Daily Archives: November 9th, 2013

*** လျှာကင်ဆာ အကြောင်းတစေ့တစောင်း ***

၇-၁၁-၂၀၁၃ နေ့ ထုတ် ရန်ကုန်တိုင်းမ် (The Yangon Times) အပတ်စဉ်ဂျာနယ် (စာမျက်နှာ ၃၀ ) မှာ ဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ။ FB မှ မိတ်ဆွေများ ကျမ္မာ သုတ ရစေဖို့ အတွက် မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်….ပေါက်ပေါက်)

လျှာသည် ကြွက်သားအမျိုးအစားတစ်ခုဖြစ်ပြီး၊ သတ္တ၀ါတိုင်း၏ ရသာအာရုံခံအင်္ဂါထဲတွင်တစ်ခုအပါအ၀င်ဖြစ်သည်။လျှာကင်ဆာဆိုသည်မှာ လျှာ၏ အရှေ့ (သို့ မဟုတ်) အနောက်ဘက်တွင်ကင်ဆာအကျိတ်ဖြစ်တည်ခြင်းကိုဆိုလို၏။ လျှာ အရှေ့ဘက် ကင်ဆာဖြစ်လျှင်စကားပြောရခက်ခဲပြီး၊ လျှာအနောက်ဘက်ကင် ဆာဖြစ်လျှင် အစာမျိုရန်ခက်ခဲပါသည်။
ထိုရောဂါ သည် ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်များဆုံးကင်ဆာ ၁၀-မျိုးစာရင်းထဲမပါဝင်သော်ငြား၊ စစ်တမ်းများအရ အမျိုးသားများသည် အမျိုးသမီးများထက် လျှာ ကင်ဆာဖြစ်နိုင်ချေပိုများပြီး၊ အသက် ၄၅ နှစ်ကျော်သောအခါ သတိပြုသင့်ပါပြီ။လျှာကင်ဆာ ဖြစ်ခါစ တွင် ကုသပျောက်ကင်းနိုင်သော်လည်း၊ စဦးပိုင်း ကာလ ထိရောက်   စွာကုသ မှုမရှိခဲ့ ပါက၊ ခံတွင်း/လည်ချောင်း/မေးရိုး/လည်ပင်း စသည့်အစိပ်အပိုင်း များသို့ လျှင်မြန်စွာ ကင်ဆာဆဲလ် များ ပြန့် ပွားလာစေနိုင်သည်။

*လျှာကင်ဆာ လက္ခဏာများ….*
(၁) လျှာ၏ အရှေ့ ပိုင်း ၃ပုံ ၂ပုံ (သို့ မဟုတ်) လျှာ၏ အနောက်ဘက်ပိုင်း ၃ပုံ၁ပုံခန့် နေရာများနှင့် သွားနှင့်ကပ်ရပ် လျှာဘေး ပတ်လည်များတွင် အနီ (သို့မဟုတ်) အဖြူ အကွက် များပေါ်လာခြင်း။ အချိန်ကြာလာသည့်နှင့်အမျှနီ-ဖြူအစက်အပြောက်များ ပိုပွားလာကာ နာကျင်စွာခံစားရခြင်း။

(၂) မတော်တဆလျှာကိုက်မိခြင်းမရှိပါဘဲ၊ အလိုအလျောက် လျှာရောင်ရမ်းနာကျင်လာ ခြင်း။

(၃)အချိန်ကြာမြင့်စွာ လည်ချောင်းနာသော်လည်း ကောင်းစွာကုသမှုမခံယူခဲ့ခြင်း။

(၄)အစာဝါးစားခြင်း နှင့် မျိုချသည့် အခါတိုင်း မခံမရပ်နိုင်အောင်နာကျင်၍ခက်ခဲစွာခံစားရခြင်း။

(၅) အစာဝါးခြင်း၊ ရေသောက်ခြင်း နှင့်မျိုချသည့်အခါတိုင်း လျှာ ပေါ်ရှိအဖုများမှ သွေးယိုစီးခြင်း (သို့ မဟုတ်) သူ့အလိုလို အကြောင်းမဲ့ လျှာပေါ်မှသွေးစိမ့်ထွက်ခြင်း။

(၆) လျှာကောင်းစွာ မလှုပ်ရှားခြင်းကြောင့် အသံမပီ ၀ိုးတ၀ါးဖြစ်၍၊ အသက်ရှုပုံစံမမှန်ဖြစ်လာခြင်း။

(၇)မကြာခဏ လျှာထုံခြင်း။

(၈) လူနာအနဲစုတွင် နား အတွင်းပိုင်း ကိုက်ခဲလာခြင်း။

(၉)လည်ပင်းအကျိတ် ကြီးထွားရောင်ရမ်း၍ သိသိသာသာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းလာခြင်း။
(၁၀) လည်ချောင်းထဲ တစ်ဆို့ ဆို့ ဝေဒနာခံစားနေရခြင်း။ (၁၁) ပုံမှန်အတိုင်းလျှာကိုကွေးခေါက်၍ မရတော့ဘဲ၊ လျှာတပြင်လုံး တောင့်တင်း မာကျော လာခြင်း…စသည်တို့ ဖြစ်သည်။

*လျှာကင်ဆာ ဘာကြောင့်ဖြစ်…*

(၁) ဆေးလိပ်အလွန်အကျွံသောက်ခြင်း။

(၂) ဆေးရွက်ကြီးငုံလေ့ရှိခြင်း။

(၃) ကွမ်းသီးအလွန်အကျွံဝါးခြင်း။

(၄) ပွက်ပွက်ဆူ သောဟင်းချိုများနှင့်အလွန်အမင်းပူလောင်သော/ပူစပ်သော အစားအစာများစားသောက်ခြင်း။

(၅)မျိုးရိုးဗီဇလိုက်ခြင်း။

(၆) အရက်အလွန် အကျွံသောက်ခြင်း။

(၇) အာဟာရချိုတဲ့ခြင်း။ (၈) သွေးအာနည်းရောဂါ။

(၉) ရောဂါရှိသူအဖော် နှင့် သဘာဝလိင်ဆက်ဆံမှုမျိုးမဟုတ်ဘဲ လျှာဖြင့်ဆက်ဆံခြင်းကြောင့် HPV ကူးစက်ပိုးရောဂါစွဲကပ်ခြင်း။

(၁၀) လျှာအက်ဆစ် အထွက်များ ခြင်း။ (၁၁) Graft Versus HostDisease (ခေါ်) ဖြစ်တောင့်ဖြစ်ခဲ ဘေးဥပါသ်ဖြစ်စေသည့်ဆဲလ်များ ပြန့် ပွားသည့်ရောဂါစွဲ ကပ်ခြင်း။

(၁၂) သွားဖြင့်မကြာခဏကိုက်မိခြင်း။ (၁၃) သွားအတု (၀ါ)အံဖုံ ပုံစံမကျခြင်း။

(၁၄) အကြောင်းအမျိုးမျိုးကြောင့် ဓာတုဓာတ်ပေါင်းပစ္စည်းများဖြင့်လျှာကိုထိမိခြင်း…တို့ ဖြစ်သည်။

*ကုသနည်း……*
(၁) များသောအားဖြင့် ပထမဆင့်တွင်ကင်ဆာအကျိတ်တစ်ရှုးများကိုခွဲစိပ်ဖယ်ထုတ်လေ့ရှိပြီး၊ ထိုသို့ အချိန်မှီခွဲစိပ်ဖယ်ထုတ် ခြင်းဖြင့် ပျောက်ကင်းသွားတတ်ပါသည်။ (၂) ခွဲစိပ်ပြီးနောက်ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များ ကိုသတ်၍လည်းကောင်း။

(၃)သွေးပြန်ကြောများမှတဆင့် အကျိတ်ဆဲလ်များပျက်စီးအောင်

cisplatin<http://drugsaz.about.com/od/drugs/cisplatin.htm>(သိ့မဟုတ်) fluorouracil

<http://drugsaz.about.com/od/drugs/fluorouracil-5-fu.htm>

ဟူသော ခီမိုဆေးများ သွင်းခြင်း စသည့်နည်းလမ်း၃-သွယ် ဖြင့် ဝေဒနာအနိမ့်အမြင့်ပေါ်မူတည်ကာ လျှာကင်ဆာကို ကုသလေ့ရှိ သည်။

*အကောင်းဆုံးအစာ…*
သင့်တင့်လျောက်ပတ်သော ကယ်လိုရီနှင့် အာဟာရစားသုံးခြင်းဖြင့်လျှာကင်ဆာကုထုံးကို တဖက်တလမ်းမှ ကောင်းကျိုးပြုနိုင် သည်။

(၁) လျှာခွဲစိပ်ပြီးလူနာများအတွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အဆီနည်းသောအသား၊အဆီထုတ်ပြီး နွာနို့ ၊ ဂျုံကြို /ဆန်ပြုတ်/ပြောင်းဖူးဆန်ပြုတ်တို
့စားပေး သင့်သည်။

(၂)အထူးသဖြင့် ဓာတ်ရောင်ခြည်နည်းဖြင့် ကုသခံလူနာများတွင် လျှာရောင်ကိုင်း၍ ကွဲစပ်ခြင်း၊ ခံတွင်းနှင့်လည်ချောင်း တို့ ခြောက်သွေ့ ခြင်းမှသက်သာစေရန် တစ်နေ့ လျှင်   သောက်ရေသန့်  ၄၈-အောင်စမျှ သောက်သင့်ပြီး၊ အချိုရည်၊
ဟင်းချို၊ စွပ်ပြုတ် နှင့် ရေခဲမုန့် တို့ စားပေးသင့်သည်။

(၃) အစာမြိုချရန်လွယ်ကူစေ ရန်အတွက် ကရင်မ် (သို့ မဟုတ်) ဆီပါသောဟင်းရွက်သုပ် စားပေးနိုင်သည်။
(၄) ခီမိုဆေးသွင်းပြီးလူနာများတွင် တံတွေး (သွားရည်)ထွက်ရှိမှုကိုအနှောင့်အယှက်ဖြစ်စေကာ ခံတွင်းခြောက်စေတတ်သဖြင့် သဘာဝရှောက်ရည်၊ သံပုရာရည်၊
ကာဗွန် ဓာတ်ငွေ့ ပါသည့် ဘိလပ်ရည်တို့ သောက်သုံးပြီး၊ သကြားလုံး၊ ပီကေတို့ ငုံပေးခြင်းဖြင့် ခံတွင်းစိုစွတ်လာစေသည်။

(၅) ခီမိုဆေး သွင်းခြင်း၏ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်အော်ဂလီဆန်ခြင်း နှင့် ခံတွင်းပျက်၍အစာစားချင်စိတ်ကုန်ခမ်းခြင်းတို့ ဖြစ် ပါသည်။ ထို့ ကြောင့် အနံ့ ပြင်းသောအစားအစာများကို ရှောင်ရှား၍၊ ပျော့ပျောင်းနူညံ့သော အစာတို့ ကို နည်းနည်းစီမကြာခဏ စားသင့်သည်။

++++++++++++++++
အမေရိကန်နိုင်ငံဆေးသုတေသီများ၏ စတ်တမ်းများအရ၊ လျှာကင်အဆင့် နှင့်အသက်ရှင်သန်နှုန်းတို့ ကို အောက်ပါအတိုင်း ၂၀၁၁ ခုနှစ်တွင် ထုတ်သော the
American Dental Association ဂျာနယ်တွင် ဖော်ပြထားခဲ့ပါသည်။

* ကင်ဆာရောဂါအဆင့် အသက်ရှင်သန်နှုန်း· ရောဂါအဆင့် (၁) ၈၀%-၈၅%

· ရောဂါအဆင့် (၂) ၆၀%-၇၅%

· ရောဂါအဆင့် (၃) ၃၅%-၆၆%

· ရောဂါအဆင့် (၄) ၁၅%-၃၀%.

လျှာကင်ဆာ ဖြစ်ဖြစ်ချင်း စဦးကာလတွင် ဆေးဝါးဖြင့် နိုင်နင်းစွာကုသမှုခခံယူပါက၊ပျောက်ကင်းသွားကြသလို၊ အထက်ဖော်ပြပါ ကင်ဆာရောဂါအဆင့်(၁) မှ (၄) အတွင်း ကုသမှုမှန်ကန်ပါကလည်း၊ ရောဂါအတိမ်အနက်ကိုလိုက်၍ နောက်ထပ် ၅-နှစ် မှ ၁၀-နှစ်အထိဆက်လက်အသက်ရှင်သန်နိုင်သော သာဓကများ လည်းတွေ့ ရပါသည်။ သို့ ပါ၍မိမိကျန်းမာရေးအခြေအနေကို သတိ နှင့်ယှဉ်ကာ မိမိကိုယ်ကိုကောင်းစွာမွေးမြူနိုင်ကြပါရန် အသိပေးလိုက်ရပါသည်။

*ဘာသာပြန်သူ (ပေါက်ပေါက်)*

*ကိုးကား (the 2011 Journal of the American Dental Association)*


*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

ဂျပန်နိုင်ငံမှာသေဆုံးသွားတဲ့ကလေးငယ်ဒါမှမဟုတ် သန္ဒေလောင်းတွေ ကိုဟင်း လျာ အဖြစ် စား


ဒါဟာ ဂျပန်နိုင်ငံမှာ နောက်ဆုံးပေါ် ခေတ်အမှီဆုံး အစားအစာပါတဲ့….၊
သေဆုံးသွားတဲ့ကလေးငယ် ဒါမှမဟုတ် သန္ဒေလောင်းတွေကို ဆေးရုံတွေကနေ ဆိုင်တွေက ယမ်း ၁၀၀၀၀ မှ ၁၂၀၀၀ လောက်ထိ ပေးပြီး ၀ယ်ယူကြပါတယ်..

ကလေးအလောင်းကို ပြင်ဆင်ခုတ်ထုတ်ပြီး ဟင်းလျာအဖြစ် ပြန်လည် ချက်ပြုတ်ပြီး ဈေးနှုန်းမြင့်မားစွာနဲ့ ပြန်လည်ရောင်းချကြပါတယ်.. ဘာလို့ ဒီလိုစားကြတာလဲ ဆိုတာမျိုး ကိုတော့ မသိရှိခဲ့ပါဘူး…၊

ဒါပေမယ့် သေချာတာကတော့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ဆောင်နေတဲ့ ဆေးရုံက ၀န်ထမ်းတွေကိုကော ဆိုင်ပိုင်ရှင်တွေသာမက လာရောက်စားသုံးသူတွေပါ ဥပဒေအရ ပြင်းပြင်း ထန်ထန်ကို အပြစ်ပေး အရေးယူသင့်ပါတယ်…။

အခုချိန်မှာ သူတို့ဟာ သူတို့ရဲ့ စီးပွားရေးအတွက် သေဆုံးပြီးသား ကလေးတွေရဲ့ အလောင်းတွေကို အသုံးချနေပေမယ့် နောက်တစ်ချိန်ကျရင် အတောမသတ်နိုင်တဲ့ လူ့လော ဘကြောင့်  လုံးဝကြားလို့ မကောင်းတဲ့ အရာတွေ ဖြစ်လာနိုင်ပါတယ်…

ဒါကြောင့် ကျေးဇူးပြုပြီး တတ်နိုင်သမျှ ဒီမေးလ်လေးကို ဖြန့်ဝေပေးကြပါ…၊ ဒါမျိုး လူမဆန်တဲ့ ဖြစ်ရပ်မျိုးတွေ ကမ္ဘာကြီး ပေါ်ကနေ လုံးဝပျောက်ကွယ်သွားအောင် သူတို့ကို   ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသင့်ပါတယ်..။

http://www.facebook.com/lwinthandarsoe

ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အမည်ပျက်စာရင်း သွင်းရန် သမ္မတအိုဘားမားကို တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းတွင် ထည့်သွင်းရန် အမေရိကန် အဖွဲ့အစည်း ၃၀ ကျော်က သမ္မတအိုဘားမားထံ အိတ်ဖွင့်စာပေးပို့ တောင်းဆို ထားကြောင်း The Indian Express သတင်းစာတွင် ဖော်ပြသည်။

ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်သည် ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားစဉ်က နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အရပ်သားများကို တိုက်ခိုက်မှုများအတွက် တာဝန်ရှိပြီး ပိတ်ဆို့ အရေးယူမှု ပြုလုပ်ရမည့် အချက်အလက်များနှင့် ကိုက်ညီနေကြောင်း ယင်းတောင်းဆိုစာတွင် ထောက်ပြထားသည်။

အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းကို ပြန်လည် မသုံးသပ်မီ ယုံကြည် စိတ်ချထိုက်သော အခြားသူများကိုလည်း စစ်ဆေးပြီးမှသာ အမည်ပျက်စာရင်းကို အတိုးအလျှော့ ပြုလုပ် သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတကာ သဘောတူညီချက်များတွင် မည်သို့သော သဘောတူညီချက်များ ရှိထားစေကာမူ စစ်ဖြစ်နေစဉ် နှစ်ဖက်စလုံးက အသက်လု ထိုးဖောက်ရသဖြင့် အနည်းအကျဉ်း ထိခိုက်မှုများ ရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယခင်နှစ်များက အမည်ပျက်စာရင်းနှင့် ပတ်သက်၍ အနည်းအကျဉ်းမျှသာ ပြောင်းလဲ ဖြည့်စွက်ခဲ့ရာ သမ္မတအိုဘားမား အစိုးရအနေနှင့် ပိတ်ဆို့ အရေးယူမှု စာရင်းကို အသစ်တစ်ဖန် ဖြည့်စွက်မှုများ ပြုလုပ်သင့်ကြောင်း၊ ယင်းစာရင်းမှ ပယ်ဖျက်သင့်သည့် ပြုပြင်ပြောင်းလဲရေး လိုလားသော အရပ်သားများနှင့် ပတ်သက်သည့် အခြေခံ အချက်များကိုလည်း ရှင်းရှင်းလင်းလင်း ထုတ်ပြန် စေလိုကြောင်း ယင်းစာတွင် တောင်းဆိုထားသည်။

ယင်းအခြေခံ အချက်များ ရှင်းလင်း ပြတ်သားမှု မရှိသဖြင့် တပ်မတော်နှင့် ပတ်သက်ဆဲဖြစ်သော ဦးတေဇ ဦးဆောင်သည့် အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်ကို အမည်ပျက်စာရင်းမှ ပယ်ဖျက် ပေးလိုက်ခြင်းသည် ဆီလျော်ညီသော ဆုံးဖြတ်ချက် မဟုတ်ကြောင်း ယင်းစာတွင် ဝေဖန် ရေးသားထားသည်။

အမေရိကန် ဘဏ္ဍာရေးဌာန နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးသည် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့် အမျိုးသား လုံခြုံရေး အပေါ်တွင် အခြေခံ စဉ်းစားကာ အကြမ်းဖက်သမားများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ်သူများ၊ အစုလိုက် အပြုံလိုက် သေကျေစေနိုင်သော လက်နက် ပြန့်ပွားရေးနှင့် ပတ်သက်သူများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် အစိုးရများကို ရည်ရွယ်ပိတ်ဆို့ခြင်း ဖြစ်သည်။

ယခုနှစ် ဇူလိုင်လ အတွင်းမှာပင် မြောက်ကိုရီးယား အစိုးရထံမှ လက်နက် ဝယ်ယူသည်ဆိုသော အစိုးရတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကိုလည်း အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းတွင် ထည့်သွင်းထားသည်။

လွင်သန္တာစိုး Credit To>The Voice Weekly <Thanks
http://www.facebook.com/lwinthandarsoe

ပေါက်တော ဒုက္ခသည် စခန်းကို စစ်တပ်မှ ဖျက်ဆီး၊ ကလေးတစ်ဦး အသတ်ခံရ

 ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဆင်တက်မော် ကျေးရွာရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းရှိ  တဲများကို စစ်တပ်မှ ၀င်ရောက် ဖျက်ဆီး သည့်အပြင် ကလေးငယ် တစ်ဦးကို သတ်ဖြတ် ခဲ့ပြီး၊ တဲ များ ပျက်စီး သွားသောကြောင့် ဒုက္ခသည် များနေထိုင်ရန် မရှိ ဖြစ်နေသည်ဟု သတင်း ရရှိ ပါသည်။ 

  ပေါက်တော မြို့နယ်၊ ငှက်ချောင်းရွာမှ ရိုဟင်ဂျာ ဒုက္ခသည် များသည် ၂၀၁၃ ခုနှစ် မေလတွင် မုန်တိုင်း အန္တရာယ်ကို ရှောင်ရှားရန် ဆင်တက်မှော် ကျေးရွာရှိ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ လာခဲ့သည်။ လွန် ခဲ့သည့် ရက်ပိုင်းက တောင်ပေါ်တွင် ထင်းရှာ နေသည့် ရိုဟင်ဂျာ တစ်ဦး အသတ်ခဲ့ ရပြီး၊ လုံခြုံရေး တပ် ဖွဲ့ဝင် များ၏ အကြမ်းဖက် မှုကြောင့် တစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့သည့် အပြင်၊ ဒဏ်ရာ ရသူများထဲမှ တစ်ဦး ထပ်မံ သေဆုံး ခဲ့သည်။ 

  ရခိုင် အစွန်းရောက် များက ပေါက်တော မြို့နယ်ရှိ ဒုက္ခသည် များကို ကူညီ ပေးနေသော နိုင်ငံတကာ အန်ဂျီအို များကို ထွက်သွားရန် ဆန္ဒပြပြီး နောက်ပိုင်းတွင် အာဏာပိုင် များက ဆင်တက်မှော်ရှိ ငှက်ချောင်း မှ ဒုက္ခသည် များကို ငှက်ချောင်းသို့  အတင်း အဓမ္မ ပြောင်းရွှေ့ရန်  ခြိမ်းခြောက် ပြောဆို ခဲ့သည်။ 

  ဒုက္ခသည်များကငှက်ချောင်းသို့ပြောင်းရွှေ့ပါကအကြမ်းဖက်ခံရမည်ကိုစိုးရိမ်၍မပြောင်းရွှေ့နို င်ကြောင်းပြော ဆို ခဲ့ရာ၊ ယနေ့ နံနက် ၈ နာရီတွင် စစ်တပ်မှ လာရောက်၍ ဒုက္ခသည်များ နေထိုင်သည့် တဲများကို ဖျက်ဆီး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ထိုသို့ တဲများကို ဖျက်ဆီး နေစဉ် အတွင်း နှစ်နှစ် အရွယ် ကလေးငယ် တစ်ဦးကို စစ်သားများမှ သတ်ပစ် ခဲ့ကြောင်း သိရှိ ရသည်။ အသတ်ခံ ရသည့် ကလေးငယ်မှာ မအနိုဝါရ် ဘေဂမ် (ဘ) ဦးဟာလူ ဖြစ်သည်။

ကလေးငယ်ကို သတ်ပစ်ပြီးနောက် စစ်သားများမှ မိခင်အား ကလေးငယ် သေဆုံးခြင်းမှာ စစ်သားများနှင့် မပတ်သက်ကြောင်း အတင်း အဓမ္မ လက်မှတ် ရေးထိုး၍ ခံဝန်ချက် တောင်းခဲ့ကြောင်း သိရှိ ရပါသည်။

– See more at: http://burmese.rohingyablogger.com/2013/11/blog-post_8.html#sthash.DkpTpif0.dpuf

“ပြာပုံဘဝနှင့်သားကောင်ဘဝသို့တွန်းပို့သည့်ဖွဲ့စည်းပုံ အ ခြေ ခံ ဥ ပ ဒေ မ ဖြစ် စေ ရန် သုံး သပ် အ ကြံ ပြု သည့် စာ တမ်း” . . .

ဆင်ဖြူတော် ဦးကျော်ဝင်းနှင့် ဦးဖိုးလှိုင်(B.Sc H.G,R.L) တို့ ရေးသားပြုစုသော ပြည်ထောင်စု သမ္မတ   မြန် မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့ လာသုံး သပ်ရေး     ပူးပေါင်းကော်မတီသို့ ပေးပို့သည့် ” ပြာပုံ ဘဝနှင့် သားကောင်ဘဝသို့ တွန်းပို့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မဖြစ်စေရန် သုံးသပ် အကြံပြု စာတမ်း”   ဖြစ်ပါသည်။
စာတမ်းတွင်
* လူနည်းစုအခွင့်အရေး (Minority Right) နှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များ ရှိပါသလား။
* ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် အာဏာရှင်စနစ်ကို စတင်ထူထောင်ခဲ့သူများ၏ မျိုးစေ့ အစစ်အမှန်များလား
* မိစ္ဆာ ဝါဒီတို့၏ ဆောင်ပုဒ်” မြေမျိုလျှင် လူမျိုးမပျောက် လူမျိုလျင် လူမျိုး ပျောက်မည်။”
* ဖျံကျသူများ သွေးခွဲထားသည် နိုင်ငံသား (၆) မျိုး ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား(၃) မျိုး၊
* လူများစု၏ ဆန္ဒဆိုတိုင်း ဒီမိုကရေစီ မထင်နဲ့ (ဝါဝါမြင်တိုင်း ရွှေမထင်နဲ့)
* သမ္မတများ လက်ရှိရာထူးမှ နှုတ်ထွက်ပေးရလျှင် မသင့်တော်ပါ။
* နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လူမပါဘဲ ငွေနှင့် နည်းပညာသာ ဝင်လာမှာလား/
* ကေသရာဇာ ခြင်္သေမင်းသည် ဘယ်သောအခါမှ မြက်မစားပါ။ သို့သော် မြက်စားရကိန်း ကြုံတတ် ပါ သည်။
* ဆင်သည် ပြထားသောအစွယ်ဖြင့် မစားပါ မဝါးပါ။
* ပြည်ထောင်စု မြန်မာနိုင်ငံဖွား နိုင်ငံမဲ့များ ကိစ္စ။
* ပြုပြင်ရန် ခက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူခိုးဓားပြ ဖွဲ့စည်းပုံ အခြေခံဥပဒေဟု ခေါ်ပါသည်။
 File Size= 30.9 MB
Google Doc တွင် ဒေါင်းလုပ်ယူရန် =>http://goo.gl/tifRcI
Online တွင် ဖတ်ရန် =>http://www.scribd.com/doc/182363867/To-amend-2008-constitution-by-U-Phoe-Hlaing