OIC သံတမန်များအဖွဲ့က နိုင်ငံတကာ သံတမန်များနှင့် ရိုဟင်ဂျာနှင့် မြန်မာ မွတ်စလင်များ အရေး တွေ့ ဆုံ ဆွေးနွေး


RB News
7.8.2013
နယူးယောက် ။ ။ မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်တွင် လွန်ခဲ့သည့်နှစ် ဇွန်လက ရိုဟင်ဂျာ မွတ်စလင် များ အပေါ် အကြမ်းဖက် မှုများ စတင်ခဲ့ ပြီးနောက် မွတ်စလင် နိုင်ငံ ၅၇ နိုင်ငံ စုစည်း၍ ဖွဲ့စည်း တည်ထောင် ထားသော အစ္စလာမစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) မှ ရိုဟင်ဂျာ မွတ်စလင်များ အရေး ဆောင် ရွက်ရန် OIC Contact Group ကို နယူးယောက် မြို့ရှိ ကုလ သမဂ္ဂ ဆိုင်ရာ OIC သံအ မတ်ကြီး ကို ခေါင်းဆောင် ခန့်အပ်၍ ဖွဲ့စည်း ခဲ့သည်။
ရိုဟင်ဂျာ မွတ်စလင်များ အပေါ် အကြမ်းဖက်မှု များစတင် ပြီးနောက် OIC မှ လူမျိုး ဘာသာ မခွဲခြားဘဲ လူ သားချင်း စာနာ ထောက်ထားသည့် အထောက် အပံ့များ ပေးအပ်ရန်နှင့် ထိရောက်စွာ ပံ့ပိုးပေး နိုင်ရန် အတွက် မြန်မာ နိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ရန် ကမ်းလှမ်း ခဲ့သော်လည်း မြန်မာ အစိုးရမှ လူတစ်စု၏ ကန့်ကွက် မှုကို အကြောင်းပြ၍ုငြင်းပယ် ခဲ့သည်။
မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးနှင့် မြန်မာ မွတ်စလင် များအပေါ် ကျူးလွန်သည့် အကြမ်းဖက် မှုများ သည် သာမာန် အကြမ်းဖက်မှု မျိုးမဟုတ်ဘဲ၊ လူမျိုးတုန်း သတ်ဖြတ်ရန် ရည်ရွယ်၍ ပြုလုပ် ခဲ့ကြောင်း နိုင် ငံတကာမှ လူ့အခွင့် အရေး လှုပ်ရှားသည့် အဖွဲ့အစည်း များမှ အစီရင်ခံစာ များထုတ်ပြန် ခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင် များမှ အကြမ်းဖက် သမားများဖက်မှ ပါဝင်၍ ပစ်ခတ်ခြင်း၊ အကြမ်းဖက်မှု များကို မထိန်းသိမ်းဘဲ ရပ်ကြည့်နေခြင်း တို့ကို ထောက်ရှုခြင်း အားဖြင့် အကြမ်းဖက်မှု များ၏ နောက်ကွယ်တွင် မြန်မာ အစိုးရ ပါ ၀င် နေသည်ကို ထင်ရှားစွာ တွေ့မြင် ရမည် ဖြစ်သည်။
ဤကဲ့သို့ လူနည်းစု မွတ်စလင် များအား လူမျိုးတုန်း သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်း၍ အရေးယူရန် OIC Contact Group မှ လွန်ခဲ့သည့် ဇူလိုင်လတွင် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ အထွေထွေ ညီလာခံ ဥက္ကဌ၊ ဥရောပ သမဂ္ဂ၊ ကိုးရီးယား နိုင်ငံ တို့နှင့် ဆွေးနွေးခဲ့ပြီး၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် ကုလသမဂ္ဂရှိ အမြဲတမ်း ကိုယ်စားလှယ် အချို့နှင့် လည်း တွေ့ဆုံ ဆွေးနွေး ခဲ့သည်။
ထို့အပြင် ယမန်နေ့က တရုတ် သံတမန်များ နှင့်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။ သြစတြေးလျနှင့် ဂျပန် သံတမန် များနှင့်လည်း ယနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း OIC သံတမန် သတင်း များအရ သိရသည်။
ယမန်နေ့ (သြဂုတ်လ ၆ ရက်နေ့) က မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်မှ သမ္မတ ဦးသိန်းစိန် ကိုယ်စား OIC အထွေထွေ အတွင်းရေးမှူးချုပ် ထံသို့ စာတစ်စောင် ရေးသား ပေးပို့ ခဲ့ကြောင်း OIC သံတမန် များနှင့် နီးစပ်သူ တစ်ဦးမှ RB News သို့ပြောပါသည်။

– See more at: http://burmese.rohingyablogger.com/2013/08/oic.html#sthash.gAQG6GlC.dpuf

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: