နိုင်ငံခြားဖုန်းလုပ်ငန်းအုပ်စုများ၏ဈေးကွက်ဝေစု ကို မြန် မာ မှ လက် ၀ါး ကြီး အုပ် ထား

အောက်တိုဘာ-၂၈ ၊ ၂၀၁၃
M-Media

လွန်ခဲ့သောလ အနည်းငယ်ခန့်က ကမ္ဘာ့ အနိမ့်ကျဆုံး တယ်လီဖုန်း ဆက်သွယ်ရေးဈေးကွက် တစ်ခုရှိရာ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ကို လက်လွှတ်ရပြီးနောက် Vodafone နှင့် Orange တို့သည် ထပ်မံ ၀င်ရောက်ရန်အတွက် ရည်ရွယ်လျက်ရှိသည်။
မြန်မာနိုင်ငံသည် MPT၏ ဆက်သွယ်ရေး ကဏ္ဍ၌ ပုဂ္ဂလိက ဖက်စပ် လုပ်ကိုင်ရန် နိုင်ငံခြား ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့၏။ သို့သော် ကုမ္ပဏီ၏ ပုံမှန်လုပ်ငန်း ယန္တရားများ မသက်ဆိုင်ဟု နီးစပ်သော အသိုင်းအ၀ိုင်းမှဆိုသည်။

Orange ၊ Vodafone နှင့် စင်္ကာပူမှ SingTel တို့သည် ယခုနှစ် တင်ဒါခေါ်ယူမှု၌ ပါဝင်ခဲ့ကြသော်လည်း နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့က လိုင်စင်ရရှိသွားကြသည်။ ယခုသော် ယင်းလုပ်ငန်းစုနှစ်ခုမှာ အကြိတ်အနယ် ပြိုင်ဆိုင်နေကြပြီဖြစ်သည်။

MPT ၏ ဖက်စပ်လုပ်ငန်းနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် Vodafone နှင့် Orange မှငြင်းဆိုခဲ့သည်။ SingTel က မြန်မာနိုင်ငံအတွင်း အခွင့်အလမ်းများ ဆက်လက်ရှာဖွေသွားမည်ဟုသာ ပြောကြား၏။ MPT ကမူ မည်သည့်မှတ်ချက်ကိုမျှ မပေးခဲ့ချေ။

လူဦးရေ သန်း ၆၀ ရှိပြီး အခြေခံအဆောက်အဦ၊ လျှပ်စစ်ဓာတ်အား နှင့် ပြည်တွင်းကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်များပြားနေပါလျက် စီးပွားရေး တိုးချဲ့စီမံကိန်းများဆောင်ရွက်နေ သည့်နိုင်ငံ၌ မိုဘိုင်းလ် လိုင်စင်နှစ်ခုအတွက် အပြင်းအထန်ပြိုင်ဆိုင်မှုသည် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ မိုဘိုင်းလ်လိုင်းရရှိမည့် ဆင်းမ်ကဒ်တစ်ခုကို ဒေါ်လာ တစ်ရာကျော်အထိ လမ်းဘေးဆိုင်များတွင် အရောင်းအ၀ယ်ဖြစ်နေကြသည်။

ဆက်သွယ်ရေးကဏ္ဍကွက်လပ်ဖြည့်ရန် MPT ဖက်စပ်လုပ်ငန်းအတွက် အစိုးရရည်ရွယ်ထားသော အဓိကအစီအမံမှာ မရှင်းမလင်းဖြစ်နေသည်။ အစိုးရဖက်မှ ဖက်စပ်လုပ်ကိုင်လိုသူ မည်မျှလိုအပ်သည်ကိုလည်းကောင်း၊ MPT ဘဏ္ဍာရေး၌ မည်မျှပါဝင်ပေးကမ်းရသည်ကိုလည်းကောင်း တိကျစွာဖော်ပြထားချက်မရှိပါ။ “ သူတို့က အကျိုးတူခံစားမယ့် ပါတနာ ကို လိုချင်တာလား၊ နည်းပညာပါတနာကို လိုအပ်တာလားဆိုတာကိုတောင် မရှင်းလင်းပါဘူး ” ဟု သတင်းပေးသူတစ်ဦးမှ ဆိုသည်။

ယင်းအစီအစဉ်နှင့်နီးစပ်သူနောက်တစ်ဦး၏အဆိုအရ အစိုးရသည် ၄င်း၏မိုဘိုင်းလ်ကွန်ရက်အား ထူထောင်ရန်အထိ ကျယ်ကျယ်ပြန့်ပြန့် စီမံထားကြောင်း၊ လိုင်စင်မရရှိခဲ့သည့် Vodafone နှင့် ၄င်း၏လက်တွဲသူ China Mobile တို့က ထိုအချက်အား တစွန်းတစထုတ်ဖော်ထားကြောင်း သိရသည်။

MPT ၌ စစ်တပ်ကျောထောက်နောက်ခံ MEC ၏ အဓိကပါဝင်ပတ်သက်မှုက ၄င်းတို့၏ကိုယ်ပိုင်မိုဘိုင်းလ်ကွန်ရက်ငယ်အား ယင်းကဏ္ဍအတွင်းမှနေ၍ ထပ်မံတိုးချဲ့ရန် ရည်ရွယ် ထားသလောဟူသည် ထပ်မံစိုးရိမ်စရာတစ်ခု ရှိနေသည်။

ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုမ္ပဏီများအတွက် အတိုင်ပင်ခံအဖွဲ့ Vriens & Partners ၏ မြန်မာနိုင်ငံရှိ ဦးစီးဒါရိုက်တာ Romain Caillaud က MEC သည် MPT ၏ ပိုင်ဆိုင်မှု၌ ပါဝင်လာမည်လော သို့တည်းမဟုတ် MEC မှ ကိုယ်ပိုင်ကွန်ရက်ထူထောင်နိုင်ရန် MPT မှ ၄င်းအား ယာယီထည့်သွင်းမည်လော ဟူသည်ကို သိခွင့်မရကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့်အဖွဲ့များအနေဖြင့် လုပ်ငန်းမဆောင်ရွက်မီ ပွင့်လင်းမြင်သာမှုပိုမိုရရှိအောင် ပြုလုပ်စေရန် မျှော်လင့်ကြောင်း ပြောဆိုလိုက်သည်။

Ref:The Financial Times
M-Media Website တွင်ဖတ်၇န် =>http://www.m-mediagroup.com/news/19699
—————————————-
** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြလိုသူများ M-Media ၏ ခွင့်ပြုချက်လိုအပ်မည်ဖြစ်သည်။
ဆက်သွယ်ရန် editor@m-mediagroup.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: