Daily Archives: November 15th, 2013

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေး ၂ ဦးကို ပြန်လွှတ်ပေး

လင်းသန့်

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေး ၂ ဦးဖြစ်သော နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ်ကျခံ နေရသည့် ကိုကျော်နေ၀င်း နှင့် ကိုအေးနေ၀င်း တို့သည် အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက် လာကြောင်း သတင်း ရရှိသည်။

“ကျော်နေ၀င်းနဲ့ အေးနေ၀င်းရယ်၊ သူတို့ ၂ ယောက်အပြင် သူတို့ရဲ့ အမှုတွဲ ဘိုးတော် စကြာအောင်ပွင့်ခေါင်လည်း လွတ် လာ တယ်”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) (ရန်ကုန်အခြေစိုက်)မှ ကိုကျော်စိုး က ဧရာဝတီ ကို ပြောသည်။

၎င်းတို့၏ မိသားစုနှင့် နီးစပ်သူ ကိုကျော်သူရ ကလည်း အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသော ကိုကျော်နေ၀င်း နှင့် ကိုအေးနေ၀င်း တို့ ၂ ဦး နေအိမ်သို့ ကောင်းမွန်စွာ ရောက်ရှိပြီဖြစ်ကြောင်း၊ ဘိုးတော် စကြာ အောင်ပွင့်ခေါင်သည် လည်း သာယာဝတီ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာကြောင်း ဧရာဝတီကို သည်။

သမ္မတ ဦးသိန်းစိန်ထံသို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီက စိစစ်တင်ပြခဲ့ပြီးနောက် အကျဉ်းသား ၆၉ ဦး ကို ယနေ့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုရာမှ ဦးနေ၀င်း၏ မြေး ၂ ဦးလည်း လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ကိုအေးနေ၀င်းနှင့် ကိုကျော်နေ၀င်းတို့ ၂ ဦးသည် အဘိုးဖြစ်သည့် ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေ၀င်း၊ မိခင် ဒေါ်စန္ဒာဝင်း၊ ဖခင် ဦးအေးဇော်ဝင်း၊ ညီအစ်ကို တဦးဖြစ်သည့် ကိုဇွဲနေ၀င်း တို့နှင့်အတူ စစ် အစိုးရ ခေါင်းဆောင်များအား ဖမ်းဆီး ၍ နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်သည် ဆိုသော နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၀၀၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ်က ဒေါ်စန္ဒာဝင်းနှင့် ဦးနေ၀င်းတို့ကို နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ပြီး ဦးအေးဇော်ဝင်း၊ ကိုဇွဲနေ၀င်း၊ ကိုအေးနေ၀င်း၊ ကိုကျော်နေ၀င်းတို့သည် သေဒဏ် အပြစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် နောက်ပိုင်းတွင် သေဒဏ်မှ တသက်တကျွန်းသို့ ယခင် စစ်အစိုးရက ပြစ်ဒဏ်ပြောင်းလဲ သတ်မှတ်ခဲ့သည်။

နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် ဦးနေ၀င်းသည် ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ (၅) ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်မြို့ အေဒီလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိပြီ ဖြစ်သည်။

ဒေါ်စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ပြီး ဦးအေးဇော် ၀င်း နှင့် ကိုဇွဲနေ၀င်း တို့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တလျှောက် ဒေါ်စန္ဒာဝင်းသည် တပ်တွင်း ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင် စဉ် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ ဒေါ်စန္ဒာဝင်းနှင့်အတူ သားများသည်လည်း ရမ်းကားမှုများဖြင့် နာမည်ဆိုး ထွက် ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း အနည်း ဆုံး ၆၀ ကျော်နှင့် အမူရင်ဆိုင်နေရဆဲ ၂၆၅ ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း AAPP တွဲဖက် အထွေထွေအတွင်းရေး မှူး ဦးဘိုကြည်က ပြောသည်။

“ဒီနေ့ လွှတ်ပေးတာက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီးလွှတ်ပေးတာမျိုးတော့ မဟုတ်သေးဘူးထင်တယ်။ ဒါ ကတော့ အစိုးရဘက်က ဆက်ပြီး လုပ်ပေးဖို့ လိုတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် ပြုပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးတာမျိုးကို လိုလားပါတယ်”ဟု သူက ပြောသည်။

လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှပါဝင်ကြောင်း သိရသော်လည်း မြောက် ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု သတင်းပေါက်ကြားသည်ဟု စွပ်စွဲကာ ဖမ်းဆီးထောင်ချထားသည့် ဗိုလ်မှူးဟောင်း ၀င်းနိုင် ကျော်နှင့်အခြား လူများ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

သမ္မတရုံး၏ ယနေ့ လွတ်ငြိမ်းခွင့် အမိန့်ကြေညာချက်တွင်“ဆက်လက်၍လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော် မတီက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်”ဟု ဖော်ပြသည်။

“နောက်ထပ် လွတ်ငြိမ်းခွင့်ပေးရင် အမှုရင်ဆိုင်နေဆဲ လူတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုမယ်”ဟုလည်း ဦးဘိုကြည် က ပြောဆိုသည်။

Advertisements

OIC အဖွဲ့ ရခိုင်ခရီးစဉ်နေရာများ ပြည် နယ် အစိုး ရ ထံ အသိပေး မထား ဟု ဆို

ကေဇင်ဦး

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် နိုဝင်ဘာ ၁၅ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်သော်လည်း ခရီးစဉ်အသေးစိတ် ကို ပြည်နယ် အစိုးရသို့ ကြိုတင်အကြောင်းကြားထားခြင်း မရှိသေးဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က မဇ္ဈိမကို ပြော ကြားလိုက်သည်။

OIC သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်က စတင်ရောက်ရှိပြီး နေပြည်တော်တွင် နိုင်ငံခြားရေးဝန် ကြီးနှင့် တွေ့ဆုံကာ နိုဝင်ဘာ ၁၄ တွင် လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံခဲ့ပြီးနောက် ၁၅ ရက် တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။

“လာမှာ သေချာပါတယ်။ ဘယ်တွေကို သွားမယ်ဆိုတာ၊ မသိသေးပါဘူး။ သူတို့လာမှာ ကျွန်တော်တို့က လိုအပ်သလို ဆောင်ရွက်ပေးရမှာပါ။ ပြည်နယ်အစိုးရနဲ့ သီးခြားတွေ့ ဆုံဖို့ အစီအစဉ်မရှိပါဘူး”ဟု ဦးဝင်း မြိုင်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ဒေသခံများအနေဖြင့် စစ်တွေမြို့အပါအ၀င် မြို့နယ်အများစုတွင် ယင်းနေ့နံနက်ပိုင်း၌ တစ်ပြိုင်နက်တည်း ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်ဟု ရခိုင်ဒေသခံများက ဆိုသည်။

“နံနက် ၉ နာရီက နေ့လယ် ၁၂ နာရီအထိ ခွင့်ပြုချက်ရပေမယ့် တစ်ရက်လုံးနီးပါးလောက် လေဆိပ်မှာ စုဝေးဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်ထားပါတယ်”ဟု စစ်တွေမြို့ ဆန္ဒ ထုတ်ဖော်ရေးခေါင်းဆောင် ဦးမောင်နု က ပြောသည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လာရောက်မည့်နေ့တွင် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်စလုံးတွင် ဆန္ဒထုတ်ဖော်ခွင့် တင်ထားသော်လည်း မြို့နယ်နှစ်ခု သာ ဆန္ဒထုတ်ဖော်ခွင့် ရရှိခဲ့သည်။

“စစ်တွေနှင့် ကျောက်ဖြူမြို့များတွင် ၁၅ ရက်အတွက် ဆန္ဒပြခွင့်ရရှိပြီးဖြစ်ပါပြီ”ဟု ကျောက်ဖြူလူမှုကွန် ရက်မှ ဦးထွန်းထွန်းနိုင်က ပြောသည်။ အလားတူပင်   မြောက်ဦး၊   ကျော်တော်၊ ပေါက်တောနှင့် အမ်းမြို့ များတွင် နိုဝင်ဘာ ၁၆ ရက်တွင်သာ ဆန္ဒထုတ်ဖော်ခွင့်ပြုထားသည်ဟု ကျောက်ဖြူလူမှုကွန်ရက်မှ ၎င်း က ဆိုသည်။

OIC ကို အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီနှင့် အင်းစိန်မြို့နယ်တို့တွင်လည်း ဆန္ဒထုတ်ဖော်ခဲ့ပြီး မိတ်္ထီလာမြို့နယ်တွင်လည်း ဆန္ဒထုတ်ဖော် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သေးသည်။

နိုဝင်ဘာ ၁၂ ရက်က အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်သည် ဒေသတွင်းဒုက္ခသည်များကို လေ့လာရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်    တွေ့ ဆုံခဲ့သည်။

Burmese MP dies in parliament

 

MP Aung Hsan, speaking in parliament shortly before he collapsed on Thursday. (DVB) MP Aung Hsan, speaking in parliament shortly before he collapsed on Thursday. (DVB)

 

 

Burma parliament’s lower house was said to be shocked by the demise of a Union Solidarity and Development Party (USDP) representative who collapsed suddenly and died during the legislative session of parliament on Thursday.

 

Aung Hsan, 66, was a member of the ruling USDP party and elected as a lower house MP for Rangoon’s Pabedan township constituency in the 2010 election.

 

He had submitted a question in the lower house on Thursday regarding security measures and preparations for the upcoming SEA Games in Burma. Deputy Sports Minister Thaung Htike had just replied to the question when Aung Hsan collapsed in his seat, according to a fellow lower house member Min Thu.

 

The cause of his death has not yet been announced.

 

 

A two-minute silence was held for the MP when it was announced that he had died.

 

Later, a proposal was submitted by MP Myint Thu of Dagon Myothit East constituency suggesting that an ambulance and medics be constantly on call at the parliament building in Naypyidaw.

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ …


မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။ အဆိုပါသုတေသနပြုလေ့လာမှုကို ဆေးသုတေသနဦးစီးဌာန (အောက်မြန် မာပြည်) မှ သုတေသီများက ပြုလုပ်ကြခြင်းဖြစ်ပြီး ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ ခွေးလှေးယားသီး၏ အနှစ်ရည်အချိုးအဆအမျိုးမျိုးကို မြွေပွေး   အဆိပ်နှင့်ပေါင်း စပ်ပြီး ဓါတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ခဲ့ကြောင်း၊ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ် သည်   မြွေပွေး အဆိပ် ၏သေစေနိုင်သော သတ္တိ အား ချေဖျက်နိုင်စွမ်းရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုမှတစ်ဖန် ခွေးလှေးယားသီး အနှစ်ရည်ကို တစ်ပတ် လျင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ် ထိုးထားသော ယုန်များ၏သွေးရည်ကြည် ၁၀၀ မိုက်ခရို လီတာ သည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို   ခြေဖျက်နိုင်စွမ်းရှိကြောင်း ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများ တွင် စမ်းသပ်ချက်အရ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသတစ်ချို့တွင် မြွေကိုက်လူနာများကို ခွေးလှေးယားသီးသုံးစွဲ၍ ဆေးမြီးတိုအဖြစ် ကုသသုံးစွဲခြင်းများကို ပြည်တွင်း သုတေသီများ က   ခွေးလှေး ယား သီး မှ စနစ်တကျလေ့လာသုတေသနပြုခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလေ့လာတွေ့ရှိချက်များအရ ခွေးလှေးယားသီးအစေ့အနှစ်ရည်နှင့် ၄င်းအနှစ်ရည်ထိုးသွင်း ထားသော ယုန်၏သွေး ရည်ကြည် တို့သည် မြွေပွေး၏သေစေနိုင်သော အဆိပ်သတ္တိအပေါ် ခြေဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုကာ အခိုင်အမာ သက်သေပြ ဆိုနိုင် ခဲ့ကြကြောင်း သိရသည်။

OIC လာတာကို ကန့်ကွက်ကြတယ်၊ဒါပေမဲ့မွတ်စလင်မ်တွေကို ဗုဒ္ဓဘာသာဝင် ဒုက္ခပေးနေတာ ပိုပြိးသိသွားတယ်။


OIC လာတာကို ကန့်ကွက်ကြတယ်.. ဒါပေမဲ့ ဒါက အခု မွတ်စလင်မ် ကမ္ဘာက ပိုသိသွားတာက ဘာလဲဆိုတော့ မြန်မာနိုင်ငံက မွတ်စလင်မ်တွေကို ဗုဒ္ဓဘာသာဝင် အကြမ်း ဖက်သမားတွေ ဘယ်လောက် ဒုက္ခပေးလဲဆိုတာ ပိုပြီး နားလည်စေတဲ့ အရာပါ။ ဒီတစ်ခါ OIC ကို အစိုးရက ဖိတ်ခေါ်တာပါ၊ ဒါပေမဲ့ အစိုးရကဘဲ OIC ကို ရိုင်းဆိုင်းတဲ့ ဆိုင်းဘုတ်တွေ ကိုင်စေပြီး ဆန္ဒပြခွင့်ပေးပါတယ်။ ဒါတွေက မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ သူတွေ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်က ဒါကို ကြည့်နေတယ်ဆိုတာက OIC ကို လူလို့မထင်တဲ့ သဘောဖြစ်ပြီး~~မြန်မာပြည်ထဲက မွတ်စလင်မ်တွေကို သတ်ဖြတ်စော်ကားနေတာရော၊ ဘာသာတရားကို စော် ကားနေ တာရော အခုတစ်ခါ ကမ္ဘာ့ မွတ်စလင်မ်ထုကို စော်ကားနေတာ သက်ရောက်နေပါတယ်။ နိုင်ငံတကာမှာ မွတ်စလင်မ်တွေနဲ့ ပြသနာ ဖြစ်တယ်လို့ ယုံကြည်နေကြ တဲ့ ဗုဒဘာသာဝင်တွေ မွတ် စလင်မ်တွေ အဲလောက်ဆိုးခဲ့မယ်ဆိုရင် ခင်ဗျားတို့တွေ ထမင်းငတ်သေမှာသေချာတယ်။ ခင်ဗျားတို့ လူတွေ မလေးရှားမှာ အလုပ်လုပ်နေတာကို ကြည့်ကြပါ၊ ကျန်တဲ့ မွတ်စ လင်မ်နိုင်ငံတွေမှာ အစေခံလုပ်နေကြတာကို ကြည့်ကြပါ။ တစ်ချို့ အနောက်နိုင်ငံတွေနဲ့ ပြသနာဖြစ်နေတာတောင် ဘာသာတရားကို အခုလိုစော်ကားတာ မဟုတ်ဘူး..အခုဟာက မြန်မာခေါင်းဆောင်တွေ အားပေးအားမြောက်လုပ်ကာ OIC လာတဲ့ အချိန် ဘာသာတရားကို အခုလို စော်ကားဖို့ အခွင့် အရေးပေး တာကို က မြန်မာနိုင်ငံဟာ အစ္စလာမ် ကမ္ဘာကို စိန်ခေါ်လိုက်တာနဲ့ တူပါတယ်။

OIC ကိုယ်စားလှယ်တွေရဲ့ မျက်ရည်တွေ သက္ကေပြင် ဗလီမှာတော်တော်ကျခဲ့တယ်

အိုအိုင်စီ ကိုယ်စားလှယ်တွေရဲ့ မျက်ရည်တွေ သက္ကေပြင် ဗလီမှာတော်တော်ကျခဲ့ပါတယ် ဆိုတာ ဒီနေ့ သိလိုက်ရတယ်။ စစ်တွေ သက္ကေပြင် ဗလီမှာ ~~ OIC ကိုယ်စားလှယ်တွေ မောင်တောကနေ ပြန်လာပြီး ဂျူမာဝတ်ပြုခဲ့ပါတယ်။ မွတ်စလင်မ်တွေကို ဖက်ပြီး ငိုကာ ကျွန်တော်တို့ ခင်ဗျားတို့ ဒုက္ခရောက်နေတာကို လာကြည့်တာပါဆိုပြီး ရောက်ရှိလာကြတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံးရဲ့ မျက်ရည် ကျခဲ့ရပါတယ်။ ကိုယ်စားလှယ်တွေရော ရိုဟင်ဂျာတွေရော တော်တော် ငိုခဲ့ရတယ်ပြောတယ်။

စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့သည့် OIC ကိုယ်စားလှယ်များ

ခရီးသွားပြည်သူလူထုသို့အသိပေးကြေညာခြင်း

နေပြည်တော်၊ နိုဝင်ဘာ ၁၅

မန်မာ့မီးရထားသည် ပြည်သူလူထုအား ၀န်ဆောင်မှု အပြည့်အ၀ပေးနိုင်ရေး ကြိုပမ်းဆောင်ရွက် လျက်ရှိရာ ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးလမ်းပိုင်းတွင် ရထားကြီး ၁၄ ဆိုင်း၊ RBE ၇ဆိုင်း စုစုပေါင်း ၂၁ ဆိုင်း ဖြင့် နေ့စဉ်ခေါက်ရေ ၂၀၀ ပြေးဆွဲလျက်ရှိပြီး လက်မှတ်ခအဖြစ် ပြည်တွင်းခရီးသည်တစ်ဦးလျင် ၁၀၀ ကျပ် (ခရီးစဉ် ၂ ခုအသုံးပြုနိုင်)နိုင်ငံခြားသားတစ်ဦးလျင် ၁ ဒေါ်လာသတ်မှတ်ထားပါသည်။ ခရီးသည်များသက်တောင့် သက်သာစီးနင်းနိုင်ရန်ပန်ကာများ တပ်ဆင်ထားသောအထူးတွဲ ၁ တွဲစီကို ရထားကြီး ၁၄ဆိုင်းတွင်ချိတ်ဆက် ခဲ့ပြီးလက်မှတ်ခမှာပြည်တွင်းခရီးသည်တစ်ဦးလျင်၂၀၀ ကျပ် (ခရီးစဉ်တစ်ကြောင်းအတွက်သာ)နှင့်နိုင်ငံခြား သားတစ်ဦးလျှင် ၁ ဒေါ်လာသတ်မှတ်ထားပါသည်။

ခရီးသည်များပိုမိုအဆင်ပြေစွာဖြင့်အဆင့်အတန်းမီမီစီးနင်းနိုင်ရေးအတွက် RBE Air Con အဆင့်မြင့် ရထားကို ၅ – ၁၀ – ၂၀၁၃ရက်မှ စ၍စတင်ပြေးဆွဲခဲ့ပြီးမြို့ပတ်ဘူတာ ၁၃ ဘူတာတွင်ရပ်တန့်၍ နေ့စဉ် ၈ ခေါက် ပြေးဆွဲခဲ့ရာခရီးသည်စီးနင်းမှုများတိုးတက်လာခဲ့ပါသည်။ လက်မှတ်ခမှာ ပြည်တွင်းခရီးသည်တစ်ဦးလျှင် ၄၀၀ ကျပ်(ခရီးစဉ်တစ်ခုအတွက်)နှင့်နိုင်ငံခြားသားခရီးသည်တစ်ဦင်္းလျှင် ၂ ဒေါ်လာသတ်မှတ်ထားပါသည်။ Air Con ရထားနှင့်ပတ်သက်ပြီး မြန်မာ့ မီးရထားဝန်ဆောင်မှုကို ကြိုက်နှစ်သက်ကြပြီး ဘူတာများတိုးမြှင့် ရပ်တန့်ပေးပါ ရန်တောင်းဆိုလာပါသဖြင့် အဓိကကျသည့် လှည်းတန်းဘူတာတွင် ၈ – ၁၁ – ၂၀၁၃ရက်နေ့မှစ၍ တိုးမြှင့်ရပ် တန့်ပေးခဲ့ပါသည်။

ရန်ုကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးလမ်းပိုင်းတွင် ပြေးဆွဲအသုံးပြုနေသော လူစီးတွဲများမှာသက်တမ်း ကြာမြင့် နေပြီဖြစ်၍ ခေတ်မီသစ်လွင်သော လူစီးတွဲ ၆ တွဲပါမြို့ပတ်တွဲဆိုင်းအသစ်ကိုလူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်) ၌ တည်ဆောက်၍ ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးလမ်းပိုင်း တွင်ပြေးဆွဲနေသေဲာဲ ဇဲ တွဲဆိုင်းနေရာတွင် အစားထိုး လျက် မူလခရီးစဉ်အတိုင်း၁ – ၁၁ – ၂၀၁၃ရက်နေ့မှစတင်ပြေးဆွဲလျက် ရှိရာလက်မှတ်ခအဖြစ်ခရီးစဉ်တစ်ခုအ တွက်နိုင်ငံသားတစ်ဦးလျှင် ၃၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦး ၁ ဒေါ်လာကောက်ခံလျက်ရှိပါသည်။ ၄င်းတွဲဆိုင်း အသစ်တွင် ဖိုင်ဘာခုံများ၊ စတီးလက်ကိုင်တန်းများ၊ ပန်ကာများ၊ မီးများပြည့်စုံစွာတပ်ဆင်ထားသည်။

ဝန်ဆောင်မှုအနေဖြင့် RBE Air Con အဆင့်မြင့်တွဲဆိုင်းတွင်တွဲထိန်း ၃ ဦး၊လက်မှတ်စစ် ၂ ဦး၊ရထား လိုက်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၅ ဦးပါရှိပြီဲးဲ ဇဲအထူးတွဲဆိုင်း (၃၀၀ကျပ်တန်လက်မှတ်)တွင် တွဲထိန်း ၃ ဦး၊လက် မှတ်စစ် ၄ ဦး၊လက်မှတ်သိမ်း ၂ ဦး၊ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ဦးနှင့်ကျန်တွဲဆိုင်း ၂၁ ဆိုင်းတွင်ရဲတပ်ဖွဲ့ဝင် ၃ ဦးစီမှ ခရီးစဉ် စ /ဆုံးလိုက်ပါတာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ရုံးတက်/ရုံးဆင်းချိန်များတွင် ခရီးသည်များ အနှောက်အယှက်မဖြစ်စေရေး အတွက်ဝန်ကျယ်ကုန်ပစ္စည်းများကိုနံနက် ၈ နာရီမှ ၁၀ နာရီ ၊ညနေ ၄ နာရီမှ ၆ နာရီ အတွင်းတင်ဆောင်ခွင့်မပြုဘဲ ကျန်အချိန်များတွင် ခရီးသည်နှင့်အတူပါရှိသော ကုန်ပစ္စည်းများကိုရထားနောက်ဆုံး တွဲတွင် တန်ဆာပြုလုပ်တင်ဆောင်စေခြင်းကို ၁ – ၁၀ – ၂၀၁၃ရက်နေ့မှစ၍ ခွင့်ပြုပေးခဲ့ပါသည်။ ၇ – ၁ – ၂၀၁၃ ရက်နေ့ The Dairy Eleven Newspaper သတင်းစာ၏ ပို့ဆောင်ရေးကဏ္ဍနှင့် ပြည်သူ့ အသံဆောင်းပါးတွင်ခရီး သည်များ၏ မြို့ပတ်ရထား အဆင့်မြှင့်တင်ထားမှုအား RBE Air Con အဆင့်မြှင့်ရထားနှင့်ဲ ဇဲ တွဲဆိုင်းတွင် အစားထိုးပြေးဆွဲသည့် လက်မှတ်ခ ၃၀၀ကျပ် ကျသင့်သည့် အထူးရထားတွဲဆိုင်းအား ကွဲပြားစွာ သိရှိနိုင်ရန်   ဖော်ပြခြင်းဖြစ်ပါသည်။
မြန်မာ့မီးရထားသည် ခရီးစဉ် ၂ ခုအသုံးပြုနိုင်သော ၁၀၀ကျပ်တန်လက်မှတ်၊ခရီးစဉ်တစ်ခုသာအသုံးပြုနိုင် သော ၂၀၀ ကျပ်တန်(အထူးတွဲ)လက်မှတ်၊၃၀၀ကျပ်တန်ဲ ဇဲအထူးတွဲလက်မှတ်နှင့် ၄၀၀ ကျပ်တန် RBE Air Con အဆင့်မြင့်ရထား လက်မှတ်များ ဖြင့်ဝန်ဆောင်မှုပေးထားသည် ဖြစ်ရာလက်လုပ်စားခရီးသည်များမှသည် လူလတ် တန်းစားခရီးသည်များအထိ အားလုံးအသုံးပြုနိုင်ရေး စီစဉ်ပေးထားခြင်းဖြစ်ပြီးမိမိတို့နှစ်သက်ရာ ရထားများစီးနင်း၍ခရီးသွားလာနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

မြန်မာ့မီးရထား

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့အားကစားသမားများအတွက် အစား အသောက်ကျွေးမွေးဆောင် ရွက်ရန် အား ကစား ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်း ရှင်များ အသင်း စာချုပ်ချုပ် ဆိုခြင်း

နေပြည်တော်၊ နိုဝင်ဘာ(၁၄)

(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအတွက် အစားအသောက်ကျွေးမွေးရေး ဆောင်ရွက် ရန် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း MRA တို့၏ နှစ်ဘက်သဘောတူစာချုပ်ကို ယနေ့နံနက် (၉)နာရီက Gold Camp အားကစားလေ့ကျင့်ရေး စခန်းရှိ MRA အသင်းရုံးခန်းမ၌ ချုပ်ဆိုခဲ့ကြသည်။

စာချုပ်ချုပ်ဆိုပွဲသို့ အားကစားဝန်ကြီးဌာနမှ ဒုတိယရုံးအဖွဲ့မှူးနှင့် မြန်မာ အားကစားအဖွဲ့ခေါင်းဆောင် ဦးကျော်ဦး၊ ဒုတိယအဖွဲ့ခေါင်းဆောင် များဖြစ်ကြသည့် ဦးမြသန်းထိုက်နှင့် ဦးရဲမြင့်ထွန်း တို့တက်ရောက်ကြပြီး MRA ဘက်မှ ဒုတိယဥက္ကဌ ဒေါ်တင်မာမြင့်၊ ဦးအေးကြည် MRA နှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
အဆိုပါစာချုပ်ကို အားကစားဝန်ကြီးဌာနကိုယ်စား ဦးကျော်ဦးမှလည်းကောင်း၊ မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များ ကိုယ်စား MRA ဒုတိယဥက္ကဌ ဒေါ်တင် မာမြင့်မှလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပြီး အသိသက်သေ များအဖြစ် ဦးရဲမြင့်ထွန်းနှင့် ဦးအေးကြည်တို့က လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။
အားကစားသမားများကို ကြိုတင်သဘောတူညီထားသည့် Menu အတိုင်းတစ်ရက်လျှင်(၅)ကြိမ် ကျွေးမွေး မည်ဖြစ်ပြီး၊ ပြည်ပအားကစား သမားများအတွက် ဒေါ်လာ (၃၀)နှုန်းသတ်မှတ်ထားသော်လည်း မြန်မာအားကစား သမားများအတွက် အထူးနှုန်း(၁၂)ဒေါ်လာဖြင့် ကျွေးမွေး မည်ဖြစ်သည်။ MRA အနေဖြင့် မြန်မာအားကစား သမားများ အောင်မြင်မှုရရှိရေး၊ ရွှေတံဆိပ်ဆုများ ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ရေး၊ နိုင်ငံ့အားကစား အောင်မြင်မှုကို မြှင့်တင်ခြင်းဖြင့် မြန်မာ့ဂုဏ်ဆောင်အောင်နိုင်ရေးအတွက် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၏ ဦးဆောင်လမ်းညွှန်မှုအရ ယခုကဲ့သို့ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ အားကစားဝန်ကြီးဌာနက (၁၂)ဒေါ်လာနှုန်းသာ ကျခံရမည်ဖြစ်ကာ ကုန်ကျသင့်ငွေကို MRA မှ ကူညီကျခံ လှူဒါန်းပေးခြင်းဖြစ်သည်။

ယခုကဲ့သို့ ကျသင့်ငွေနှုန်းထားကို လျှော့ယူမည်ဖြစ်သော်လည်း အစားအသောက်များ စီမံကျွေးမွေး ရာတွင် အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး အနီးကပ်ကြီးကြပ်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ပြည်ပအားကစား သမားများကို ကျွေးမွေးသည့် စံနှုန်းအတိုင်း ဖြစ်စေရန်၊ သန့်ရှင်းလတ်ဆက်မှု၊ အစားအစာဘေးကင်း လုံခြုံစိတ်ချရမှု နှင့် အရသာအရည် အသွေးကောင်းမွန်စေရန် MRA က ကွပ်ကဲဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့အပြင် ကျန်းမာရေးကော်မတီ၏ ကြီးကြပ်စစ်ဆေး အကြံဥာဏ်ပေးမှုများကို ရယူကာ အားကစား သမားများအတွက် စံချိန်စံညွှန်းပြည့်မှီသော၊ အာဟာရတန်ဘိုးတွက်ချက်မှု၊ Menu များ စီမံပြုလုပ်မှုများကိုလည်း ပြည်တွင်း ပြည်ပအာဟာရ ပညာရှင်များနှင့် တိုင်ပင်နှီးနှောပြီး အကြံဥာဏ်ကောင်းများရယူကာ တာဝန်ယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းသိရှိရသည်။