Daily Archives: November 10th, 2013

“ကုန်းဘောင်ခေတ် ကျေးလက်နေ ပြည် သူ လူ ထု ကျန်း မာရေး” . .

ရှေးမြန်မာမင်းများဟာ ပြည်သူလူထု ကျန်းမာရေးကို တာဝန်မယူပါ။သူတို့ကိုယ်တိုင်ကျတော့နန်းတွင်းမှာ ကျော်ကြားတဲ့ ဆေးဆရာတွေရှာပြီး (နေပြည်တော်)မှာ စု ထားပါတယ် ။
ပြည်သူလူထုကတော့ကပ်ကြီးသုံးပါး( ရောဂါကြောင့် ရောဂန္တရကပ် ၊စစ်ကြောင့် သတ္တန္တရကပ် ၊ မိုးလေ၀သမမှန်လို့ ကော်ပဲအထွက်နည်းတဲ့ ဒုဗ္ဘိကန္တရကပ်)တွေ ရင် ဆိုင်နေ ရပါတယ် ။ ဒါကြောင့် ယနေ့တိုင် ဘုရားရှိခိုးရင် ကပ်ကြီး (၃) ပါးကျော်နင်းနိုင်ပါစေလို့ ဘုရားရှိးတိုင်း ဆုတောင်းနေကြမြဲဖြစ်ပါတယ် ။
ရှင် ဘုရင်ရဲ့ မိဖုရား ၊ မောင်းမ ၊ ကိုယ်လုပ် ၊ သားတော် ၊ သမီးတော်စာရင်းတွေမှာ“ငယ်ကလွန်(သေ)တာတွေအများကြီးတွေ့ရပါတယ်။(စံ)အဖြစ်လေ့ လာကြည့် တဲ့ အခါ ဘိုးတော် ဗဒုံမင်း သားတော် သမီးတော်စာရင်း မှာ သားတော် (၆၀) ၊ သမီးတော် (၅၈) ၊ငယ်ကလွန်(၄၇)ရှိလို့ ကလေး(သေ)နှုန်း (၃၉.၈၃)% ရှိပါတယ် ။
မင်းတုန်းမင်းရဲ့သားတော် ၊ သမီးတော်စာရင်းမှာ သားတော်(၅၀)သမီးတော်(၅၆) ၊ ငယ်ကလွန်(၃၄)ရှိလို့ကလေး(သေ)နှုန်း(၃၂.၀၇)% ရှိပါတယ် ။ (သေ)နှုန်း ကျ ဆင်း လာတဲ့ အတွက် မင်းတုန်းမင်းလက်ထက်က အနောက်တိုင်းဆေးပညာ အသင့်အတင့် ရောက်ရှိလာပြီလားလို့ စဉ်းစားလို့ရပါတယ် ။
ဆေးကောင်းဝါးကောင်း ၊ ဆရာသမားကောင်းတွေရှိတဲ့ နန်းတော်ထဲမှာ ဒီလောက်သေရင် ကျေးလက်နေပြည်သူလူထု ဒါ့ထက်ပိုသေမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ် ။
ကျေးလက်နေပြည်သူလူထုဘ၀မှာ ကာလနာဖြစ်တဲ့ကျောက် ၊၀က်သက် ၊ ၀မ်း(ပလိပ်)ရောဂါတွေကျရောက်လာရင် အသေအပျာက်များလို့ ရွာ(ပျက်) တဲ့ အထိ   ထွက်ပြေးကြ ရပါတယ် ။ မြန်မာ့ဆေးပညာ(ဗိန္ဓော)ကလည်း ကာကွယ်ကုသဆေးမရှိပါဘူး ။ မြန်မာ့ဆေးဆရာတွေဟာ ကုသနိုင်စွမ်း မရှိလို့ အသေ အပျောက် များကြတာဖြစ်ပါတယ် ။ တချို့က ရဟန်းဘ၀မှာ ဆေးပညာလိုက်စားပြီး လူထွက်တဲ့အခါ ဆေးဆရာဖြစ် လာကြပါတယ် ။လူထဲမှာလည်း ဆရာနဲ့ အကျအန မသင်ဘဲ ဆေးမြီးတို စုဆောင်းရင်း နီးစပ်ရာဆေးကုပေးရင်း ဆေးဆရာတပိုင်းဖြစ်လာကြသူတွေ ရှိပါတယ် ။ ပြည်သူထူထုရဲ့ ကျန်းမာရေးဟာ ဆေးမြီးတိုနဲ့ပဲ ရင် ဆိုင်နေ ရခဲ့ ရပါတယ် ။
ကုန်းဘောင်ခေတ်က(နိုင်ငံအုပ်ချုပ်သူ)တွေကပြည်သူလူထုကျန်းမာရေးကိုတာဝန်မယူကြဘူး၊အဟာရဖြစ်မဲ့အစားအသောက်တွေကိုမစားနိုင်ကြလို့ (သေ)နှုန်း များ တာ လည်း ဖြစ်ပါတယ် ။ ဆေးပညာညံလို့ ဒီလိုဖြစ်ကြတာ ပြောရင်လည်းဖြစ်နိုင်ပါတယ် ။
( ကုန်းဘောင်ခေတ် ကျေးလက် လူမှု စီးပွား ဘ၀ 1752 -1885 )
ဒေါက်တာတိုးလှ M.A,Ph.D. သမိုင်းပါမောက္ခ မန္တလေး တက္ကသိုလ်၏စာတမ်းကိုဒေါက်တာသန်းထွန်း အကျဉ်းချုပ် ရေးသည် ။
Advertisements

အကြမ်းဖက်မှုများ ဆက်ဖြစ်နေမှု အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ဟု ICG ထုတ်ပြန်

ICG , အကြမ်းဖက်မှု , ပဋိပက္ခ , ရခိုင် , မွတ်စလင်

မိတ္ထီလာ မြို့တွင် ပဋိပက္ခအတွင်း ဖျက်ဆီးခံရလိုက်သော အဆောက်အအုံများ (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

ရခိုင်ပြည်နယ်တွင် မတူညီသော လူအုပ်စုများကြား ပြင်းထန်သော ပဋိပက္ခများ၊ မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွား နေခြင်း သည်   မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်ကြောင်း International Crisis Group (ICG) က ထုတ်ပြန် သတိပေးလိုက်သည်။

ဘရပ်ဆဲလ် အခြေစိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေသည့်(ICG) ကThe Dark Side of Transition: Violence against Muslims in Myanmar “အသွင်ကူး ပြောင်းရေး၏ အမှောင်ဘက်ခြမ်း- မြန်မာနိုင်ငံတွင် မွတ်စလင်များအပေါ် အကြမ်းဖက်မှု” အမည်ဖြင့် စာမျက်နှာ ၃၆ မျက်နှာရှိ အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း အစိုးရ၏ ထိရောက်သော ဖြေရှင်းမှု မရှိခြင်း၊ လူ့အဖွဲ့အစည်း အတွင်း ခံယူချက် သဘော ထားများ ပြောင်း လဲ မပစ်နိုင်ခြင်းများသည် ဒေသတွင်းနှင့် ပြင်ပ ကမ္ဘာအထိပါ သက်ရောက်နိုင်ကြောင်း ICG က ထောက်ပြ ထားသည်။

“သံဃာတော်များ ဦးဆောင်သော ၉၆၉ လှုပ်ရှားမှုကလည်း သြဇာလွှမ်းမိုးမှု တိုးပွားလာနေသည်။ ၉၆၉ လှုပ်ရှားမှုမှ ဟောပြော မှုများသည် သည်းခံခြင်း မပြုကြရန်နှင့် မွတ်စလင် စီးပွားရေး လုပ်ငန်းများကို သပိတ်မှောက်ရန် တိုက်တွန်းခြင်းများ ပါဝင် သည်”ဟုလည်း ICG အစီရင်ခံစာတွင်   ဖော်ပြ ထားသည်။

လတ်တလော ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိမ်ခြေ ၆၀ ၀န်းကျင် မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅ ဦး ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ယခုရက်ပိုင်း အတွင်း ဖြစ်ပွားသည့် သံတွဲ အကြမ်းဖက်မှုကို စိုးရိမ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းများကို ထိခိုက် နိုင်ကြောင်း ဗီအိုအေ သတင်းဌာန ကို ပြောဆိုထားသည်။

ယင်း သံတွဲ အကြမ်းဖက် ပဋိပက္ခကို ရန်ကုန်ရှိ အမေရိကန် သံရုံးကလည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန် ထားသည်။

လွန်ခဲ့သည့် နှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် မွတ်စလင်များကြား ရန်ပွဲများကြောင့် လူပေါင်း ၂၀၀ ခန့် သေဆုံးပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ မွတ်စလင် ဆန့်ကျင်ရေးတို့သည် မြန်မာနိုင်ငံတွင် ကိုလိုနီ ခေတ် ကတည်းက အမြစ်တွယ်ခဲ့ကြောင်း၊ သို့အတွက် မတူညီသည့် အသိုင်းအ၀ိုင်းကို ခွဲခြားထားရန် လိုအပ်နေသေးကြောင်း လည်း ICG အစီရင်ခံစာ၌ ပါရှိသည်။

ယခုနှစ်အစောပိုင်းက မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ဗုဒ္ဓဘာသာ သံဃာတော်တပါးအား သတ်ဖြတ်မှုကြောင့် အခြေအနေ တင်းမာခဲ့ပြီး မွတ်စလင် အိုးအိမ်နှင့်ပစ္စည်းများကို ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း၊ လူပေါင်း အနည်းဆုံး ၄၄ ဦး သေဆုံးခဲ့ရာ ထိုစာရင်းတွင် အစ္စလမ် ကျောင်းတခုမှ ကျောင်းသား ၂၀ နှင့် ဆရာတချို့ ပါဝင်ကြောင်းလည်း ICG က ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ အခင်းဖြစ်ပွားမှုတွင် ရဲတပ်ဖွဲ့အပေါ် ပြည်တွင်း၊ ပြည်ပက ပြင်းထန်သည့် ဝေဖန်မှုများ ရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် နည်း ပါးပြီး ထိန်းသိမ်းရန် ထိရောက်မှု မရှိခဲ့ကြောင်းလည်း ထောက်ပြထားသည်။

ထိုကဲ့သို့ အကြမ်းဖက်မှုများ၏ အကျိုးဆက်အနေဖြင့် တချို့ မွတ်စလင်များလည်း မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြကြောင်း၊ လူမျိုးရေး တင်းမာမှုများ သည် မြန်မာနိုင်ငံ နယ်နိမိတ် အပြင်သို့တိုင် ရောက်သွားခဲ့ရာ မြန်မာဗုဒ္ဓ ဘာသာဝင်တချို့လည်း မလေးရှားနိုင်ငံတွင် သတ်ဖြတ်ခံခဲ့ရပြီး အခြားတိုင်းပြည် များတွင်ပါ ထိုကိစ္စနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုများ ဖြစ်လာခဲ့ကြောင်းလည်း ICG က ထောက်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်၏ ခြိမ်းခြောက်မှုများ ရှိလာကာ မြန်မာ သို့မဟုတ် ဒေသတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ပစ်မှတ် များကို တိုက်ခိုက်ရန် အကွက်ချ စီစဉ်မှုများလည်း ရှိလာကြောင်း၊ လာမည့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရန် ပြင်ဆင်နေချိန် အဆိုပါကိစ္စသည် အလေးအနက်ထားရမည့် နိုင်ငံရေးကိစ္စ ဖြစ်ကြောင်း ICG က ဆိုသည်။

သမ္မတ ဦးသိန်းစိန်ကလည်း အကြမ်းဖက်မှုများကို လုံးဝ သည်းခံမည်မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုမှုများ လုပ်လာပြီး ရဲတပ်ဖွဲ့၏ ကိုင် တွယ်ဖြေရှင်းမှုသည် အတိုင်းအတာတခုအထိ တိုးတက်မြန်ဆန်လာခဲ့ကြောင်း၊ အကြမ်းဖက်မှုများတွင် ပါဝင်သူများကို အရေးယူထောင်ချမှုများ ရှိ လာကြောင်း   ပြောဆိုထားသည်ဟု ပါရှိသည်။

သို့သော် ဗုဒ္ဓဘာသာဝင်များကို အရေးယူအပြစ်ပေးရာတွင် ပြစ်ဒဏ်ကြီးလေးမှု မရှိခြင်းအတွက် စိုးရိမ်မှုများ ပေါ်ထွက် လာနေသည်ဟုလည်း ICG က ဆိုသည်။

ရဲတပ်ဖွဲ့များအတွက် အဓိကရုဏ်း ထိန်းသိမ်းရေး လေ့ကျင့်ပေးမှုများနှင့် အသုံးပြု ကိရိယာများ နိုင်ငံတကာ အဆင့်မီ ဖြည့် ဆည်း ပေးမှုများ သာမက ရဲတပ်ဖွဲ့၏ ၀န်ဆောင်မှုများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း လည်း ICG အစီရင်ခံစာက ထောက်ပြထားသည်။

“မီဒီယာများအတွင်းနှင့် အွန်လိုင်းတွင် အစွန်းရောက်များ၏ ၀ါဒဖြန့်မှုများကိုလည်း တိုက်ဖျက်ကြရမည် ဖြစ်ပါသည်”ဟု ICG အစီရင်ခံစာက ဆိုသည်။

သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့် မြန်မာနိုင်ငံတွင် စိတ်ရှည်သည်းခံမှု အားနည်းခြင်းနှင့် အကျိုးအကြောင်း မဲ့ ယုံကြည်မှုများ ဖော် ထုတ်နေသည့် အခြေအနေဆိုးများကို ကာကွယ်ရန် ယခုအထိ မစွမ်းဆောင်နိုင်သေး ကြောင်း လည်း အစီရင်ခံစာက ဖော်ပြထားသည်။

The post အကြမ်းဖက်မှုများ ဆက်ဖြစ်နေမှု အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ဟု ICG ထုတ်ပြန် appeared first on ဧရာဝတီ.

ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေး ပူပန်ရန်မလိုဟု ဦးအောင်မင်း ပြော

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ကြား ဆွေးနွေးလျက်ရှိသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ရန်ပြင် ဆင်နေခြင်း သည် ဖက်ဒရယ်ပြည်ထောင်စုစနစ်အဖြစ် တည်ထောင်ရန်ဖြစ်သည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်ထောင်စု တပ်မတော်ဖြစ်ရေး တို့အတွက် စိုးရိမ်ရန်မလိုဟု သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ အခုလက်ရှိ ဦးတည်ဆွေးနွေးနေတဲ့အထဲမှာ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးဆိုတာ ပါပြီးသားပါ ဖက်ဒရယ်ပြည်ထောင်စု ဆိုမှတော့ သူနဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ပြည်ထောင်စုနဲ့ ညီညွတ်တဲ့တပ်မတော်တို့ ဆိုတာတွေက ဖြစ်လာမှာပါ၊ အဓိကက ဖက်ရယ်ကို ရည်ညွှန်းတာဖြစ်လို့ ဘာမှအခက် အခဲ မဖြစ်ပါဘူး ဘာမှစိုးရိမ်စရာမဖြစ်ပါဘူး” ဟု ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးဂေဟာတွင် နိုင်ငံရေး ပါတီ များနှင့် တွေ့ဆုံစဉ် နိုဝင်ဘာ ၁၀ ရက် ပြောကြားသွားသည်။

ဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများကို အောင်မြင်သည်ဟု ရှုမြင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်သည်အထိ ဆက် လက်ကြိုး ပမ်းသွားမည်ဟုလည်း ဆိုသည်။ ထို့ပြင် နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏   ခေါင်းဆောင်   များကို လည်း တွေ့ဆုံပေးရန် စီစဉ်နေသည်ဟုဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် လကုန်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တွေ့ဆုံကာ အစိုးရကမ်းလှမ်းထားသည့် အပစ် အခတ်   ရပ်စဲရေး လက်မှတ်ထိုးရန်အပြင် ဖက်ဒရယ် ပြည်ထောင်စုနှင့်ကိစ္စများ ဆွေးနွေးခဲ့သေးသည်။

ထို့နောက် အစိုးရနှင့် မြစ်ကြီးနားမြို့တွင် ယခုလဆန်းပိုင်း၌ ဆွေးနွေးခဲ့သော်လည်း တိကျသည့် သဘောတူညီမှု တစ်စုံတစ်ရာမရရှိခဲ့ဘဲ ပြီးဆုံးခဲ့သည်။ ဒီဇင်ဘာလ တွင်လည်း ဘားအံမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထပ်မံတွေ့ဆုံရန် စီစဉ်ထားပြီး ထိုအစည်းအဝေးတွင် ဖက်ဒရယ် တပ်မတော် ဖြစ်ပေါ် လာရေး အဓိက ထားဆွေးနွေးမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ထူးဘော စစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္စျိမသို့ ပြောဆိုထားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေကမူ လတ်တလောအခြေအနေတွင် အဆင့် ဆင့်သော   ဆွေးနွေး မှုများကို ဆက်လက်ပြုလုပ်ရန်ရှိနေသေးသည်ဟု သုံးသပ်သည်။

“ကျွန်တော် နားလည်တာကတော့ လက်ရှိပြောင်းလဲနေတဲ့စနစ်မှာ တစ်ခါတည်း အကုန်လုံးကိုပြောင်းလိုက်မယ်ဆိုတာကတော့ မရဘူးလို့မြင်တယ် အခုက အစိုးရနဲ့ လက်နက်ကိုင်နှစ်ဖွဲ့တည်းပဲ ဆွေးနွေးနေသေးတာလေ၊ အပစ်ရပ်ဖို့ ဆွေးနွေးနေတယ်ဆိုတာလည်း မှန်တယ်၊ ဒါပေမယ့် နိုင်ငံရေး   ဖြေရှင်း ရမယ့် ကိစ္စတွေ ကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးရမယ်လို့ ကျွန်တော်တော့ မြင်တယ်” ဟု ပြောသည်။

ဖက်ဒရယ် တပ်မတော်ကိစ္စတည်ထောင်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ အခြားသော အင်အားစု များ၊   နိုင်ငံရေး ပါတီများ၏ အကြံဥာဏ်များကိုလည်း ရယူသင့်သဖြင့် နိုင်ငံရေးဆွေးနွေးပွဲများသည်သာ အဖြေဖြစ်မည်ဟု ရှုမြင်သည်။

လက်ရှိအချိန်တွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးမှုများအပေါ် ခွဲမထွက်ရန်နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးခြင်း မပြုလျှင် လွတ်လပ်စွာပြုလုပ်နိုင်သည်ဟု မှတ်ချက်ပြုထားသည်။ ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများကိုလည်း အသိအမှတ်ပြုပြော ဆိုထားပြီး အစွန်း မရောက်ရန်လိုသည်ဟု ဦးသိန်းစိန်က သတိပေးထားသည်။

အေးချမ်းမွန် Credit To > Mizzima – News in Burmese <Thanks

ဗင်နီဇွဲလားဟာအလှမယ်မွေးထုတ်ရာမှာအံသြစရာကောင်းလောက် အောင် ပဲ အောင် မြင် လှ ပါ တယ်။ . . .

ဗင်နီဇွဲလားဟာ အလှမယ် မွေးထုတ် ရာမှာ အံသြစရာ ကောင်းလောက် အောင်ပဲ အောင်မြင် လှပါ တယ်။ သူတို့ နိုင်ငံမှာ အလှ နတ်မယ် ဖြစ်စေတဲ့ နတ်ရေ ကန်များ ရှိလေသလား။ ဒါမှမဟုတ် သူတို့ လျှို့ဝှက် ချက်ဟာ ဘာများလဲ။

ဗင်နီဇွဲလား မှာ အသက် လေးနှစ် ကတည်းက မိန်းက လေးတွေကို အလှပြင် ကျောင်းတွေ ပို့ကြတာ အဆန်း မဟုတ် ပါဘူး။ အလှပြင် ကျောင်းဆိုတာ သူတို့ ကိုယ်သူတို့ အလှမယ် ဖြစ်လာ အောင် ဘယ်လို နေထိုင် ရမလဲ ဆိုတာ သင်ကြား တဲ့ ကျောင်းတွေပါ။ အဲဒီ ကနေ အလှမယ် ဆိုတဲ့ လမ်းပေါ်ကို တင်ပေး လိုက်တာ ပါပဲ။ Gisselle’s beauty school ဆိုတဲ့ Caracas မြို့ဆင်ခြေဖုံး က ကျောင်းလေး ကိုသွား လည်ရတာ စိတ်လှုပ်ရှား ဖို့ အတော် ကောင်းလှ ပါတယ်။ ၁၉၆၀ ခုနစ် ပုံစံ ဆောက် ထားတဲ့ အိမ်လေးဟာ အလှ နတ်မယ် တွေအတွက် နတ်ဘုံ တစ်ခုပါ။ အဲ့ဒီမှာ catwalk ဘယ်လို လျှောက်ရမယ် ကစလို့ ၀ိုင်ဖန်ခွက် ဘယ်လိုကိုင် ရတယ် ဆိုတာ အထိ အကုန် သင်ပေး နေပါတယ်။ အသက် လေးနှစ် ကနေ နှစ်ဆယ့်လေးနှစ် အထိ အရွယ်စုံ တပည့် တွေရှိ နေပါတယ်။ အသက် နဲနဲ ကြီးတဲ့ ကလေးမ တွေက ငါးလက်မ ဒေါက်ဖိနပ် ချွန်လေးတွေ ကိုယ်စီ စီးထားတာ တွေ့ရမှာပါ။

 

Miss Venezuela Preparation

 

ငါသွား လည်တုန်းက အလှဆုံး အကျီင်္ကို မီးပူ တိုက်ဝတ် စမတ် အဖြစ်ဆုံး ဘောင်းဘီ ၀တ်ထား တာတောင် သူတို့ ကိုမယှဉ် နိုင်ပါဘူး လို့ ဆောင်းပါးရှင် ကရေး ပါတယ်။ ဆံပင်က အမြဲ သန့်ရှင်း နေရမယ်။ မိတ်ကပ်က အမြဲ သဘာဝကျ နေပြီး ဒေါက်ဖိနပ် အမြဲ စီးရမယ်လို့ ကြောင်လမ်း လျှောက်နည်းပြ (catwalk teacher) Andrea Reyes ကဆို ပါတယ်။ ကိုယ့်ကိုယ် ကိုယုံ ကြည်မှု အပြည့် ရှိနေတဲ့ အသက် ၂၁ နှစ် အရွယ် Andrea က ဒီကျောင်း တည်ထောင် သူ လည်းဖြစ် အလှ ဘုရင်မ ဟောင်း တစ်ဦး လည်းဖြစ်သူ Gisselle Reyes ရဲ့ တူမ ဖြစ်ပါတယ်။ သူက အလှအပ ဆိုတာ သူမတို့ မိသားစု လုပ်ငန်းပါ လို့ဆိုတယ်။ ဒါက ငါ့တို့ ဘာသာစကား လိုပဲ အသွေး ထဲမှာ အမြစ် တွယ် နေပြီ လို့ ပြောပါ သေးတယ်။ အပေါ်ထပ် မှာတော့ Andrea Reyes ရဲ့ အတန်း တစ်ခုကို သွားကြည့် ပါတယ်။ မိန်းကလေး ငယ်တွေ ဟာ ဆလိုက်မီး ထိုးထားတဲ့ သစ်သား လျှောက်လမ်း ပေါ်မှာ ကိုယ်ဟန်ပြ နည်းကို သင်ကြား နေပါတယ်။ Reyes က တီးလုံးသံ ကိုလွှမ်း လို့ ညွှန်ကြားချက် ကိုအော် ပြောနေ ပါတယ်။ “လက်မောင်းတွေ ကို လျော့ထား၊ တင်ကို နောက်ပစ်ထား”

 

Miss Venezuela Preparation

 

မိန်းကလေး တွေဟာ အသွင်တူ ချင်ရင် တူနေမယ် ဒါပေမဲ့ တချို့က ဒေါက်မြင့် ပေါ်မှာ လမ်းလျှောက် ရာမှာ ပိုအောင်မြင် ပါတယ်။ အခန်းက မှန်အပြည့် ကာထားပြီး မိန်းကလေး ငယ်တွေဟာ လျှောက်လမ်း အဆုံးမှာ တင်ပါးကို လွဲရမ်း လိုက်တာ ကအစ ခြေထောက်ကို လှည့်လိုက် တာ အဆုံး ပြန်လျှောက် လာတဲ့ သူတို့ ပုံရိပ် ကိုသူတို့ ပြန်မြင် နေရ ပါတယ်။ သူတို့ ထဲမှာမှ အသက် ၁၈နှစ် အရွယ် Lynette do Nascimiento ဆိုတဲ့ မိန်းကလေး ဟာ Caracaြ မို့ကို Aruba ကျွန်းကနေ နွေရာသီ အလည် လာသူ aspiring contestant လေးဖြစ် ပါတယ်။ ကျွန်မ Miss Aruba ပြိုင်ပွဲ ၀င်ဖို့ ပြင်နေ တာပါ။ ပြီးရင် မယ်စကြာ ၀ဠာ ပြိုင်ပွဲ ၀င်မယ်။ ဗင်နီဇွဲလား နိုင်ငံသူ ဖြစ်ရတာ အရမ်း ကံကောင်း ပါတယ်။ ဒီလို ပြိုင်ပွဲ မျိုးအတွက် လေ့ကျင့် သင်ကြား ပြင်ဆင် မှုတွေ ရနိုင် လို့ပါပဲ။ လို့ သူကဆို ပါတယ်။ သူပြောတာ မှန်ပါတယ်။ ဗင်နီ ဇွဲလားမှာ မယ်ပြိုင်ပွဲ တွေဟာ အလွန် အောင်မြင်ပြီး ဒိုင်တွေ ကလည်း နိုင်ငံ တကာ ပြိုင်ပွဲ တွေမှာ အနိုင် ရဖို့ မိန်းကလေး လှလှလေး တွေရွှေးချယ် မှုမှာ အလွန် ကောင်းတဲ့ ဖော်မြူလာ တစ်ရပ် ရှိနေ သလိုပါပဲ။ ဒါကြောင့် မယ်ပြိုင်ပွဲ တွေဟာ အားကစား ပြိုင်ပွဲ တွေလိုပဲ နေရာ တကာမှာ ကျင်းပ ကြပါတယ်။ ဗင်နီ ဇွဲလား မိန်းကလေး တွေဟာ အသက် ငယ်ငယ် ကပဲ မယ်ပြိုင်ပွဲဝင် ဖြစ်စေဖို့ ပျိုးထောင် ခြင်းခံ ရပါတယ်။

 

Miss Venezuela Preparation

 

Gisselle’s ကျောင်းမှာ မိန်းကလေး ၁၆၀ ရှိတဲ့ အထဲမှာ အများစုက အသက် လေးနှစ် ကနေ ၁၁နှစ် အရွယ် တွေပါ။ မိဘ တွေက သမီးလေး တွေကို မယ်တွေ ဖြစ်လာဖို့ အားပေး အားမြှောက် ပြုပြီး သူတို့ အလှမယ် လေးတွေ ဖြစ်လာရင် အောင်မြင် ကျော်ကြား လာမယ် ဆိုတာ ပြောပြ ထားကြ ပါတယ်။ Gisselle’s ကျောင်းသူ ဟောင်း တွေဟာ ဗင်နီဇွဲလားမှာ ကျော်ကြား သူတွေပါ။ ၂၀၀၈ ခုနစ် မယ်စကြာ ၀ဠာ Dayana Mendoza လဲပါပါတယ်။ သွေးပူ လေ့ကျင့်ခန်း အပြီးမှာ မိန်းကလေး တွေဟာ အတန်းဖော် တွေရဲ့ရှေ့ လျှောက်လမ်း ပေါ်မှာ တစ်ယောက် ပြီးတစ်ယောက် လမ်းလျှောက် ပြရ ပါတယ်။ Nascimiento ရဲ့ ပထမ အလှည့်မှာ ဘောင်းဘီ အမည်း chiffon အကျီင်္ နဲ့ ဒေါက်မြင့် ဖိနပ်နဲ့ လျှောက်ပြ ပါတယ်။ ဆရာမက ဘယ်လိုလဲ ဒီတစ်ယောက် ဘယ်လို နေလဲ။ စတိုင် ကျလား။ လို့ အတန်းသား တွေကို မေးပါတယ်။ အတန်းသား တွေက မိုက်တယ် လို့ဆို ပေမဲ့ သူရဲ့ ရွှေရောင် နားကပ် တွေနဲ့ အမည်းရောင် လက်ပတ် နာရီနဲ့က မလိုက်ဖက် ဘူးလို့ ဆိုပါတယ်။ အတန်းသား တွေဟာ နောက် တစ်ယောက် စ မလျှောက်ခင် Nascimiento ရဲ့ လမ်းလျှောက်ပုံ သူမရဲ့ လှုပ်ရှား ပုံစတာ တွေကို ဝေဖန်ရပါတယ်။ ကျွန်မ အရပ် ၁.၆၀မီတာ ရှိတယ် ဗင်နီဇွဲလား မယ်ဖြစ်ဖို့ ၁.၇၀ ( ငါးပေ ခုနစ် လက်မ) လောက်တော့ ရှိရမယ် လို့ Reyes ကဆို ပါတယ်။

 

Miss Venezuela Preparation

 

အယောက် ၂၀ ရှိတဲ့ အတန်းမှာ ၁ ယောက် ၂ ယောက် ကတော့ ဒီ August ဒါမှမဟုတ် September လမှာ ပြိုင်ပွဲ ၀င်ဖို့ အခွင့် အလမ်း ရှိနေ ပါတယ်။ မိန်းကလေး တစ်ယောက်ဟာ နိုင်ငံလုံး ဆိုင်ရာ ပြိုင်ပွဲ မှာပြိုင်ဖို့ အရွှေး ခံရပြီ ဆိုရင် အားကစား နာရီ ပေါင်းများစွာ လုပ်ရ။ သွားနဲ့ ပလတ် စတစ် ဆာဂျရီ ပြုပြင် တာတွေ လုပ်ရ ပါတယ်။ ဒါက အောင်မြင် မှုအတွက် အရေး ပါလှ ပါတယ်။ တကယ်လို့ ပြိုင်ပွဲ ၀င်ဖို့ အလှ မရှိ ခဲ့ရင်ကော။ ကျောင်းက ဘာလုပ် ပေးပါသလဲ။ ကျွန်မ အနေနဲ့ ကတော့ တတ်နိုင် သမျှ ပြုပြင် ပေးသွား တာပါပဲ။ သူတို့လေး တွေပို မိန်းမ ဆန်လာမယ်။ တစ်ခါ တစ်လေ တော့ဒါက ကိုယ်ရည် ကိုယ်သွေး တိုးတက်လာ တာနဲ့လဲ ဆိုင်ပါတယ်။ လူတွေနဲ့ စကားပြော နိုင်လာမယ်။ အပေါင်း အသင်းဆန့် လာမယ် လို့ Reyes ကဆိုပါတယ်။

 

Miss Venezuela Preparation

 

ဗင်နီဇွဲလား မှာဒီလို အလှမယ် ရွှေးပွဲ တွေကို ကန့်ကွက် သူမရှိ သလောက် ပါ။ ၁၉၇၂ တုန်းကပဲ နိုင်ငံ့ ဗဟို တက္ကသိုလ် အမျိုးသမီး အရေး လှုပ်ရှား သူအဖွဲ့ ကနေ ဗင်နီ ဇွဲလားမယ် ပြိုင်ပွဲ ထုတ်လွင့် မှုကို ကြားဖြတ်ဝင် တာပဲရှိ ခဲ့ပါတယ်။ ဒါက ပထမဆုံး နဲ့ တစ်ခု တည်းသော ကိစ္စပါ။ သမ္မတ Hugo Chavez ကတော့ ပလတ် စတစ် ဆာဂျရီ လုပ်တာကို ဆန့်ကျင် တဲ့အနေနဲ့ ရင်သား အစားထိုး ကြီးထွား စေတာကို မိစ္ဆာ တွေလို့ ဆိုပါတယ်။ ဒါပေမဲ့ မယ်ပြိုင်ပွဲ တွေကြောင့် ဒီလို ပလတ် စတစ် ဆာဂျရီတွေ ဖြစ်တယ် ဆိုတာ ကိုတော့ တိုတို တုတ်တုတ်ပဲ ပြောသွား ပါတယ်။ ဒီလို မယ်ပြိုင်ပွဲ တွေကို လက်ခံ တာက နိုင်ငံရဲ့ ရိုးရာဓလေ့ ဖြစ်နေ ပါပြီ။ လူတွေက မိန်းကလေး ဆိုရင် နူးညံ့ သိမ်မွေ့ ရမယ်။ ယောက်ျားလေး ဆိုရင် ကျားကျား လျားလျား ရှိမယ် လို့စွဲမှတ် ထားတာပါ။ ဒါပေမဲ့ အသွင် အပြင် ဆိုတာ မိန်းကလေး အတွက် သာမက ယောကျာ်းလေး အတွက်ပါ အရေးပါ တာပါပဲ။ Andrea Reyes ကတော့ သူမ တပည့် တွေကို အပြင် ရုပ်အလှ သာမက စိတ်ထား ရော လူမှုရေး မှာပါ ကောင်းမွန် စေဖို့ သင်ကြား တယ်လို့ ဆိုပါတယ်။ “ဗင်နီဇွဲလား မယ် ကလွဲလို့ တခြား မိန်းကလေး တွေက အလှ သက်သက် ပဲရှိ မယ်ဆိုရင် ငတ်လို့ သေသွား မှာပေါ့” လို့ သူမက ထပ်ပြော ပါသေး တယ်။

 

Extra information –
Venezuelans have won Miss Universe five times – in 1979, 1986, 1996, 2008, 2009 and 2013 ( just last night)
They have also won Miss World five times – in 1955, 1981, 1984, 1991, 1995 and most recently by Ivian Sarcos in 2011

 

Images from meridithkohut.photoshelter.com, missdayanamendoza.tumblr.com, Source – BBC

တစ်ယောက်တည်း နေသားကျရင်းနဲ့ နေရာကနေ အထီးကျန်ဘ၀ ရောက်မသွားဖို့ ပြန်လည်တွန်းလှန် နိုင်တဲ့ နည်းလမ်း

Ways to Fight Back Loneliness

Posted: 09 Nov 2013 07:33 PM PST

တစ်ယောက်တည်း နေသားကျရင်းနဲ့ နေရာကနေ အထီးကျန်ဘ၀ ရောက်မသွားဖို့ ပြန်လည်တွန်းလှန် နိုင်တဲ့ နည်းလမ်း လေးတွေကို ဝေမျှပေး ပါရစေ။

တစ်နေ့တာရဲ့ အချိန်တွေကို တစ်ယောက်တည်း ဖြတ်သန်း တာဟာ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှု သက်သက် အတွက် ဆိုရင်တော့ ကောင်းတဲ့ အ ရာပါ။ ဒါပေမယ့် ကြေကွဲ ၀မ်းနည်းစရာ ပြဿနာ ဥပမာ အိမ်လွမ်းတာ၊ အနိုင်ကျင့် ခံရတာ၊ မိမိဟာ အသုံး မ၀င်ဘူးလို့ ခံစားရတာ စတာတွေ နဲ့ ပတ်သက် လာမယ် ဆိုရင်တော့ ပြဿနာ နည်းနည်းတော့ ရှိပါတယ်။

Ways to fight back loneliness

ပြဿနာ ရှိတယ် ဆိုပေမယ့် စိတ်ကျ ရောဂါလို ဆရာဝန် တွေနဲ့ သွားပြီး ဆွေးနွေး တိုင်ပင် စရာတော့ မလိုပါဘူး။ အထီးကျန် သလို ခံစားနေရ တာဟာ တကယ်တော့ စိတ်ကို ထိခိုက်စေတဲ့ အဖြစ်အပျက် တစ်ခုကြောင့် ဖြစ်တတ် ပါတယ်။ ကြီးကြီးမားမား ချစ်သူနဲ့ လမ်းခွဲတဲ့ ကိစ္စနဲ့လည်း ဖြစ်နိုင်သလို ဘာမဟုတ်တဲ့ မိတ်ဆွေ တွေရဲ့ ပွဲတစ်ပွဲ တက်ရာ ကနေတောင် ဖြစ်နိုင် ပါတယ်။ ဥပမာ စာဖတ်သူဟာ မိမိဆွေမျိုး တစ်ယောက် ရဲ့ ပွဲတစ်ပွဲကို သွားတယ် ဆိုပါတော့။ ပတ်ဝန်းကျင်မှာ သင်ဟာ ဂရုမစိုက် ခံရတာကို ထူးထူးခြားခြား ခံစားလိုက် ရတာနဲ့ ငါဟာ ဒီပတ်ဝန်းကျင် မှာ အသုံးမ၀င် ပါလားဆိုပြီး အထီးကျန် သလို ခံစားသွား ရနိုင်ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ ဖြစ်သင့် တာကတော့ ကိုယ်ခံစားချက် ဆိုး ဆိုး ခံစားရ တာကို အကောင်းဘက် ကနေ လက်ခံရမှာပါ။ တစ်ကယ်တမ်း ကျတော့ ကိုယ်တိုင်က ပတ်ဝန်းကျင်ကို ၀င်ဆံ့ဖို့ ကြိုးစား ချင်စိတ် မရှိလို့ ဆိုတာလည်း သတိထား သင့်ပြီး အဲဒီလို မဖြစ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

Ways to fight back loneliness

တစ်ယောက်တည်း ရှိနေတဲ့ သူတွေ အတွက် ကတော့ အထီးကျန် ရောဂါကို မခံစားဖို့ အတွက် နည်းလမ်းတွေ ရှိပါတယ်။ တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ ကိုယ်စိတ်ဝင် စားတဲ့ အလုပ်တွေ၊ ၀ါသနာ ပါတဲ့ အရာတွေ ရွေးလုပ်တာလည်း ကောင်းတဲ့ အချက် ဖြစ်သလို ပါတီတို့၊ လူမှု အဖွဲ့အစည်း တို့မှာပါဝင် ဆောင်ရွက်တာတွေ ကလည်း သင့်ကို အထီးကျန်တဲ့ ဘ၀က ကင်းဝေး စေမှာပါ။ ဒါတွေ အားလုံး အသုံးမ၀င်ရင် တော့ ကိုယ့်အိမ်နီးချင်းနဲ့ စကားပြော တာပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် သွားပြီး စားပွဲထိုးနဲ့ စကားပြော တာပဲ ဖြစ်ဖြစ် လုပ်ရင်တောင် ဖြစ်ပါ တယ်။ တစ်ကယ်တမ်း ကျတော့ သင့်ကို တန်ဖိုး ထားတဲ့ အသိုင်းအ၀ိုင်း ဆိုတာ တစ်ခု မဟုတ်၊ တစ်ခုတော့ ရှိတာပါပဲ။ စိတ်ထဲမှာ အမြဲ သတိ ရဖို့က သူငယ် ချင်း မိတ်ဆွေ တွေဟာ သင့်ကို တစ်နည်း မဟုတ်၊ တစ်နည်းတော့ ဂရုစိုက် ခဲ့တယ် ဆိုတာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ပတ်ဝန်း ကျင်ဟာ နားဆူလို့ တစ်ယောက်တည်း နေချင်တဲ့သူ မဟုတ်ခဲ့ ရင်တော့ အဲဒီလို လုပ်ဆောင် သင့်တဲ့ အကြောင်း တိုက်တွန်း လိုက်ရ ပါတယ်။

Ways to fight back loneliness

Images from vimeocdn, bp.blogspot. Source: online.wsj.com

လွှတ်တော်အမတ်များတင်ပြသည့်အဆိုကိုပါတီစွဲ မ ထား ဘဲ နိုင် ငံ အ ကျိုး ကို ကြည့် ၍ ဆောင် ရွက်နေ ဟု သူရဦးရွှေမန်း ပြော ကြား

အောင်ကိုဦး| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ်
လွှတ်တော်တွင် အမတ်များက တင်ပြလာသည့် အဆိုများကို ပါတီစွဲမထားဘဲ နိုင်ငံ့အကျိုးအတွက်သာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းသည် မန္တလေးမြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များနှင့် နိုဝင်ဘာလ ၉ရက်က မန္တလေးမြို့ အစိုးရအဖွဲ့ ရုံးတွင် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။ “လွှတ်တော်အနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် ဥပဒေတွေ   ပြဋ္ဌာန်းနိုင်အောင်   ဆောင်ရွက်နေပါတယ်။ ပါတီစွဲ ဝါဒစွဲ လူမျိုးစွဲ ဒေသစွဲတွေ ကင်း ရှင်းပြီး ပြည်သူ့အကျိုးအတွက် ဘယ်ပါတီကမဆို တင်ပြလာတဲ့ အဆိုတွေကို လည်း   နိုင်ငံအကျိုး ပြည်သူ့အကျိုး တွက်တင်ပြတယ်လို့ ယုံကြည်ပြီး   ဆောင် ရွက်နေပါတယ်။”ဟု သူရဦးရွှေမန်းက ပြောသည်။လွှတ်တော်အတွင်း၌ အမတ်များသည် ပါတီ ၁၇ ခုကို ကိုယ်စားပြုကာ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား လက်တွဲဖော်ဆောင်ပြီး ပါတီ အကျိုးနှင့် ယှဉ် လျှင် နိုင်ငံတော်နှင့်ပြည်သူ အကျိုးကို ရှေးရှုကာ အကောင်ထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

“အတိတ်ကာလက ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ယနေ့ခေတ်ကာလမှာ အားလုံးအတူတကွ လက်တွဲပူးပေါင်းပြီး အကောင် ထည်ဖေါ်ဆောင် ရွက် သွားမယ်။ ပါတီတိုင်းမှန်ကန်တဲ့ အတွေးအခေါ် မှန်ကန်တဲ့ လုပ်ရပ်တွေကို လက်တွေ့အကောင် အထည်ဖော်နိုင်မှ နိုင်ငံတော် တိုးတက် ဖွံ့ဖြိုးမယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ၎င်းက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်အတွက် လွှတ်တော်တွင် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီတစ်ရပ် ကို   ဖွဲ့စည်းကာ   လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေပြီး ပါတီကိုယ်စားလှယ်များကလည်း ဝိုင်းဝန်းအကြံပြုရန် ပြောကြားခဲ့သေးသည်။

ထိုသို့ သူရဦးရွှေမန်းနှင့် မန္တလေးမြို့ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ တွေ့ဆုံပွဲကို နိုဝင်ဘာလ၉ရက် မွန်းလွဲ ၁နာရီခန့်မှ စတင် ကာ ညနေ ၄နာရီအထိ တွေ့ဆုံခဲ့သည်။

(မဇ္ဈိမသတင်းဌာန)