Daily Archives: November 24th, 2013

ကုလသမဂ္ဂ က ရိုဟင်ဂျာတွေကို တန်း တူ နိုင် ငံ သား ဖြစ် ခွင့် ပေး ဖို့ ကိစ္စ အ ပေါ် နိုင်ငံ ရေး ပုဂ္ဂိုလ် တစ် ချို့ အ မြင်

RFA Burmese: ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို တန်းတူ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ နိုင်ငံရေး ခေါင်းဆောင် တချို့ရဲ့ သဘောထားအမြင် ကို RFA မြန်မာမှ စုစည်းတင်ပြထားတဲ့ သတင်းဖြစ်ပါတယ်၊ ရှုစားနိုင်ပါတယ်။

ဗီဒီယိုနားထောင်ရန်ဖြစ်သည်

https://www.facebook.com/#!/photo.php?v=586751841398336

Advertisements

တရားလိုမှတရားခံပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး

 

 

Posted: 24 Nov 2013 05:44 AM PST

 

သူရိယနေ၀န်းဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့်ရေးသားချက်များအပေါ် တရားစွဲဆိုမည်ဟု ကြေညာထားချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့ပြန်လည်ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ် အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာ သို့ ပြောကြား သည်။

ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များစုဆောင်းလျက်ရှိပြီး၊ မကြာမီတွင် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီတွင် ၀န်ထမ်းပေါင်းများ စွာခန့်အပ်ထားပြီး၊ တရားစွဲဆိုရန် အတွက် ရှေ့နေပေါင်းများစွာ လည်းရှိကြောင်း ထူး ကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူးဦးညီညီအောင်မှ ပြော ကြားထားခြင်းကို အွန်လိုင်းနှင့် ပုဂ္ဂလိက သတင်းစာ အများစုတွင် ဖတ်ရှုပြီးဖြစ်ကာ တရားစွဲဆိုမည့်အချိန်ကို သာလျှင် ၎င်းမှစောင့်နေခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ သူတို့ဘယ်လိုပဲတရားစွဲစွဲအဆင်သင့် ပြင်ထားတယ်။ပြောချင်တာတစ်ခုပဲရှိတယ်။ တစ်ခါတလေ ကျရင်တရားစွဲတဲ့သူက တရားခံပြန်ဖြစ် သွားတတ်သလို၊   ရှေ့နေ   က လည်း တရားခံပြန်ဖြစ်သွားနိုင်တယ်လို့တော့ ကျွန်တော်ပြော ချင်ပါတယ်”ဟု ဦးမိုးဟိန်းမှ ထပ်မံ အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ရေးသားခြင်းမှာ ဦးမိုးဟိန်းအနေနှင့် ပြည်သူ လူထုများအတွက် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း၊ ၎င်း တို့ဘက်မှ တရားစွဲဆိုမည့်အပေါ် မိမိအနေဖြင့် အဆင့်သင့် ပြင် ထားပြီးဖြစ်ကြောင်း မိမိ၏လမ်းအားမိမိလျှောက်နေကြ သူများဖြစ်သည့်အတွက်၎င်းအနေနှင့် ရေးသင့်ရေး ထိုက် ပြောသင့်ပြောထိုက် သည်များကို ပြောကြား မည်ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားခြင်း များမှာ ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်း သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ကျွန်တော့်ကိုတရားစွဲမယ်ဆိုတော့ ကျွန်တော်တစ်ခုတော့ ပြောချင်တယ်။ သူ့ကိုပြည်သူတွေဘက်ကနေ တရားစွဲလို့ ရတာ အများကြီးရှိပါ သေးတယ်”ဟု ၎င်းကဖြည့်စွက်ပြော ကြားသည်။ နိုဝင်ဘာလ ၂၃ရက်နေ့ထုတ်သူရိယနေ၀န်းဂျာနယ်တွင် ဦးတေဇနှင့် စိန်စီသောညများ၊ မင်းတို့ခရိုနီတွေ ဘင်္ဂလား ပင်လယ်အော် သို့ ခုန်ချကြ ပေတော့ ဟု ရေး သားဖော်ပြ ခြင်းအား တရားစွဲဆိုသွားမည်ဟု ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြောကြားခဲ့ပြီး ယခုအချိန်ထိ သူရိယနေ၀န်းအယ်ဒီတာချုပ် ဦးမိုးဟိန်း ဆီသို့ တရားရုံးမှ ဆင့်ခေါ်စာများ၊ ရှေ့နေမှစာပို့ခြင်းများ မရှိသေးကြောင်း၊ ယခုကဲ့သို့ တရားစွဲဆိုမှု အပေါ် ဦးမိုးဟိန်းမှ ရင်ဆိုင်ရန် အဆင် သင့် ပြင်ဆင် ထားကြောင်း ဦးမိုးဟိန်း ကဆက်လက်ပြောကြားသည်။

ရေးသားသူ-ဇော်မျိုး တည်းဖြတ်-အေးငြိမ်းသူ

နိုင်ငံရေးအကျဉ်းသား၂၀၀-ကျော်အားနှစ်ကုန်ပိုင်းတွင် မြန် မာ အ စိုး ရ ပြန် လွှတ် ပေး မည်

 

 

နိုဝင်ဘာ-၂၄ ၂၀၁၃
M-Media

မြန်မာအစိုးရအနေဖြင့် အကျဉ်းထောင်းအတွင်း ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအား အသေးစိတ် စစ်ဆေးမှုများပြုလုပ်နေပြီး ယခုနှစ်ကုန်ပိုင်းနှင့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်လွှတ်ပေးမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ထိုကဲ့သို့ အကျဉ်းသားများအား လွှတ်ပေးမည့်အစီအစဉ်ကို အစိုးရ၏ နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မတီမှ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

နိုဝင်ဘာ ၁၅ ရက်နေ့က သမ္မဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးအားလွှတ်ပေးခဲ့သည်။ ထို ကဲ့သို့ လွှတ်ပေးမှုမှာ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အားလုံးအား လွှတ်ပေးမည်ဟူသည့် သမ္မတဦးသိန်းစိန်၏ ကတိက၀တ်အား  အကောင် အထည်ဖော် သည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့က အရပ်သား အစိုးရ တာဝန်ယူပြီးနောက်ပိုင်း လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ ယခုအချိန် အထိ ၂၉၈၂၀ ဦးရှိပြီဖြစ်သည်။

 

Ref: ဆင်ဟွာ