Daily Archives: November 22nd, 2013

“ ရိုဟင်ဂျာကိုဘင်္ဂလီအမည်ဖြင့် နိုင်ငံသားပေးမည်၊ ကဲ့ စဉ်း စား ပါ၊ ရို ဟင် ဂျာ လုပ် မ လား၊ ဘ င်္ဂ လီ လုပ် မ လား။

ဘင်္ဂလီတွေ အနေနဲ့သာ နိုင်ငံသား ပြုခွင့်

ပေးမည်ဟုသမ္မတ ပြောခွင့်ရ ပြန်ကြား

ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးက ရခိုင်ပြည်နယ်ထဲတွင် နေထိုင်ကြသော ဘင်္ဂလီမျိုးနွယ်စုများကို ရိုဟင်ဂျာအမည်ဖြင့်  မြန် မာနိုင်ငံ သားပေးရန်  မြန်မာအစိုးရကို တိုက်တွန်းထားသော ဆုံးဖြတ်ချက်  ထွက်ပေါ်လာခဲ့သည်။ ၎င်း ဆုံးဖြတ်ချက်အပေါ် သမ္မတ ပြော ခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှ မီဒီယာများ၏  မေးမြန်းမှုကို သူ့ရဲ့ ဖေ့စ်ဘုတ်က ယခုလို  ဖြေကြား ထားသည်။

—————————————————————-

“ ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရ ကိုတိုက်တွန်းကြောင်း သတင်းထုတ်ပြန် ချက် နဲ့ပတ်သက်ပြီး စာနယ်ဇင်းများရဲ့ မေးမြန်းချက်များကို ဒီကနေ့ပဲ ဖြေကြား လိုက်ပါတယ်။

အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး။ ရခိုင် ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ နိုင်ငံ သား ဥပဒေနဲ့ ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့်ရမှာဖြစ်ပါတယ်။

ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့်မပေးနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အချုပ် အခြာအာဏာပိုင်ခွင့်ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများ မှာလည်း နိုင်ငံသားပြုခွင့်နဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီ ဥပဒေ များနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသား ပြုပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီသဘော ပဲဖြစ် ပါတယ်။

နောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာနက ဆောင်ရွက်နေတဲ့ စာရင်းကောက်ယူရေး လုပ်ငန်း များ မှာ ဘင်္ဂလီလူမျိုးများက ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆန်နေတဲ့ လုပ်ဆောင်ချက် များကိုလည်း ထောက်ပြဖို့လိုမယ်လို့ယူဆပါတယ်။”

————————————————————

ဒါ့အပြင် သူ့၏ ဖေ့စ်ဘုတ်တွင် မြန်မာ အစိုးရ အနေဖြင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ကန့်ကွက်ရာတွင် ပြည်တွင်းတွင်  တစ်မျိုး၊  ပြည်ပတွင် တစ်မျိုး ပြု လုပ်နေခြင်း မဟုတ်ဘဲ  နိုင်ငံတော်သမ္မတကြီးနှင့်  မြန်မာနိုင်ငံအစိုးရ အနေဖြင့် တရားဝင် ကန့်ကွက်ထားကြောင်း  ပြောကြားပြီး  မြန်မာ အစိုးရ၏ ကန့်ကွက်ချက် ကို အောက်ပါလင့်တွင် ကြည်ရှု့နိုင်ကြောင်း ဖေါ်ပြသည်။

http://www.myanmarcnn.com/2013/11/blog-post_322.html

PDF Download
(နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)

Advertisements

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေအကြောင်းပြော ခဲ့ သည့်  ဦး ရဲ ထွဋ် ကို စ ကား စစ် ထိုး မည် ဟု ဆို

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်မကိုက်ညီသူမှန်သမျှအား မည်သည့်အဖွဲ့အစည်းမှ ဖိအားပေးပြောဆိုနေစေကာ မှု နိုင်ငံ သားဖြစ်ခွင့်ပေး သွားမည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က ဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံမှနိုင်ငံမဲ့ (Stateless) ရိုဟင်ဂျာ (မူလအသုံးအနှုံးကို ဖော်ပြခြင်းသာ) များကို နိုင်ငံသား ဖြစ်ခွင့်ပေး ရန် မြန်မာ အစိုးရအပေါ် တိုက်တွန်းနိုင်ရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ တတိယကော်မတီက ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ်တွင် ဦးရဲထွဋ်က လူမှုကွန်ယက်စာမျက်နှာမှတဆင့် မီဒီယာများသို့ နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

“အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများမှာလည်း နိုင်ငံသားပြုခွင့်နဲ့ပတ်သက်ပြီး သီးခြား ပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ စည်းကမ်း ချက်များ ရှိပါတယ်။ အဲဒီဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားပြုပေး မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီ သဘောပဲဖြစ်ပါတယ်” ဟု ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ဒု-၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီအနေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စာရင်း စစ်တမ်း ကောက်ယူရာ၌ ဘင်္ဂလီ လူမျိုး များ ပူးပေါင်းဆောင် ရွက်ရန် ငြင်းဆန်နေသည့် လုပ်ဆောင်ချက်များကို ထောက်ပြပြောဆိုသင့် သည်ဟု ဦးရဲထွဋ်က ဆိုသည်။

ဆက်လက်၍ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေမှာ ဆိုရှယ်လစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)နှင့် မညီကြောင်းနှင့် တည်ဆဲဥပဒေနှင့်အညီ စီစစ်သွားမည့်အပေါ် လက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတိုင်ပင်ခံ ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

“ ၁၉၈၂ဥပဒေအတည်မဖြစ်ခင်က ဆိုရှယ်လစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)မှာ နိုင်ငံသားဖြစ်ခွင့်နှစ်မျိုးပဲရှိတယ်၊ တစ်မျိုးက တိုင်းရင်းသား မိဘနှစ်ပါးက မွေးတဲ့သူနဲ့ ဥပဒေအရနိုင်ငံသားဖြစ်ခွင့်ရှိသူဆိုပြီး နှစ်မျိုးပဲရှိတယ်၊ ဒါပေမယ့် ၁၉၈၂ ဥပဒေမှာ လေးမျိုးဖြစ်သွားတယ်၊ ဧည့်နိုင်ငံသား နဲ့ နိုင်ငံသားပြု ခွင့်ရသူ နှစ်မျိုးထပ်တိုးသွားတော့ ရှေ့နဲ့နောက်မညီဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်ပတ်သတ်၍ အမျိုးသားရေးလှုပ်ရှားသည့်သံဃာတော်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ ပြီးဖြစ်ကြောင်းနှင့်  ပြည် တွင်းမှဘိုးစဉ်ဘောင်ဆက်နေထိုင်လာသည့် မွတ်ဆလင်ဘာသာကိုးကွယ်သူများအနေနှင့် ၁၉၈၂ ဥပဒေ ကို လုံးဝလက်မခံနိုင်ဟု မြန်မာ-မွတ်စလင်အရေးဆောင် ရွက်သူ ဒိုင်းမွန်းရွှေကြည်က ပြောသည်။

“၁၉၈၂ ဥပဒေက ဘင်္ဂလီအတွက် ထုတ်တာလား ပြည်တွင်းက မွတ်ဆလင်တွေအတွက် ထုတ်တာလား။ မွတ်ဆလင်တိုင်း အတွက်ဆိုရင် ကျွန်တော်တို့ လက်မ ခံဘူး။ ၈၂ အက် ဥပဒေဆိုတာ မရှိတော့ပါဘူး။ အဲ့ဒီအကြောင်းကို ရှင်းချင်တယ်ဆိုရင် ဦးရဲထွဋ်နဲ့ စကားချင်းယှဉ်ပြောဖို့ ကျွန်တော် စိန်ခေါ် တယ်။” ဟု ဒိုင်းမွန်းရွှေကြည် က ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ၅ နှစ် အချိန်ယူရေးဆွဲထားခြင်းဖြစ်ကြောင်းနှင့် ဥပဒေချိုးဖောက်သူများအား ခေတ် နှင့်အညီ အရေးယူ အပြစ်ပေး မှု များ ပြင်ဆင်ရန်မှတပါး တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ ရေရှည်တည်တန့်နိုင်ရေး ရေးဆွဲထားခဲ့သည့် အလွန်အရေးကြီးသည့် ဥပဒေတစ်ရပ်ဖြစ် သည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးသိန်းညွှန်က သုံးသပ်သည်။

“၁၉၈၂ နိုင်ငံသားဥပဒေက ပြည်ထောင်စုလွှတ်တော်က ပတ်ဖျက်ခြင်း၊ ရုတ်သိမ်းခြင်းမပြုသမျှ တည်ရှိနေတဲ့ တည်ဆဲဥပဒေပါ။ အခုချိန်ထိ ၁၉၈၂ နိုင်ငံ သား ဥပဒေက တည်ဆဲဥပဒေအဖြစ်ရှိနေပါသေးတယ်။ လူ့အခွင့်အရေးကော်မရှင်က ဘာတွေပဲ ဆုံးဖြတ် ဆုံးဖြတ် ကျွန်တော်တို့နိုင်ငံက အချုပ်အခြာအဏာ တည်တံ တဲ့နိုင်ငံဖြစ် တဲ့အတွက် နိုင်ငံသားမဟုတ်တဲ့သူတွေကို ဒီဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာပါ” ဟု ဦးသိန်းညွန့်က ပြောသည်။

ကုလသမဂ္ဂမှဘင်္ဂါလီလူမျိုးများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာအစိုးရကိုတိုက်တွန်းနိုင်ရေး ဆုံးဖြတ်ချက်ကို မြန်မာ နိုင်ငံတော် အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် (ကုလသမဂ္ဂ သံအမတ်ကြီး) ဦးကျော်တင်မှ ကန့်ကွက်ခဲ့ ကြောင်းကိုလည်း သိရှိရသည်။

Credit>>> 21 NOVEMBER 2013 BY မိုးမြင့်ကျော်၊မှူးအိမ်ဇော် (မြစ်မခ)

NLD – တရုတ်ကြီး ဦးညာဏ်ဝင်း၏အင်တာဗျူး ကို ချေ ပ ခြင်း ၊

Ma Masein

Daily Eleven Journal အင်တာဗျူးတွင် ရိုဟင်ဂျာဆို မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ကြောင်း၊ကမ္ဘာ့ ကုလသမဂ္ဂ မှ မြန်မာနိုင်ငံအတွင်းရေး ၀င်ရောက်စွက် ဖက်တယ် လို့ပြောဆိုခြင်းသည် လုံးဝမှားယွင်းနေတယ်။ တရုတ်ကြီး ဦးညာဏ်ဝင်စာမဖတ် လို့ ရိုဟင်ဂျာအကြောင်းမသိဘူး။ ရိုဟင်ဂျာအကြောင်း ထုတ်ထား တဲ့ စာအုပ် ပေါင်း များစွာကို NLD ရုံးချုပ်ကို ပေးပို့ထားပြီးဖြစ်သည်။ (၂-၁၁-၂၀၁၂) နေ့ ရန်ကုန်ဘွဲနှင်းသဘင် ခန်းမတွင် ရိုဟင်ဂျာ အမေရိကန် သမ္မတ အိုဗားမား ပြောသွားတုန်းက NLD – တရုတ်ကြီး ဦး ညာဏ်ဝင်း က ဘာအသံမှ မထွက်ခဲ့ဘူး။
မြန်မာ့နိုင်ငံရေးအခြေအနေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ မှရိုဟင်ဂျာအရေး ကိုကိုင်တွယ်သောအခါကျ ၀င်ရောက်စွက်ဖက်တယ် မတရားစွပ်စွဲ လိုက်တယ်။ NLD – တရုတ်ကြီး ဦး ညာဏ်ဝင်း နိုင်ငံရေးဘ မ၀ဘူးလို့ ပြောရမယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ဆိုတာ တကမ္ဘာ အရေးကို ကိုင်တွယ်ဖြေ ရှင်း ဖို့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ပြောလို့ဆို လို့မှ မရရင် အင်အားသုံးဖြေရှင်းမယ်။ ငြိမ်းချမ်းရေးတပ် စေလွှတ်မယ်။ ဒါတွေက ကုလသမဂ္ဂလုပ်ပိုင်တွေ ထင်ပြောနေတယ်။
NLD – တရုတ်ကြီး ဦး ညာဏ်ဝင်း ယနေ့ထောက်ခံနေသောမြန်မာနိုင်ငံသား ဥပဒေကို တကမ္ဘာလုံးက လက်မခံဘူး။ တရုတ်ကြီး ဦး နေ၀င်းက တစ်ဖက်သတ် မတရားရေးဆွဲတယ်။ တရုတ်ကြီး ဦးစန်းယုက လက်မှတ် ရေး ထိုးပြီး မတရားအတည်ပြုခဲ့တယ်။ရိုဟင်ဂျာကို တိုင်းရင်သားအဖြစ်က မတရား ဖယ်ထုတ်ခဲ့တယ်။ ရိုဟင်ဂျာ ပြန်လည် ခုခံခွင့်လည်းမပေးခဲ့ဘူး။ အဲဒီအချိန်က နိုင်ငံခြားဖြစ်နေတဲ့ ဒိုင်းနက် ကို ဗုဒ္ဓ ဘာသာဝင် ဖြစ်လို့ တိုင်းရင်းသား အဖြစ်ပြောင်းလဲ လက်ခံ လိုက်တယ်။ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ်အသိ အမှတ်ပြုပြီး မြန်မာ့ အသံလွင့် ဌာနက အသံလွင့်ခဲ့တာကို NLD – တရုတ်ကြီး ဦး ညာဏ်ဝင်း ကြားသိရမှာပါ။ မသိဘူးဟုဆိုလျှင် NLD – တရုတ်ကြီး ဦး ညာဏ်ဝင်း လည်းမြန်မာနိုင်ငံဖွား၊ နိုင်ငံသား မဖြစ်နိုင်ဘူး။
ဘိုးတော် ဗဒုံမင်း လက်ထက်ကတယ၀န်ထမ်းဆောင်ခဲ့တဲ့ မွတ်ဆလင်တွေဟာ ရုဟင်ဂျာများဖြစ်ကြတယ်။ ၁၇၉၉ ခုနှစ်မှာ မစ္စတာ ဘချနန် ရေး သားသော  စာအုပ်မှာ မြန်မာနိုင်ငံ၌ နေထိုင်တဲ့ ရိုဟင်ဂျာ လူမျိုးအကြောင်းရေးထားသည်တွေ့ရသည်။
ယနေ့ တိုင်းရင်းသားအဖြစ် ရယူထားသော ( ၀ ၊ ကိုးကန်း ) တို့ကို မြန်မာ နိုင်င့တိုင်ငံတိုင်းရင်း သား မဟုတ် ကြောင်း၊ မြန်မာနိုင်င့ ပထမဆုံး သမ္မတ စပ်ရွှေသိုက်   ပြောခဲ့တ။ ၎င်းတို့ကိုဝေ ဖန် ခိုက်ခြင်းမဟုတ်ပါ။ ဥပမာ အဖြစ်တင်ပြခြင်းပါ။ ယနေ့ ရိုဟင်ဂျာ မတရား ပြုခံရခြင်းကို NLD – တရုတ်ကြီး ဦး ညာဏ်ဝင်း လူသားချင်စိတ်မထားနိုင်တာ ထောက်ပြ ပြောဆိုခြင်းဖြစ်တယ်။
NLD – မှာ ရိုဟင်ဂျာတွေ အများပါဝင်တယ်။ ရိုဟင်ဂျာ မဲတွေ NLD ပါတီ ရမှာ ဖြစ်တယ်။အခု လို NLD တရုတ်ကြီး ဦး ညာဏ်ဝင်း ရဲ့ပြောဆိုမှု ရိုဟင်ဂျာတွေရဲ့ NLD  မဲ မရအောင် အကွက်ဆင်ဖြိုခွဲမှုတစ်ခု ဖြစ်တယ်။ဒါလဲ နိုင်ငရေး လှည့်ကွက်ဆင်အမြတ်ထုတ်နေတယ်လို့ယူလို့ရဆတယ်။ NLD – တရုတ်ကြီး ဦး ညာဏ်ဝင်း က anti – Rohingya ထံမှ လာဘ် ရယူထားလို့ တစ်ဖက်လှည့်ဖြိုခွဲခြင်းဖြစ်ကြောင်း သုံးသပ်နိုင်သည်။

သိလျက်နှင့် အမှန်တရားကို ငြင်းပယ်ချင်သူများသို့ … မြန်မာသမိုင်းတွင် ရိုဟင်ဂျာ များသည်တိုင်းရင်းသားလူမျိုးစုတခုအဖြစ်ရပ်တည်ခဲ့ရိုဟင်ဂျာ စကားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ လုံးဝ နားမလည်ကြပါ …
သို့သော် ဗုဒ္ဓဘာသာ ရခိုင်များ တ၀က်ကျော် နားလည်ကြသည် …

http://www.scribd.com/doc/91891993/ROHINGYA

NLD – တရုတ်ကြီး ဦး ညာဏ်ဝင်း ရိုဟင်ဂျာအထောက်အထားများ လေ့လာရန်အောက်တွင် အကျဉ်းဖေါ်ပြပါ သည်။

1978 ဟင်္သာ စီ မံ ချက် မှာ ဗိုလ်နေ ဝင်း က အ ကုန် စီ စစ် ပြီး လက် ခံ