Monthly Archives: May, 2013

ဘောလုံးပွဲမှာ လူမျိုးရေးခွဲခြားရင် ပြစ်ဒဏ်ကြီးမယ်

နိုင်ငံတကာ ဘောလုံးပွဲ တွေမှာ လူမျိုးရေး ခွဲခြား ပြောဆိုမှု တွေလုပ်ရင်၊ ပြင်းပြင်း ထန်ထန် အရေးယူ တော့မယ်လို့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် က ဆုံးဖြတ် လိုက်ပါပြီ။

ဘောလုံး ပွဲတွေမှာ လူမျိုးစွဲပြီး ပြောဆို အော်ဟစ် တာတွေ အတွက် ပထမဆုံး ကျူးလွန် မိတာနဲ့ ပြစ်မှု အသေး အဖွဲတွေ ကိုတော့ သတိ ပေးရုံ၊ ဒဏ်ငွေ တပ်ရုံ လောက်နဲ့ ပြီးသွားနိုင် ပါတယ်။ ဒါမှ မဟုတ် တံခါးပိတ် ဘောပွဲ ကန်ခိုင်း တာမျိုး လုပ်နိုင်ပါတယ်။ သိပ်ဆိုးရွား လာရင် တော့ အမှတ်လျှော့တာ၊ ထုတ်ပယ် တာတွေထိ လုပ်လာ နိုင်ပါတယ်။

နောက် အနှစ် ၂ဝ က ၅ဝ အတွင်း မှာ ဒီလို ခွဲခြား ဆက်ဆံမှုတွေ ပပျောက် သွားအောင် လုပ်ရမ ယ်လို့ ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် က လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး အဖွဲ့ အကြီးအကဲ Jeffrey Webb က ပြောပါတယ်။

သတင်း ဌာန တွေက ဖော်ပြ တာက နိုင်ငံ တကာ ပွဲတွေမှာ တကယ် ဖြစ်ပျက် နေတဲ့ ခွဲခြား ဆက်ဆံ မှုတွေ ရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိတယ် လို့လည်း သူက ဆိုပါတယ်။ ခွဲခြား ဆက်ဆံမှု တိုက်ဖျက် ရေးနဲ့ ပတ်သက်ပြီး မောရစ်ရှပ်စ် ကျွန်း နိုင်ငံမှာ ကျင်းပတဲ့ ဘောလုံး အဖွဲ့ချူပ် အစည်း အဝေးမှာ ၉၉ ရာခိုင်နှုန်း ထောက်ခံမှုနဲ့ ဆုံးဖြတ် အတည်ပြု ခဲ့ကြပါတယ်။

၁ ရာခိုင်နှုန်းက ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးတာကို ကြည့်ရင်ပဲ ဒီကိစ္စကို တိုက်ဖျက်ဖို့ ဘယ်လောက်ထိ လုပ်ရဦး မလဲ ဆိုတာ သိနိုင် တယ်လို့ တောင်အာဖရိကမှာ လူမျိုး ခွဲခြားရေး ခေတ်က အကျဉ်းသားဟောင်း Tokyo Sexwale က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို လုံးဝ သည်းညည်း မခံနိုင်ကြောင်း နဲ့ ပြင်းထန်စွာ အပြစ်ပေးဖို့ လိုတယ်လို့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဌ Sepp Blatter က ပြောပါတယ်။ လူမျိုး ခွဲခြား မှုကို ဆန့်ကျင်ကြောင်း ပြကြဖို့ မစ္စတာ Blatter ဆော်သြ ခဲ့တာ ဖြစ်ပါတယ်။

AC Milan နဲ့ Pro Patria ၂ သင်းကြား ချစ်ကြည်ရေး ကစားပွဲမှာ ဒီခွဲခြားရေး အော်ဟစ်မှုတွေ ကြောင့် ပွဲပျက် သွားပြီးနောက် စုံစမ်း ဖို့ ဘောလုံး အဖွဲ့ချုပ် က ဒီလို အဖွဲ့ဖွဲ့ တာဝန်ပေးခဲ့ရတာပါ။ ဇန်နဝါရီလက ဖြစ်ခဲ့တဲ့ ဒီကစားပွဲမှာ ကစားကွင်း ထဲက သပိတ်မှောက် ထွက် သွားတဲ့ AC Milan က Kevin-Prince Boateng လဲ ဒီစုံစမ်းရေး အဖွဲ့မှာ ပါပါတယ်။

ကစားကွင်း အတွင်းမှာ စောင့်ကြည့်ရေး အရာရှိ တယောက် ထားဖို့ ခွဲခြားမှု တွေ မဖြစ်အောင် ကြိုတင် တားဆီး နိုင်ဖို့လဲ ဆုံးဖြတ် ခဲ့ကြ ပါတယ်။ ကစားပွဲတွေ အားလုံး အတွက် အပြစ်ပေးမှု တညီထဲ ဖြစ်အောင်လဲ သတ်မှတ် ပြဋ္ဌဌာန်း ခဲ့ကြလို့ ဘောလုံး အဖွဲ့ချုပ်တွေက ဝင်ပြီး စွက်ဖက်လို့ မရတော့ပါဘူး။

Source:http://www.bbc.co.uk/burmese/world/2013/05/130531_fifa_racism_fine.shtml

မန္တလေးမြို့တွင် အကြမ်းဖက်မှုများဖြစ်ရန် ၉၆၉ မှ အရှိန်မြင့် ကြိုးပမ်းနေ သော်လည်း အာဏာပိုင်များ က အရေးယူခြင်း မရှိ

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့အတွင်း အကြမ်းဖက်မှုများဖြစ် စေရန် ၉၆၉ အဖွဲ့မှ အရှိန်မြင့်ကြိုးပမ်းနေကြောင်း မန္တလေးမြို့ခံ များမှ သတင်းပေးပို့ထားပါသည်။
သာမာန် ဖြစ်ရိုးဖြစ်စဉ် မှုခင်းများ ကိုဖြစ်လာလျင် ပိုမှိုကြီးထွားလာစေရန် မဖြစ်ပါက ဖြစ်လာစေရန် ဖန်တီးမှုများ ရှိနေကြောင်း သိရှိရပါသည်။

ဈေးချို တစ်ဝိုက်တွင် ရှိသောဆိုင်များအား အကြမ်းဖက်မှုဖြစ်လာပါက ဆိုင်မှား မဖျက်မိစေရန် ၉၆၉ တံဆိပ်ကပ်ထားရန် ချိန်းခြောက်ပြီး ၉၆၉ စတေကာများ လိုက်လံကပ်လျက်ရှိကြောင်း ဈေးချိုရှိ ဗုဒ္ဓဘာသာဝင် ဆိုင်ရှင်
တစ်ဦးမှ ပြောကြားရာတွင် MMMCJ တစ်ဦးဖြစ်သူ July Yeyint သို့ပြောကြားရာတွင် ” အစကတော့ မသန်းအေး (မိဘမေတ္တာကွမ်းယာဆိုင်) ရဲ့ ယောက်ျားက ၉၆၉ တံဆိပ်တွေ ဝေတယ်၊
ကျမက မကပ်ချင်ဘူး၊ ဆိုင်မှာ ဘုရားစင် ရှိတယ်ပြောတော့ သူက ခင်ဗျားဗုဒ္ဓဘာသာမဟုတ်ဘူးလားဆိုပြီး ပြောပြီး အတင်းကပ်သွားတယ်ဆိုင်မှာ။ နောက်ပြီး ပြောသေးတယ် ဒီတံဆိပ် မကပ်ထားရင်
နင်တို့ဆိုင်ကို ကုလားဆိုင်နဲ့ မှားဖျက်ရင် တာဝန်မယူဘူးလို့လည်း ပြောတယ်။ တကယ်ဆိုရင် ကျမတို့က ဒီနားလေးမှာ ဆိုင်လာဖွင့်တာပါ ကိုယ်ပိုင် ဆိုင်ခန်းလည်း မဟုတ်ပါဘူး၊
ဒီနားက ဘာသာပေါင်းစုံ ဆိုင်တွေ ရှိပါတယ်၊ ဒီနေ့ကျ ဒီစာအုပ် လာပေးတယ်၊ မလိုချင်ဘူး ပြောတော့ ဇွတ်အတင်းပေးသွားတယ်” ဟု ဖြေကြားခဲ့ပါသည်။

မန္တလေးတွင် သာမာန်မှုခင်း ဖြစ်ပွားလျင်ပင် ဘာသာ လူမျိုးခွဲခြား မေးပြီး အစ္စလာမ်ဘာသာဝင် ဖြစ်ပါက အကြမ်းဖက်မှုများ ဖြစ်ပွားစေရန် ၉၆၉ အဖွဲ့ဝင်များက နောက်မှ အဆက်မပြတ် သွေးထိုးလျက်ရှိနေကြောင်း၊
အာဏာပိုင်များက အဆိုပါ လှုံဆော်သူများကို ဖေါ်ထုတ်အရေးယူခြင်းမရှိသဖြင့် အတင့်ရဲကာ ယခုကဲ့သို့ မင်းမဲစရိုက်ဆန်ဆန် ပေါ်ပေါ်ထင်ထင်လှုပ်ရှား နေကြကြောင်း၊ မန္တလေး မြို့နေ မွတ်စလင်မ် များမှ ပြောကြားးရာတွင်

“ရဲမြင့်က မဖမ်းတာက သူကိုယ်တိုင်ကိုက ဒီအထဲမှာပါနေလို့ပေါ့ ပဋိပက္ခ တားဆီးရေး အဖွဲ့တွေဘာတွေကျ တော့ အားမပေးတဲ့အပြင် မြို့ပြင်ကိုထုတ်လိုက်တယ် ဆိုကတည်းက ရွှေသမင်ဘယ်ကထွက်တယ်ဆိုတာ အသိသာကြီးဖြစ်နေတာပဲ” ဟု ပြောကြားခဲ့ပါသည်။

ဗိုဒါဖုန်း(Vodafone) နှင့် ချိုင်းနားမိုဘိုင်း(China Mobile) ကုမ္ပဏီ မြန်မာပြည်တွင် မိုဘိုင်းအော်ပရေတာ အဖြစ် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်


ဗြိတိန်အခြေစိုက် ဗိုဒါဖုန်း(Vodafone) မိုဘိုင်းဖုန်း ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် ချိုင်းနားမိုဘိုင်း(China Mobile) မိုဘိုင်းဖုန်းကုမ္ပဏီနှစ်ခုတို့သည် မြန်မာအစိုးရမှ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများမှာ ၎င်းတို့နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် လိုင်စင်ရရန် လျှောက်ထားမှုမှ နှုတ်ထွက်တော့မည်ဟု ကြေညာလိုက်သည်။

မြန်မာအစိုးရမှ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများကို နှစ်ခုမှ လေးခုအထိတိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် ပထမနှင့် ဒုတိယအကြီးဆုံး မိုဘိုင်ဖုန်းဝန်ဆောင်မှုပေးသည့် အဆိုပါ ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်လိုင်စင်ရရန်အတွက် အစိုးရအား လျှောက်ထားခဲ့သည်ဟု ဧပြီလက ထုတ်ဖော်ပြောကြားခဲ့သည်။

“မေလ ၂၀ ရက်နေ့က ကြေညာတဲ့ လိုင်စင်နဲ့ပက်သက်တဲ့ နောက်ဆုံး ထုတ်ပြန်ချက်ပြီးတဲ့နောက် ဗိုဒါဖုန်းနဲ့ ချိုင်းနားမိုဘိုင်းတို့က သတ်မှတ်ကျင့်သုံးတဲ့ ရင်းနှီးမြှုပ်နှံမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဒီရင်းနှီးမြှုပ်နှံမှုကို မလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။” ဟု ဗိုဒါဖုန်း ကုမ္ပဏီက ဆိုသည်။

Ref: ရိုက်တာ

အသံဟိတ် လူသတ်သမား

ညည့်သုံးခါ၏ နေ့ဆုံး အချိန် ဖြစ်သော မိုးသောက်ယံတွင် သတ္တ လောက ကြီးသည် သက်ဝင် နိုးထလာပါ သည်။ ည၏ အမှောင်ထုကို ရဲဝံ့စွာ ဖြတ်သန်း ခဲ့သော အရုဏ်ကား ပတ္တမြား သွေးတောက်ပ လျက်ရှိသည်။

အင်အား အသစ်၊ တက်ကြွလန်းဆန်းသော အားမာန်များ၊ အသိပညာ ထက်မြက်နိုးကြားမှု များကို ကမ္ဘာ လော ကကြီးကို ပေးဆက် နေသည်။ အရှေ့ဘက် ကောင်းကင်မှ ရှေ့ပြေး ရောင်ခြည် သန်းများသည် ကမ္ဘာ လောကကြီးသို့ ဖြာကျ လာပါသည်။ နေမင်းကြီး ကလည်း နှင်းဆီနီ အရောင်ဖြင့် မကြာမီ ထွန်း လင်း တောက်ပ ကြ လိမ့်မည်။ ပုထုဇဉ် လူသားများ သည်လည်း စိတ်သစ် ကိုယ်သစ်ဖြင့် လုပ်ငန်း ခွင် ၀င် ရောက်ရန် ကိုယ်စီ ကိုယ်စီ ပြင်ဆင် နေကြသည်။ စာရေး သူလည်း မိမိ၏ အလုပ်ခွင်တွင် အချိန် မီ ရောက်ရှိ နိုင်အောင် ပြင်ဆင် လေ့ရှိသည်။ ပြင်ဆင် ရင်းနဲ့ ရေဒီယို ကိုလည်း နားထောင် လေ့ ရှိသည်။ VOA, BBC, RFA တို့ပေါ့ …။ နားထောင် ရင်းနဲ့ တုန်လှုပ် ချောက်ချား ဖွယ်ရာ သတင်း တစ်ပုဒ်ကို ရင်နာ စွာ နဲ့ နားသောတဆင် ခဲ့ရပါသည်။ ထိုသတင်းကို နား သောတဆင် ခဲ့ပြီးနောက် စာရေးသူ၏ စိတ်ထဲ ဗလောင်ဆူ သွားလေ၏။ ဘယ်သူ့ကို သွားပြီး အစီရင်ခံ မှာလဲ၊ မိမိ စိတ်ထဲတွင် ခံစားနေ ရသည့် ဝေဒနာ များကို ဘယ်သူ့အား မျှဝေ မှာလဲ . . . သို့လော သို့လော အတွေး များဖြင့် ဒုက္ခ ပင်လယ်မှာ ရွက် လွင့် နေ ခိုက် ဤဆောင်းပါးကို ရေသားရန် အကြောင်းဖန် လာလေ တော့သည်။

အထက်တွင် ပြောခဲ့သော တုန်လှုပ် ချောက်ချား ဖွယ်ရာ သတင်း တစ်ပုဒ် ဟူသည်က “မောင်တော ခရိုင် တွင် မွတ်စလင်မ် များအား အိမ်ထောင် ပြုရာတွင် အမျိုးသား အသက် (၂၀) နှင့် အမျိုးသမီး များအသက် (၁၈) နှစ် ပြည့်ရမည်။ ၎င်းပြင် သားသမီးကို နှစ်ဦးထက် ပိုမိုမယူရ” ဟူသော ဒေသန္တရ အမိန့် တစ်ရပ်ကို ထုတ်ပြန် လိုက်သောသတင်း . . .။ ဤထုတ်ပြန်ချက်နှင့် ပတ်သက်၍ မောင်တော ခရိုင် လ၀က ဦးစီးမှူး ဦးစောနိုင်ဝင်းက “သားသမီး ရယူခွင့် ပိတ်ပင် ကန့်သတ်မှု အမိန့်အား ဆက်လက် ကျင့်သုံး မည် ဖြစ် ပါ တယ်” ဟူ၍လည်း မှတ်ချက် ပေးပြော ဆိုသွား သည်ကို နားထောင် လိုက်ရ သည်။ သြော် … လောက ကြီးက တယ်ထူးဆန်း ပါလား . . .။

စာရေးသူတို့ ငယ်စဉ်က ရုပ်ရှင်ကား တွေကြည့် ဖူးသည်။ အထူးသဖြင့် ဟောလီဝုဒ် ကရုပ်ရှင်ကား တွေကို အကြည့်များသည်။ ဇာတ်ကားတွင် လူလူချင်း တိုက်ခိုက် သတ်ဖြတ် နှိပ်စက်တာ၊ လူလူချင်း တစ် ဦးပေါ် မေတ္တာ၊ ကရုဏာဖြင့် ဆက်ဆံ တာတွေကို တွေ့မြင် ရပါသည်။ ကြည့်ရင်းနဲ့ ခံစား ချက်တွေ တစ် မျိုးပြီး တစ်မျိုး ပေါ်လာလေ သည်။ မနုဿ လူသား ဟူသည် နှိပ်စက် ခံတာကို မည်သူ တစ်ဦး တစ်ယောက် ကမှ မလိုလားကြောင်း၊ မေတ္တာ ဓာတ်ကိုသာ လိုလားသော သတ္တ၀ါ ဖြစ်ကြောင်း တို့ကို မှတ် သား ခဲ့ရပါသည်။

အမှန်အားဖြင့် ဇာတ်ကား တွေဟာ ဆက်တင်နှင့် အက်ရှင်ပေါင်း စပ်ပြီး တင်ဆက်ခြင်း ဖြစ်သည်။ ဇာတ် ဆောင် အချင်းချင်း အမှန် တကယ် သတ်ဖြတ် တာတော့ မဟုတ်သည်ကို လူတိုင်း လိုလို သိပါ သည်။ ဇာတ်ကား အဖြစ် ဖန်တီးပြသ နေတဲ့ လူလူချင်း သတ်ဖြတ်မှု၊ လူလူချင်း နှိပ်စက်မှု (အက် ရှင်) တွေ ကိုတောင် ကြည့်ရှု ပြီးရင် လေးလာ တတ်သည်မှာ လူ့သဘာဝ ဖြစ်ပါသည်။

၂၀၁၂-ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ရခိုင် ပဋ္ဋိပက္ခ၌ ရိုဟင်ဂျာ မွတ်စလင်မ် ထောင်ပေါင်း များစွာ အသက်ဆုံး ရှုံးခဲ့ရသည်။ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရသည်။ ဤသို့ ဖြစ်လာအောင် ရခိုင် လူမျိုး များနှင့် ဦးသိန်းစိန် အစိုးရ တို့ပူးပေါင်းပြီး အကွက် ကျကျ စီမံ ဆောင်ရွက် ခဲ့ခြင်းမှာ တစ်ကမ္ဘာလုံးက အသိပင် ဖြစ်သည်။ မည်သို့ ပင် ဖြစ်စေ . . . ကမ္ဘာ့ အင်အားကြီး နိုင်ငံများ၊ လူ့အခွင့် အရေး လှုပ်ရှား နေသော အဖွဲ့ အစည်းများ၊ က မ္ဘာ့ ခေါင်းဆောင် ကြီးများ၊ ကမ္ဘာ့ ငြိမ်းချမ်း ရေးဆုရ ပုဂ္ဂိုလ် များသည် ရခိုင် ပဋိပက္ခအား ဟောလီဝုဒ်က ရိုက်ကူး ထုတ်လုပ်သည့် အက်ရှင် ဇာတ်ကား တစ်ကားလို ထင်မှတ်ပြီး ကြည့်ရှု အားပေး နေသည်နှင့် တူသည် ဟုဆိုလျှင် လည်းမှားမည် မထင်ပါ။ ရခိုင်ပြည်ရှိ ရိုဟင်ဂျာ လူမျိုး များသည် လူသား မ ဟုတ်ပေလော . . .၊ သို့တည်း မဟုတ် လူသား ဖြစ်ပါလျက်နှင့် ဤမျှ နှိပ်စက် သတ်ဖြတ် ခံနေ ရသည်ကို တဖြောင်းဖြောင်း လက်ခုပ်တီးပြီး အားပေး ကြည့်ရှု နေမည်လော . . .။

“အတိတ်က ရိုဟင်ဂျာတွေကိုလည်းသတ်ဖြတ်အနိုင်ယူခဲ့ပြီး”

“ယ္ခုရှိတဲ့ ရိုဟင်ဂျာတွေကိုလည်း သတ်ဖြတ်အနိုင်ယူမယ်”

“နောင်ဖားလာမယ့် ရိုဟင်ဂျာတွေကိုလည်း သတ်ဖြတ်အနိုင်ယူမယ်”

ဟိတ် . . . ဟိတ် . . . ဟိတ် . . .။

ရခိုင် လူမျိုးများနှင့် ဦးသိန်းစိန် အစိုးရသည် ရိုဟင်ဂျာ များကို လူမဆန် ရက်စက်စွာ သတ်ဖြတ် နိုင် ခဲ့သော အောင်မြင်မှု အထိမ်း အမှတ် အဖြစ် ကျန်ရှိနေ (အသက်ရှင်နေ) သော ရိုဟင်ဂျာ များအား လက်ဝှေ့ ကြိုးဝိုင်းထဲ ၀င် ရောက်ထိုး သတ်ယှဉ်ပြိုင်ရန် ပြန်လည် ဖိတ်ခေါ် လိုက်သည် ဟုဆိုလျှင် လည်း လွန်အံ့ မထင်။

“ရိုဟင်ဂျာ ဟူသမျှ လာကြ” လို့မာန်အပြည့်ဖြင့် ကြိုးဝိုင်း ထဲတွင် ရင်တမော့မော့နှင့် အော်ဟစ် နေသော ဦးသိန်းစိန် အစိုးရ၏ ကြွေးကြော်သံ များသည် မိုးယံပဲ ထင်ထပ် လိမ့်ရော။ အင်အားချည့်နဲ့ နေသူကို အနိုင် ယူခြင်း ဖြင့် ကြွေးကြော် အော်ဟစ်ပြီး မိမိ၏သတ္တိကို ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုနေသော ဦးသိန်းစိန် အား စာနာကြောင်း ပြောပြလိုပါသည်။

“နောင်ဖွား လာမည့် ရိုဟင်ဂျာတွေကို သတ်ဖြတ် အနိုင်ယူမည်” ဟူသော ကြွေးကြော်သံကို မကြာမီက ထုတ်ပြန်ခဲ့တဲ့ “ရိုဟင်ဂျာများ သားသမီး နှစ်ဦးထက် ပိုမယူစေရ” ဆိုသော ဒေသန္တရ အမိန့်က ပိုပြီး ခိုင် မာစေ ကြောင်း သက်သေထူ နေပါသည်။ ဤသို့ သားသမီး မွေးဖွားမှုကို ကန့်သတ်ခြင်း ဥပဒေကို ဘာသာ လူမျိုးခွဲခြား ပြီး မည်သည့် နိုင်ငံကမှ ပြဌာန်း ထားသည် မရှိပါ။ မည်သည့် ဘာသာ ကမှ တားမြစ် ထားသည် မရှိပါ။ ပြည်နယ် တစ်ခုတွင် ခရိုင်(၄) ခုရှိသည့် အနက် မောင်တော ခရိုင်တွင် ထုတ်ပြန် ခဲ့သည်မှာ သဘာဝ မကျလှပေ။ မောင်တော ခရိုင်ထဲတွင် ဘာသာပေါင်း များစွာ နေထိုင်သည့် အထဲမှ ရိုဟင်ဂျာ မွတ်စလင်မ် များအတွက် သီးသန့် ကန့်သတ် ခြင်းသည် ပို၍ ရင်နာစရာ ကောင်းလှ ပါသည်။ လူ့သဘာဝ ကိုပင် အနိုင် ခွပ်နိုင်ရန် မျှော်လင့် ထားပုံရ သည်။ ဥယျာဉ်မှူး ဟူသည် အပင်စိုက်ဖို့သာ တာဝန် ရှိသည်။ အသီးကို ကန့်ကန့် သတ်သတ် ပွင့်စေဖို့ အစွမ်း သူ့မှာမရှိပေ။

စာရေး သူသည် စာနယ်ဇင်း များတွင် “အသံတိတ် လူသတ်သမား” ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါး အမြောက် အများကို ဖတ်ရှုခဲ့သည်။ HIV ပိုး၊ အသည်း အသားဝါ စီပိုး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စ သည်တို့ သည် တိတ်တိတ် ဆိတ်ဆိတ်နှင့် လူ့အသက်ကို ဆုံးရှုံး စေနိုင် သောကြောင့် “အသံတိတ် လူသတ်သမား” ဟု တင်စားခဲ့ခြင်း ဖြစ်ဟန် ရှိသည်။ ရိုဟင်ဂျာ တစ်မျိုးသား လုံးအား သေမင်း ခံတွင်း သို့ ရောက်ရှိ ရေးအတွက် ကြွေး ကြော် အော်ဟစ်ပြီး စိန်ခေါ်နေသော ဦးသိန်းစိန်အား “အသံဟိတ် လူသတ်သမား” ဟုဆိုရ ကောင်းမလား . . . ။

စာဖတ်သူများ ရွှင်လန်း ချမ်းမြေ့ ကြပါစေ။

ပဋိပက္ခအလွန် လားရှိုး

တညလုံး မိုးရွာထားလို့ မေလ ၃၀ ရက်နေ့ လားရှိုးမြို့ မြင်ကွင်းဟာ စိမ်းစို လတ်ဆတ်နေပါတယ်။ ကုန်ထမ်းသူကထမ်း၊ သုံးဘီးမောင်းသူက မောင်း၊ မြို့ထဲမှာလည်း ဥဒဟို သွားလာနေကြတာ ဘာမှ မဖြစ်ခဲ့သလိုပါပဲ။ ဒါပေမယ့် ဈေးဆိုင် အများစုကတော့ ပိတ်ထားကြဆဲ ဖြစ်ပါတယ်။
“အခုက မနက်ပိုင်းမို့လို့ ငြိမ်နေတာ။ နေ့လယ် ထမင်းစားချိန်ကျော်တာနဲ့ ရုတ်ရုတ် ရုတ်ရုတ် ထဖြစ်တာပဲ။ ကျနော်တို့တောင် မနက်ပိုင်း မို့လို့ သုံးဘီးထွက် မောင်းရဲတာ” လို့ သုံးဘီးသမားက ဆေးပေါ့လိပ်ကို ပါးစောင်ဘက် ပို့ရင်းပြောတယ်။ သူ့ မျက်နှာမှာလည်း ထိတ်လန့်မှုကို အထင်းသား တွေ့မြင်ရပါတယ်။ လားရှိုးမှာ သူနေခဲ့တဲ့ သက်တမ်း တလျှောက် ဒီလို အဖြစ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ သူက ဆိုပြန်တယ်။

နေရာက လားရှိုးမြို့ ရပ်ကွက်ကြီး ၃၊ သုံးထပ် မြို့မဈေးကြီးနဲ့ ကပ်လျက်တည်ရှိနေတဲ့ ဂျာမေ ဗလီဟာ ဗလီတခုလုံး မီးရှို့ ခံထားရတာကြောင့် မဲမှောင်နေပါတယ်။ ဗလီရဲ့ အောက်ထပ် ဆိုင်ခန်းတွေဆီက ညှော်နံ့ တလူလူ မီးခိုးနံ့ တလူလူ မီးလောင်ပြင်တွေ ကြားမှာ အမျိုးသမီး တချို့ အလုပ်များနေတယ်။ မီးသတ်ကားတွေကို အရေးပေါ် ဖြစ်လာမယ့် နေရာတွေ အတွက် စီစဉ်ထားရလို့ ဒီနေရာတွေမှာ အပြီးသတ် မီးမငြိမ်းနိုင်ဘဲ အခုလို မီးခိုးငွေ့ တဝေေ၀ ဖြစ်နေတာလို့ စောင့်ကြည့်နေတဲ့ အရံမီးသတ် တပ်ဖွဲ့ဝင်တဦးက ဆိုတယ်။ ဆိုင်ခန်းတွေထဲက အမျိုးသမီးတွေကတော့ တငွေ့ငွေ့လောင်နေတဲ့ ဘာပစ္စည်း တွေမှန်း ရုပ်မပေါ်တော့တဲ့ မီးကျွမ်းပစ္စည်းတွေကြားထဲကို ရေလောင်းလိုက်၊ ပစ္စည်းတွေ ကောက်လိုက်နဲ့ အလုပ်များနေကြတယ်။

အရင်ကတော့ ဒီဂျာမေဗလီရဲ့ အောက်ထပ်မှာ ဈေးဆိုင်ခန်း ၅ ခန်း ဖွဲ့ထားပြီး ဘယ်ဘက်အစွန် နှစ်ခန်းတွဲဟာ နှစ်ပေါင်း ၅၀ ကျော်အထိ အဓွန့်ရှည်လာခဲ့တဲ့ မြန်မာ ဗုဒ္ဓဘာသာပိုင် ရွှေဗဟိုစည် တေးသံသွင်းဆိုင်လို့ သိရပါတယ်။ ရွှေဗဟိုစည် တေးသံတွင်းဟာ ၁၉၅၆ ခုနှစ် ဗလီ စတင် တည်ဆောက်ပြီးချိန်ကတည်းက ဆိုင်ခန်းအပြတ်ဝယ်၊ ဗလီအတွက် လစဉ် အလှူငွေ ထည့်သွင်းပြီး ဆိုင်ဖွင့်ခဲ့တာလို့ ဆိုင်ပိုင်ရှင် မဆွေဆွေသန်းက ဆိုတယ်။

“ဗလီက လူတွေနဲ့ ဘေးခန်းက လူတွေက ဆွေမျိုးလိုနေတာ၊ မိသားစုလို နေခဲ့တာ။ လုံးဝ ရန်သူ မဟုတ်ဘူး၊ ဖြစ်လာချိန်မှာ ကျမတို့ ဘာမှ လုပ်ချိန်မရဘူး။ ပိုးသတ်ဆေး ထည့်တဲ့ ပလတ်စတစ် ပိုက်ထဲမှာ ဂတ်စ်တွေ ထည့်ထားပြီး ဆိုင်တွေကို လာဖျန်းတယ်။ သုံးစက္ကန့်ပဲ။ ကိုယ့်အသက်ကိုယ် လုပြေးခဲ့ရတာ။ ကျနော်တို့ ဆိုင်နီးချင်းတွေ၊ မိတ်ဆွေတွေ ဘယ်ရောက်ကုန်လဲ ကျမ မသိဘူး” လို့ သူက ဆိုပါတယ်။
ရွှေဗဟိုစည် တေးသံသွင်းဟာ သီချင်းခွေ၊ ဗီဒီယိုခွေတွေတင် မက ဂီတ တူရိယာ ပစ္စည်းတွေပါ ရောင်းချတဲ့ ဆိုင်လို့ သိရပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ အရပ်ရပ်က ထွက်လာသမျှ တရားခွေတွေကို ရှမ်းပြည်နယ် မြောက်ပိုင်းအတွက် ဒိုင်ခံ ဖြန့်ပေးနေတဲ့ ဖြန့်ချိရေး လုပ်ငန်းနဲ့ ဘုရားရုပ်ပွားတော်၊ ဆင်းတုတော်၊ စတာတွေကိုပါ တွဲဖက်ရောင်းချတယ်လို့ ဆိုပါတယ်။ အစ္စလမ် ဘာသာဝင်တွေရဲ့ ဗလီအောက်မှာ ဒီလို ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ အသုံးအဆောင်တွေ၊ တရားတော်တွေ ရောင်းချခဲ့တဲ့ အတွက် နှစ်ပေါင်းငါးဆယ်ကျော် ဘာပြဿနာမှ မရှိဘဲ ဆွေမျိုးသားချင်းလို နေခဲ့ကြတယ်လို့ လားရှိုးမြို့ခံတွေက ထောက်ခံ ပြောဆိုပါတယ်။

အချင်းချင်း ဘာပြဿနာမှ မရှိပေမယ့် အခုအချိန်မှာတော့ ဂျာမေဗလီဟာ မီးရှို့ခံရပြီး ဆိုင်ခန်းတွေ အားလုံးလည်း ပြာကျကုန်ပါပြီ။ ဆိုင်ခန်း ငါးခန်းအနက် သုံးခန်းမှာ ရောင်းချနေတဲ့ အစ္စလမ် ဘာသာဝင်တွေကတော့ အသက်လုပြေးရလို့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိပေမယ့် ရွှေဗဟိုစည်တေးသံသွင်းဆိုင်ပိုင်ရှင် မဆွေဆွေသန်း ကတော့ သူ့ဆိုင်ထဲက မီးမလောင်ဘဲ ကျန်ရစ်မယ့် ဘုရားဆင်းတုတော် တွေကို လိုက်လံရှာဖွေ သိမ်းဆည်း နေပါတယ်။
မစည်ကား အပ်သော အရပ်တွေထဲမှာ ဆေးရုံ ပါပေမယ့် လားရှိုးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာတော့ စည်ကားနေပါတယ်။ ဆေးရုံကြီးမှာ တက်ရောက် ကုသနေရတဲ့ မီးရှို့ခံရသူ မအေးအေးဝင်းကို တွေ့မြင်လိုသူ မီဒီယာသမား တချို့ ဆေးရုံကြီးရှေ့မှာ ရစ်သီ ရစ်သီ လုပ်နေကြတယ်။ ခွဲစိတ်ဆောင် ဒုတိယထပ်ရဲ့ ထောင့်ဆုံးခန်းကိုတော့ အထဲက ချက်ထိုးပြီး ပိတ်ထားပါတယ်။ လူနာလဲလျောင်းနေတဲ့ နေရာကို ဆေးရုံသုံး ကန့်လန့်ကာတွေနဲ့ ပိတ်ထားပြီးတော့ အခန်းအ၀င်ဝက ခုံတွေပေါ်မှာတော့ အမျိုးသမီးငယ် ၂ ယောက် ထိုင်နေပါတယ်။ သူတို့က မအေးအေးဝင်းရဲ့ မိသားစုဝင်တွေပါ။ တကိုယ်လုံး မီးလောင်ဒဏ်ရာ ရထားတဲ့ မအေးအေးဝင်းဟာ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့အမျိုးသားကတော့ ကုတင်ဘေးမှာ မတ်တပ်ရပ်နေပါတယ်။

မီဒီယာသမားတချို့ လူနာခန်းထဲ ၀င်လာတာကို သူက ကြိုက်ပုံမရပါဘူး။
“ကျမတို့ မိသားစုမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ ကျမတို့ အစ်မက မိသားစုထဲမှာ သဘောအကောင်းဆုံးပါ။ လုပ်သွားတဲ့ သူကိုလည်း ကျမတို့ မြင်တောင် မမြင်ဖူးခဲ့ဘူး။ အစ်မကလည်း ဝေဒနာသာ ခံစားနေရတာ အပြင်မှာ ဘာတွေဖြစ်နေပြီလဲ၊ မီးရှို့ လူသတ်တာတွေ မလုပ်ပါနဲ့တော့ ဆိုတာမျိုးပဲ ပြောနေတယ်” လို့ မအေးအေးဝင်းရဲ့ ညီမ တဦးက ဆိုပါတယ်။
အင်တာနက်နဲ့ သတင်းဌာန တချို့မှာ ဖော်ပြနေတဲ့ သတင်းနဲ့ သတင်းဓာတ်ပုံ အများစုဟာလည်း မှားယွင်းနေတယ်လို့ သူက ဆိုပါတယ်။ တကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိထားတဲ့ မအေးအေးဝင်းဟာ မီးလောင်ခံရပြီး သုံးရက်မြောက်တဲ့ မေ ၃၀ ရက်နေ့ မှာတော့ ဝေဒနာကနေ အနည်းငယ် သက်သာလာတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
ပစ်စလက်ခတ် ဆောက်လုပ်ထားတဲ့ အကာမပါ တဲကြီး နှစ်လုံးအောက်မှာ အစ္စလမ်ဘာသာဝင် ယောက်ျား၊ မိန်းမ၊ ကလေး တရာကျော် ကျပ်ကျပ်တည်းတည်း ထိုင်နေကြတယ်။ မွန်းတည့်နေက စူးစူးရဲရဲ ပူနေတာကြောင့် တဲအရိပ်ကို ကုပ်ကပ် ခိုနေကြရတာပါ။ အချိန်က မွန်းတည့်ကျော်ပြီဖြစ်လို့ ထမင်းမစားရသေးတဲ့ ကလေးတွေက နားမခံသာအောင် အော်ဟစ် ငိုယိုနေကြသလို၊ မိဘတွေရဲ့ ရာသီဥတု ပူလောင်မှု၊ ဆာလောင်မှု၊ မလုံခြုံမှုတွေကြားက စိတ်မရှည် ဒေါသဖြစ်မှုတွေက ကလေးတွေအပေါ် ကျရောက် ကုန်ပါတယ်။ သူတို့ကတော့ လားရှိုးမြို့ ရပ်ကွက် ၉ က အစ္စလမ် ဘာသာဝင်တွေပါ။ အခုအချိန် မှာတော့ သူတို့ကို အမှတ် ၉ နယ်မြေရဲကင်းထဲမှာ လုံခြုံရေးနဲ့တကွ နေရာချထားပေးပါတယ်။ ရုတ်တရက် စီစဉ်ရတာကြောင့် ရပ်ကွက်တွေထဲက ခေါ်လာတဲ့ အစ္စလမ်ဘာသာဝင် ဒုက္ခသည်တွေကို ကျွေးမွေးဖို့ ဘာမှ မစီစဉ်ရသေးသလို၊ အစီအစဉ်လည်း ရှိပုံ မပေါ်ပါဘူး။ မွန်းလွဲပိုင်းမှာတော့ ဒီလူတွေကို မန်ဆူ ရှမ်းဘုန်းကြီးကျောင်းကို ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

“စဖြစ်တာနဲ့ ကျနော်တို့မှာ ခိုကိုးရာမဲ့ပါ။ ကလေးတွေနဲ့ ဘယ်မှ မသွားတတ် မလာတတ်၊ တနေ့လုပ် တနေ့စားတွေဆိုတော့ ပိုက်ဆံက လက်ထဲ မရှိဘူး။ ပိုက်ဆံ တတ်နိုင်သူတွေကတော့ ပြန်ကုန်ပြီ။ စဖြစ်တဲ့ နေ့ကတည်းက ဟိုနားရှောင်၊ ဒီနားရှောင်၊ ဟိုးနားပုန်း၊ ဒီနားပုန်း နေခဲ့ရတယ်။ ကျနော်တို့က တကွဲတပြားစီ ဖြစ်နေတော့ ဒီက လာခေါ်မှ ရောက်လာတာ။ ဘာမှ မစားရသေးဘူး။ လောလောဆယ် ရပ်ကွက်ထဲက တချို့ အမျိုးသမီးတွေတော့ လာဝေတယ်။ ဒါပေမယ့် မလောက်ဘူး။ ကလေးတွေ၊ မိန်းမတွေကို ဦးစားပေးနေရတယ်” လို ပဲခူးတိုင်း ဝေါမြို့နယ်ကနေ လားရှိုးမှာ ဈေးရောင်းဈေးဝယ် လုပ်နေတဲ့ ရပ်ကွက် ၉ မှာနေထိုင်သူ တဦးက ဆိုသည်။
နေ့လယ် ၁ နာရီကျော်အထိ ရရှိတဲ့ သတင်းတွေအရ အမှတ် ၉ နယ်မြေ ရဲကင်းမှာ အစ္စလမ် ဒုက္ခသည် ၁၁၈ ဦးကို ခေါ်ယူထားပြီး ညနေပိုင်းမှာ သူတို့ကို မန်ဆူ ရှမ်းကျောင်းကို ပို့မယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်တွေကို စတင်ဖန်တီးခဲ့သူ၊ အပြစ်မဲ့ အရပ်သူ အမျိုးသမီးငယ်တဦးကို အကြောင်းမဲ့ ဓာတ်ဆီနဲ့ပက် မီးရှို့ခဲ့သူ ကိုနေ၀င်း ဆိုသူကိုတော့ လားရှိုးထောင်မှာ ထိန်းသိမ်းထားပါပြီ။ သူ့ကို ထိန်းသိမ်းထားနိုင်ပေမယ့် သူမွှေးခဲ့တဲ့ မီးကတော့ ဆက်လောင် နေခဲ့ပါတယ်။ လားရှိုးပဋိပက္ခကို စတင်ခဲ့သူ ကိုနေ၀င်းဟာ ကျိုင်းတုံနဲ့ တောင်ကြီးမြို့တွေမှာလည်း ပဋိပက္ခဖြစ်စေဖို့ အမျိုးမျိုး ကြံရွယ် လုပ်ဆောင်ခဲ့တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောဆို ထားပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့နောက် ၂၀၁၂ အောက်တိုဘာမှာ ရခိုင်ပြည်နယ်မှာ ဒုတိယ အကြိမ်၊ ၂၀၁၃ မှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာနဲ့ ပဲခူးတိုင်းဒေသကြီး ဥက္ကံမြို့တို့မှာ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ လားရှိုးမြို့မှာ ဒီလို အဓိကရုဏ်း ဖြစ်ပွားတာတာ ပထမဆုံးအကြိမ်လို့ လားရှိုး မြို့ခံတွေက ဆိုပါတယ်။

ဧရာဝတီ သတင်းဌာနမှဆောင်းပါးကို ကူးယူဖေါ်ပြသည်။

လားရှိုး မွတ်စလင်မ် ဒုက္ခသည် အရေအတွက် ပြည်နယ်ပြန်ကြားရေးစာရင်းထက် ၂ ဆကျော်ကွာပာနေ


လားရှိုးမွတ်စလင်မ်မျာအား ဘာသာရေး အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် မေလ ၃၀ ရက်နေ့တွင် မန်ဆူရှမ်းကျောင်းတိုက် နှင့် စိတ္တသုခကျောင်းတိုက်များတွင် ဒုက္ခသည်များ အများအပြား ရောက်ရှိနေပြီး အရေအတွက်မှာမှု အစိုးရပြည်နယ်ပြန်ကြားရေးမှထုတ်ပြန်သည့် စာရင်းထက် ၂ ဆကျော်ပိုမိုများပြားနေကြောင်းသိရသည်။

“မန်ဆူကျောင်းမှာစောင့်ရှောက်ထားတာ မွတ်စလင်မ် ၁၀၀၀ ကျော်ရှိတယ်။ဒုက္ခသည် အနေနဲ့မပာုတ်ပါဘူး။ဒီမွတ်စလင်မ်တွေက ဘုန်းကြီးကျောင်းကို ခဏခဏ ၀င်ထွက်နေကျဆိုတော့ ပဋိပက္ခတွေဖြစ်တော့ စိုးရိမ်ပြီးခိုလှုံ့ခွင့်လာတောင်းတာပါ….”ပာု မန်ဆူရှမ်းကျောင်းတိုက်မှ ဆရာတော် ဦးကောလိသ္မက ပြောကြောင်း ယနေ့ထုတ်ရွေနိင်ငံသစ် သတင်းစာတွင်ဖေါ်ပြထားသည်။

ဒုက္ခသည် အများစုမှာအစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ရပ်ကွက် (၇၊၉၊၁၀)တို့မှ အများဆုံးဖြစ်ကြောင်းသိရသည်။
အစ္စလာမ်ဘာသာဝင် ဒုက္ခသည် များတစ်ထောင်ကျော်ရှိကြောင်း လက်ခံထားရှိရာ ရှမ်းကျောင်းဆရာတော် ဦးကောလိသ္မ ကိုတိုင် ပြောကြားထားသော်လည်း ပြည်နယ်ပြန်ကြားရေးစာရင်းများတွင်မှု ၄၃၉ ဦးပာုသာထုတ်ပြန်ထားသည်။

ဘင်္ဂလားသား ဗုဒ္ဓဘာသာဝင်များကို မြန်မာပြည်ဘက်ခြမ်းတွင် နေရာချပေးခြင်းဖြင့် ရိုဟင်ဂျာများအား ပိုမိုဖိနှိပ်ရန် ကြိုးပမ်း

မြန်မာအစိုးရနှင့် ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်ရိုဟင်ဂျာတို့အား နိုင်ငံသားအဖြစ် အသိအမှတ်မပြုသည့်အပြင် ၎င်းတို့၏ ဇာတိမြေ၊ ၎င်းတို့၏ ကျေးရွာများမှ မောင်းထုတ်ရန် ကြိုးစားခဲ့ကြသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေကို ရိုဟင်ဂျာတွေရဲ့ ကျေးရွာမှာ နေရာချပေးနေတာတွေက ဒေသခံမွတ်စလင်လူ့အဖွဲ့အစည်းကို ပိုမိုဖိအားပေးဖို့ ဖန်တီးလိုက်တာပါပဲ” ဟု
ရိုဟင်ဂျာလူ့အခွင့်ရေးဆောင်ရွက်သူ ခင်မောင်လေးက ပြောသည်။

“အဲဒီလူတွေဟာ ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ပေါင်းပြီး ပဋိပက္ခတွေဖြစ်တုန်းက ရိုဟင်ဂျာရွာတွေကို မီးတင်ရှို့ခဲ့တဲ့သူတွေပါ။ ဗုဒ္ဓဘာသာဝင်အများစုက ရိုဟင်ဂျာအသိုင်းအ၀ိုင်းနဲ့ ပဋိပက္ခဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင် ပိုမိုခြိမ်းခြောက်နေတာပဲလို့ မြင်ပါတယ်၊ သူတို့ပြောနေတာကိုပဲ ကြည့်လေ၊
အဲဒီနေရာတွေမှာ မွတ်စလင်တစ်ယောက်မှ မမြင်ချင်ဘူးဆိုပဲ” ဟု ခင်မောင်လေးက ပြောပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူနည်းစု ဗုဒ္ဓဘာသာဝင်များသည် ပြီးခဲ့သည့်လ စက်တင်ဘာတွင် ဗုဒ္ဓ၀ါဒီဘင်္ဂါလီတစ်ဦးက ဖေ့စ်ဘုတ်စာမျက်နှာပေါ်၌ အစ္စလာမ်ဘာသာအား စော်ကားခဲ့သဖြင့် မွတ်စလင်များနှင့် ပဋိပက္ခဖြစ်ပြီး ဘုန်းကြီးကျောင်း ၁၉ ကျောင်း နှင့် နေအိမ်များ မီးရှိုဖျက်ဆီးခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ အလုံးအရင်းနှင့် ၀င်ရောက်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဆန့်ကျင်ရေးပဋိပက္ခ၌ စစ်တကောင်းနှင့် အခြားဒေသတို့တွင်နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုဒ္ဓဘာသာရခိုင်နွယ်ဖွားများက စိုးရိမ်သောက ရောက်ရှိခဲ့ရာ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများမှတဆင့် မြန်မာနိုင်ငံမှ အစိုးရအေဂျင်စီများနှင့်
ဘုန်းတော်ကြီးကျောင်းများထံ အကူအညီရယူခဲ့ကြောင်း ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ၀င်းမြိုင်က ဆိုသည်။

“သူတို့ဘ၀တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခြိမ်းခြောက်ခံနေရပါတယ်တဲ့၊ ဒါကြောင့် သူတို့ စိတ်ချရတဲ့ နေရာကို ပြောင်းရွှေ့ချင်နေပါတယ်။ ကျွန်တော်တို့က တတ်နိုင်သလောက် ကူညီပါ့မယ်ဆိုတဲ့ သတင်းကို
ပြန်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခြောက်လလောက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုဒ္ဓဘာသာဝင်မိသားစု ၁၀၀ လောက် နယ်စပ်ဖြတ်ကျော်ပြီး မြန်မာပြည်ကို ၀င်ရောက်လာခဲ့ပါတယ်” ဟု မစ္စတာမြိုင်က ပြည်တွင်းမီဒီယာကို ပြောဆိုခဲ့သည်။

“အခုလာမယ့် လတွေမှာလည်း ဗုဒ္ဓဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပိုပြီး စွန့်ခွာလာမယ်လို့ မျှော်လင့်ပါတယ်။ လာရင်လည်း ကျွန်တော်တို့က ဒီမှာ အတည်တကျနေရာချပေးမယ်၊ လိုအပ်တဲ့ အကူအညီတွေလည်းပေးဖို့ အသင့်ပါပဲ” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဆန့်ကျင်ရေးပဋိပက္ခတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ချက်ချင်းရပ်တန့်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုများကို ကျေနပ်လောက်အောင် ပြုပြင်ပေးခဲ့သည့်အပြင် ဗုဒ္ဓဘာသာဝင် ဒုက္ခသည်များကိုလည်း အကူအညီများ ထောက်ပံ့ပေးခဲ့ကြောင်း
ဘုန်းတော်ကြီးများနှင့် မျက်မြင်သက်သေများက ပြောပြသည်။

”မွတ်စလင်လူအုပ်ကြီးက ဆက်ပြီးတိုက်ခိုက်ဖို့ ပြင်တယ်၊ ဒါပေမယ့် အစိုးရက ချက်ချင်း ရဲရော၊ လုံထိန်းအဖွဲ့တွေရောနဲ့ အန္တရာယ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရွာတွေကို ၀ိုင်းဝန်းစောင့်ရှောက်ပေးတယ်၊
တိုက်ခိုက်လာမယ့်အန္တရာယ်တွေကို တားမြစ်ပေးနိုင်ခဲ့တယ်”ဟု ကော့ဘဇားခရိုင်ရှိ ဘင်္ဂလားဒေ့ရှ်ဘုန်းတော်ကြီးကျောင်းမှ အရှင်ကရုဏာရှရီသီဟက မိန့်ကြားသည်။

“မွတ်စလင်တွေ တိုက်ခိုက်ပြီးနောက် အစိုးရရဲ့ ကိုင်တွယ်ပုံကို ဗုဒ္ဓဘာသာဝင်တွေ သဘောကျပါတယ်။ အစိုးရက အကူအညီတွေပေးတဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေကို
အသစ်ပြန်ဆောက်ပေးပါတယ်”ဟု ဦးဇင်းက ဆက်လက်မိန့်ကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အများဆုံး တိုက်ခိုက်ခံရသည်မှာ ဒေသခံ ဘင်္ဂလီစကားပြော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း ယခု မြန်မာနိုင်ငံတွင်းသို့ ပြောင်းရွှေ့သွားသူများမှာ မြန်မာတိုင်းရင်းသား
နွယ်ဝင်များဖြစ်နေကြောင်းကို ကော့ဘဇားရှိ ဘင်္ဂလီဗုဒ္ဓဘာသာအဖွဲ့အစည်းခေါင်းဆောင် နီလွတ်ပဲဘာရူးက ထောက်ပြခဲ့သည်။ မြန်မာမျိုးနွယ်စုများမှာ ဘင်္ဂလီဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းနှင့်
တသီးတခြားနေထိုင်ကြပြီး အလွန်အမင်း ဆင်းရဲကြကြောင်း သိရသည်။

“စက်တင်ဘာတိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာပြီး မြန်မာပြည်ကို ထွက်ပြေးတဲ့အထဲမှာ ဘင်္ဂလီဗုဒ္ဓဘာသာဝင်တွေ တစ်ယောက်မှ မပါပါဘူး၊ ကျွန်တော်တို့အတွက် အစိုးရရဲ့ အကောင်းဆုံး အထောက်အပံ့တွေ ရခဲ့ပါတယ်။ ဒီမှာနေရတာ လုံခြုံမှုမရှိဘူးလို့ မခံစားကြရပါဘူး” ဟု
ဗုဒ္ဓဘာသာအဖွဲ့အစည်း အကြီးအကဲဖြစ်သူ ဘာရူးက ပြောကြားသည်။

…..ပြည်ပြေးများ၏ ပြည်တော်ပြန်……

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော ဒီမိုကရေစီတိုက်ပွဲအား စစ်တပ်မှ ဖြိုခွဲပြီးနောက် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော NLD ပါတီအပါအ၀င် အခြားနိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားအများအပြား သည်
ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြတ်ကျော်ကာ ဒုက္ခသည်များအဖြစ် ခိုလှုံခဲ့ကြသည်။

‘၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်တော့မယ်ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ နိုင်ငံရေးသမားတွေ မြန်မာပြည်ပြန်ခဲ့ကြတယ်”ဟု မြန်မာ-ဘင်္ဂလားအရေး ကျွမ်းကျင်သူ ဂျာနယ်လစ် မုဟမ္မဒ်နူရ်အစ္စလာမ်က ဆိုသည်။

“သူတို့တွေကို မြန်မာနွယ်ဖွားတွေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ်နေထိုင်ကြတဲ့ ဗမာလူမျိုးတွေက ထောက်ခံအားပေးခဲ့ကြပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

“အခု အဲဒီဒုက္ခသည်တွေဟာ ဆယ်စုနှစ်နဲ့ချီပြီး ဆင်းဆင်းရဲရဲနေထိုင်ခဲ့ကြရတဲ့အတွက် အစိုးရအာဏာပိုင်တွေနဲ့
ဘုန်းတော်ကြီးကျောင်းတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့အတူ မြန်မာပြည်က ရိုဟင်ဂျာရွာတွေမှာ ၀င်ရောက်နေထိုင်ပြီး ပိုမိုကောင်းမွန်တဲ့ဘ၀ကို တည်ဆောက်ဖို့ မျှော်လင့်နေကြတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် မေလတွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာရွာများအား ၎င်းတို့၏ ကျေးရွာများမှ စွန့်ခွာထွက်ပြေးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဖြတ်ကျော်ဝင်ရောက်လာခြင်းပင်ဖြစ်သည်။
ရိုဟင်ဂျာဆန့်ကျင် မုန်းတီးရေး လှုပ်ရှားမှုတွေက မနှစ်ကနေ ယခုနှစ်တိုင်
ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက်ပဋိပက္ခတွေ ပြီးဆုံးသွားသည့်တိုင်အောင်
ဒေသခံအာဏာပိုင်များက ရိုဟင်ဂျာများအား ၎င်းတို့၏နယ်မြေ၊ ၎င်းတို့၏ အိမ်များသို့
ပြန်လည်သွားရောက်ခွင့် မပြုတော့ပါ။ ရိုဟင်ဂျာများပိုင်ဆိုင်ခဲ့သော နယ်မြေအားလုံးကို ဆင်းရဲသား ဗုဒ္ဓဘာသာဝင်များအား ခွဲဝေစွန့်ကြဲပေးကမ်းရန် ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ဗုဒ္ဓဘာသာဆန့်ကျင်ရေး တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမည့် ဗုဒ္ဒဘာသာဝင်များကို ကူညီနေရာချထားပေးရန် မြန်မာအစိုးရအာဏာပိုင်တို့က ရခိုင်ပြည်နယ်သတင်းစာများတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့ ရခိုင်ပြည်နယ်က နိုင်ငံရေးသမားတွေက ဘင်္ဂလားဒေ့ရှ့်မှာ ရှိတဲ့ ဆင်းရဲသား ဗုဒ္ဓဘာသာဝင်တွေကို ဒီမှာလာပြီး အခြေချဖို့ ဖိတ်ခေါ်ထားတယ်၊ ဒီမှာ နေစရာ အိမ်တွေလည်း ပေးမယ်၊ လုပ်ကိုင်စားသောက်ဖို့ ရိုဟင်ဂျာတွေရဲ့ လယ်မြေတွေလည်းပေးမယ် ဆိုတော့
လယ်မရှိယာမရှိတဲ့ ဆင်းရဲသားဗုဒ္ဓဘာသာဝင်တွေ အပျော်ကြီးပျော်ပြီး တက်တက်ကြွကြွ ရောက်လာကြတာပါ”ဟု စစ်တွေမြို့မှ ကိုကျော်သိန်းက ပြောပြသည်။

…..စံပြကျေးရွာ…..

၂၀၁၀ ခုနှစ်တွင် မြန်မာအစိုးရက အိမ်ခြေ ၁၀၀ ခန့်ပါဝင်သော စံပြကျေးရွာ ၄၀ နီးပါး ဆောက်လုပ်ပြီး နိုင်ငံအနှံ့မှ အိမ်ယာမဲ့ ကျူးကျော်နေထိုင်သူ ဗုဒ္ဓဘာသာဝင်များအား နေရာချပေးရင်း
ရိုဟင်ဂျာမွတ်စလင်အများစုနေထိုင်ရာဒေသတွင် ဗုဒ္ဓဘာသာဝင်အင်အားကို တိုးမြှင့်ကာ လူဦးရေအချိုးအစား ချိန်ညှိခဲ့ကြောင်းမြန်မာအစိုးရအရာရှိမှတဆင့် သိရှိရသည်။

ပြည်တွင်း အစိုးရထောက်ခံသော သတင်းစာများတွင် ဘင်္ဂလားဒေ့ရှ်မှ ဗုဒ္ဓဘာသာဝင်များ ရခိုင်ဒေသသို့ ၀င်ရောက်လာပုံများကို ပုံမှန်ဖော်ပြပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသော ဗုဒ္ဓဘာသာဝင်
မိသားစုတိုင်းကို လယ်မြေဧက ၂ ဧကနှင့် စစ်တွေသို့မဟုတ် မောင်တောတွင် အိမ်တစ်အိမ် ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက ပြည်တွင်းမီဒီယာကို ပြောကြားသည်။

“သူတို့တွေဟာ ကျွန်တော်တို့ရဲ့ မျိုးနွယ်ဝင်အုပ်စုတွေပဲ၊ ကျွန်တော်တို့ သူတို့ကို ကူညီရမယ်၊ သူတို့ကို စံပြကျေးရွာမှာ အိမ်တွေ၊ လယ်မြေတွေ ခွဲဝေမပေးခင် အရင်ဆုံး မောင်တောက ဗဟိုဘုန်းတော်ကြီး ကျောင်းမှာ
တစ်ရက်နှစ်ရက် တည်းဖို့ပေးမယ်၊ အခုလောလောဆယ်ထိ မောင်တောမှာ ဗုဒ္ဓဘာသာ ၃ ထောင်ကနေ ၄ ထောင်လောက်ကို နေရာချထားပေးပြီးပါပြီ” ဟု အဆိုပါ အရာရှိက ဆိုသည်။

….အိန္ဒိယကို ထွက်ပြေး……

ပြီးခဲ့သည့်နှစ် မေလကဖြစ်ပွားခဲ့သည့် အကြမ်းဖက်ပဋိပက္ခအတွင်း မြန်မာပြည်မှ ထွက်ပြေးသွားသော ရိုဟင်ဂျာမွတ်စလင် ၂ သောင်း ကျော်ရှိပြီး ၎င်းတို့အနက် ၁၅၀၀ ခန့်မှုာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံသွားခဲ့ကြကြောင်း လှုပ်ရှားသူများက ဆိုသည်။

ယခုနှစ်အစောပိုင်းတွင် မောင်တောမှ အိန္ဒိယသို့ ထွက်ပြေးသွားသော မိုဟမ္မဒ်ဇူဘိုင်းရ် သည် ၎င်းနှင့်အတူ အခြား ရိုဟင်ဂျာ ၁၈ လည်းပါဝင်ကြောင်း ပြောပြသည်။ အစိုးရ၏ ထောက်ပံ့မှုဖြင့် ဘင်္ဂလားဒေ့ရှ်မှ ဗုဒ္ဓဘာသာဝင်များကို ၎င်းတို့၏ မြို့တွင် နေရာချပေးကာ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်တို့အကြား
လူဦးရေ ချိန်ညှိရန်ကြိုးစားမှုသည် ထိုနေရာ၌ မွတ်စလင်တို့် ဆက်လက် အသက်ရှင်ရန်အတွက် ပိုမိုခက်ခဲသွားစေကြောင်း ဇုဘိုင်းက ပြောပြသည်။

အစိုးရ အရာရှိများက “ဒီဒေသမှာ မွတ်စလင် ၆ သိန်းလောက်ရှိပြီး ဗုဒ္ဓဘာသာဝင် ၂ သောင်းလောက်ပဲရှိတော့ ဗုဒ္ဓဘာသာဝင် သိန်းနဲ့ချီပြီး နေရာချထားပေးရပါမယ်၊ ဒါမှ မွတ်စလင်တွေရဲ့ ခြိမ်းခြောက်မှုကို ဒီဒေသက ဗုဒ္ဓဘာသာဝင်တွေ မခံရမှာ” ဟု ပွင့်ပွင့်လင်းလင်းပြောဆိုကြသည်။

“ရိုဟင်ဂျာတွေရဲ့ လယ်မြေတွေကို သိမ်းပြီး ဘင်္ဂလားဒေ့ရှ်မှခိုးဝင်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ပေးမယ့်အစီအစဉ်ပါ” ဟု အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်ကို ရောက်ရှိလာသည့် ဇုဘိုင်းက ပြောသည်။

“ကျွန်တော်တို့ ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းရာနဲ့ချီပြီး နေလာခဲ့တာပါ။ ဒါတောင် သူတို့က ဘင်္ဂလားဒေ့ရှ်က တရားမ၀င်ခိုးဝင်လာသူတွေအဖြစ် စွပ်စွဲနေတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကျတော့ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာတဲ့ သူတွေကို လိုလိုလားလား လက်ခံကြိုဆိုနေတယ်၊ အဲဒါဘာကြောင့်လဲဆိုတော့ အဲဒီခိုးဝင်လာတဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်နေလို့ပါ” ဟု စစ်တွေမြို့ခံ
ကျော်သိန်းက ပြောသည်။

“ သဘောကတော့ ဘင်္ဂလားသား ဗုဒ္ဓဘာသာဝင်တွေကို ဒီဒေသမှာ တံခါးမရှိ ဓါးမရှိ ၀င်ခွင့်ပေးတာဟာ ကျွန်တော်တို့ကို တိုက်ခိုက်တဲ့အခါ လူအင်အားစုပြီးသားဖြစ်သလို ကျွန်တော်တို့ကို ဒီထက်ပိုပြီး
အကြမ်းဖက်လာမယ့် အခြေအနေကို ဖန်တီးနေပါတယ်”ဟု ၎င်းက ဆိုသည်။

Christian Science Monitor မှ Buddhists from Bangladesh resettle in Myanmar, Rohingya Muslims cry foul ကို စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မ် မီဒီယာ) ဆီလျော်အောင် ပြန်ဆိုသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့် အား သံဃာအချို့က ဖမ်းထားသူများလွတ်ပေးရန် အုတ်ခဲကိုင်ကာ ခြိမ်းခြောက် ပာုဆို


သာသနာရေးဝန်ကြီး ဦးဆန်းဆင့် နှင့် ပြည်နယ်ဝန်ကြီးရုံးမှ ဦးစိုင်းအောင်မြတ် တို့သည် ယမန်နေ့ ညနေ ၆း၀၀နာရီတွင် လားရှိုးမြို့၊ ရွှေခါးရိုးကျောင်းတိုက်သို့ ၀င်ရောက်ကာ အကြမ်းဖက်မှုတွင်ပါဝင်ပတ်သက်သည့် ကိုရင်များအား ၀င်ရောက်ဖမ်းဆီးရာ ကျောင်းရှိ အခြားသံဃာများက အုတ်ခဲများဖြင့် ၀ိုင်းဝန်းခြိမ်းခြောက်ကာ ဖမ်းဆီးထားသူများကို ပြန်လွတ်ပေးရန် တောင်းဆိုသဖြင့် ပြန်လွတ်ပေးခဲ့ရကြောင်းသိရသည်။

သံဃာအချို့မှ ပြည်ထောင်စုဝန်ကြီး အားအထက်ပါ အတိုင်းအုတ်ခဲကိုင်ကာ ခြိမ်းခြောက်မှုဖြစ်စဉ်ဖြစ်ပွားပုံကို
Wira Thu ဖဘ စာမျက်နှာတွင်ဖေါ်ပြထားသည်။မန္တလေးမြို့မှ ဘာသာရေး အဓိကရုန်းမှုထောင်ထွက် ၊သကာင်္န်းခြုံ ၀ီရသူ ဆိုသူသည် အစ္စလာမ်ဘာသာအား မပာုတ်မမှန်စော်ကားပောာပြောခြင်း၊မွတ်စလင်မ်ဆန့်ကျင်ရေး တရားများပောာပြောခြင်းစသည့် ရပာန်းတော်ဝိနည်းနှင့် ဆန့်ကျင်သည့် အပြုအမှုမျိုးကိုကျင့်သုံးသူတစ်ဦးဖြစ်သည်။

အထက်ပါဖြစ်ရပ်များဖြစ်ပွားပြီးနောက် လားရှိုးမြို့အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်း ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်ခြင်းများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သာသ နာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လိုက်လံပြောဆိုလျှက်ရှိကြောင်း ပြည်သူ့ခေတ် သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။

ယနေ့နံနက်တွင် သာသနာရေးဝန်ကြီးနှင့်အဖွဲ့ လိုက်လံသတိပေးနေပုံ
ဓါတ်ပုံ ကို (ပြည်သူ့ခေတ်) မှကူးယူဖေါ်ပြသည်

မေ-၃၁၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

တရုတ်နိုင်ငံမှ ဟက်ကာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမည်

အမေရိကန် အဆင့်မြင့် စစ်လက်နက် နည်းပညာများကို တရုတ် ဟက်ကာများ ဖေါက်ထွင်း ရယူသွားမှုကို တရုတ်အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဟု အမေရိကန် ကာကွယ်ရေး အတွင်းရေးမှူး ချက်ဟဂ္ဂလ်က ပြောဆိုသည်။
http://www.voanews.com/content/hagel-to-address-cyber-attacks-with-chinese/1671986.html
————————————

အရှေ့ဂျေရုဆလင် အိမ်ယာနှင့်ပတ်သက်၍ ပါလက်စတိုင်းနှင့် အမေရိကန် စိတ်ပျက်

အစ္စရေး၏ အရှေ့ဂျေရုဆလင်တွင် အိမ်ယာ ဆောက်လုပ်မှုအသစ်များ ခွင့်ပြုခဲ့သောကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ထိခိုက်စေခဲ့သည်။
http://www.jpost.com/Diplomacy-and-Politics/Palestinians-US-upset-by-east-Jerusalem-building-314997
———————————–

Samsung ၏ ထုတ်ကုန်အသစ် အတွက် Intel ပရိုဆက်ဆာကို သုံးမည်

Galaxy Tab 3 10.1အတွက် ယခင် အသုံးပြုနေကျ ARM ပရိုဆက်ဆာကို မသုံးပဲ Intel ပရိုဆက်ဆာ Clover Trail+ ကို ပြောင်းလဲ အသုံးပြုမည် ဟုဆိုသည်။

http://www.reuters.com/article/2013/05/30/us-samsung-intel-tablet-idUSBRE94T13Z20130530
————————————

အမေရိကန် အိုကလာဟိုးမားမြို့သို့ လေဆင်နှာမောင်းတိုက်ခတ်

အိုကလာဟိုးမားမြို့သို့ အင်္ဂါနေ့က အနည်းဆုံး သုံးကြိမ် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ ပြီး အာကန်းဆတ်တွင်လည်း နှစ်ကြိမ် တိုက်ခတ်ခဲ့သည်။ အနည်းဆုံး လူကိုးဦးခန့် ဒါဏ်ရာရရှိခဲ့သည်။

http://www.guardian.co.uk/world/feedarticle/10816972
———————————–

လာအိုနိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံသား ခိုလှုံလာသူများကို ပြန်ပို့

တောင်ကိုရီးယားနိုင်ငံက ပြန်မပို့ရင် တောင်းဆိုခဲ့သော်လည်း လာအိုနိုင်ငံသည် တရုတ်နိုင်ငံမှတဆင့် မြောင်ကိုရီးယား ခိုလှုံလာသူ ကိုးဦးအား အင်္ဂါနေ့ကပြန်ပို့လိုက်သည့်အတွက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဝေဖန်လိုက်သည်။
http://www.bbc.co.uk/news/world-asia-22712820
———————

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ် တရုတ်နှင့် ဆိုက်ဘာ ခြိမ်းခြောက်မှုကို ဆွေးနွေးမည်

အမေရိကန်သည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအား ဆိုက်ဘာခြိမ်းခြောက်မှုများ သက်သာစေရန် လမ်းကြောင်းဥပဒေများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ ချတ်ခ် ဟက်ဂယ်က ကြာသပတေးနေ့တွင် ပြောကြားသည်။
Myanma Age Media
——————–
Samsung မှ Galaxy S4 “Mini” ထုတ်မည်

တောင်ကိုရီးယားနိုင်ငံ၏ ဆမ်ဆောင်း ကုမ္ပဏီ မှ အလယ်လတ်တန်း လူတန်းစားများ အတွက် ထုတ်လုပ်ဖြန့်ဖြူးမည့် သူတို့၏ နောက်ဆုံးထုတ် Galaxy S4 smartphone ၏ ဗာရှင်း အသေးစား ကို ထုတ်လုပ်မည်ဖြစ်ကြောင်း ကြာသာပတေးနေ့က ကြေညာခဲ့သည်။
http://www.m-mediagroup.com/news/14214

————————————
အစ္စရေး နိုင်ငံ၏ မည်သည့် ကျူးကျော် ရန်စမှုမျိုးကို မဆို ချက်ချင်း တုံ့ပြန်သွားမည်ဟု ဆီးရီးယား ပြောကြား

အနာဂတ် ကာလတွင် အစ္စရေး အစိုးရဘက်မှ ပြုလုပ်လာမည့် မည်သည့် တိုက်ခိုက်မှုကို မဆို မိမိတို့ အနေဖြင့် ချက်ချင်းတုံ့ပြန် သွားမည်ဖြစ်သည်ဟု မေ ၂၉ ရက်တွင် လက်ဘနွန် ရုပ်သံဌာန တစ်ခုနှင့် ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ် အယ်လ်မူအလမ်က ပြောကြားသည်။
(မြဝတီ)

လားရှိုး အကြမ်းဖက်မှုတွင် မသင်္ကာသူ ၃၅ ဦး ရဲက ဖမ်းဆီးထား

မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာသူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ထိုဖမ်းဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။

“တနေ့က၊ စဖြစ်တဲ့နေ့က ၂၀ ဖမ်းထားပါတယ်။ နောက်နေ့မှာတော့ ၁၅ ယောက် ဖမ်းဆီးထာပါတယ်” ဟု တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

ယနေ့ အကြမ်းဖက်မှုများ ငြိမ်သက်နေပြီ ဖြစ်သော်လည်း မြို့အစွန်ရှိ ရပ်ကွက်များ၌ လူစုရုံးနေသည် ဆိုသည့်ကောလာဟလ များ ထွက်ပေါ်နေကြောင်းလည်း ခရိုင်ရဲစခန်း တာဝန်မှူးက ဆိုသည်။

သို့သော် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ထို နှစ်ရက်တာအတွင်း လားရှိုးမြို့ပေါ် ဆူပူ ဖျက်ဆီးမှုများတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူ ၂၅ ဦးအား လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

“ဖမ်းဆီးထားသူ အားလုံးဟာ လားရှိုး မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကို လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန်အတွက် မနေ့က စပြီး မြို့ဝင် ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း” ဟု ဦးရဲထွဋ် က ရေးသားထားသည်။

ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း ၆ဝဝ နီးပါးရှိပြီး လုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးမှလက်ထောက်ညွှန်ကြားရေး မှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

ပဋိပက္ခကြောင့် ပိတ်ထားသော မြို့မဈေးနှင့် ဆိုင်ခန်းအချို့လည်း ပြန်ဖွင့်ပြီဖြစ်ကြောင်း လာရှိုးမြို့နေ ဒေသခံများ ထံမှ သိရသည်။

“ဒီနေ့ မြို့ ပေါ်မှာတော့ ဘာသံမှ မကြားဘူး။ မြို့မဈေးလည်း ပြန်ဖွင့်ပြီ။ လူစုလူဝေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြဘူး” ဟု လားရှိုးမြို့နေ ကိုနေဖြိုး က ပြောသည်။

ပဋိပက္ခကြောင့် နေအိမ် ဆုံးရှုံးခံရသူများအတွက် အမှတ် ၇ နှင့် အမှတ် ၈ ရပ်ကွက်တို့တွင် ဒုက္ခသည် စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ကိုနေဖြိုးက ပြောပြသည်။

ပုဒ်မ ၁၄၄ အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။

“နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်သူတွေ၊ ဘာသာရေး ခုတုံးလုပ်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရဲတွေ စစ်တပ်တွေကလည်း သူတို့အလုပ် သူတို့ တာဝန်ကြေအောင် လုပ်နေကြပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဖိုးအောင် က ပြောသည်။

အကြမ်းဖက်မှုများကြောင့် ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ မော်တော်ဆိုင်ကယ် ၁၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။