာ မီးလဲ့လဲ့လေးတွေကို ရေထဲမှာ မျောပါလာတာ သိပ်ကြည့်ကောင်းလို့ လူတွေလည်း ကမ်းပါးညွတ်တောင် ထွက်ကြည့်ကြတယ်။

ဗုဒ္ဓေရ်မောကန်အကြောင်းကို တော်တော်ပြည့်စုံအောင် ရှာလေတွေ့လေ၊ မဖြစ်နိုင်တာတွေလည်း ရောထွေးပြီး ပိုပြီး ရှုပ်လာပါတယ်။ ဒါပေမယ့် မပြည့်စုံသေးပါ။ မြန်မာ့ပင်လယ်ကမ်းရိုးတန်းမှာ နတ်ကွန်းတွေ ရှိတယ်။ ရေလွှမ်းမိုးတဲ့ဘေးကို ကာကွယ်ပေးနိုင်တဲ့နတ်ဖြစ်တယ်။ ပင်လယ်ရေမှာ နစ်မသေအောင် ကယ်နိုင်မ,နိုင်တဲ့နတ်ဖြစ်တယ်။ ပင်လယ်မှာ ကုန်ကူးရင် ကုန်ရှုံးပြီး ဆင်းရဲမသွားအောင် ကယ်နိုင်၊ မ,နိုင်တဲ့ နတ်ဖြစ်တယ်။ ဒီလိုနဲ့ဟိန္ဒူပုံပြင်၊ မွတ်စလင်ပုံပြင်နဲ့ ဗုဒ္ဓပုံပြင်တွေရောပြီး ပိုပြည့်စုံလာတယ်ဆိုရင်လည်း ဖြစ်တယ်။ ပိုပြီး မသိတာတွေများလို့ စိတ်ဝင်စားပါတယ်။ ပိုပြီး ရှုပ်လာတယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ရှေး နတ်ကွန်းကိုးတဲ့ဘက်ကို ယိုင်သွားတာကတော့ အမှန်ဖြစ်ပါတယ်။

သန်းထွန်း

ကျမ်းကိုး-ဆာရစ်ချဒ်တင်းပဲလ်-“ဗုဒဒ္ဓေရ်မောကန်”ပြန်သူလျာ၊ အတွဲ-၁၅၊ ပိုင်း-၁၊ ဧပြီ ၁၉၂၅၊ ၁-၃၃

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: