Daily Archives: November 23rd, 2013

ကြည့်မြင်တိုင်တွင်အိမ်ခန်းအတွင်းအထိ ၀င်ရောက် ဓား ခုတ်

|  November 22, 2013

ကြည့်မြင်တိုင်မြို့နယ်တွင် လူလေးဦးတို့က အိမ်ခန်းအတွင်းထိ ၀င်ရောက်၍ ဓားခုတ်မှု ဖြစ်ပွားခဲ့ရာတွင် ကျူးလွန်သူများထဲမှ သုံးဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။

အဆိုပါ အမှုမှာ နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင် ၁၂ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သန်လျင်မြို့နယ်နေသူ ဓားထိုးခံရသူ အိမ်ရှင်၏ သူငယ်ချင်းက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

“သုံးယောက်ကိုတော့ မိထားပြီးပါပြီ၊ လောလောဆယ်တော့ ဘာမှကို ပြောလို့မရသေးပါဘူး၊ ဆက်လက် စစ်ဆေးရဦးမှာပါ” ဟု အဆိုပါ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အမှုတွင် တရားလိုသည် သူငယ်ချင်းဖြစ်သူ အောင်အောင်(၂၃)နှစ် နှင့်အတူ ကြည့်မြင်တိုင် ဈေးကလေး ရပ်ကွက်၊ ကမ်းနားလမ်း၊ တိုက်ခန်းတွင်ရှိနေစဉ် တိုက်ခန်း တံခါးတွန်းဖွင့်၍ လူတစ်ဦးဝင်လာသဖြင့် ကျော်သူဇော်က ထကြည့်ခဲ့ရာ ၀င်လာသောသူက “မင်းတို့ငါ့သိလား၊ နေလင်းအောင်ဆိုတာကြားဖူး လား” ဟု မေးရာတွင် မသိဘူးဟု ပြောပြနေစဉ်မှာပင် နောက်ထပ်လူသုံးဦး ထပ်မံရောက်ရှိလာသည်ဟု တရားလိုဘက်က အမှုဖွင့် ရာတွင် ပြောပြထားသည်။

ထို့နောက် အမည်မသိလူတစ်ဦးက ဆာလာအိတ်ဖြင့် ပတ်ထားသော ဓားအားထုတ်ကိုင်၍ ၎င်းတို့အား ထိုင်ခိုင်းခဲ့ကာ ကျန်သူနှစ်ဦးမှလည်း ၎င်းကိုလက်သီးဖြင့် ထိုးခဲ့ သဖြင့် နှာခေါင်းသွေးထွက် ဒဏ်ရာရရှိခဲ့ သည်ဟု တရားလိုက အမှုဖွင့်ရာတွင် ပြောပြထားသည်။

ထို့ပြင် အောင်အောင်ကိုလည်း ဓားရှည်ဖြင့် ခုတ်သဖြင့် ၀ဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် တက်ရောက် ကုသရသည်ဟု ဆိုသည်။

ထို့ကြောင့် အမည်မသိလူလေးဦးအပေါ် စုံးစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းထားသဖြင့် (ပ) ၇၅၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကို လိုက်လံဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

ဖမ်းဆီးရမိထားသူများအား ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၂၅/၃၂၆ တို့ဖြင့် တရားစွဲတင်သွားမည်ဟုလည်း အဆိုပါ ရဲတပ်ဖွဲ့က ဆိုထားသည်။

အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီ ကျော်အချိန်ကလည်း ကြည့်မြင်တိုင် စက်ဆန်းနယ်မြေရှိ ဦးမြရပ်ကွက်၊ စံပယ်လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေသည့် လူငယ်တစ်ဦးကို အခြားလူငယ်သုံးဦး က ချုပ်ကိုင်ပြီး ကျန်လူငယ်တစ်ဦးက ဓားဖြင့် ခုတ်ခဲ့သည်ဆိုသော တိုင် တန်းမှုတစ်ခုလည်း ဖြစ်ပွားထားသည်။

ယင်းအမှုတွင် ဓားဖြင့်ခုတ်သည်ဟု ဆိုသော်လည်း အဆစ်ပါသည့် ခဲချွန် ဓားဖြင့် ထိုးခြင်းသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကိုလည်း မိဘများကိုယ်တိုင် ရဲလက်သို့ အပ်ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၁၃ ရက် ည ၉နာရီကလည်း နေအိမ်ပေါ်တွင် အိပ်ပျော်နေသူ အမျိုးသားတစ်ဦးအား လူတစ်ဦးက နေအိမ်ပေါ်ထိတက်ပြီး ဓားဖြင့်ထိုးသတ်ခဲ့မှု ကြည့်မြင်တိုင် အောက်ရုံရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး ပြစ် မှုကျူးလွန်သူကို သက်သေခံ ဓားနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။

Source : Mizzima

Advertisements

ရိုဟင်ဂျာအရေးကုလသမဂ္ဂတိုက်တွန်းချက် အစိုးရပယ်ချ ၊ အာဘူတာဟေး အင် တာ ဗျူး

ရိုဟင်ဂျာ အရေး ကုလသမဂ္ဂ တိုက်တွန်းချက် အစိုးရပယ်ချ

မြန်မာနိုင်ငံ ရခိုင်ဒေသရှိ မွတ်စလင်များကို ရိုဟင်ဂျာအဖြစ် နိုင်ငံသားပြုခွင့် ဆောင်ရွက်ပေးရန် ကုလ သမဂ္ဂ အထွေထွေညီလာခံ၏ တိုက်တွန်းမှုကို မြန်မာအစိုးရက ပယ်ချလိုက်ပြီး ရိုဟင်ဂျာဟူသော စကား လုံးကိုလည်း ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၁၉ ရက်က ကျင်းပသော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နိုင်ငံမဲ့ ဖြစ်နေသော ရိုဟင်ဂျာ (ဘင်္ဂါလီ) များအား နိုင်ငံသား အပြည့်အ၀ ဖြစ်သူများနည်းတူ တန်းတူ အခွင့်အရေး ပေးရန် တိုက်တွန်းလိုက်ပြီး အတည်ပြု ဆုံးဖြတ်ချက်တွင် ဘင်္ဂါလီနှင့် မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက် တိုက်ခိုက်မှုများကို အရေးယူရန်လည်း တိုက်တွန်းထားသည်။

ယခု ချမှတ်လိုက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး တတိယကော်မတီ၏ ဆုံးဖြတ်ချက်၌ အထိအခိုက် မခံသော မလိုလားသည့် ရိုဟင်ဂျာ ဟူသော စကားလုံးအသုံးအနှုန်း သုံးထားသည့်အတွက် စိုးရိမ်ကြောင်း  ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ ညီလာခံတွင် ကန့်ကွက်ပြောဆိုသည်။

ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရကို တိုက်တွန်းကြောင်း သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အစိုးရ၏ ရပ်တည်ချက်မှာ ရိုဟင်ဂျာဆိုသော စကားလုံးကို လုံးဝ လက်မခံနိုင်ကြောင်း၊ ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ အနက် ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့် ရမည် ဖြစ်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် ထုတ်ပြန် ပြောဆိုထားသည်။

“ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့် မပေးနိုင်ပါဘူး။ ဒါဟာ ကျနော်တို့ ရဲ့အချုပ်အခြာ အာ ဏာပိုင်ခွင့် ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီ နိုင်ငံများမှာလည်း နိုင်ငံသားပြုခွင့်နဲ့ ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီ ဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားပြုပေးမှာ မဟုတ်ပါဘူး”ဟု ဦးရဲထွဋ်က ဆိုသည်။

အစိုးရကမူ ကုလသမဂ္ဂအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနက ဆောင်ရွက်နေသော စာရင်းကောက် ယူရေး လုပ်ငန်းများတွင် ဘင်္ဂါလီ လူမျိုးများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်သော လုပ်ဆောင်ချက်များကိုလည်း ထောက်ပြရန် လိုအပ်ကြောင်း အကြံပြုထားသည်။

ကုလသမဂ္ဂ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြည်တွင်း ရခိုင်နှင့် မွတ်စလင်အဖွဲ့များကြားတွင်လည်း မတူညီသော အမြင်များဖြင့် သဘောထား ကွဲပြားလျက် ရှိသည်။

ရိုဟင်ဂျာ အငြင်းပွားမှုတွင် ပါလီမန် ဒီမိုကရေစီခေတ်က ဦးနုအစိုးရသည် ရခိုင်နယ်စပ်တွင် ပုန်ကန်နေသော မူဂျာဟစ်သူပုန်များအရေးတွင် ရခိုင်ဒေသမှ မွတ်စလင်များ ပါဝင်ခြင်းမရှိဘဲ အစိုးရအပေါ် သစ္စာစောင့်သိခဲ့သောကြောင့် မြန်မာ-မွတ်စလင် အဖွဲ့နှင့် တိုင်ပင်ကာ နိုင်ငံသားပြုရေး   ထောက်ခံပေးခဲ့ခြင်း   ဖြစ်ကြောင်း ဦးနုထံတွင် ကိုယ်ရေးအတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သူ ၀ါရင့်နိုင်ငံ ရေး သမား ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

“အဲဒီတုန်းက တိုင်းပြည်ကလည်း လွတ်လပ်ရေးရခါစ ဖြစ်နေတယ်။ အစိုးရအဖွဲ့ထဲမှာတောင် မွတ်စလင်တွေ ပါခဲ့တယ်။ နောက်ပြီး မူဂျာဟစ် သူပုန်ထတုန်းကလည်း သူပုန်အဖွဲ့ထဲမှာ မွတ်စလင်တွေ မပါတဲ့အတွက် အဲဒီတုန်းက ရှိတဲ့ မြန်မာ-မွတ်စလင်အဖွဲ့နဲ့ တိုင်ပင်ပြီးတော့ နိုင်ငံသားပြုရေးမှာ အသိ အမှတ်ပြုပေးပြီး   ရွေးကောက်ပွဲဝင်နိုင်အောင်အထိ လုပ်ပေးခဲ့တာမျိုးရှိတယ်”ဟုလည်း ဦးသုဝေ က ပြောပြသည်။

ရိုဟင်ဂျာ အမည်ခံထားသော အမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီမှ တာဝန်ရှိသူ အဘူတာဟေး ခေါ် ဦးသာအေးက ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပါ ကိုက်ညီ သော တိုက်တွန်းမှုဟု ဧရာဝတီသို့ ပြောဆိုသည်။

ရိုဟင်ဂျာများသည် ဗြိတိသျှ အစိုးရခေတ် မတိုင်မီကပင် နေထိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သောကြောင့် လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်၌ အစိုးရက ၁၉၅၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့တွင် ကက်ဘိနက် ဆုံးဖြတ်ချက်ဖြင့် ရိုဟင်ဂျာကို တိုင်းရင်း သား အဖြစ် အသိအမှတ်ပြုပေးခဲ့ကြောင်း၊ ၁၉၆၁ ခုနှစ် မေလတွင် ရိုဟင်ဂျာတိုင်းရင်းသား အသံလွှင့်အစီအစဉ် ထုတ်လွှင့်ပေးခဲ့ပြီး ထိုနှစ်တွင်ပင် ရိုဟင်ဂျာလူများစုနေထိုင်သော နေရာကို မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေး ခဲ့ကြောင်း   အဘူတာဟေး ခေါ် ဦးသာအေးက ဧရာဝတီသို့ ပြောသည်။

“ရိုဟင်ဂျာကို လက်ခံတဲ့ အစိုးရ ဆုံးဖြတ်ချက် ၃ ခုရှိခဲ့ပါတယ်။ တရားဝင် လက်ခံခဲ့တဲ့ ကိစ္စပါ။ တဦးတယောက်က ရိုဟင်ဂျာကို လက်ခံခဲ့တာ မဟုတ်ဘဲနဲ့ အစိုးရ ကိုယ်တိုင်   လက်ခံခဲ့တာပါ”ဟု အဘူတာဟေး ခေါ် ဦးသာအေးက ဆိုသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)တွင်မူ မေယုနယ်ခြားခရိုင် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၌ ဆူပူသောင်းကျန်းနေသော မူဂျာဟစ် သူပုန်များကို ထိရောက်စွာ နှိမ်နင်းရန် ပါဝင်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ် ကြောင်း၊ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန လက်အောက်တွင် ထားရှိ၍ တိုက်ရိုက်အုပ်ချုပ်ခဲ့ကြောင်း၊ နောက်ပိုင်း၌ စစ်တွေခရိုင် လက်အောက်သို့ ပြန်လည်သွတ်သွင်းခြင်းကို ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထဲရေးဌာန လက်အောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ အထက်ပါဆုံးဖြတ်ချက်သည် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဥပဒေများကို တရားဝင်စိန်ခေါ် ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊   နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးရာများကို ၀င်ရောက်စွက်ဖက်ခွင့် မရှိကြောင်း၊ ထိုထုတ်ပြန်ချက်သည် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း၊ ရခိုင်တိုင်းရင်း သားများ အနေဖြင့် ယင်းထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ပြောဆိုသည်။

“သူတို့(ကုလသမဂ္ဂ)မှာ ဘတ်ဂျက်တွေ ရန်ပုံငွေတွေ နည်းလာတော့ ပိုက်ဆံချမ်းသာတဲ့၊ ရေနံထွက်တဲ့ နိုင်ငံတွေဆီက ပိုက်ဆံ ရတော့ အဲဒီနိုင်ငံတွေရဲ့ သဘောလိုက်ပြီး   လုပ်နေတဲ့ သဘောဖြစ်လာတယ်။ အခုလို ထုတ်ပြန်ချက်ကိုတော့ လုံးဝ ကန့်ကွက် တယ်”ဟုလည်း ဦးဇော်အေးမောင်က ဆိုသည်။

ရိုဟင်ဂျာ မွတ်စလင် ပြဿနာသည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပိုမိုကြီးထွားလာပြီး နိုင်ငံတ၀န်း ပဋိပက္ခ အကြမ်း ဖက်မှုများ ဖြစ်ပွားခဲ့ရာ ယင်းကိစ္စ မှာ မြန်မာသည် ကမ္ဘာတွင် လူဆိုးကြီးဖြစ်နေပြီဟု သမ္မတဦးသိန်းစိန်က သူ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြောဆိုခဲ့ဖူးသည်။

irrawaddy

 ဓါတ်ပုံရှင်းလင်းချက်
» ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် မွတ်စလင် ဒုက္ခသည်များ (ဓာတ်ပုံ – Reuters)

Breaking News: မောင်တော်မြို့မဈေးကို အစွန့်ရောက်ရခိုင်များက မီးရှို့မှုသတင်း

၂၃-၁၁-၂၀၁၃ နေ့ ညနေပိုင်းအချိန်တွင်ရခိုင်ပြည်နယ်၊မောင်တောမမြို့မ ဈေး ကို အစွန့်ရောက် ရခိုင် များ က မီးစတင်ရှို့ခဲ့ရာ ဆိုင် (၄) မီးထဲ ပါသွားပြီးနောက် မွတ်လင်ဆိုင်(၄) လုံးလုယက် ဖျက်စီးခဲ့သည်။ ၊ မွတ်ဆလင်ဆိုင် များရှိသော်လည်း မွတ်ဆလင်များကို ဈေးထဲသို့ ၀င်ခွင့်မပေးခဲ့။

သို့ သော် အခြားတစ်ဖက်မှ ရခိုင် သား (၅၀၀) ခန့်ကို ကြိုတင် စုဝေးထားပြိး ၎င်းတို့ ကို ၀င်ခွင့်ပြု ပြိး မွတ်ဆလင်ပိုင် ပစ္စည်းများ လုယက်သွားသည်။

ရခိုင်လူမျိုးများက မွတ်ဆလင် ဆိုင်မှ ပစ္စည်းများ သိမ်းယူ သွား ရန် အာဏာပိုင်များက အကွက်ဆင်ပေး ထားသည် ဟု ဒေသခံ ပြည်သူများ က သတင်း ပို့ထားသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မောင်တောမြို့ စည်ပင်သာယာ ဈေးမီးရှို့ခံရ၊ ၄ ဆိုင်ပြာကျ၊ ဆိုင်များ လုယက်ခံရ
RB News 23.11.2013 မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်ရှိ စည်ပင်သာယာ ဈေးကို အမည် မသိ ရခိုင် အစွန်းရောက် အုပ်စုမှ မီးရှို့ခဲ့ရာ၊ ဆိုင် ၄ ဆိုင် ပြာကျ သွားပြီး၊ ဆိုင်များစွာ လုယက် ခံရကြောင်း သတင်း ရရှိ ပါသည်။
ဒေသခံ များ၏ ပြောကြား ချက်အရ ည ၇ နာရီ ခန့်တွင် စတင်၍ မီးလောင်ကျွမ်း ခဲ့ပြီး၊ ည ၈ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိ လာပြီး အခြေ အနေကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။ မောင်တောမြို့ စည်ပင် သာယာ ဈေးတွင် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်ရှိပြီး ၉၅% ကျော်မှာ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် ဆိုင်ခန်း များ ဖြစ်ပြီး၊ ကျန်သည့် ဆိုင်ခန်း အချို့မှာ ရခိုင်လူမျိုး များပိုင်ဆိုင် ကြကြောင်း သိရှိ ရသည်။
မီးရှို့မှုကြောင့် ဆိုင်ခန်း လေးခန်း ပြာကျ ခဲ့ရပြီး၊ ရခိုင် လူမျိုး ရာပေါင်း များစွာ စုရုံး၍ ဆိုင်ခန်းများမှ ပစ္စည်း များကို မီးစတင် လောင်ကျွမ်းသည့် အချိန်မှ စ၍ လုယက် ခဲ့ကြောင်း ဈေးပတ်ဝန်းကျင် တွင်နေထိုင် သူများက ဆိုသည်။ မြန်မာ နိုင်ငံ အ၀န်းတွင် လျှပ်စစ်မီးများ ယခု အချိန်ထိ ပုံမှန် ပေးနိုင်ခြင်း မရှိသောကြောင့်   မောင်တော ဈေးတွင် ယနေ့ မီးလာရမည့် အချိန်မှာ ည ၆ နာရီမှ ၁၀ နာရီထိ ဖြစ်သော်လည်း ၇ နာရီ ၄၀ မိနစ်မှသာ မီးလာ ခဲ့ပြီး၊ မီးရှို့မှု မဖြစ်ပေါ်မှီ အချိန်ကပင် ဆက်သွယ်ရေး တယ်လီဖုန်း၊ မိုဘိုင်းဖုန်း များကို ဖြတ်တောက် ထားပြီး၊ လျှပ်စစ်မီး ပြန်လာသည့် အချိန်မှသာ ဆက်သွယ်ရေးလည်း ပြန်လည် ကောင်းမွန် လာခဲ့သည်ကို တွေ့ရှိ ရသည်။
လျှပ်စစ်မီး ပြန်လာသည့် အချိန်မှသာ မီးသတ် ကားများ ရောက်ရှိ လာပြီး မီးငြိမ်းသတ် ခဲ့ပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင် များရောက်ရှိ လာပြီး လုယက် နေသည့် ရခိုင် လူမျိုး များကို တားသည့် အခါ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင် လူမျိုး များအကြား တင်းမာမှု များဖြစ်ပွား ခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ဦး ကိုမှ ဖမ်းဆီး အရေးယူခြင်း မပြုလုပ် ခဲ့ကြောင်း သိရှိ ရပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မောင်တော ဈေးကြီး မီးလောင်
(နိရဉ္စရာ- ၂၃ နိုဝင်္ဘာ ၂၀၁၃)

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့ ဈေးကြီးသည် ယနေ့ ညနေ ၇ နာရီ ၁၅ မိနစ် က စတင် မီးလောင်နေကြောင်း သတင်း ရရှိသည်။

မီးမှာ ဈေးတောင်ဘက်က စတင် လောင်နေခြင်း ဖြစ်ပြီး ညနေ ၇နာရီခွဲခန့်တွင် ဆိုင်ခန်း (၃) ခန်း မီးထဲ ပါသွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုအခါ မီးသတ်ကားများ ရောက်ရှိနေပြီး မီးငြိမ်းသတ်နေကြောင်း၊ မီးညွှန့်ကျိုးသွားပြီဖြစ်ကြောင်း၊ မြို့ဝင်ထွက်လမ်းများကို လုံခြုံရေး အရ လောလောဆယ်တွင် ပိတ်ထားကြောင်း မျက်မြင် မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

မီးလောင်မူနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို နိရဉ္စရာက ဆက်လက် တင်ပြပေးသွားပါမည်။