သံတွဲသတင်း (၃၀-ဇွန်-၂၀၁၃။ ည ၁၀း၃၈ နာရီ)

(မြန်မာမွတ်စ်လင်မ် အရပ်သား စာမျက်နှာတွင် ပေးပို့သော သတင်း)

ယနေ့ည ၁၀ နာရီခွဲခန့်တွင် သံတွဲရှိ ဒေသခံတစ်ဦးအား ဖုန်းဆက်သွယ် မေးမြန်းချက်အရ။ “မုဒိန်းမှုက တကယ်ဖြစ်လား၊ ဘယ်သူလည်း ဆိုတာတွေကို သူတို့တောင် သေချာ မသိပါဘူးတဲ့။ ဒါပေမယ့် နဂိုကတည်းက အံတော်ဘုန်းကြီး ကျောင်းထဲမှာက လူစုထားတာ ရှိတယ်တဲ့။ အံတော်မြို့သစ်က ဦးဘိုနီအိမ်နဲ့ မစာဝါအိမ် ခဲပစ်ခံရပြီး ဖျက်စီးခံရတယ်လို့ ပြောတယ်။ သံတွဲမြို့ပေါ်မှာတော့ ည ၇ နာရီခွဲကနေ မနက် ၄ နာရီထိ ကာဖျူးထုတ်လိုက်တယ်လို့ ပြောတယ်။

ညမထွက်ရအမိန့်ထုတ်ပြီး ည ၈ နာရီလောက်မှာ ဟာဂျီဦးတင်မောင်အိမ် နည်းနည်းဖျက်ခံရတယ်တဲ့။ အခုတော့ တစ်မြို့လုံး တိတ်ဆိတ်သွားပြီး လမ်းဆုံတွေမှာ စစ်သားတွေ စောင့်နေတယ်လို့ ပြောပါတယ်။ CDMA လိုင်ဖုန်း၊ ဟန်းဖုန်း အကုန်လုံး လိုင်းပြတ်သွားပြီ လို့ပြောတယ်။ အခုဟာက တောင်ကုတ်ဘက်က လူတွေလည်း ဆင်းလာတယ်ဆိုတဲ့ ကောလဟလတွေက ပြန့်နေတယ်။ မြို့ထဲက မွတ်စ်လင်မ်တွေက တကယ်လို့ တစ်ခုခု ဖြစ်လာရင် ထွက်ပေါက်မရှိ ပိတ်မိနေသလို ဖြစ်နေတယ်။ မိတ္ထီလာမှာတုန်းကလည်း ညမထွက်ရ အမိန့်ထုတ်ပြီးမှ ပိုဆိုးသွားတယ်ဆိုတော့ အားလုံး ထိတ်လန့်နေကြရတယ်။

xxxxxx xxxxxx xxxxxx xxxxxx xxxxxx xxxxxx xxxxxx xxxxxx

၉၆၉ အကြမ်းဖက်သမားများနှင့် ရခိုင်အစွန်းရောက် RNDP ပါတီဝင်များ ပူးပေါင်းပြီး ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက် ဆူပူမှုများ ဆောင်ရွက်နေခြင်း

(Ahnaf Micheal ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြသည်)

ရက်စွဲ ၃၀.၆.၂၀၁၃။

သံတွဲမြို့ ကုန်းလမ်းပို့ဆောင်ရေး ဂိတ်မှုး ၉၆၉ အကြမ်းဖက်လှုပ်ရှားမှု ခေါင်းဆောင်ထွန်းသန့်ကျော်(ခ) ကျော်ကျော် (ရဲအောင်လံ ကားဂိတ်) ဦးဆောင်ပြီး အစွန်းရောက် ရခိုင်ပါတီမှ လူ (၁၀၀) တို့သည် ကြိုတင်စီမံထားသည့် အတိုင်း ကုလားဗမာ အဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သာမန် သမီးရည်းစားနှစ်ဦးအား ဖမ်းခေါ်ပြီး ရဲစခန်းသို့အပ်နှံကာ မွတ်စ်လင်မ်တစ်ဦးမှ ဗုဒ္ဓဘာသာ တစ်ဦးအား အတင်းအဓမ ပြုကျင့် သယောင် သတင်းလွင့်ပြီး ဆူပူမှုကို စတင်ခဲ့ပါသည်။

ထိုအခြင်းအရာကို ပြသနာဖန်တီးရန် ငွေယူထားသော ရဲအောင်လံ ကျော်ကျော်မှ အခွင့်ကောင်းယူကာ ယခင် အရပ်ဒေသများကဲ့သို့ တူညီသော လုပ်ဇတ်တစ်ခုကိုခင်းကာ ရခိုင်အစွန်းရောက် RNDP ပါတီ စည်းရုံးရေးမှူး လူငယ်များဖြင့် ရဲစခန်းနှင့် အာဏာပိုင်များကို ဗန်းပြ ပြသနာလုပ်ပြီး လူစုကာ လူနည်းစု မွတ်စ်လင်မ်များနေထိုင်ရာ သံတွဲမြို့ အံတော်ရပ်တွင် ဆူပူဖျက်ဆီးမှုများကို စတင်ခဲ့ပါသည်။

အံတော်ရပ်ရှိ မွတ်စ်လင်မ်ပိုင် ကောင်းကင်သစ္စာကားဂိတ်မှ ကားများအား လူအင်အား ၁၀၀လောက်မှ ခဲဖြင့် ထုခွဲဖျက်ဆီးခဲ့ပြီး ဂိတ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသည်။

တဆက်တည်း ယင်းရပ်ကွက်ရှိ မွတ်စ်လင်မ် လူနေအိမ်များ အားလုံးအား ဖျက်ဆီးခဲ့ပါသည်။ မွတ်စ်လင်မ်အိမ်များအား တစ်အိမ်တက်ဆင် မီးရှို့ဖျက်ဆီးရာတွင် လေတိုက်ခပ်မှုကြောင့် အနီးတဝိုက်ရှိ ဗုဒ္ဓဘာသာဝင် အိမ်များအားလည်း မီးကူးစက်လျှက်ရှိကြောင်း သိရှိရပါသည်။

ယခုလက်ရှိ သတင်းများအရ မြို့တွင်းရှိ မွတ်စ်လင်မ်အိမ်များအား အဘက်ဘက်မှ (တောင်ဘက်၊ ဂျိတ်တောဘက်၊ ရွေကျောင်းပြင်ဘက်၊ အံတော်ဘက်) လူများဝန်းရံကာ ဆက်လက်ဖျက်စီးရန် လူစု ကြံဆောင်လျှက်ရှိကြောင်း သတင်များ ရရှိလျှက်ရှိပါသည်။

တဆက်တည်းတွင်ပင် သံတွဲမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဗဟာဗန္ဓုလလမ်းနှင့် ဂန္ဓမာလမ်းထောင့် ရှိ မွတ်စ်လင်မ် အိမ်များအား အဖျက်သမား အယောက် (၁၀၀)ကျော်မှ အုပ်စုဖွဲ့ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း ယခု သံတွဲမြို့ရဲစခန်းမှ ယာယီပုဒ်မ ၁၄၄ ထုတ်ထားပြီး ပဓိပက္ခ အခြေအနေများကို ထိန်းသိမ်းလျှက် ရှိနေကြောင်း၊ သို့ရာတွင် ၉၆၉ ကျော်ကျော်နှင့် ၄င်း RNDP အဖွဲ့တို့မှာ လူစုလျှက်ရှိပြီး ကြိုတင်စီမံထားသည့်အတိုင်း အစဉ် တည်ငြိမ်အေးချမ်းလျှက်ရှိသော သံတွဲမြို့အား သမိုင်းတွင် တစ်ခါမျှမဖြစ်ဖူးသေးသည့် ကုလားဗမာ အဓိကရုဏ်းအား
အကွက်ကျကျ စီမံလျှက်ရှိနေကြကြောင်း၊ မြို့ခံများ ပြောကြားချက်အရ သိရှိရပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: