“ကုန်းဘောင်ခေတ် ကျေးလက်နေ ပြည် သူ လူ ထု ကျန်း မာရေး” . .

ရှေးမြန်မာမင်းများဟာ ပြည်သူလူထု ကျန်းမာရေးကို တာဝန်မယူပါ။သူတို့ကိုယ်တိုင်ကျတော့နန်းတွင်းမှာ ကျော်ကြားတဲ့ ဆေးဆရာတွေရှာပြီး (နေပြည်တော်)မှာ စု ထားပါတယ် ။
ပြည်သူလူထုကတော့ကပ်ကြီးသုံးပါး( ရောဂါကြောင့် ရောဂန္တရကပ် ၊စစ်ကြောင့် သတ္တန္တရကပ် ၊ မိုးလေ၀သမမှန်လို့ ကော်ပဲအထွက်နည်းတဲ့ ဒုဗ္ဘိကန္တရကပ်)တွေ ရင် ဆိုင်နေ ရပါတယ် ။ ဒါကြောင့် ယနေ့တိုင် ဘုရားရှိခိုးရင် ကပ်ကြီး (၃) ပါးကျော်နင်းနိုင်ပါစေလို့ ဘုရားရှိးတိုင်း ဆုတောင်းနေကြမြဲဖြစ်ပါတယ် ။
ရှင် ဘုရင်ရဲ့ မိဖုရား ၊ မောင်းမ ၊ ကိုယ်လုပ် ၊ သားတော် ၊ သမီးတော်စာရင်းတွေမှာ“ငယ်ကလွန်(သေ)တာတွေအများကြီးတွေ့ရပါတယ်။(စံ)အဖြစ်လေ့ လာကြည့် တဲ့ အခါ ဘိုးတော် ဗဒုံမင်း သားတော် သမီးတော်စာရင်း မှာ သားတော် (၆၀) ၊ သမီးတော် (၅၈) ၊ငယ်ကလွန်(၄၇)ရှိလို့ ကလေး(သေ)နှုန်း (၃၉.၈၃)% ရှိပါတယ် ။
မင်းတုန်းမင်းရဲ့သားတော် ၊ သမီးတော်စာရင်းမှာ သားတော်(၅၀)သမီးတော်(၅၆) ၊ ငယ်ကလွန်(၃၄)ရှိလို့ကလေး(သေ)နှုန်း(၃၂.၀၇)% ရှိပါတယ် ။ (သေ)နှုန်း ကျ ဆင်း လာတဲ့ အတွက် မင်းတုန်းမင်းလက်ထက်က အနောက်တိုင်းဆေးပညာ အသင့်အတင့် ရောက်ရှိလာပြီလားလို့ စဉ်းစားလို့ရပါတယ် ။
ဆေးကောင်းဝါးကောင်း ၊ ဆရာသမားကောင်းတွေရှိတဲ့ နန်းတော်ထဲမှာ ဒီလောက်သေရင် ကျေးလက်နေပြည်သူလူထု ဒါ့ထက်ပိုသေမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ် ။
ကျေးလက်နေပြည်သူလူထုဘ၀မှာ ကာလနာဖြစ်တဲ့ကျောက် ၊၀က်သက် ၊ ၀မ်း(ပလိပ်)ရောဂါတွေကျရောက်လာရင် အသေအပျာက်များလို့ ရွာ(ပျက်) တဲ့ အထိ   ထွက်ပြေးကြ ရပါတယ် ။ မြန်မာ့ဆေးပညာ(ဗိန္ဓော)ကလည်း ကာကွယ်ကုသဆေးမရှိပါဘူး ။ မြန်မာ့ဆေးဆရာတွေဟာ ကုသနိုင်စွမ်း မရှိလို့ အသေ အပျောက် များကြတာဖြစ်ပါတယ် ။ တချို့က ရဟန်းဘ၀မှာ ဆေးပညာလိုက်စားပြီး လူထွက်တဲ့အခါ ဆေးဆရာဖြစ် လာကြပါတယ် ။လူထဲမှာလည်း ဆရာနဲ့ အကျအန မသင်ဘဲ ဆေးမြီးတို စုဆောင်းရင်း နီးစပ်ရာဆေးကုပေးရင်း ဆေးဆရာတပိုင်းဖြစ်လာကြသူတွေ ရှိပါတယ် ။ ပြည်သူထူထုရဲ့ ကျန်းမာရေးဟာ ဆေးမြီးတိုနဲ့ပဲ ရင် ဆိုင်နေ ရခဲ့ ရပါတယ် ။
ကုန်းဘောင်ခေတ်က(နိုင်ငံအုပ်ချုပ်သူ)တွေကပြည်သူလူထုကျန်းမာရေးကိုတာဝန်မယူကြဘူး၊အဟာရဖြစ်မဲ့အစားအသောက်တွေကိုမစားနိုင်ကြလို့ (သေ)နှုန်း များ တာ လည်း ဖြစ်ပါတယ် ။ ဆေးပညာညံလို့ ဒီလိုဖြစ်ကြတာ ပြောရင်လည်းဖြစ်နိုင်ပါတယ် ။
( ကုန်းဘောင်ခေတ် ကျေးလက် လူမှု စီးပွား ဘ၀ 1752 -1885 )
ဒေါက်တာတိုးလှ M.A,Ph.D. သမိုင်းပါမောက္ခ မန္တလေး တက္ကသိုလ်၏စာတမ်းကိုဒေါက်တာသန်းထွန်း အကျဉ်းချုပ် ရေးသည် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: