Daily Archives: November 19th, 2013

ရုရှားနိုင် ငံ ရှိ ၁၉ ရာစု က ဖျက် ဆီး ခံ ခဲ့ ရ သည့် ဗ လီ ၀တ် ကျောင်း တစ် လုံး အား ပြန် လည် တည် ဆောက် ခွင့် ရ

နိုဝင်ဘာ- ၁၈ ၂၀၁၃
M-Media

တော်လှန်ရေးပြီးနောက် ဖြိုဖျက်ခြင်းခံခဲ့ရသည့် ရုရှားနိုင်ငံ Nizhny Novgorod Oblast ပြည်နယ် Nizhny မြို့ရှိ The Fair mosque ဗလီဝတ်ကျောင်းတော်အား ထိုမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ အထောက်အပံ့ဖြင့် ပြန်လည် တည်ဆောက်တော့မည်ဟု သိရသည်။

ထိုဗလီဝတ်ကျောင်းတော်အား ပြန်လည်ဆောက်လုပ်ရန် Volga Kanavinsky ခရိုင် အိုကာမြစ်အနီးတွင် ပြည်နယ် အစိုးရက မြေနေရာ သတ်မှတ်ပေးခဲ့ပြီး၊ ထိုဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် အတွက်လည်း ခွင့်ပြု မိန့်ချပေးခဲ့သောကြောင့်၊ ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီ စတင်တော့မည်ဖြစ်သည်။ ထို့ပြင် ၂၀၁၈ ခုနှစ်တွင် ကျရောက်မည့် ထိုဗလီဝတ်ကျောင်းတော် နှစ် ၂၀၀ ပြည့် အခမ်းအနားကိုလည်း ကျင်းပရန်စီစဉ်ထားသည်။

Fair Mosque ဗလီဝတ်ကျောင်းတော်အား ပြန်လည် တည်ဆောက်ရေး ကိစ္စမှာ လွန်ခဲ့သည့် ၇ နှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းအတွက် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထိုစဉ်က ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြခဲ့ခြင်းဖြစ်သည်ဟု Nizhny မြို့ မွတ်စလင်မ်အသင်း ဥက္ကဌ ဂါရက်ဇ် ဟတ်ဇရတ် ဇာကီရော့ဗ့် ပြောကြားခဲ့သည်။

Source : islam.ru
#MasjidInRussia #Russia

M-Media Link=>http://www.m-mediagroup.com/news/20603

“မြန်မာနိုင်ငံတွင် OIC ရုံးခွဲဖွင့်သင့်ကြောင်း ဒေါ်စုပြော”

(နိုဝင်ဘာ/၁၈ရက်/နေပြည်တော်)
မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်ခွင့်ပေးသင့်တဲ့ အကြောင်းအရာကို အများက ကျမကို အထင်လွဲနေကြတယ်။OIC ရုံးခန်းဖွင့်ခွင့်ပေးလိုက်မှ နိုင်ငံတကာက ကျမ တို့မြန်မာနိုင်ငံကို အထင်လွဲနေတာတွေ လျှော့ချပေးနိုင်မှာဖြစ်သလို ထင်သာမြင်သာရှိမှာပါ။မွတ်စ်လင်မ်ဘာသာဝင် လူနည်းစုတွေကို OIC က အနီးကပ်   စောင့်ရှောက်ပေးနိုင်မှာပါ။
ကျမဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။ကျမတို့ကို နားမလည်ဘဲ ထောက်ခံတာမျိုး မလိုအပ်ပါဘူး။ကျမတို့ကို နားလည်ပြီး ထောက်ခံဖို့ဘဲ လိုအပ် တယ်။မြန် မာနိုင်ငံတွင် OIC ရုံးခွဲ လာရောက်ဖွင့်လှစ်ခြင်းကို အထင်မလွဲကြဖို့ နဲ့ နားလည်ပေးစေလိုတဲ့ သဘောပြောသွားခဲ့ပါတယ်…။
ဒေါ်အောင်ဆန်းစုကြည်(နေပြည်တော် ဟောပြောပွဲမှ)

မုန်တိုင်းသင့် ဖိလစ်ပိုင်ရပ်ဝေးထိ အကူအညီရောက်ရှိ

 

ဗွီအိုအေ (မြန်မာဌာန)
လူပေါင်း ထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အင်အားပြင်း ဟိုင်ယန် (Haiyan) တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်ပြီး ၈ ရက်လောက် ကြာလာတဲ့အထိ တချို့   ဒေသတွေဟာ အကူအညီတွေမရသေးဘဲ ဖြစ်နေချိန် – ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ တချို့ ဒေသတွေဆီကိုတော့ အကူအညီတွေ စတင်   ရောက်ရှိနေကြပြီဖြစ်ပါတယ်။

နိုင်ငံအလယ်ပိုင်းက ဖိလစ်ပိုင်ဒုက္ခသည် တော်တော်များများဆီကိုတော့ အစားအစာနဲ့ ရေတွေ စတင်ရရှိနေချိန်မှာ နေစရာမရှိ၊ သောက်ရေ၊ အစား အစာနဲ့ လျှပ်စစ်မီးမရှိ ဖြစ်နေတဲ့ ခန့်မှန်းခြေ သန်းနဲ့ချီတဲ့ ဖိလစ်ပိုင် ဒုက္ခသည်တွေဟာ အကူအညီတွေ နည်းနည်းပဲ ရရှိသေးသလို တချို့ဆိုရင်လည်း အခု ထိ လုံးဝကို မရကြသေးပါဘူး။

ဒါပေမဲ့ ဖိလစ်ပိုင်အစိုးရကတော့ မုန်တိုင်းသင့်သူတွေကို သူတို့ဘက်က အကူအညီတွေ အတတ်နိုင်ဆုံး ဖြန့်ဝေပေးနေ တဲ့အကြောင်း ပြောဆို ထားပါတယ်။ အခုလို အခြေအနေမျိုးမှာ အလျှင်အမြန် ဆောင်ရွက်နိုင်ဖို့ ဆိုတာဟာ အရေးကြီးဆုံးကိစ္စဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး မား ရိုဆတ် (Mar Roxas) က ပြောပါတယ်။မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံလိုက်ရတဲ့ တာကလိုဘန်မြို့မှာ ပြည်ထဲရေးဝန်ကြီးက ပြောသွားခဲ့တာမှာတော့ ချက်ချင်း ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေဟာ ကြီးမားလွန်းပြီး လူတိုင်းဆီကို အကူအညီတွေ ရောက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

မုန်တိုင်းကြောင့် တရားဝင်သေဆုံးသူ အရေအတွက်ဟာ အခုဆိုရင် ၃၆၂၁ ယောက်အထိ တိုးလာပြီလို့လည်း ကယ်ဆယ်ရေးနဲ့ ပြန်လည်   နေရာချ ထားရေး ဆိုင်ရာ အကြီးအကဲက သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်က ရဟတ်   ယာဉ်တွေဟာလည်း ဝေးလံခေါင်ဖျားတဲ့ ရွာတွေက မုန်တိုင်းသင့် ဒုက္ခသည် တွေဆီ အစားအစာ၊ ရေနဲ့ ဆေးဝါး အကူအညီတွေ ကို   သောကြာနေ့ က စတင် ပေးပို့နေပြီဖြစ်ပါတယ်။

Breaking News :ကျောက်ဖြူမြို့နယ် ရှိ မွတ်ဆလင် ဗလီကျောင်းဖျက်စီးခံရခြင်း

၂၀၁၃ ခု နိုဝင်ဘာလ (၁၈) ရက် ညနေ ပိုင်းတွင် ကျောက်ဖြူမြို့နယ်ရှိ ဆေးရုံနှင့် ရဲစခန်း အနီးရှိ သန်ပန်ချောင်းရပ်ကွက်မှ မွတ်ဆလင် ဗလီကျောင်းကို လူစုလူဝေးဖြင့် အစွန့်ရောက် ရခိုင်သားတို့က ဖျက်စီးနေသည်ကို အာဏာပိုင်အဖွဲ့အစည်းက တားဆီး၊ ဟန့်တားခြင်းမရှိပါ။
၂၀၁၂ ခုနှစ် အမေရိကန်သမ္မတ အိုဘားမား (၂-၁၁-၀၁၂) ခုနေ့ မိန့်ခွန်းပြောကြား ပြိးနောက် ကျောက်ဖြူမြို့ရှိ မွတ်ဆလင် ပိုင်နေအိမ်အကောင်းများကို ခရိုင် အုပ်ချုပ် ရေးမှူး ရန်လင်းအောင် ညွှန်ကြားချက်ဖြင့် နေအိမ်အမိုးခွါရောင်းခြင်း၊ကြမ်းများ၊ တံခါးနံရံ အကောင်း များကို ခွါရောင်းချခြင်များပြုလုပ်ခဲ့သည်။
၂၀၁၃ ခု နိုဝင်ဘာ (Breaking ၁၈) ရက် နေ့ ရခိုင်မှ OIC ကြည့်ရှုပြန်သွားပြီးနောက် ကျောက် ဖြူ မြို့နယ် သန်ပန်ချောင်းရပ်ကွက် ဗလီ အကောင်း ကို ဖျက်စီးနေသော်လည်း အာဏာပိုင်များက တားဆီးပေးခြင်းမရှိဘဲ မသိယောင်ဆောင်နေသည်ဟု ကျောက်ဖြူ မြို့ခံ တစ်ဦးက သတင်းပို့ ထားသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျောက်ဖြူ ။ ။ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဂျာမေဗလီကို ရခိုင် ဗုဒ္ဓဘာသာ ၀င်များက အကြမ်းဖက် ဖျက်ဆီးလျက် ရှိပြီး၊ ဗလီ အတွင်းရှိ ဘာသာရေး ကျောင်းကို ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိ ပါ သည်။

ယနေ့ ည ၈ နာရီ ၀န်းကျင်မှ စ၍ လူပေါင်း ၆၀၀ ကျော်ခန့်ရှိ ရခိုင် ဗုဒ္ဓဘာသာဝင် များက
ကျောက်ဖြူ မြို့၊ သန် ပန်ချောင်း ရပ်ကွက်၊ ကမ်း နားလမ်းရှိ ဂျာမေဗလီကို စတင် အကြမ်းဖက် ဖျက်ဆီး ခဲ့ကြောင်း သိရှိ ရပါ သည်။ ထိုကဲ့သို့ အကြမ်းဖက် ဖျက်ဆီး ရခြင်းမှာ ယမန်နေ့က ပြီးဆုံး သွားသည့် OIC ခရီးစဉ်ကို မကျေ နပ်၍ ဖြစ်သည်ဟု အကြမ်းဖက် သမားများက အော်ဟစ်လျက် ရှိကြောင်း သိရှိ ရပါသည်။ အကြမ်း ဖက် သမား များမှာ လွန် ခဲ့သော ရက် ပိုင်းက နယ် ဖက်မှ မော်တော် ဘုတ် များဖြင့် ရောက်ရှိ လာသူ များဖြစ်ပြီး၊ OIC ၏ ခရီး စဉ်ကို ဆန္ဒပြ ရန်လာရောက် ခဲ့သူ များဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။

ကျောက်ဖြူမြို့တွင် နေထိုင် ခဲ့သော မွတ်စလင် များမှာ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်းက အကြမ်းဖက် သမားများ တိုက်ခိုက်ရန် လာသောကြောင့် အာဏာပိုင် များက မကြာခင် ရက်ပိုင်း အတွင်း ပြန်လည် ခေါ်ဆောင် လာမည်ဟု ဆိုကာ ဒုက္ခသည် စခန်း များသို့ အတင်း အဓမ္မပို့ဆောင်ခြင်းခံ ခဲ့ရသည်။ ကျောက်ဖြူမြို့တွင် ဗလီ (၇) လုံး ရှိသည့် အနက် အကောင်း ပတိအ တိုင်း ကျန်သည့် ဂျာမေ ဗလီကို ယနေ့ ညပိုင်းတွင် ရခိုင် အကြမ်းဖက် သမား များက အကြမ်းဖက် နေခြင်း ဖြစ် သည်။

ကျောက်ဖြူမြို့ရှိ ဗုဒ္ဓဘာသာဝင် များ၏ ပြောကြားချက် အရ ဗလီ၏ အာဇာန် ပေးသည့် မျှော်စင် (မီနာရသ်) ကို လုံးဝ ဖျက်ဆီး လိုက်ပြီး၊ ည ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ဗလီ ၇၅% ကို ဖျက်ဆီး လိုက်ကြောင်း သိရှိ ရပါသည်။

ထို့အပြင် ဗလီဝင်း အတွင်း နှစ်ထပ် ပျဉ်ထောင် ဘာသာရေး ကျောင်းဆောင် (မဒရာဆာ) ကိုလည်း ဖျက်ဆီး လိုက်ပြီး၊ ယခု အခါ ဗလီ၏ နံရံ များကို ဖျက်ဆီး လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ ဗလီဝန်း အပြင်တွင် ရှိသော်လည်း အရေးယူ ဟန့်တားခြင်း လုံးဝ မရှိကြောင်း ဒေသခံ ဗုဒ္ဓဘာသာဝင် များမှ ပြောပါသည်။

November 18, 2013

Kyauk Phyu, Arakan – Rakhinese mob in Kyauk Phyu are destroying a mosque that is situated on Strand Road, Than Pan Chaung Quarter in Kyauk Phyu Township of Arakan State.

The mob claims that they are totally uncomfortable with the now concluded visit of OIC delegation led by Secretary General Prof. Ekmeleddin Ihsanoglu. They give this as the reason that they are destroying the mosque. They started at 8 pm local Myanmar time. The mob came from rural areas in the last few days to protest against OIC in Kyauk Phyu.

The Muslims lived in Kyauk Phyu were forced to leave from the town on October 22nd-24th of last year. All of them were placed in refugee camps. After a year, this the only mosque that was left in good condition among seven in Kyauk Phyu. The last is now under attack by the Rakhines mob.

According to a conversation with local Buddhists by a correspondent of RB News, the Mosque’s Minaret was completely destroyed in the beginning and 75% of the mosque was destroyed at 10:45 pm local time.

Although the security forces are standing in front of the mosque, they are not stopping the mob and letting them to destroy it.

The two story Madrassa (Islamic School) that is situated inside the mosque was completely destroyed and the mob are destroying the walls outside of mosque at this moment.

The Rakhinese mob consists of about 600 people, according to local Buddhists in Kyauk Phyu.

(Photo Courtesy: RB News) ကျောက်ဖြူမြို့တွင် ဖျက်ဆီး ခံနေရသော ဂျာမေဗလီ

Ref : http://www.rohingyablogger.com/2013/11/breaking-news-rakhinese-mob

The Mosque in Kyauk Phyu ,Rakhine ( Arakan) State

Cabinet calls for protection of Rohingyas

  • Salman cabinet.jpg

    Crown Prince Salman chairs the Cabinet meeting in Riyadh on Monday. (SPA)

The Cabinet on Monday reiterated the Kingdom’s calls to the international community to provide aid and guarantee the arrival of assistance to the Muslim minority in Myanmar and help those affected to regain their humanitarian rights.
The Cabinet also called for halting crimes of displacement against them.
The meeting was presided over by Crown Prince Salman at Al-Yamama Palace in Riyadh.
Abdul Aziz Khoja, minister of culture and information, said in a statement to the Saudi Press Agency that the Cabinet commended the efforts of the Organization of Islamic Cooperation (OIC) in prompting the authorities in Myanmar to tackle the issues of human rights and other issues that affect the Muslim minority.
They also commended the organization’s declared readiness to contribute in the reconstruction process and provide aid to those affected in the state of Arakan.
He said the Cabinet congratulated Custodian of the Two Holy Mosques King Abdullah and Crown Prince Salman for the Kingdom’s winning a seat at the United Nations’ Human Rights Council for a third three-year term.
The Cabinet also expressed Saudi Arabia’s condolences to the Philippine government for the victims of Typhoon Haiyan and valued the king’s order to provide $10 million in cash as a contribution to government and international efforts to tackle the effects of the disaster.
The Cabinet welcomed the fourth News Agencies World Congress, which is being hosted in Riyadh under the auspices of custodian of the two holy mosques.

BREAKING NEWS ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ သန်ပန်ချောင်း ရပ် ကွက် ဗ လီ ဖျက် ဆီး ခံ ရ မှု နောက် ဆက် တွဲ သ တင်း

ဝမ်းနည်းဖွယ်

========================
နိုဝင်ဘာလ ၁၉ နံနက် ၉း ၄၀

လုံခြုံရေးများ ရှေ့မှောက်တွင် ဗလီတစ်လုံး ထပ်မံ ဖျက်ဆီးခံခဲ့ရပြန်ပါပြီ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဂျာမေဗလီအား OIC အဖွဲ့လာရောက်သော ကိစ္စကို မကျေနပ်၍ဟု အကြောင်းပြကာ ယမန်နေ့ည ည ၈ နာရီခန့်မှ စတင်ကာ ရခိုင်အကြမ်းဖက်များမှ ၀ိုင်းဝန်းဖြိုဖျက်ခဲ့ကြောင်း၊ မဒရဆာဟ် စာသင်ဆောင် တစ်ဆောင်လုံး နှင့် ဗလီ၏ နံရံ နှစ်ဖက်အပါအ၀င် ဗလီအတွင်းပိုင်းမှာ ဖျက်ဆီးခံခဲ့ကြောင်း သိရပါသည်။

ဒုက္ခသည်စခန်းမှ မွတ်ဆလင်မ်များ ထိခိုက်မှု မရှိခဲ့ပါ။သန်ပန်ချောင်းဂျာမေဗလီအား ဖျက်ဆီးခံရမှုတွင် ပူးပေါင်းပါဝင်သူ ရခိုင် အကြမ်းဖက် သမား ၆၀၀ ခန့်ပါဝင်ခဲ့ကာ ဦးဆောင်ခဲ့သူမှာ မြစ်နားတန်းရပ်ကွက်နေ ဓူဝံကြယ် နာရေးကူညီမှု အသင်း   ခေါင်းဆောင်   မောင်မောင်အောင် (ခ) ဗလကြီး ဆိုသူဖြစ်ကြောင်း သိရပါသည်။လွန်ခဲ့သော လေးရက်ခန့်က OIC လာရောက်သောကိစ္စနှင့် ပတ်သက် ၍ မောင်မောင်အောင် (ခ) ဗလကြီးမှ ဆန္ဒပြခွင့်ကို နောက်ပါ လူဦးရေ ၃၀ ဦးနှင့်အတူ အင်အားပြ လာရောက်တောင်းခံခဲ့ကြောင်း၊ ဆန္ဒပြခွင့်နှင့်အတူ ဗလီအား ၁၀ မိနစ်ဖျက်ဆီးခွင့် တောင်းခံခဲ့ကြောင်း၊ ရမ္မာဝတီမြို့တော်ခန်းမတွင် ရုံးထိုင်သော ဗိုလ်ကြီးရဲမြင့်အောင်မှ ဗလီဖျက်ခွင့် မပေးခဲ့ကြောင်း သိရပါသည်။

ယမန်နေ့ညတွင်မူ ကျောက်ဖြူမြို့ပေါ်တွင် မွတ်ဆလင်မ်တစ်ဦးတစ်ယောက်မျှ ရှိမနေချိန်၊ အကြမ်းဖက်ဖျက်ဆီးခံရသောဗလီိမှ ၄ ခြံမျှသာ ကွာဝေးသော မြို့နယ်ရဲစခန်းမှ လုံခြုံရေးပေးလိုပါက လုံးဝပေးနိုင်သော အခြေအနေတွင် သန်ပန်ချောင်း  ဂျာမေဗလီကြီးမှာ မောင်မောင်အောင် (ခ) ဗလကြီးဦးဆောင်သော ရခိုင်အကြမ်းဖက်သမား ၆၀၀ ခန့်၏ ဖျက်ဆီးမှုကိုခဲ့ရပါသည်။

ထူးခြားသည်မှာ ဖျက်ဆီးခံရသော ဗလီနှင့် စာသင်ဆောင်မှ အပျက်အစီးများအား မြို့နယ်စည်ပင်မှ ကားဖြင့် ညတွင်းချင်း အပြီးအစီး လာရောက်ရှင်းလင်း သိမ်းဆည်းသွားကြောင်း ကျောက်ဖြူဒေသခံ ဗုဒ္ဓဘာသာဝင်မိတ်ဆွေများမှ ဖုံးသတင်းပေးပို့ပါသည်။

လင်းရောင်ခြည်

Kyauk Pyu Head Quater Mosque Destroyed: ရခိုင်ပြည် နယ်၊ ကျောက် ဖြူ မြို့ မှ သန် ပန် ချောင်း ရပ် ကွက် ဗ လီ ဖျက် ဆီး ခံ နေ ပြီ။

 Kyauk Pyu Head Quater(Than Panchaung Quater) Mosque Destroyed on  18th November 2013 at 10:40 pm, Look the Photo
under Mosque and Religious School.


(ဓါတ်ပုံ – ကျောက်ဖြူမြို့တွင် ဖျက်ဆီးခံနေရသော ဂျာမေဗလီ)

18.11.2013

ကျောက်ဖြူ ။ ။ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဂျာမေဗလီကို ရခိုင် ဗုဒ္ဓဘာသာ ၀င်များက အကြမ်းဖက် ဖျက်ဆီးလျက် ရှိပြီး၊ ဗလီ အတွင်းရှိ ဘာသာရေး ကျောင်းကို ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိ ပါသည်။

ယနေ့ ည ၈ နာရီ ၀န်းကျင်မှ စ၍ လူပေါင်း ၆၀၀ ကျော်ခန့်ရှိ ရခိုင် ဗုဒ္ဓဘာသာဝင် များက ကျောက်ဖြူ မြို့၊ သန်ပန်ချောင်း ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဂျာမေဗလီကို စတင် အကြမ်းဖက် ဖျက်ဆီး ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုကဲ့သို့ အကြမ်းဖက် ဖျက်ဆီး ရခြင်းမှာ ယမန်နေ့က ပြီးဆုံး သွားသည့် OIC ခရီးစဉ်ကို မကျေနပ်၍ ဖြစ်သည်ဟု အကြမ်းဖက် သမားများက အော်ဟစ်လျက် ရှိကြောင်း သိရှိ ရပါသည်။ အကြမ်းဖက် သမား များမှာ လွန်ခဲ့သော ရက်ပိုင်းက နယ်ဖက်မှ မော်တော်ဘုတ် များဖြင့် ရောက်ရှိ လာသူ များဖြစ်ပြီး၊ OIC ၏ ခရီးစဉ်ကို ဆန္ဒပြ ရန်လာရောက် ခဲ့သူ များဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။

ကျောက်ဖြူမြို့တွင် နေထိုင် ခဲ့သော မွတ်စလင် များမှာ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်းက အကြမ်းဖက် သမားများ တိုက်ခိုက်ရန် လာသောကြောင့် အာဏာပိုင် များက မကြာခင် ရက်ပိုင်း အတွင်း ပြန်လည် ခေါ်ဆောင် လာမည်ဟု ဆိုကာ ဒုက္ခသည် စခန်း များသို့ အတင်း အဓမ္မ ပို့ဆောင် ခြင်းခံ ခဲ့ရသည်။ ကျောက်ဖြူမြို့တွင် ဗလီ (၇) လုံး ရှိသည့် အနက် အကောင်း ပတိအတိုင်း ကျန်သည့် ဂျာမေ ဗလီကို ယနေ့ ညပိုင်းတွင် ရခိုင် အကြမ်းဖက် သမား များက အကြမ်းဖက် နေခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့ရှိ ဗုဒ္ဓဘာသာဝင် များ၏ ပြောကြားချက် အရ ဗလီ၏ အာဇာန် ပေးသည့် မျှော်စင် (မီနာရသ်) ကို လုံးဝ ဖျက်ဆီး လိုက်ပြီး၊ ည ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ဗလီ ၇၅% ကို ဖျက်ဆီး လိုက်ကြောင်း သိရှိ ရပါသည်။

ထို့အပြင် ဗလီဝင်း အတွင်း နှစ်ထပ် ပျဉ်ထောင် ဘာသာရေး ကျောင်းဆောင် (မဒရာဆာ) ကိုလည်း ဖျက်ဆီး လိုက်ပြီး၊ ယခု အခါ ဗလီ၏ နံရံ များကို ဖျက်ဆီး လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ ဗလီဝန်း အပြင်တွင် ရှိသော်လည်း အရေးယူ ဟန့်တားခြင်း လုံးဝ မရှိကြောင်း ဒေသခံ ဗုဒ္ဓဘာသာဝင် များမှ ပြောပါသည်။

RB News Link — http://bit.ly/1fPbrSb

နိုဝင်ဘာလ ၁၈ ည ၁၀း ၄၀ နာရီ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဂျာမေဗလီ ၀င်းအတွင်းရှိ ပျဉ်ကာ၊ ပျဉ် လျှာထိုးခင်းထားသော နှစ်ထပ် မဒရာဆဟ် အဆောက်အဦးအား လုံးဝ ဖြိုချလိုက်ပြီ ဖြစ်ကြောင်းနှင့် ဗလီကြီးမှ ဘေးနံရံများကို ဆက်လက် ဖြိုချနေကြောင်း ဖုံးသတင်း ဆက်လက် ၀င်လာနေပါသည်။

ရခိုင် အကြမ်းဖက် လူအင်အား ၆၀၀ ခန့် ပါရှိကြောင်း သိရပါသည်။

ဖျက်ဆီးခံလိုက်ရပြီဖြစ်သော မဒရာဆဟ် အဆောက်အဦး ဓာတ်ပုံ ၂ ပုံ စစ်တွေ့မြို့ ပေးပို့ထားခြင်းဖြစ်ပါတယ်။