Breaking News :ကျောက်ဖြူမြို့နယ် ရှိ မွတ်ဆလင် ဗလီကျောင်းဖျက်စီးခံရခြင်း

၂၀၁၃ ခု နိုဝင်ဘာလ (၁၈) ရက် ညနေ ပိုင်းတွင် ကျောက်ဖြူမြို့နယ်ရှိ ဆေးရုံနှင့် ရဲစခန်း အနီးရှိ သန်ပန်ချောင်းရပ်ကွက်မှ မွတ်ဆလင် ဗလီကျောင်းကို လူစုလူဝေးဖြင့် အစွန့်ရောက် ရခိုင်သားတို့က ဖျက်စီးနေသည်ကို အာဏာပိုင်အဖွဲ့အစည်းက တားဆီး၊ ဟန့်တားခြင်းမရှိပါ။
၂၀၁၂ ခုနှစ် အမေရိကန်သမ္မတ အိုဘားမား (၂-၁၁-၀၁၂) ခုနေ့ မိန့်ခွန်းပြောကြား ပြိးနောက် ကျောက်ဖြူမြို့ရှိ မွတ်ဆလင် ပိုင်နေအိမ်အကောင်းများကို ခရိုင် အုပ်ချုပ် ရေးမှူး ရန်လင်းအောင် ညွှန်ကြားချက်ဖြင့် နေအိမ်အမိုးခွါရောင်းခြင်း၊ကြမ်းများ၊ တံခါးနံရံ အကောင်း များကို ခွါရောင်းချခြင်များပြုလုပ်ခဲ့သည်။
၂၀၁၃ ခု နိုဝင်ဘာ (Breaking ၁၈) ရက် နေ့ ရခိုင်မှ OIC ကြည့်ရှုပြန်သွားပြီးနောက် ကျောက် ဖြူ မြို့နယ် သန်ပန်ချောင်းရပ်ကွက် ဗလီ အကောင်း ကို ဖျက်စီးနေသော်လည်း အာဏာပိုင်များက တားဆီးပေးခြင်းမရှိဘဲ မသိယောင်ဆောင်နေသည်ဟု ကျောက်ဖြူ မြို့ခံ တစ်ဦးက သတင်းပို့ ထားသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျောက်ဖြူ ။ ။ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဂျာမေဗလီကို ရခိုင် ဗုဒ္ဓဘာသာ ၀င်များက အကြမ်းဖက် ဖျက်ဆီးလျက် ရှိပြီး၊ ဗလီ အတွင်းရှိ ဘာသာရေး ကျောင်းကို ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိ ပါ သည်။

ယနေ့ ည ၈ နာရီ ၀န်းကျင်မှ စ၍ လူပေါင်း ၆၀၀ ကျော်ခန့်ရှိ ရခိုင် ဗုဒ္ဓဘာသာဝင် များက
ကျောက်ဖြူ မြို့၊ သန် ပန်ချောင်း ရပ်ကွက်၊ ကမ်း နားလမ်းရှိ ဂျာမေဗလီကို စတင် အကြမ်းဖက် ဖျက်ဆီး ခဲ့ကြောင်း သိရှိ ရပါ သည်။ ထိုကဲ့သို့ အကြမ်းဖက် ဖျက်ဆီး ရခြင်းမှာ ယမန်နေ့က ပြီးဆုံး သွားသည့် OIC ခရီးစဉ်ကို မကျေ နပ်၍ ဖြစ်သည်ဟု အကြမ်းဖက် သမားများက အော်ဟစ်လျက် ရှိကြောင်း သိရှိ ရပါသည်။ အကြမ်း ဖက် သမား များမှာ လွန် ခဲ့သော ရက် ပိုင်းက နယ် ဖက်မှ မော်တော် ဘုတ် များဖြင့် ရောက်ရှိ လာသူ များဖြစ်ပြီး၊ OIC ၏ ခရီး စဉ်ကို ဆန္ဒပြ ရန်လာရောက် ခဲ့သူ များဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။

ကျောက်ဖြူမြို့တွင် နေထိုင် ခဲ့သော မွတ်စလင် များမှာ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်းက အကြမ်းဖက် သမားများ တိုက်ခိုက်ရန် လာသောကြောင့် အာဏာပိုင် များက မကြာခင် ရက်ပိုင်း အတွင်း ပြန်လည် ခေါ်ဆောင် လာမည်ဟု ဆိုကာ ဒုက္ခသည် စခန်း များသို့ အတင်း အဓမ္မပို့ဆောင်ခြင်းခံ ခဲ့ရသည်။ ကျောက်ဖြူမြို့တွင် ဗလီ (၇) လုံး ရှိသည့် အနက် အကောင်း ပတိအ တိုင်း ကျန်သည့် ဂျာမေ ဗလီကို ယနေ့ ညပိုင်းတွင် ရခိုင် အကြမ်းဖက် သမား များက အကြမ်းဖက် နေခြင်း ဖြစ် သည်။

ကျောက်ဖြူမြို့ရှိ ဗုဒ္ဓဘာသာဝင် များ၏ ပြောကြားချက် အရ ဗလီ၏ အာဇာန် ပေးသည့် မျှော်စင် (မီနာရသ်) ကို လုံးဝ ဖျက်ဆီး လိုက်ပြီး၊ ည ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ဗလီ ၇၅% ကို ဖျက်ဆီး လိုက်ကြောင်း သိရှိ ရပါသည်။

ထို့အပြင် ဗလီဝင်း အတွင်း နှစ်ထပ် ပျဉ်ထောင် ဘာသာရေး ကျောင်းဆောင် (မဒရာဆာ) ကိုလည်း ဖျက်ဆီး လိုက်ပြီး၊ ယခု အခါ ဗလီ၏ နံရံ များကို ဖျက်ဆီး လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ ဗလီဝန်း အပြင်တွင် ရှိသော်လည်း အရေးယူ ဟန့်တားခြင်း လုံးဝ မရှိကြောင်း ဒေသခံ ဗုဒ္ဓဘာသာဝင် များမှ ပြောပါသည်။

November 18, 2013

Kyauk Phyu, Arakan – Rakhinese mob in Kyauk Phyu are destroying a mosque that is situated on Strand Road, Than Pan Chaung Quarter in Kyauk Phyu Township of Arakan State.

The mob claims that they are totally uncomfortable with the now concluded visit of OIC delegation led by Secretary General Prof. Ekmeleddin Ihsanoglu. They give this as the reason that they are destroying the mosque. They started at 8 pm local Myanmar time. The mob came from rural areas in the last few days to protest against OIC in Kyauk Phyu.

The Muslims lived in Kyauk Phyu were forced to leave from the town on October 22nd-24th of last year. All of them were placed in refugee camps. After a year, this the only mosque that was left in good condition among seven in Kyauk Phyu. The last is now under attack by the Rakhines mob.

According to a conversation with local Buddhists by a correspondent of RB News, the Mosque’s Minaret was completely destroyed in the beginning and 75% of the mosque was destroyed at 10:45 pm local time.

Although the security forces are standing in front of the mosque, they are not stopping the mob and letting them to destroy it.

The two story Madrassa (Islamic School) that is situated inside the mosque was completely destroyed and the mob are destroying the walls outside of mosque at this moment.

The Rakhinese mob consists of about 600 people, according to local Buddhists in Kyauk Phyu.

(Photo Courtesy: RB News) ကျောက်ဖြူမြို့တွင် ဖျက်ဆီး ခံနေရသော ဂျာမေဗလီ

Ref : http://www.rohingyablogger.com/2013/11/breaking-news-rakhinese-mob

The Mosque in Kyauk Phyu ,Rakhine ( Arakan) State

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: