ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့အားကစားသမားများအတွက် အစား အသောက်ကျွေးမွေးဆောင် ရွက်ရန် အား ကစား ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်း ရှင်များ အသင်း စာချုပ်ချုပ် ဆိုခြင်း

နေပြည်တော်၊ နိုဝင်ဘာ(၁၄)

(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအတွက် အစားအသောက်ကျွေးမွေးရေး ဆောင်ရွက် ရန် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း MRA တို့၏ နှစ်ဘက်သဘောတူစာချုပ်ကို ယနေ့နံနက် (၉)နာရီက Gold Camp အားကစားလေ့ကျင့်ရေး စခန်းရှိ MRA အသင်းရုံးခန်းမ၌ ချုပ်ဆိုခဲ့ကြသည်။

စာချုပ်ချုပ်ဆိုပွဲသို့ အားကစားဝန်ကြီးဌာနမှ ဒုတိယရုံးအဖွဲ့မှူးနှင့် မြန်မာ အားကစားအဖွဲ့ခေါင်းဆောင် ဦးကျော်ဦး၊ ဒုတိယအဖွဲ့ခေါင်းဆောင် များဖြစ်ကြသည့် ဦးမြသန်းထိုက်နှင့် ဦးရဲမြင့်ထွန်း တို့တက်ရောက်ကြပြီး MRA ဘက်မှ ဒုတိယဥက္ကဌ ဒေါ်တင်မာမြင့်၊ ဦးအေးကြည် MRA နှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
အဆိုပါစာချုပ်ကို အားကစားဝန်ကြီးဌာနကိုယ်စား ဦးကျော်ဦးမှလည်းကောင်း၊ မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များ ကိုယ်စား MRA ဒုတိယဥက္ကဌ ဒေါ်တင် မာမြင့်မှလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြပြီး အသိသက်သေ များအဖြစ် ဦးရဲမြင့်ထွန်းနှင့် ဦးအေးကြည်တို့က လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။
အားကစားသမားများကို ကြိုတင်သဘောတူညီထားသည့် Menu အတိုင်းတစ်ရက်လျှင်(၅)ကြိမ် ကျွေးမွေး မည်ဖြစ်ပြီး၊ ပြည်ပအားကစား သမားများအတွက် ဒေါ်လာ (၃၀)နှုန်းသတ်မှတ်ထားသော်လည်း မြန်မာအားကစား သမားများအတွက် အထူးနှုန်း(၁၂)ဒေါ်လာဖြင့် ကျွေးမွေး မည်ဖြစ်သည်။ MRA အနေဖြင့် မြန်မာအားကစား သမားများ အောင်မြင်မှုရရှိရေး၊ ရွှေတံဆိပ်ဆုများ ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ရေး၊ နိုင်ငံ့အားကစား အောင်မြင်မှုကို မြှင့်တင်ခြင်းဖြင့် မြန်မာ့ဂုဏ်ဆောင်အောင်နိုင်ရေးအတွက် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၏ ဦးဆောင်လမ်းညွှန်မှုအရ ယခုကဲ့သို့ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ အားကစားဝန်ကြီးဌာနက (၁၂)ဒေါ်လာနှုန်းသာ ကျခံရမည်ဖြစ်ကာ ကုန်ကျသင့်ငွေကို MRA မှ ကူညီကျခံ လှူဒါန်းပေးခြင်းဖြစ်သည်။

ယခုကဲ့သို့ ကျသင့်ငွေနှုန်းထားကို လျှော့ယူမည်ဖြစ်သော်လည်း အစားအသောက်များ စီမံကျွေးမွေး ရာတွင် အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး အနီးကပ်ကြီးကြပ်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ပြည်ပအားကစား သမားများကို ကျွေးမွေးသည့် စံနှုန်းအတိုင်း ဖြစ်စေရန်၊ သန့်ရှင်းလတ်ဆက်မှု၊ အစားအစာဘေးကင်း လုံခြုံစိတ်ချရမှု နှင့် အရသာအရည် အသွေးကောင်းမွန်စေရန် MRA က ကွပ်ကဲဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့အပြင် ကျန်းမာရေးကော်မတီ၏ ကြီးကြပ်စစ်ဆေး အကြံဥာဏ်ပေးမှုများကို ရယူကာ အားကစား သမားများအတွက် စံချိန်စံညွှန်းပြည့်မှီသော၊ အာဟာရတန်ဘိုးတွက်ချက်မှု၊ Menu များ စီမံပြုလုပ်မှုများကိုလည်း ပြည်တွင်း ပြည်ပအာဟာရ ပညာရှင်များနှင့် တိုင်ပင်နှီးနှောပြီး အကြံဥာဏ်ကောင်းများရယူကာ တာဝန်ယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းသိရှိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: