Kyauk Pyu Head Quater Mosque Destroyed: ရခိုင်ပြည် နယ်၊ ကျောက် ဖြူ မြို့ မှ သန် ပန် ချောင်း ရပ် ကွက် ဗ လီ ဖျက် ဆီး ခံ နေ ပြီ။

 Kyauk Pyu Head Quater(Than Panchaung Quater) Mosque Destroyed on  18th November 2013 at 10:40 pm, Look the Photo
under Mosque and Religious School.


(ဓါတ်ပုံ – ကျောက်ဖြူမြို့တွင် ဖျက်ဆီးခံနေရသော ဂျာမေဗလီ)

18.11.2013

ကျောက်ဖြူ ။ ။ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဂျာမေဗလီကို ရခိုင် ဗုဒ္ဓဘာသာ ၀င်များက အကြမ်းဖက် ဖျက်ဆီးလျက် ရှိပြီး၊ ဗလီ အတွင်းရှိ ဘာသာရေး ကျောင်းကို ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိ ပါသည်။

ယနေ့ ည ၈ နာရီ ၀န်းကျင်မှ စ၍ လူပေါင်း ၆၀၀ ကျော်ခန့်ရှိ ရခိုင် ဗုဒ္ဓဘာသာဝင် များက ကျောက်ဖြူ မြို့၊ သန်ပန်ချောင်း ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဂျာမေဗလီကို စတင် အကြမ်းဖက် ဖျက်ဆီး ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုကဲ့သို့ အကြမ်းဖက် ဖျက်ဆီး ရခြင်းမှာ ယမန်နေ့က ပြီးဆုံး သွားသည့် OIC ခရီးစဉ်ကို မကျေနပ်၍ ဖြစ်သည်ဟု အကြမ်းဖက် သမားများက အော်ဟစ်လျက် ရှိကြောင်း သိရှိ ရပါသည်။ အကြမ်းဖက် သမား များမှာ လွန်ခဲ့သော ရက်ပိုင်းက နယ်ဖက်မှ မော်တော်ဘုတ် များဖြင့် ရောက်ရှိ လာသူ များဖြစ်ပြီး၊ OIC ၏ ခရီးစဉ်ကို ဆန္ဒပြ ရန်လာရောက် ခဲ့သူ များဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။

ကျောက်ဖြူမြို့တွင် နေထိုင် ခဲ့သော မွတ်စလင် များမှာ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်းက အကြမ်းဖက် သမားများ တိုက်ခိုက်ရန် လာသောကြောင့် အာဏာပိုင် များက မကြာခင် ရက်ပိုင်း အတွင်း ပြန်လည် ခေါ်ဆောင် လာမည်ဟု ဆိုကာ ဒုက္ခသည် စခန်း များသို့ အတင်း အဓမ္မ ပို့ဆောင် ခြင်းခံ ခဲ့ရသည်။ ကျောက်ဖြူမြို့တွင် ဗလီ (၇) လုံး ရှိသည့် အနက် အကောင်း ပတိအတိုင်း ကျန်သည့် ဂျာမေ ဗလီကို ယနေ့ ညပိုင်းတွင် ရခိုင် အကြမ်းဖက် သမား များက အကြမ်းဖက် နေခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့ရှိ ဗုဒ္ဓဘာသာဝင် များ၏ ပြောကြားချက် အရ ဗလီ၏ အာဇာန် ပေးသည့် မျှော်စင် (မီနာရသ်) ကို လုံးဝ ဖျက်ဆီး လိုက်ပြီး၊ ည ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ဗလီ ၇၅% ကို ဖျက်ဆီး လိုက်ကြောင်း သိရှိ ရပါသည်။

ထို့အပြင် ဗလီဝင်း အတွင်း နှစ်ထပ် ပျဉ်ထောင် ဘာသာရေး ကျောင်းဆောင် (မဒရာဆာ) ကိုလည်း ဖျက်ဆီး လိုက်ပြီး၊ ယခု အခါ ဗလီ၏ နံရံ များကို ဖျက်ဆီး လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ ဗလီဝန်း အပြင်တွင် ရှိသော်လည်း အရေးယူ ဟန့်တားခြင်း လုံးဝ မရှိကြောင်း ဒေသခံ ဗုဒ္ဓဘာသာဝင် များမှ ပြောပါသည်။

RB News Link — http://bit.ly/1fPbrSb

နိုဝင်ဘာလ ၁၈ ည ၁၀း ၄၀ နာရီ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဂျာမေဗလီ ၀င်းအတွင်းရှိ ပျဉ်ကာ၊ ပျဉ် လျှာထိုးခင်းထားသော နှစ်ထပ် မဒရာဆဟ် အဆောက်အဦးအား လုံးဝ ဖြိုချလိုက်ပြီ ဖြစ်ကြောင်းနှင့် ဗလီကြီးမှ ဘေးနံရံများကို ဆက်လက် ဖြိုချနေကြောင်း ဖုံးသတင်း ဆက်လက် ၀င်လာနေပါသည်။

ရခိုင် အကြမ်းဖက် လူအင်အား ၆၀၀ ခန့် ပါရှိကြောင်း သိရပါသည်။

ဖျက်ဆီးခံလိုက်ရပြီဖြစ်သော မဒရာဆဟ် အဆောက်အဦး ဓာတ်ပုံ ၂ ပုံ စစ်တွေ့မြို့ ပေးပို့ထားခြင်းဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: