Daily Archives: November 14th, 2013

OIC ဘာကို ကူညီမလဲ-

 

OIC က မြန်မာအစိုးရကို ကူညီမယ် ဆိုတဲ့ စကားလုံးကို သုံးတယ်။ (မွတ်ဆလင်တွေ ကို ကူညီမယ်လို့ မသုံးဘူး)- ဘာကို ကူညီမလဲ၊ ဘာဖြစ်လို့ အစိုးရက OIC ကို ပင့် ရသလဲ။-
ရိုဟင်ဂျာ နဲ့ မြန်မာမွတ်ဆလင် Issue က UN လုံခြုံရေး ကောင်စီမှာ Serious Issue- one to ten ထဲမှာ Second အဆင့်ကို ရောက်သွားခဲ့ပြီ။ UN တပ်- အချိန်မရွေး ၀င်ရတော့ မယ့် အဆင့်ကို ရောက်နေပြီ။ ရိုဟင်ဂျာအရေး မြန်မာမွတ်ဆလင် အရေးကို ပြည်တွင်းရေးလို့ စွပ်အော်နေတဲ့ လူတွေ ကျောကျမှ အဘ မ တ လေနဲ့။ UN တပ် မ၀င်မဖြစ် အဆင့်ကို မရောက်မှီ နောက်ဆုံးအဆင့် ကမ္ဘာ့ဒုတိယ အကြီးဆုံး အဖွဲ့ OIC ကို နောက်ဆုံး အနေနဲ့ ညှိဘို့ UN က မေတ္တာရပ်ခံချက်-၊ မြန်မာအစိုးရရဲ့ အသနား ခံချက်ကြောင့် OIC မြန်မာနိုင်ငံကို သွားခြင်းပါ။ 82 ဥပဒေတွေ ဘာတွေ ကျွန်တော်တို့ နားမလည်ဘူး- ရိုဟင်ဂျာတွေကို ရိုဟင်ဂျာ နာမည်နဲ့ တန်းတူ နိုင်ငံသား ပေးရ မယ်။ မြန်မာမွတ်ဆလင်တွေ အပါအ၀င် လူနည်းစု မျိုးနွယ်တိုင်း ကို တန်းတူညီမျှ အခွင့်အရေး-ပေးရမယ်။ ဒုက္ခသည်တိုင်းကို လူမှုကူညီရေး ပြန်လည်နေရာချထား ရေး ဆောင်ရွက်ခွင့်တွေ အပြည့်အ၀ ပေးရမယ်။ ဒီ message ကို OIC က ယူသွားတယ်။ ဒါကို မြန်မာအစိုးရက အကောင်အထည်ဖေါ်ပေးရမယ်။ အကောင်အထည်ဖေါ်တဲ့ အချိန်ကာလ သတ်မှတ်ချက်တော့ ရှိမယ်။ ဒါကို ဈေးဆစ်လို့ မရဘူး။ ဒါကို မလိုက်လျှောရင်–၊ မြန်မာအစိုးရကို OIC က ကူညီနိုင်မှာ မဟုတ်ဘူး။ သူ့အတွက် ကျွန်တော်တို့ နောက်ဆုံးဆေးကိုပဲ တိုက်ရပါလိမ့်မယ်။ ကလိမ်ကကျစ် လုပ်ချင်လည်း လုပ်ကြည့်ပါစေ-။

မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Advertisements

ရခိုင်ပြည်နယ် အခြေအနေ အိုအိုင်စီအကြို အမေရိကန်သံရုံး ဦးဆောင် သွားရောက်လေ့လာ၍ စာတမ်း

အမေရိကန်သံရုံးတာဝန်ရှိသူများ ဦးဆောင်ပြီး ဆွစ်ဇလန်သံရုံး အာဏာပိုင်များနှင့် ဗြိတိသျှသံရုံး အာဏာပိုင်တွေ စုပေါင်းပြီး နိုဝင်ဘာ (၁၁) (၁၂)ရက် အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်သံအမတ် Derek Mitchell ဦးဆောင်ပါဝင်တဲ့ အဖွဲ့ကို ဝန်ကြီးဦးခင်ရီနဲ့ မြန်မာအာဏာပိုင်တွေပါ လိုက်ပါသွားခဲ့ကြောင်းနဲ့ စစ်တွေ၊ မောင်တော၊ ပေါက်တော၊ မြေပုံမြို့နယ်တွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ်ကို အိုအိုင်စီ အဖွဲ့ဝင်တွေ မလာရောက်မီ တင်ကြိုသွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အပြီးမှာတော့ အမေရိကန်သံရုံးက ကြုံတွေ့ခဲ့တာတွေကို ကြေငြာချက် စာတမ်း တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ကြေငြာချက် စာတမ်း အပြည့်အစုံကို ဖော်ပြထားပါတယ်။

http://myanmarmuslimsvoice.com/archives/9862

ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း အစ္စလာမ်မစ်ဘာသာနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 


နေပြည်တော် နိုဝင်ဘာ ၁၄

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် နေပြည်တော်၌ ရောက်ရှိနေသော အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး မစ္စတာ အီမယ်လ်ဒင် အီဆန် အိုဂလူနှင့် (OIC) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်   ကျော်ကျော် ထွန်း၊ ဗိုလ်မှူးချုပ် အောင်သော်၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဒေါက်တာမောင်မောင်ဌေး၊ ဦးဘုန်းဆွေ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မလေးရှားနိုင်ငံ တို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း H.E. Mr. William J. Clinton နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတဟောင်း H.E. Mr. William J. Clinton ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် ကလင်တန်ဖောင်ဒေရှင်းနှင့် မြန်မာနိုင်ငံအစိုးရတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားလိုမှု၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးကဏ္ဍစုံ ချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB ရောဂါဝေဒနာရှင်များအား ဆေးဝါးများ ဖြန့်ဖြူး ပေးရေးနှင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၌ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စသည့် လုပ်ငန်း စဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက် ကလေး၊ မွေးကင်းစကလေးနှင့် မိခင် သေဆုံးမှု လျော့ကျရေးတို့အတွက် ငွေကြေးနှင့် သင်တန်းများ အထောက်အကူပြုနိုင်မှုတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးခင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
http://www.moi.gov.mm/news/14/11/2013/id-1402