တစ်ယောက်တည်း နေသားကျရင်းနဲ့ နေရာကနေ အထီးကျန်ဘ၀ ရောက်မသွားဖို့ ပြန်လည်တွန်းလှန် နိုင်တဲ့ နည်းလမ်း

Ways to Fight Back Loneliness

Posted: 09 Nov 2013 07:33 PM PST

တစ်ယောက်တည်း နေသားကျရင်းနဲ့ နေရာကနေ အထီးကျန်ဘ၀ ရောက်မသွားဖို့ ပြန်လည်တွန်းလှန် နိုင်တဲ့ နည်းလမ်း လေးတွေကို ဝေမျှပေး ပါရစေ။

တစ်နေ့တာရဲ့ အချိန်တွေကို တစ်ယောက်တည်း ဖြတ်သန်း တာဟာ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှု သက်သက် အတွက် ဆိုရင်တော့ ကောင်းတဲ့ အ ရာပါ။ ဒါပေမယ့် ကြေကွဲ ၀မ်းနည်းစရာ ပြဿနာ ဥပမာ အိမ်လွမ်းတာ၊ အနိုင်ကျင့် ခံရတာ၊ မိမိဟာ အသုံး မ၀င်ဘူးလို့ ခံစားရတာ စတာတွေ နဲ့ ပတ်သက် လာမယ် ဆိုရင်တော့ ပြဿနာ နည်းနည်းတော့ ရှိပါတယ်။

Ways to fight back loneliness

ပြဿနာ ရှိတယ် ဆိုပေမယ့် စိတ်ကျ ရောဂါလို ဆရာဝန် တွေနဲ့ သွားပြီး ဆွေးနွေး တိုင်ပင် စရာတော့ မလိုပါဘူး။ အထီးကျန် သလို ခံစားနေရ တာဟာ တကယ်တော့ စိတ်ကို ထိခိုက်စေတဲ့ အဖြစ်အပျက် တစ်ခုကြောင့် ဖြစ်တတ် ပါတယ်။ ကြီးကြီးမားမား ချစ်သူနဲ့ လမ်းခွဲတဲ့ ကိစ္စနဲ့လည်း ဖြစ်နိုင်သလို ဘာမဟုတ်တဲ့ မိတ်ဆွေ တွေရဲ့ ပွဲတစ်ပွဲ တက်ရာ ကနေတောင် ဖြစ်နိုင် ပါတယ်။ ဥပမာ စာဖတ်သူဟာ မိမိဆွေမျိုး တစ်ယောက် ရဲ့ ပွဲတစ်ပွဲကို သွားတယ် ဆိုပါတော့။ ပတ်ဝန်းကျင်မှာ သင်ဟာ ဂရုမစိုက် ခံရတာကို ထူးထူးခြားခြား ခံစားလိုက် ရတာနဲ့ ငါဟာ ဒီပတ်ဝန်းကျင် မှာ အသုံးမ၀င် ပါလားဆိုပြီး အထီးကျန် သလို ခံစားသွား ရနိုင်ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ ဖြစ်သင့် တာကတော့ ကိုယ်ခံစားချက် ဆိုး ဆိုး ခံစားရ တာကို အကောင်းဘက် ကနေ လက်ခံရမှာပါ။ တစ်ကယ်တမ်း ကျတော့ ကိုယ်တိုင်က ပတ်ဝန်းကျင်ကို ၀င်ဆံ့ဖို့ ကြိုးစား ချင်စိတ် မရှိလို့ ဆိုတာလည်း သတိထား သင့်ပြီး အဲဒီလို မဖြစ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

Ways to fight back loneliness

တစ်ယောက်တည်း ရှိနေတဲ့ သူတွေ အတွက် ကတော့ အထီးကျန် ရောဂါကို မခံစားဖို့ အတွက် နည်းလမ်းတွေ ရှိပါတယ်။ တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ ကိုယ်စိတ်ဝင် စားတဲ့ အလုပ်တွေ၊ ၀ါသနာ ပါတဲ့ အရာတွေ ရွေးလုပ်တာလည်း ကောင်းတဲ့ အချက် ဖြစ်သလို ပါတီတို့၊ လူမှု အဖွဲ့အစည်း တို့မှာပါဝင် ဆောင်ရွက်တာတွေ ကလည်း သင့်ကို အထီးကျန်တဲ့ ဘ၀က ကင်းဝေး စေမှာပါ။ ဒါတွေ အားလုံး အသုံးမ၀င်ရင် တော့ ကိုယ့်အိမ်နီးချင်းနဲ့ စကားပြော တာပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် သွားပြီး စားပွဲထိုးနဲ့ စကားပြော တာပဲ ဖြစ်ဖြစ် လုပ်ရင်တောင် ဖြစ်ပါ တယ်။ တစ်ကယ်တမ်း ကျတော့ သင့်ကို တန်ဖိုး ထားတဲ့ အသိုင်းအ၀ိုင်း ဆိုတာ တစ်ခု မဟုတ်၊ တစ်ခုတော့ ရှိတာပါပဲ။ စိတ်ထဲမှာ အမြဲ သတိ ရဖို့က သူငယ် ချင်း မိတ်ဆွေ တွေဟာ သင့်ကို တစ်နည်း မဟုတ်၊ တစ်နည်းတော့ ဂရုစိုက် ခဲ့တယ် ဆိုတာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ပတ်ဝန်း ကျင်ဟာ နားဆူလို့ တစ်ယောက်တည်း နေချင်တဲ့သူ မဟုတ်ခဲ့ ရင်တော့ အဲဒီလို လုပ်ဆောင် သင့်တဲ့ အကြောင်း တိုက်တွန်း လိုက်ရ ပါတယ်။

Ways to fight back loneliness

Images from vimeocdn, bp.blogspot. Source: online.wsj.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: