ပလေတိုရဲ့ ဖင်တုံးလုံးကျောင်း၊ မသီတာအေး နှင့် ညို့ မဂ္ဂဇင်း

ဆိုကရေးတီး အဆိပ်သောက်သွားပြီး နောက်ပိုင်း အေသင်ဒီမိုကရေစီနိုင်ငံရဲ့ လူ့မှုအဖွဲ့အစည်းအတွင်း အတွေးအခေါ်သစ်များ ပွင့်ဖူးလာပြီး နောက်ပိုင်းမှာ သူ့တပည့်အရင်းအချာဖြစ်တဲ့ ပလေတိုဟာ ကျင့်ဝတ်အတွေးအခေါ်နှင့်ဆိုင်သော ကျောင်းတစ်ကျောင်း ဖွင့်လှစ်ခဲ့ပါသည်။ အဲသည်ကျောင်းမှာ ကျောင်းသား ကျောင်းသူများအားလုံးအား မည်သည့် အဝတ်အစားမျှ မဝတ်စေပဲ ကိုယ်လုံးတီးဖြင့်သာ စာသင်ကြားခြင်း ကျောင်းအတွင်း ကိုယ်လုံးတီးလှည့်လည် သွားလာစေခြင်း ပြုခဲ့ပါသည်။ ထိုသို့ ကျောင်းတွင် ကိုယ်လုံးတီးနေထိုင်သင်ကြားစေခြင်းအတွက် လူအများက ကျောင်းသားကျောင်းသူများကို တိရိစ္ဆာန်များသဖွယ် ခိုင်းနှိုင်းပြီး ကဲ့ရဲ့ ဝေဖန်ခဲ့ကြပါသည်။ အမှန်တကယ်တော့ ပလေတိုရဲ့ကျောင်းမှာ ကိုယ်ကျင့်တရားများ အတွေးအခေါ်အယူအဆများ စာပေ၊ သမိုင်းစသည်များ သင်ကြားခြင်းအပြင် စာသင်သားများကို ကိုယ်လုံးတီးသာနေခိုင်းခြင်းဖြင့် အချင်းချင်း မြင်ဖန်များပြီး ရိုးအီလာသောအခါ လိင်တူ လိင်ကွဲ မလိုလားအပ်ပဲ လိင်ဆက်ဆံလိုသောရမ္မက်ကို ထိမ်းသိမ်းနိုင်ခြင်းဆိုသည့် အကျင့်တစ်ခုကိုပါ ထည့်သွင်းပေးနိုင်လိုက်ခြင်း ဖြစ်သည်။

ပြောလိုသည်မှာ ပလေတိုရဲ့ ကိုယ်လုံးတီးကျောင်း အကြောင်း အဓိကမဟုတ်ရပါ။ လူတို့ရဲ့ လိင်ဆန္ဒရမ္မက် အထိမ်းအကွပ် မဲ့ခြင်း (သို့) ထိမ်းသိမ်းနိုင်ခြင်းရဲ့ အကြောင်းသာဖြစ်သည်။ အထူးသဖြင့် ယောက်ျားများရဲ့ အမျိုးသမီးများအပေါ် အဓမ္မ ကာမဆန္ဒလုယက်ယူခြင်း (သို့) မုဒိန်းကျင့်ခြင်းများရဲ့ နောက်ပိုင်းမှာ ရိုက်ခတ်လာရတဲ့ အမုန်းတရား အကျိုးဆက်များက ယနေ့ ကမ္ဘာမှာကော မြန်မာပြည်မှာပါ ထင်ထင်ရှားရှားတွေ့နိုင်ပါသည်။ လိပ်ပြာတောင်ပံခတ်သံကား ကျယ်လောင်လွန်းလှပါသည်။

“ဒါဆို ယောက်ျားတွေ မုဒိန်းကျင့်ချင်စိတ်မပေါက်အောင် မင်းတို့ မိန်းမတွေ အနေအထိုင်ဆင်ခြင်ပေါ့။ မင်းတို့ကမှ လုံလုံခြုံခြုံမဝတ်မစားပဲနေလို့ စိတ်မထိမ်းနိုင်ရင် ငါတို့ကတော့ ဆွဲစားမှာပဲ”
“ကောင်မက ပေါ်ပေါ်ရော်ရော် ဖော်ထားတာကိုး ဝိုင်းအxိုး ခံရတာတောင် နည်းသေး”
“မိန်းမဖြစ်ပြီး ညနက်သန်းခေါင် လမ်းသလားတာကိုး၊ ဖြစ်တော့မပေါ့”
“ဆော်က မူးပြဲနေတာဆိုတော့ ဆွမ်းကြီးလောင်းပွဲပေါ့ကွာ”

စသည်ဖြင့် ပြောဆိုတဲ့ လူများအတွက်တော့ စိတ်ဓာတ်ရေးရာ ထိမ်းချုပ်နိုင်မှုအတွက် များစွာလေ့ကျင့်ပေးရမလို ဖြစ်နေပါသည်။ အမျိုးသမီးများ လုံခြုံစွာ ဝတ်ဆင်ခြင်း (သို့) မလုံမခြုံဝတ်ဆင်ခြင်းသည် ယောက်ျားများရဲ့ လိင်မှုအလိုမတူပဲ ပြုကျင့်လိုခြင်းနဲ့ တိုက်ရိုက် အချိုးကျလာခြင်းမှာ သဘာဝကျသည်ဟု ယူဆလို့ မရနိုင်ပါ။ ပလေတိုကျောင်းမှ ကိုယ်လုံးတီး စာသင်သားကျောင်းသားများသည်လည်းကောင်း၊ အနောက်ဥရောပရှိ ကိုယ်လုံးတီးနေစာလှုံရသော ကမ်းခြေများမှ ယောက်ျားများသည်လည်းကောင်း ကိုယ်လုံးတီးမိန်းမခန္တာကိုယ်ကို မြင်နေရသဖြင့် ရွှေပန်းငေါက်တောက်ထောင်ကာ ဆွဲလားရမ်းလားနှင့် လိင်အကြမ်းဖက်နေကြမည်ဟု ကျွန်ုပ် မယုံကြည်ပါ။ သို့သော်ငြားလည်း တချို့သော လူမှုအဖွဲ့အစည်းများတွင် ပေါင်တိုဖင်ကပ် ဝတ်စားဆင်ယင်မှုကို မဆိုထားနှင့် လက်မောင်းသား ပုခုံးသားပေါ်လျှင်ပင် စိတ်မထိမ်းနိုင်ကြပဲ လိင်စိတ်ရိုင်းဝင်တတ်ကြသော ယောက်ျားသားများရှိခြင်းကြောင့် ခေါင်းဖျားခြေဆုံး အဝတ်ဖုံးထားကြရသော မိန်းမသားများဘဝလဲ ရှိနေပါသေးသည်။
ထိုအခါ မိန်းမသားတစ်ဦး အဝတ်အစားမဲ့ ကိုယ်လုံးတီးဖြင့် နေနိုင်ခြင်းနှင့် တကိုယ်လုံးမျက်လုံးမှလွဲပြီး ခေါင်းမြီးခြုံ လုံအောင်ဖုံးထားရခြင်းတို့တွင် လုံခြုံခြင်းဆိုသည်မှာ ယောက်ျားသားတို့ ကာမရမ္မက် ထိမ်းချုပ်နိုင်စွမ်းပေါ်သာ မူတည်ပါသည်။ မိန်းကလေးတစ်ဦး၏ ဝတ်စားဆင်ယင်မှုသည် အပြစ်မဟုတ်ပါ။ မုဒိန်းကောင်စိတ်ရှိသော ယောက်ျားသည်သာ အပြစ်ဖြစ်သည်။ ထိုယောက်ျားသည် ခုနှစ်လွှာချွတ်ကပွဲသို့ သွားသည်ဖြစ်စေ မယ်သီလရှင်ကျောင်းသို့ သွားသည်ဖြစ်စေ အဓမ္မ အကြမ်းဖက်လိုသော စိတ်ရိုင်းရှိသည်ကား အတူတူပင်ဖြစ်သည်။ပြင်ရမည်မှာ ကိုယ်ထိလက်ရောက် ပစ်မှားတတ်သော ထိုယောက်ျားဆိုး၏ စိတ်မိုက်စိတ်ရိုင်းသာဖြစ်သည်။ ပလေးဘွိုင်းမဂ္ဂဇင်းကြောင့် အပြာကားများကြောင့် မုဒိန်းမှုဖြစ်ရသည်ဆိုပြီး အဆိုပါ မဂ္ဂဇင်းများ ဇာတ်ကားများကို ပိတ်ပင်တားမြစ်ထားသော်ငြားလည်း အဆိုပါယောက်ျားဆိုးသည် ရေတွင်းမှ ရေချိုးနေသော ထမိန်ရေစိုနှင့်မိန်းမများကိုမြင်လျှင်သော်လည်းကောင်း၊ ဆန်ထိုင်ရွေးနေသော မိန်းမ၊ သနပ်ခါးသွေးလိမ်းနေသော မိန်းမများကိုလည်းကောင်း နောက်မှချောင်းမြောင်းပြီးသော်လည်းကောင်း မုန်ယိုမုန်ထ မုန်ကျကာ မုဒိန်းကျင့်မည်သာဖြစ်သည်။ အဆိုပါ ယောက်ျားဆိုးတို့၏ စိတ်နေသဘောထား အမူအကျင့်ကို မပြုပြင်ပဲ မဆိုင်သည်များကို ကန့်သတ်နေခြင်း၏ နောက်ဆုံးဦးတည်သည်ကား မိန်းမများအားလုံး အိမ်တွင်းပုန်းပြီး ခေါင်းမြီးခြုံသည့် အဖြစ်သာလျှင် ရှိတော့သည်။

ယခုစာသည် လျှပ်ပေါ်လော်လီနေခြင်း ကိုယ်တုံးလုံးနေခြင်းကို အားပေးသည့်စာမဟုတ်၊ လိင်အသားပေးမဂ္ဂဇင်း အပြာကားများ တရားဝင်စေခြင်း လော်ဘီလုပ်ခြင်းမဟုတ်ကြောင်းတော့ အသင်နားလည်မည်ဟု မျှော်လင့်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: