Daily Archives: November 13th, 2013

ရိုဟင်ဂျာ နှင့်ကမန်လူမျိုးများအားတိုင်းပြည် မှ နှင် ထုတ် နေ မှု အား ချက် ချင်း ရပ် တန့် ရန် တောင်း ဆို ခြင်း . .

ထုတ်ပြန်ကြေငြာချက် ၁၁/၂၀၁၃
(၂၀၁၃ ခု နိုဝင်ဘာလ ၇ ရက်)
ရိုဟင်ဂျာ နှင့် ကမန် လူမျိုးများအား တိုင်းပြည်မှ နှင်ထုတ် နေမှုအား ချက်ချင်း ရပ် တန့် ရန် တောင်း ဆိုခြင်း
၂၀၁၃ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လှေနစ် သေဆုံး ရသူ များနှင့် ဒုက္ခသည် စခန်းအား ၀င်ရောက် စီးနင်း တိုက်ခိုက် ခံခဲ့ရသည့် ရိုဟင်ဂျာနှင့် ကမန် မိသားစု များနှင့် ထပ်တူ ကျွန်ုပ်တို့ Civil Rights Movement (တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့) မှ ၀မ်းနည်း ကြေကွဲ မိပါသည်။
ဤကိစ္စများ ဆက်လက် ဖြစ်ပေါ် ခြင်းသည် ၂၀၁၃ ခု စက်တင်ဘာလ UN လုံခြုံရေး ကောင်စီတွင် ဤကိစ္စ များ ဆက်မဖြစ်စေ ရပါဟု ကတိ ပေးထားသော မြန်မာ အစိုးရ အနေဖြင့် လုံးဝ တာဝန်ရှိ နေသည်။ အလားတူပင် ရိုဟင်ဂျာ၊ ကမန်နှင့် မြန်မာနိုင်ငံ ဇာတိ အစ္စလာမ် သာသနာဝင် တို့အား ဥပဒေမဲ့-၊ သတ်ဖြတ်၊ ခြောက်လှန့်မောင်း ထုတ်နေခြင်းအား ဖေါ်ထုတ် အရေးယူခြင်း မရှိသည့် အတွက် ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ တာဝန်ကို ယူထားသည့် ဒေါ်အောင်ဆန်း စုကြည် တွင်လည်း တာဝန် မကင်းဟု ကျွန်ုပ်တို့ Civil Rights Movement မှ သတ်မှတ်သည်။
ဆင်တပ်မော် (ပေါက်တော) ဒုက္ခသည် စခန်းတွင် ခိုလှုံနေသော ဒုက္ခသည် အများစုမှာ ကျောက်ဖြူ ဒေသ ခံ မွတ်ဆလင်များ ဖြစ်၍ အများစုမှာ အစိုးရမှ တိုင်းရင်းသား အဖြစ် သတ်မှတ်ပြီး ကမန် လူမျိုးစု များ ဖြစ် သဖြင့် ၎င်းတို့အား တိုင်းပြည်တွင် မနေထိုင် ရဲစေရန် အစုလိုက် အပြုံလိုက် သတ်ဖြတ် မောင်း ထုတ် ခြင်း၊ ခြောက်လှန့် မောင်းထုတ်ခြင်း တို့သည် အစ္စလာမ် သာသနာကို ကိုးကွယ် သည့် လူမျိုး များအား သီး သန့် မောင်းထုတ်ခြင်း ဖြစ် ပြီး မြန်မာ နိုင်ငံတွင် ဘာသာ တရား တစ်ခုအား အပျောက် ရိုက်ရန် ကြံ စည် ခြင်းလည်း ဖြစ်သည်။
တိုင်းပြည်တွင် ဘေးကင်း လုံခြုံမှု မရှိသည့် အတွက် အသက်လု ထွက်ပြေး ရသည့် ပင်လယ် သမုဒ္ဒရာ ထဲမှ ကမ်း မမြင် လမ်းမမြင် ဒုက္ခသည် များ၏ ဘ၀များနှင့် ပတ်သက်၍ ဖြစ်ပျက် သမျှ အားလုံးကို မြန်မာ အစိုးရမှ တာဝန်ယူ ဖြေရှင်း ပေးရမည် ဖြစ်သည်။
ဤသို့- လူမျိုးတုံး သုတ်သင်မှု၊ ဘာသာ တရား တစ်ခုအား အပျောက် ရှင်းရန် ကြံစည်မှု တို့အား ချွင်းချက် မရှိ ရပ်တန်းက ရပ်ရန် ကျွန်ုပ်တို့ Civil Rights Movement မှ တောင်းဆို လိုက်ပြီး။ ထိုသို့ မောင်းထုတ် ရာတွင် ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သော လူအုပ်စု၊ နောက်ခံ အဖွဲ့ အစည်း တို့အား ချက်ချင်း လက်ငင်း ဖမ်းဆီးပေး ရန် ဦးသိန်းစိန် အစိုးရအား တောင်းဆို လိုက်သည်။ ဥပဒေမဲ့ သတ်ဖြတ် အနိုင် ကျင့် နေသည့် ရာဇ၀တ်ကောင် တို့ အား ဥပဒေ အရ အရေးမယူ ပေးနိုင်လျှင် မိမိ ရယူ ထားသည့် တရား ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ ရာထူးမှ နှတ်ထွက် ပေးရန်လည်း ဒေါ်အောင်ဆန်း စုကြည် အား တောင်းဆို လိုက်သည်။
မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့

– See more at: http://burmese.rohingyablogger.com/2013/11/blog-post_7.html#sthash.ZgnJp4yj.dpuf

OIC ကိုယ်စားလှယ်အဖွဲ့ အစိုးရ၊ ဒေါ်စုတို့နဲ့ တွေ့မည်

OIC – နိုင်ငံတကာ အစ္စလာမ်ကောင်စီ အဖွဲ့ဝင်နိုင်ငံများပြဇယား။

အင်ကြင်းနိုင်

11.11.2013

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် တွင်းမှာ မကြာသေးခင် နှစ်တွေ အတွင်း ဖြစ်ပွား ခဲ့တဲ့ သွေး ထွက် သံယို ပဋိပက္ခ တွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးဖို့ နိုင်ငံ တကာ အစ္စလာမ် ကောင်စီ (OIC) ရဲ့ အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အင်္ဂါနေ့ မှာ မြန် မာ နိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်။ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှု အပေါ် အခြေခံ ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက် မှုတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးဖို့ ရည်ရွယ် ထားတဲ့ ခရီးစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့လည်း တွေ့ဆုံ မှာပါ။ အပြည့် အစုံ ကိုတော့ OIC တာဝန် ရှိသူ တွေကို ဆက်သွယ် မေးမြန်း ထားတဲ့ မအင်ကြင်းနိုင် က တင်ပြ ပေးထား ပါတယ်။
OIC (ခေါ်) နိုင်ငံ တကာ အစ္စလာမ် ကောင်စီ ကိုယ်စားလှယ် အဖွဲ့မှာ အတွင်းရေး မှူးချုပ် Ekmeleddin Ihsauoglu နဲ့အတူ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ အာရေဗျ၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလား ဒက်ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျီဘူတီ (Djibouti) နိုင်ငံ ၇ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး (၇) ဦး လိုက်ပါ လာ မှာ ဖြစ်ပါတယ်။ ငါးရက် ကြာမြင့်မယ့် မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ရခိုင် ပြည်နယ်က လူနည်းစု မွတ်ဆ လင် ရိုဟင်ဂျာ တွေရဲ့ အခွင့် အရေးတွေ ဘယ်လို အကာ အကွယ် ပေးနိုင် သလဲ ဆိုတာနဲ့ ပတ် သက် လို့ မြန်မာ အစိုးရနဲ့ တွေ့ဆုံ စကားပြောမှာ ဖြစ်တယ်လို့ OIC ရုံးရဲ့ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေ ကို ပြော ပါတယ်။
“OIC အဖွဲ့ဝင် နိုင်ငံ တွေက အစိုးရ ၀န်ကြီး တွေဟာ မြန်မာ အစိုးရ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ကြမှာပါ။ အကြောင်း အရာ တော်တော် များများ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ OIC အနေနဲ့ လူသား ချင်း စာနာမှု ဆိုင်ရာ အကူအညီ ဆိုင်ရာ ကိစ္စ အတွက်တင် မဟုတ်ပါဘူး။ ဒီ အကူ အညီ တွေကို ဘယ် လို ပေးနိုင် သလဲ ဆိုတာ ကိုလည်း ဆွေးနွေးမှာပါ။ ပြီးတော့ ဒီခရီးစဉ် အတွင်းမှာ ရခိုင်ပြည်နယ် မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုOIC ခေါင်းဆောင်ပိုင်း အနေနဲ့ ပထမဆုံး အကြိမ် သွားရောက် လေ့ လာ မှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့လည်း ဒီလူနည်းစု အခွင့် အရေးနဲ့ ပတ်သက်လို့ ဘယ်လို အကာ အ ကွယ် ပေးနိုင် သလဲ ဆိုတာ ညှိနှိုင်း ဆွေးနွေး မှာပါ။”
ဒါ့အပြင် မြန်မာ နိုင်ငံမှာ OIC ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ဖို့ ကိစ္စလည်း အဓိက ဆွေးနွေးဖို့ ရှိတယ်လို့ OIC ပြန်ကြားရေး တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
မြန်မာ အစိုးရ ကတော့ ရိုဟင်ဂျာ တွေကို တိုင်းရင်းသား အဖြစ် အသိ အမှတ် ပြုထားခြင်း မရှိသေး သလို အိမ်နီးချင်း ဘင်္ဂလား ဒက်ရှ် နိုင်ငံက ဝင်ရောက် လာသူတွေ ဖြစ်တယ်လို့ သဘောထား ပါတယ်။
OIC အတွင်းရေး မှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံဖို့ ရှိမရှိ ဆိုတာ မသိ ရသေးပေမယ့် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိသလို နိုဝင်ဘာလ (၁၆) ရက်နေ့မှာ  တော့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင် ဆန်း စုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
OIC ရဲ့ အခု တခေါက် ခရီးစဉ်မှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီ တွေကို ပေးဖို့ မရှိပေမယ့် အနာဂတ်မှာ ဒီလိုမျိုး အကူ အညီတွေ ဘယ်လို ပေးနိုင် သလဲ ဆိုတာကို မြန်မာ အစိုးရနဲ့ ဆွေးနွေး မှာ ဖြစ် တယ်လို့ OIC ရုံးရဲ့ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။
“OIC အနေနဲ့ မြန်မာ အစိုးရကို ဘယ်လိုပဲ ဖြစ်ဖြစ် အကူ အညီ ပေးချင် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက်သူတို့ ကြိုးပမ်းနေတာတွေ၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘော တူညီချက် ရဖို့ ဆောင်ရွက် နေတာတွေ မြင်တွေ့ နေရ ပါတယ်။ မြန်မာ နိုင် ငံမှာ တိုးတက် ပြောင်းလဲ မှုတွေ ရှိနေတယ် ဆိုတာ ကျမတို့ နားလည် ပါတယ်။ ဒါကြောင့်လည်း ရင် ဆိုင် နေ ရ တဲ့ ပြဿနာ တွေကို OIC အနေနဲ့ သွားပြီး ကူညီ ပေးချင် တာပါ။”
ခရီးစဉ် အတွင်းမှာ OIC ကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို လာမယ့် အောက်တိုဘာလ (၁၅) ရက် ဒါမှ မဟုတ် (၁၆) ရက်နေ့မှာ သွားဖို့ စီစဉ်ထား ပါတယ်။
OIC အတွင်းရေး မှူးချုပ် ကလည်း စက်တင်ဘာလ တုန်းက နယူးရောက် မြို့မှာ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ သူတွေ့ဆုံ စဉ်မှာ ရိုဟင်ဂျာ အရေး ဆိုင်ရာ ပြဌာန်း ချက်ကို အကောင် အ ထည် ဖော်ဖို့ ဆွေးနွေး ခဲ့တဲ့ ကိစ္စ အတွက် မြန်မာ နိုင်ငံကို သွားရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကမန်လူမျိုးစု နိုင်ငံသားစိစစ်ရေးကဒ်အ ခက်အခဲ ကို လက် မှတ် စုဆောင်း တင်ပြ

ရခိုင် ပြည်နယ်တွင်းရှိ ကမန် တိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကဒ် လုပ်ဆောင်ရာတွင် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင်ရေး ဦးစီး ဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျှက် ဆောင်ရွက်နေခြင်းကြောင့် သံတွဲမြို့နယ်မှ ကမန်တိုင်းရင်းသားများ စုပေါင်းလက်မှတ်ရေး ထိုး ၍ ဇန်န၀ါရီ ၁၁ က နိုင်ငံတော်သမ္မတထံ တင်ပြလိုက်ကြသည်။

နိုင်ငံသားစီစစ်ရေးကဒ်ပြားပြုလုပ်ပေးခြင်းတွင် အခြားတိုင်းရင်းသားများအား ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသော် လည်း ကမန်တိုင်းရင်းသားများ ကိုမူ ပြည်နယ်သို့တင်ပြ၍ စစ်ဆေးမှုခံယူစေခြင်း ကြောင့်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားခဲ့သူ ဦးအောင်နိုင်မြင့် ကပြောသည်။

ကမန်လူမျိုးစုဝင်များ အနေဖြင့် နိုင်ငံသား စိစစ်ရေးကဒ် လုပ်ဆောင်ရာတွင် ပြည်နယ်အဆင့်သို့တင်ပြ ဆောင်ရွက်နေရပြီး အခြားတိုင်းရင်းသား များ ပြုလုပ်ရန် မလိုသည့် ထောက်ခံချက် များ ၊ စာရွက်စာတမ်းများ ရယူနေရသဖြင့် ငွေကြေးကုန်ကျမှုများပြားကာ အချိန်ကြန့်ကြာမှုများ လည်းရှိနေကြောင်း    ဒေသခံ ကမန်များ က ပြောသည်။

“နိုင်ငံသားစီစစ်ရေး ငါးဦးကော်မတီရဲ့ လက်မှတ်သွားယူရတယ်။ ငွေတစ်သောင်းကျော်ကုန်တယ်။

အခုတော့ စေတနာရှိသလောက်ပေးရတယ်လို့ကြားတယ်” ဟု နိုင်ငံသားစိစစ်ရေးကဒ်ရရှိရန် ရှစ်လကျော်အထိ ကြာမြင့်စွာစောင့်ခဲ့ရသူ တစ်ဦး ကပြောသည်။

“အခုဆိုရင် ပြည်နယ်က မှတ်ပုံတင်ကျလာပြီး ရုံးမှာမကြေငြာပဲထားတာတွေ့ရတယ်။သွားပြီးတော့ ရင်းနှီးတဲ့လူတွေကိုစုံစမ်းမှ သိရတယ်” ဟုလည်း ဒေသခံ တစ်ဦး ကပြော သည်။

ကမန်လူမျိုးစုမှာ အစ္စလာမ်ဘာသာကိုးကွယ်သည့် လူမျိုးစုများဖြစ်သော်လည်း ရခိုင်မျိုးနွယ်စု တစ်ခုဖြစ်၍ တိုင်းရင်းသား ၁၃၅ မျိုးတွင်ပါဝင်ကြောင်း ဦးအောင်နိုင်မြင့် က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၄၅) တွင် တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူများကို နိုင်ငံသားဖြစ်ကြောင်း သတ်မှတ်ထားပြီး ပုဒ်မ(၃၄၇)တွင် ဥပဒေအရာ၌ နိုင်ငံသားအားလုံး တန်းတူညီမျှအခွင်းအရေး ရရှိစေရမည်ဟုလည်းကောင်း ၊ ပုဒ်မ(၃၄၈)တွင်မည်သည့် နိုင်ငံသားကိုမျှလူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဋ္ဌာန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟုပြဋ္ဌာန်းပါရှိသည်။

၎င်းက “ဒါဟာဥပဒေကိုလုံးဝဆန့်ကျင်ပြီး ဆောင်ရွက်နေတာပါ။ဒါကို သမ္မတကြီးသိရှိအရေးယူနိုင်ဖို့ တင်ပြလိုက် တာပါ။

အဓိက တောင်းဆိုတာကတော့ ရခိုင်ပြည်တွင်းမှာရှိတဲ့ ကမန်တွေအားလုံးကို သက်ဆိုင်ရာ(မြို့နယ်)လ.၀.က ရုံးတွေက နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်ပေးနိုင် ဖို့အတွက် ပါ” ဟုကပြောသည်။

စာတင်ပြရာတွင် သံတွဲမြို့တမြို့နယ်တွင်သာ လက်မှတ်ကောက်ခံမှု ပြုလုပ်နိုင်ခဲ့သဖြင့် လက်မှတ်ပေါင်း(၄၀၀) ကျော် လက်မှတ် ရေးထိုးခဲ့ကြသည်။

ဖွဲ့စည်းပုံ ဥပဒေပုဒ်မ(၂၂၄)တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၀န်ကြီးဌာနများသည် ယင်းတို့လက်အောက်ရှိ ဌာန ၊ အဖွဲ့အစည်းများက လုပ်ငန်း တာဝန်များ   ဆောင် ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီဖြစ်စေရန်လည်းကောင်း ၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီဖြစ်စေရန် လည်းကောင်း   စိမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း ၊ ကြီးကြပ်ခြင်း ၊ စစ်ဆေးခြင်းပြုရမည်ဟု ပြဋ္ဌာန်းထားသည်။       ။

Credit Yangon Press International

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အထက်မြန်မာပြည် FNI အဖွဲ့ ကြေညာချက်ထုတ်ပြန်

နိုဝင်ဘာ ၁၃-၂၀၁၃

M-Media
သီရိ

1000952_1428564147369049_1369763180_n

မန္တလေး။          ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အများပြည်သူများ၏ ဆန္ဒမပါရှိ၊ ပွင့်လင်းမြင်သာမှုမရှိဘဲ တစ်ဖက်သက်ရေးဆွဲခဲ့သည့်အတွက် အများလက် ခံနိုင်ခြင်း  မရှိ သည့် အချက်များပါဝင်နေခြင်း၊ ပြည်ထောင်စု၏ဖွဲ့စည်းပုံစနစ် စနစ်မကျမှုများ၊ ဒီမိုကရေစီနှင့်မညီညွတ်သည့် တိုင်းရင်သားတန်းတူ အခွင့်ရေးများ မရရှိခြင်း၊ အမျိုးသားနှင့် အမျိုးသမီး ခွဲခြားကန့်သတ်ခြင်း စသည့် အချက်လက်များကို ပြင်ဆင်ရန် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)နှင့် ချိတ်ဆက်ကာ အထက်မြန်မာပြည်ရှိ အလုပ်သမားများနှင့် လယ်သမားများကို ကူညီပေးနေသာ အဖွဲ့အစည်းတစ်ခုဖြစ်သည့်  (FNI) က ထုတ်ပြန်သော   ကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး အထက်မြန်မာပြည် တာဝန်ခံ ဦးကိုကိုကြီးက လက်ရှိ အခြေခံ အလုပ်သမား အဖွဲ့အစည်းနှင့် Facilitators Network With ILO Upper Myanmar (FNI) အဖွဲ့ဝင်များ၏ ထောက်ခံချက်လက်မှတ်များကို ကောက်ယူလျက်ရှိပြီး နိုဝင်ဘာနောက်ဆုံးသီတင်းပတ်တွင် အဆိုပါထောက်ခံချက် လက်မှတ်များ ကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။