BREAKING NEWS ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ သန်ပန်ချောင်း ရပ် ကွက် ဗ လီ ဖျက် ဆီး ခံ ရ မှု နောက် ဆက် တွဲ သ တင်း

ဝမ်းနည်းဖွယ်

========================
နိုဝင်ဘာလ ၁၉ နံနက် ၉း ၄၀

လုံခြုံရေးများ ရှေ့မှောက်တွင် ဗလီတစ်လုံး ထပ်မံ ဖျက်ဆီးခံခဲ့ရပြန်ပါပြီ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဂျာမေဗလီအား OIC အဖွဲ့လာရောက်သော ကိစ္စကို မကျေနပ်၍ဟု အကြောင်းပြကာ ယမန်နေ့ည ည ၈ နာရီခန့်မှ စတင်ကာ ရခိုင်အကြမ်းဖက်များမှ ၀ိုင်းဝန်းဖြိုဖျက်ခဲ့ကြောင်း၊ မဒရဆာဟ် စာသင်ဆောင် တစ်ဆောင်လုံး နှင့် ဗလီ၏ နံရံ နှစ်ဖက်အပါအ၀င် ဗလီအတွင်းပိုင်းမှာ ဖျက်ဆီးခံခဲ့ကြောင်း သိရပါသည်။

ဒုက္ခသည်စခန်းမှ မွတ်ဆလင်မ်များ ထိခိုက်မှု မရှိခဲ့ပါ။သန်ပန်ချောင်းဂျာမေဗလီအား ဖျက်ဆီးခံရမှုတွင် ပူးပေါင်းပါဝင်သူ ရခိုင် အကြမ်းဖက် သမား ၆၀၀ ခန့်ပါဝင်ခဲ့ကာ ဦးဆောင်ခဲ့သူမှာ မြစ်နားတန်းရပ်ကွက်နေ ဓူဝံကြယ် နာရေးကူညီမှု အသင်း   ခေါင်းဆောင်   မောင်မောင်အောင် (ခ) ဗလကြီး ဆိုသူဖြစ်ကြောင်း သိရပါသည်။လွန်ခဲ့သော လေးရက်ခန့်က OIC လာရောက်သောကိစ္စနှင့် ပတ်သက် ၍ မောင်မောင်အောင် (ခ) ဗလကြီးမှ ဆန္ဒပြခွင့်ကို နောက်ပါ လူဦးရေ ၃၀ ဦးနှင့်အတူ အင်အားပြ လာရောက်တောင်းခံခဲ့ကြောင်း၊ ဆန္ဒပြခွင့်နှင့်အတူ ဗလီအား ၁၀ မိနစ်ဖျက်ဆီးခွင့် တောင်းခံခဲ့ကြောင်း၊ ရမ္မာဝတီမြို့တော်ခန်းမတွင် ရုံးထိုင်သော ဗိုလ်ကြီးရဲမြင့်အောင်မှ ဗလီဖျက်ခွင့် မပေးခဲ့ကြောင်း သိရပါသည်။

ယမန်နေ့ညတွင်မူ ကျောက်ဖြူမြို့ပေါ်တွင် မွတ်ဆလင်မ်တစ်ဦးတစ်ယောက်မျှ ရှိမနေချိန်၊ အကြမ်းဖက်ဖျက်ဆီးခံရသောဗလီိမှ ၄ ခြံမျှသာ ကွာဝေးသော မြို့နယ်ရဲစခန်းမှ လုံခြုံရေးပေးလိုပါက လုံးဝပေးနိုင်သော အခြေအနေတွင် သန်ပန်ချောင်း  ဂျာမေဗလီကြီးမှာ မောင်မောင်အောင် (ခ) ဗလကြီးဦးဆောင်သော ရခိုင်အကြမ်းဖက်သမား ၆၀၀ ခန့်၏ ဖျက်ဆီးမှုကိုခဲ့ရပါသည်။

ထူးခြားသည်မှာ ဖျက်ဆီးခံရသော ဗလီနှင့် စာသင်ဆောင်မှ အပျက်အစီးများအား မြို့နယ်စည်ပင်မှ ကားဖြင့် ညတွင်းချင်း အပြီးအစီး လာရောက်ရှင်းလင်း သိမ်းဆည်းသွားကြောင်း ကျောက်ဖြူဒေသခံ ဗုဒ္ဓဘာသာဝင်မိတ်ဆွေများမှ ဖုံးသတင်းပေးပို့ပါသည်။

လင်းရောင်ခြည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: