Daily Archives: November 7th, 2013

ပျံသန်းနေသော ရဟတ်ယာဉ်တစ်စီးပေါ်မှ ခရီးသည်တစ်ဦး ခုန်ချ

 

နိုဝင်ဘာ-၆ ၂၀၁၃
M-Media

Newport Beach ကမ်းခြေသို့ ပျံသန်းနေသည့် ရဟတ်ယာဉ်တစ်စင်းမှ ခရီးသည်တစ်ဦးမှာ ရဟတ်ယာဉ်တံခါးအားဖွင့်ကာ ခုန်ချခဲ့သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ သည်ဟုသိရသည်။

ခုန်ချခဲ့သူမှာ အသက် ၆၀ အရွယ်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအမျိုးသားမှာ ၃၀-မိနစ်ကြာမြင့်သည့် ကမ်းခြေသို့သွားမည့် ရဟတ်ယာဉ် ခရီးစဉ်တွင် နှစ်ဦး လိုက်ပါရန် စာရင်းပေး ခဲ့သော်လည်း တစ်ဦးတည်း လိုက်ပါခဲ့ကြောင်း၊ ယမန်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂-နာရီ ၄၅-မိနစ်ခန့်က Fullerton လေယာဉ်ကွင်းမှ အဆိုပါရဟတ်ယာဉ်ပျံတက်ခဲ့ပြီး ၁၅-မိနစ်ခန့်ကြာပြီးနောက် လောယာဉ်ကြီးကြပ်သူမှ လူတစ်ယောက် ရဟတ်ယာဉ်ပေါ်မှ ခုန်ချသွားသည်ဟု သတင်းပေးခဲ့ကြောင်း ထို ရဟတ်ယာဉ်ကို မောင်းနှင် သည့် လေယာဉ်မှူးကပြေကြားခဲ့သည်။

အမြင့်ပေ ၅၀၀ ခန့်မှ ပယ်လယ်ထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ပြီး၊ ထိုအမျိုးသားအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည်။ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု ယူဆရသည့် ထိုအဖြစ်အဖြစ်အပျက် အား စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Ref : Latimes

M-Media Website တွင်ဖတ်ရန်=>http://www.m-mediagroup.com/news/20080

Advertisements

7-11-2013 နောက်ဆုံးရသတင်း၊ ………. ALL Myanmar Muslims News Update

M-Media

Myanmar Muslim Net

တဗ်လိဂ်ကြိုးပမ်းမူ

aai tee..

မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်း အပေါ် ချီးကျူး ဂုဏ်ပြုကြောင်း ကုလ အကြံပေး ပြောကြား

နယူးယောက် နိုဝင်ဘာ ၆

မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် ရှေ့ဆက် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခု သီတင်းပတ် အတွင်း ကျင်းပနိုင်ခဲ့သည့်အတွက် သက်ဆိုင် ရာ အဖွဲ့အစည်း အားလုံးကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေး  ဗီဂျေနမ် ဘီးယားက  ချီးကျူးဂုဏ်ပြု ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့အစည်းနှင့် မြန်မာအစိုးရကြား အောက်တိုဘာလအတွင်း  ချုပ်ဆိုခဲ့သော သဘောတူစာချုပ် အရ မြန်မာအစိုးရနှင့် ကချင်ပြည် နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အကြား ဆွေးနွေးပွဲ တစ်ရပ်ကို နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် မြစ်ကြီးနားမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် ဆယ်စုနှစ်အတွင်း မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအကြား ပထမဆုံးအကြိမ် ပြုလုပ်သော ဆွေးနွေးပွဲဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် အတွက် ရှေ့ဆက် လုပ်ဆောင်ရမည့် ကိစ္စရပ်များအတွက် များစွာအရေးပါကြောင်း ဗီဂျေနမ် ဘီးယားက ပြောကြား ခဲ့သည်။

ဆေးတက္ကသိုလ် ပညာသင်ဆု လျှောက်ထားနိုင်

 

ရန်ကုန် နိုဝင်ဘာ ၆

၂ဝ၁၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ပြီး ဆေးတက္ကသိုလ် အသီးသီးသို့ ပညာသင်ယူခွင့် ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ အနက် ပညာဆက်လက် သင်ယူရန်

အမှန်တကယ် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် (ဦးအေးကျော်)- ဒေါ်အေးအေးမြင့်  ရာဇာလင်း မိသားစုက ပညာဒါနပြုသော ”ရာဇာလင်း ဆေးတက္ကသိုလ် ပညာသင်ဆု” ကို လျှောက် ထား နိုင်သည်။

ရာဇာလင်း ဆေးတက္ကသိုလ် ပညာသင်ဆုကို ၂ဝဝ၈- ၂ဝဝ၉ ပညာသင်နှစ် မှစ၍ နှစ်စဉ် ချီးမြှင့်လာခဲ့ရာ ယခုပညာ သင်နှစ်တွင်လည်း ဆဋ္ဌမအကြိမ် အဖြစ်  ကျောင်းသား၊ ကျောင်းသူ ရှစ်ဦးတို့အား ပညာသင် ထောက် ပံ့ပေး မည်ဖြစ်သည်။ ပညာသင်ဆု လျှောက်ထားခွင့်ရှိ သူများမှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မန္တလေး ဆေးတက္ကသိုလ်နှင့် မကွေး ဆေးတက္ကသိုလ်များသို့ ၂ဝ၁၃- ၂ဝ၁၄ ပညာ သင်နှစ်၌ ပထမနှစ် သင်တန်း စတင် ဝင်ရောက်ခွင့် ရရှိသူများ ဖြစ်ရမည်။ ပညာသင်ဆု ရွေးချယ်ခြင်း ခံရသူများကို တစ်ဦးလျှင် တစ်လ ငွေကျပ်၅ဝဝဝဝ နှုန်းစီဖြင့် ပထမနှစ် မှစ၍ ဆေးပညာဘွဲ့ ရသည်အထိ လစဉ် ထောက်ပံ့ ချီးမြှင့်သွားမည် ဖြစ်သည်။

ပညာသင်ဆု လျှောက်ထား လိုသူများသည် ဆေးတက္ကသိုလ် ပညာသင်ဆုမှ ကိုယ်ရေး ရာဇဝင်၊  ပညာသင်ဆု လျှောက်ထားရခြင်း ကျိုးကြောင်း ပြည့်စုံစွာ ဖော်ပြသည့် ကိုယ်တိုင်ရေး မူရင်း လျှောက်လွှာ၊ လိုင်စင် ဓာတ် ပုံနှစ်ပုံ၊ အမှတ်စာရင်း မိတ္တူ၊ တက္ကသိုလ် ဝင်တန်း အောင်မြင်သည့် ကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်၊ မိမိနှင့် မိဘနှစ်ဦး၏ မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့ နယ် ရဲစခန်းတို့၏ ထောက်ခံချက်များနှင့် ဆက်သွယ်ရန် လိပ်စာ (ဖုန်း)တို့ ကို ပြည့်စုံစွာ ဖော်ပြ၍ အမှတ် (၅ဝ) ကန်ရိပ်သာ(၃)လမ်း၊ Finger Lake F.M.I City ၊ လှိုင်သာယာ မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ လိပ်မူပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝရက် နောက်ဆုံး ထားလျှောက် ထားနိုင်ကြောင်း သိရသည်။