Daily Archives: July 24th, 2013

ရခိုင်မှ မွတ်စလင်မ် ဒုက္ခသည်များပြန်လည်နေရာ ချထားရေးဆော်ဒီ ဘုရင်မှဒေါ်လာ ၁.၈၈ သန်း လှူ

KSA gives

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ၏ နေရာထိုင်ခင်းအတွက် UNHCR မှ ဆောင်ရွက်ပေးနေသော လူသားချင်း စာနာထောက်ထားရေးအစီအစဉ်ထံသို့ ဒေါ်လာ ၁.၈၈ သန်းကို ပေးပို့လှူဒါန်းကြောင်း ဆော်ဒီအာရေဗျမှ ကြေညာလိုက်သည်။

ဤအရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဆော်ဒီအာရေဗျ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ရံပုံငွေအဖွဲ့မှ ယူစွတ်ဖ် အလ်ဘတ်စမ် (Yousef Al-Bassam) နှင့် ရိယဒ်မြို့၊ UNHCR ဌာနေကိုယ်စားလှယ် အင်မ်ရာန် ရီဇာ (Imran Riza) တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်နေသူများစွာ၏ ဘ၀အနေအထားများ တိုးတက်လာရေး၌ ဤသို့ ငွေပင်ငွေရင်း၊ အချိန် နှင့် ရည်ရွယ်မှုများဖြင့် ကူညီပါဝင်ခြင်း၏ အရေးကြီးပုံကို ရီဇာမှ သဘောတူလက်မှတ်ရေးထိုးပြီးနောက် အလေးအနက် ထားပြောကြားသည်။

အထူးကော်မရှင်နာမင်းကြီး အန်တိုနီယို ဂူတာရက်စ်(Antonio Guterres) ကိုယ်စား ရီဇာက ကမ္ဘာ့အမြင့်မြတ်ဆုံး ၀တ်ကျောင်းတော်နှစ်ခုအား ထိန်းသိမ်းစောင့်ရှောက်နေသူ ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်၏ ရက်ရောသော ဤအလှူဒါနအပေါ် အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ လူသားချင်းစာနာရေး၌ ဆော်ဒီ၏ ဦးဆောင်ကူညီခြင်း အခန်းကဏ္ဍကို ပေါ်လွင်ထင်ရှားစေကြောင်း ဆက်လက်တင်ပြခဲ့သည်။

ယင်းအိုးအိမ်မဲ့ ဒုက္ခသည် ပြည်သူများအား အခိုင်အမာနေရာ ချထားပေးရေးအတွက် ဆော်ဒီအာရေဗျ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ရံပုံငွေအဖွဲ့သည် ပါကစ္စတန်နှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

Ref: ARAB NEWS

ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေသူများ (သူ့အတွေး သူ့အမြင် )

ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

တောင်ကြီး ထင်ရှုးမြိုင် ကျောင်းတိုက် က အရှင်က၀ိစာရ ကို ကျောင်းလု မှုနဲ့ မနှစ်က တရားစွဲထားတာ မနေ့ကတော့ သာသနာတော် ညှိုးနွမ်းစေမှု နဲ့ ဆိုပြီး အလုပ်ကြမ်း နဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ပြစ်ဒဏ် ကို တောင်ကြီး တရားရုံးက ချမှတ်လိုက်တယ်တဲ့။

ဒီမှာ စဉ်းစားစရာ ရှိတာက ဘုန်းကြီးတစ်ပါး ဟာ သူ ၁၀ နှစ်ကျော် ကျောင်းထိုင်လာခဲ့တဲ့ ကျောင်းကို ဆေးတက္ကသိုလ် ဆောက်ရန် ဆိုပြီး အစိုးရသိမ်းထားတဲ့ မြေ ပေါ်မှာ မဖယ်ရှားရရေး ကြိုးပမ်း တာဟာ သာသနာတော် ညှိုးနွမ်းစေမှု မြောက်သလား ဆိုတာပါ။

ကဲထားပါတော့ … ဒါက ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်း စေတယ် ဆိုရင် ဒီ့ထက် အပုံကြီး ပိုပြီး သာသနာတော် ကို ညှိုးနွမ်းစေတဲ့ ဘုန်းကြီး တွေများကျတော့ ရောဗျာ။

တစ်ချို့ဘုန်းကြီးတွေရဲ့ ဗုဒ္ဓသာသနာ နဲ့ မပတ်သက်တဲ့ အလဇ္ဇီတရား တွေ ဟောကြားမှုကြောင့် လူပေါင်း သိန်းကျော် အိုးအိမ်တွေ မီးရှို့ခံရ၊ ဥကွဲသိုက်ပျက်တွေ ဖြစ်ရ၊ အသက်ပေါင်းများစွာတွေ ဗုဒ္ဒသာသနာအကြမ်းဖက်မှု ဆိုတဲ့ တံဆိပ်ကပ်ခံရမှု တွေ နောက်မှာ ပိုးစိုးပက်စက် စတေးခံခဲ့ရ။

တစ်ချို့ ဗီဒီယို အထောက်အထားတွေ မှာဆို သင်္ကန်းပတ် ထားတဲ့ ဘုန်းတော်ကြီးတွေ ကိုယ်တိုင် ကို ဓါးတွေ၊ တုတ်တွေ ကိုင်ဆောင်ပြီး ကာယကံမြောက် ခုတ်ထစ်သတ်ဖြတ်ကြ၊ လူစင်စစ် တွေကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ကြနဲ့ လူကြားလို့လည်း မကောင်းဘူး၊ လူမြင်လို့လည်း မကောင်းဘူး။

လူမမယ် ကလေးငယ်လေး တွေကိုတောင် စာနာညှာတာ ရကောင်းမှန်းမသိ၊ အဘိဇ္ဇာမောဟ စီးပြီး ရက်ရက်စက်စက် သတ်ဖြတ်တော်မူကြတဲ့ ဘုန်းကြီးတွေ၊ ဒါတွေအားလုံး က ၀ှက်ထားလို့လည်း ရတာမဟုတ်ဘူး။ ကမ္ဘာကသိကြပြီ။ ဟိုးလေးတကြော် ကို မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးယုတ်တွေရဲ့ အကြောင်းကို ခါးစောင်းတင် ဖော်ပြနေလိုက်ကြတာမှ လိုက်ဖတ်လို့မနိုင်။

ဒီကြားထဲ ကိုယ်တိုင် ကာယကံမြောက် မသတ်ဖြစ်ဘူး ဆိုရင်တောင် ၀ဇီကံမြောက် တရားဟောပြီး၊ ဗီစီဒီ တွေ စာအုပ်ကြီးငယ် တွေဖြန့်ပြီး ဒါမျိုးဖြစ်အောင် ၊ ဒါမျိုးသတ်ဖြတ်အောင် ဇောင်းပေး လှုံ့ဆော်ပေးနေတာတွေ မမြင်ချင့် အဆုံး။

ဟိုတလောက ဆိုရင် ဘုန်းကြီးဆိုတဲ့ ပလ္လင်ပေါ် က လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုပြီး တခြားဘာသာဝင် တွေ အလေးအမြတ် ထားတဲ့ ကိစ္စတွေကို ယုတ်ယုတ်ရိုင်းရိုင်း၊ ရင့်ရင့်သီးသီး ပျက်လုံးထုတ်တဲ့ ၊ သီလ၊သမာဓိ၊ ပညာ၊ စာဂ ဘာမှမရှိတဲ့၊ ရုပ်ရည်တွေ ကြည့်လိုက်ပြန်ရင်လည်း ကြက်သရေမဲ့လှတဲ့ ဘုန်းကြီးတွေ ဆိုလည်း မတွေ့ချင် အဆုံး။

သူတို့ သူတို့ တွေရဲ့ ကာယကံ၊ ၀ဇီကံ၊ မနောကံ လုပ်ရပ်မှားတွေ ကြောင့် မြန်မာဗုဒ္ဓဘာသာလည်း ကမ္ဘာ့ အလယ် မှာ အဖတ်ဆည် မရအောင် နာမည်ပျက်ရ၊ နောက်ဆုံး အတုံ့အလှည့်အဖြစ် ဘယ်တုန်းကမှ ဘာယင်ကောင်မှ တောင် မ၀ဲ ခဲ့ဘူးတဲ့ ဗုဒ္ဓဂယာ က ဗုဒ္ဓသမိုင်းဝင် အဆောက်အအုံ တွေလည်း ဥပါဒ်ပြုခံရ။

အကြောင်းကြောင့် အကျိုးဖြစ်ရတာတဲ့၊ ဒါက ဗုဒ္ဓအဘိဓမ္မာလေ နော်။ ကဲ ..ဒီလိုဒီပုံအကျိုးတွေ ဖြစ်လာရတာ ဒီဘုန်းကြီးတွေရဲ့ အကြောင်းပြုမှုကြောင့်ပဲ မဟုတ်ပေဘူးလား။ ဒါဆို ဘာလဲ ဒီဘုန်းကြီးတွေ က ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်းစေ သူတွေ မဟုတ်ဘူးလား။ ဒါမှ မဟုတ် ဗုဒ္ဓသာသနာတော် ကို ဂုဏ်ရောင် ပြောင်အောင် သိဒ္ဓိတင်ပေးနေကြသူတွေ လား။

ကဲဘယ်ဘုန်းကြီးတွေကို ပြောနေတာလဲ မေးစရာတော့ မလိုပါဘူးနော်။ သူတို့ဟာ ဗုဒ္ဓသာသနာ ကို ညှိုးနွမ်းစေ သူတွေ မဟုတ်ကြဘူးလား။ သူတို့ကိုကျ ဘာ့ကြောင့် လူဝတ်လဲ ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ မချ နိုင်တာလဲ။ ဒီလိုမှ မဟုတ်ရင် ဒီဘုန်းကြီးတွေကပဲ ဗုဒ္ဓသာသနာ ကို ဖျက်ဆီးမယ့် သူတွေပဲ ဆိုတာ ပြောပါရစေ။

(ရောဘတ်အယ်လ်ဟို့စ်)

ဓါတ်ပုံအညွှန်း- ၂၀၁၃ မတ်လ ၂၀ ရက်နေ့က မိထ္ထိလာမြို့ရှိ မွတ်စလင်မ်များပိုင် ဆိုင်နှင့် အိမ်များ ဖျက်ဆီးနေသည့် မြင်ကွင်း

မွတ်စလင် အွန်လိုင်းအသုံးပြုသူတွေအတွက် သီးသန့် လွှင့်တင်လိုက်တဲ့ “Halalgoogling Search Engine”

အင်တာနက်အသုံးပြုပြီး အွန်လိုင်းမှာ သိရှိလိုတဲ့ အချက်အလက်တွေကို ရှာဖွေနိုင်ဖို့ “Search Engine” တွေကို လူတိုင်းမဖြစ်မနေ သုံးရလေ့ရှိပါတယ်။ “Search Engine” တွေဟာ ဝဘ်ဆိုဒ်တွေရဲ့ သတင်းအချက်အလက် လိပ်စာတွေ ကို စုစည်းဖော်ပြပေးပေမဲ့လည်း တစ်ချို့ အချက် အလက်တွေဟာ အစ္စလာမ်သာသနာရဲ့ လမ်းညွှန် ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ အတွက် မွတ်စလင် တွေ အတွက် ဝင်ရောက်ကြည့်ရှုဖို့ရာ မသင့်တော် ပါဘူး။

ဒီလိုမသင့်တော်တဲ့ သတင်းအချက်အလက်တွေကို ဖယ်ရှားပေးပြီး သန့်ရှင်းတဲ့ ဝဘ်ဆိုဒ်တွေကိုသာ “Search Result” တွေအဖြစ် ဖော်ပြဖို့ရာ “Halalgoogling” လို့ အမည်ပေးထားတဲ့ အစ္စလာမ်မစ် “Search Engine” တခုပေါ်ထွက်လို့ လာပါပြီ။ ဒီ “Search Engine” ဟာ မွတ်စလင်တွေ အတွက် သီးသန့် ရည်ရွယ်ထားတာဖြစ်ပြီး နာမည်ကြီး ”Search Engine” တွေဖြစ်တဲ့ “Google” နဲ့ “Bing” တို့သကဲ့သို့ “Web Interface” ကနေတဆင့် လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ “Halalgoogling Search Engine” ကို ဤ Link ကနေ စမ်းသပ်အသုံးပြု နိုင်ပါတယ်။ အားကစားသတင်းတွေ၊ ဈေးဝယ်လမ်းညွန် သတင်းအချက်အ လက်တွေ အပြင် ကလေးသူငယ်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုလွယ်ကူ စွာရှာဖွေနိုင် မှာ ဖြစ်ပါတယ်။

မွတ်စလင် အွန်လိုင်းအသုံးပြုသူတွေကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ အခြား “Search Engine” တွေ ရှိခဲ့သော်ငြားလည်း အားလုံးမှာ လိုအပ်ချက်တွေ အသီးသီးရှိခဲ့တာကြောင့် လူသိမများခဲ့ ပါဘူး။ “Halalgoogling”ကတော့ အဲဒီလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးထားတယ်လို့ဆိုပါတယ်။ မွတ်စလင်တွေအတွက် မသင့်တော်တဲ့ သတင်းအချက်အလက်ပါ ဝဘ်ဆိုဒ်တွေကို “Search Result” တွေကနေဖယ်ထုတ်ပေးမဲ့ အလိုအလျှောက် (ဉာဏ်ရည်တု) စနစ်ကို “Haram Filtering System” လို့ အမည်ပေးထားပါတယ်။

ခရစ်ယာန်သာသနာဝင် တွေအတွက် ChristianGo.com အမည်ရှိ “Search Engine” နဲ့ ဂျူးတွေအတွက် လည်း သူတို့အတွက် သီးခြား “Search Result” တွေထုတ်ပေးနိုင်တဲ့ www.jewogle.com အမည်ရှိ “Search Engine” တွေရှိကြောင်းလည်း သိရှိရပါတယ်။

 

ရွေးချယ်ခံထားရသည့် ရိုဟင်ဂျာ ရွာအုပ်ချုပ်ရေးမှူး များနေရာတွင် ရခိုင်များ အစားထိုး

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်းရှိ ကျောက်ပန်ဒို၊ ၀ါးချ နှင့် ဂေါဒူဆာရာ ကျေးရွာ များသို့ ၂၀၁၃ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ လာရောက် ခဲ့ပြီး၊ ဆယ်အိမ်မှူး များရွေးချယ် ပေးခဲ့သည်။ ထိုဆယ်အိမ်မှူး များမှ ကော်မရှင် အဖွဲ့ဝင် ၅ ယောက်စီ ရွေးချယ် ခဲ့သည်။ ထိုကော်မရှင် များမှ ကျေးရွာ အသီးသီးတွင် ရိုဟင်ဂျာ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ရွေးချယ် တင်မြောက် ခဲ့ပါသည်။

ရွေးချယ် ခံရသူများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ သင်တန်း ပေးခဲ့သည်။ ရွေးချယ် ခံရသည့် ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူး များမှာ —

(၁) ၀ါးချ ကျေးရွာမှ ဦးအဒူကရီးမ်
(၂) ကျောက်ပန်ဒို ကျေးရွာမှ ဦးရဟီမုလ္လာ
(၃) ဂေါဒူဆာရာ ကျေးရွာမှ ဦးကရီမုလ္လာ – တို့ဖြစ်ပါသည်။

ယခုအခါ အထက်ပါ ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူး များအစား ရခိုင် လူမျိုးများကို အစားထိုး ခန့်အပ် လိုက်ပြီး၊ ကျေးရွာများမှ လူထု၏ ဆန္ဒဖြင့် ရွေးချယ် တင်မြှောက် ထားသည်ကို လျစ်လျူရှု လိုက်ခြင်း ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ အမိန့်ဖြင့် ယခုကဲ့သို့ အစားထိုး ခန့်အပ်ခြင်း ဖြစ်သည်ဟု ဒေသခံ များက RB News သို့ပြောသည်။

အစားထိုး ခန့်အပ်ခံ ရသည့် ရခိုင် လူမျိုး အုပ်ချုပ်ရေးမှူး များမှာ –

(၁) ၀ါးချကျေးရွာတွင် ဦးမောင်မောင်သိန်း (မောရ၀တီရွာသား ဖြစ်သည်)
(၂) ကျောက်ပန်ဒို ကျေးရွာတွင် ဦးကျော်သိန်း
(၃) ဂေါဒူဆာရာ ကျေးရွာတွင် ဦးသာလှ — တို့ဖြစ်သည်။

ယခုကဲ့သို့ အစားထိုး ခန့်အပ် လိုက်ခြင်းကြောင့် ကျေးရွာတွင်း မလိုလား အပ်သည့် ပြဿနာ များဖြစ်လာ နိုင်သောကြောင့် ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

http://bit.ly/16XkQk1

Documantary about Rohingya on World Refugees day! မှကမ္ဘာ ဒုက္ခသည်များနေ့ တွင်ပြသ လိုက်တဲ့ ရိုဟင်ဂျာ များ အ ကြောင်း

 

လင့်ကို ကလိနှိပ်၍ကြည့်ပါ။Please click link

https://www.facebook.com/photo.php?v=10200844934879709

တရုက်နိုင်ငံNTD TV မှကမ္ဘာဒုက္ခသည်များနေ့တွင်ပြသလိုက်တဲ့ရိုဟင်ဂျာများအကြောင်းChinese channel NTD TV documantary about Rohingya on World Refugees day!Thousands of Rohingyas flee from Myanmar each year on rickety boats seeking refuge and jobs in Indonesia, Thailand and Malaysia, but the number has swelled since unrest last year.

After independence in 1948, Myanmar’s new rulers tried to limit citizenship to those whose roots in the country predated British rule.

A 1982 Citizenship Act excluded Rohingya from the country’s 135 recognized ethnic groups, denying them citizenship and rendering them stateless.

Bangladesh also disowns them and has refused to grant them refugee status since 1992.

The government puts their number at one-point-three-three-million in the country of 60-million people, and say one-point-zero-eight-million are in Rakhine State.

Only about 40-thousand have citizenship.

Myanmar’s transformation from global pariah to budding democracy once seemed remarkably smooth.

After nearly half a century of military dictatorship, the quasi-civilian government astonished the world by releasing dissidents, relaxing censorship and re-engaging with the West.

Then came the worst sectarian violence for decades.

Clashes between Rakhine Buddhists and stateless Rohingya Muslims in June and October 2012 killed at least 192 people and displaced 140-thousand.

Most of the dead and homeless were Muslims.

From October 2012 to March 2013, between the monsoons, about 25-thousand Rohingya left Myanmar on boats, according to new data from Arakan Project, a Rohingya advocacy group.

That was double the previous year, turning the Rakhine problem into a region-wide one.

While many in Myanmar deem the Rohingyas as immigrants from neighbouring Bangladesh, authorities in Dhaka do not recognise them as Bangladeshi.

Many Rohingyas have perished in the rickety boats they use to flee persecution in Myanmar.

Even for those who survive treacherous sea crossings their future in neighbouring countries like Bangladesh, Thailand and Malaysia is uncertain and plagued with poverty and violence.
http://ntdtv.org/en/news/world/middle-east-africa/2013-06-19/world-refugee-day-on-july-20.html