Daily Archives: November 25th, 2013

ထိုင်းအစိုးရထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြိုင်ဆန္ဒပြ



ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လက်ရှိအစိုးရကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူ ထောင်ပေါင်းများစွာဟာ နှစ်ဘက်အပြိုင် စုဝေး ဆန္ဒပြနေကြပါတယ်။
::
ဒါဟာ ၂၀၁၀ ခုနှစ်က လူတွေ သေကြေတဲ့အထိ ဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့ လမ်းမတွေပေါ်က ဆန္ဒပြပွဲတွေ နောက်ပိုင်း ဖြစ်ပွားတဲ့ အကြီးဆုံး လူထု ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ကန့်ကွက်ကြတဲ့ လူပေါင်း ၂ သိန်းကျော်ဟာ မြို့တော်တ၀ှမ်း နေရာအတော်များများမှာ စုဝေးပြီး မစ္စယင်းလပ် ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
::
တချိန်တည်းမှာပဲ လက်ရှိအစိုးရကို ထောက်ခံတဲ့ ရှပ်အင်္ကျီအနီဝတ် လူအင်အား လေး – ငါး သောင်းကလည်း စုဝေးဆန္ဒပြခဲ့ကြတာပါ။

အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံရမယ့်အရေးကနေ ရှောင်ရှားဖို့ ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ၀န်ကြီးချုပ်ရဲ့ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို နိုင်ငံထဲ ပြန်လာခွင့်ရစေမယ့် အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်း ထွက်ပေါ်လာချိန်ကစလို့ ထိုင်းနိုင်ငံတွင်းမှာ ခုလို လူထု ဆန္ဒပြပွဲတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားနေခဲ့တာပါ။
::
ဒီ ဥပဒေမူကြမ်းအရ ဒီမိုကရက်ပါတီက ၀န်ကြီးချုပ်ဟောင်း Abhisit Vejjajiva ကိုလည်း ၂၀၁၀ ခုနှစ် လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားစဉ်အတွင်း ဆန္ဒပြသူတွေကို နှိမ်နင်းမိန့် ထုတ်ခဲ့တဲ့အတွက် လူသတ်မှုနဲ့ စွဲချက်တင်ခံ ထားရတာကနေ လွတ်ငြိမ်းချမ်းသာခွင့် ရစေမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်နှုတ်ထွက်ပေးဖို့ မြို့တော် ဘန်ကောက်မှာ တောင်းဆိုနေကြတဲ့ အစိုးရဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြသူများ။ (နိုဝင်ဘာ ၂၄၊ ၂၀၁၃)
::

VOA::–

Advertisements

အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် အစ္စလာမ်ကို စော်ကားသည့် ကိစ္စ မလေးရှား မွတ်စလင်မ်များ ဆန္ဒပြမည်။

နိုဝင်ဘာ- ၂၅ ၂၀၁၃
M-Media

မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စီ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသားနှင့် ပတ်သက်ပြီး မလေးရှားနိင်ငံမှ မွတ်စလင်မ်များမှ ကန့်ကွက်သည့် ရှုတ်ချသည့် ဆန္ဒပြပွဲကို လာမည့် သောကြာနေ့ နိုဝင်ဘာ(၂၉)ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသို့ OIC ခေါင်းဆောင်များ လာရောက်လေ့လာသည် ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ရန်ကုန်မြို့ အပါအဝင်မြို့ကြီး များ ၌ ဗုဒ္ဓဘာသာရဟန်းများ ဦးစီးကာ ကျင်းပခဲ့သည်။ ထိုသို့ကျင်းပရာတွင် ကိုင်ဆောင် သည့် vinyl ပိုစတာများတွင် “သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဟူသော စာသားများလည်းပါဝင်ခဲ့သည်။ ယင်းစာသားသည် OIC ခေါင်းဆောင်များ လာရောက်လေ့လာမှုကို ဆန့်ကျင်သည့် စာသားမဟုတ်ဘဲ၊ အစ္စလာမ် ဘာသာကို ပြင်းထန်စွာ စော်ကားခြင်းသာ ဖြစ်သည် ဟု မလေးရှားရှိ NGO အဖွဲ့အစည်းအတော် များများ က ခံယူကြသဖြင့် လာမည့်သောကြာနေ့ (၂၉.၁၁.၂၀၁၃) ဝတ်ပြုမှု အပြီး တွင် မလေးရှား နိုင်ငံသားတို့ ထူထောင်ထားသည့် NGO အဖွဲ့အစည်းများမှ ဦးဆောင်ကာ Ampang Park, Kuala Lumpur, Malaysia ရှိ Tabung Haji ဗလီဝတ်ကျောင်းတော်ရှေ့ တွင် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမည် ဖြစ်ကြောင်း ယနေ့ (၂၅.၁၁.၂၀၁၃) မလေးရှား ရှိ လူမှုရေးအဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်သော MAPIM(Malaysian Consultative Council of Islamic Organization) မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) ရုံးချုပ်တွင် ပြုလုပ်သော ဆန္ဒပြပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲ ၌ ကြေညာသွားကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဆန္ဒပြပွဲအား မလေးရှားရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း ကာ The Coalition Against Religious Extremism in Myanmar (CAREM) အမည်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာရဟန်းများမှ အစ္စလာမ် ဘာသာ အား စော်ကားသည် ကို ဆန့်ကျင်ရှုတ်ချ သည့်အနေဖြင့်ပြုလုပ်မည် ဖြစ်ကြောင်း CAREM အကြီးအကဲတစ်ဦးလည်းဖြစ်၊ MAPIM ဥက္ကဋ္ဌကြီးတစ်ဦး လည်း ဖြစ်သော Mr Cikgu Mohammad Azmi Abdul Hamid က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲ အား ငြိမ်းချမ်းစွာပြုလုပ် ရန်နှင့်၊ အခြား ဘာသာသာသနာ၊ လူမျိုး ကို မှ ထိပါးသည့် ပိုစတာများ၊ ကြွေးကြော်သံများ မပြုလုပ်ရန်၊ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်ဘာသာ ဝင်များ အနေဖြင့် မိမိတို့ဘာသာသာသနာ အစော်ကားခံရသည်ပင်ဖြစ်လင့် ကစား၊ အခြားဘာသာသာသနာ အား ပြန်လည် လက်တုန့်ပြန်စော်ကားရန် ခွင့်မပြုကြောင်း၊ မိမိတို့ သာသနာ ရိုင်းပြစွာစော်ကားခံရသည် ကို ကမ္ဘာ သိအောင် ပြုလုပ်ရန် လိုကြောင်း၊ ယင်းသို့သော ရိုင်းပြစော်ကားမှုမျိုး နောက်ထပ် မပေါ်ပေါက်စေရန် မိမိတို့ CAREM မှ လိုလားကြောင်း လည်း ပြောကြားခဲ့သည်။ ဆန္ဒပြပွဲ အပြီးတွင် ဆန္ဒပြပွဲ ထုတ်ပြန်ချက် (Memorandum of Protest) အား မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးသို့ CAREM ကိုယ်စားလှယ် များ မှ သွားရောက်ပေးအပ်မည်ဖြစ်ပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင်၊ အာဆီယံ၊ OIC နှင့် အခြား အဖွဲ့အစည်းများ နှင့် မွတ်စ်လင်မ်နိုင်ငံ များသို့ မိတ္တူပေးပို့ သွားမည် ဖြစ်ကြောင်း Mr Cikgu Mohammad Azmi Abdul Hamid က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) – Malaysian Consultative Council for Islamic Organization (MAPIM) ရှုံချသည့် ကြေညာချက်တစ်စောင်ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် ရက်စွဲကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ တွင် ထုတ်ပြန်ခဲ့သည့် CAREM ပူးတွဲကြေညာချက် (Joint Statement) အား ပူးတွဲတင်ပြလိုက်ပါသည်။

အကြမ်းဖက်မှုကြောင့်ဒုက္ခသည်စခန်းရောက် မွတ်စလင်မ် ကလေး ငယ်များ အစိုးရကျောင်း များတွင် ပညာသင်ခွင့် မရ၊ ဘာသာရေးကျောင်း များတွင် သာ ဖြစ် သလို သင်ကြားနေ ရ

နိုဝင်ဘာ-၂၅ ၂၀၁၃ M-Medi

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် ဗုဒ္ဓဘာသာဝင် လူအုပ်စုကြီးက ရိုဟင်ဂျာမွတ်စလင်များအား အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့မှုမှာ တစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး အစိုးရကလည်း ရိုဟင်ဂျာများအား သီးခြားခွဲထားခြင်းကြောင့် ရိုဟင်ဂျာကလေးငယ်များမှာ ၎င်းတို့၏ ရှည်ကြာလှသည့် နေ့များအား ဖုန်ထူသော ဒုက္ခသည်စခန်းများတွင် ကုန်ဆုံးနေကြရသည်။ ထို့ပြင် ရိုဟင်ဂျာကလေးငယ်များအား အစိုးရကျောင်းများတွင် ပညာသင်ကြားရန် ခွင့်မပြုသောကြောင့် စစ်တွေမြို့ဆင်ခြေဖုံးဒေသရှိ ယခင်က အစ္စလာမ်ဘာသာရေးပညာရပ်များ သင်ကြားပို့ချခဲ့သော မဒ်ရာဆာကျောင်းများတွင် ရိုဟင်ဂျာလူမျိုး ကလေးသူငယ်များမှာ မြန်မာနှင့် အင်္ဂလိပ်ဘာသာရပ်တို့အား စုပြုံတိုးဝှေ့ သင်ယူနေရသည်။ ထိုကျောင်းများ၌ အချို့နေ့များတွင် ကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ကျော်ခန့် လာရောက်သင်ကြားကြပြီး ၎င်းတို့၏ မိဘများက ကလေးငယ်များ စာအံ့သံများကို ကြားရသည့်နေရာတွင် ထိုင်စောင့်နေကြရသည်။ ပျက်စီးယိုယွင်းနေသော အဆောက်အဦးရှိ သစ်သားကြမ်းခင်းများတွင် ကလေးငယ်များမှာ ပြွတ်သိပ်စွာ ပညာသင်ကြားရပြီး၊ ဆူညံမှုများကို လျော့ကြစေရန် ဆရာများက ကြိမ်လုံးများကိုင်ကာ လှည်လည်ကြည့်ရှုကြရသည်။ ထိုမဒ်ရာဆာ စာသင်ကျောင်းများမှာ ပြင်ပမှ မည်သည့်ထောက်ပံမှုမှမရဘဲ၊ ထိုကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများမှာလည်း မည်သည့် အခကြေးငွေမှ မရရှိပေ။ ထို့ပြင် ပြဌာန်းစာအုပ်များ ပြတ်လပ်မှုကြောင့် ၎င်းတို့မှာ အခြေခံပြဌာန်းစာအုပ်များ ရရှိရန်အတွက်ပင် ရုန်းကန်နေကြရသည်။ “ကျွန်တော်တို့ နိုင်သလောက် လုပ်နေကြတာပါ။ ဒါပေမယ့် ဒါ(ပညာသင်ကြားမှု) ဟာ အားလုံးနီးပါး မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးနေတဲ့ ကလေးတွေ အတွက်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်မှု အနည်းငယ်ကိုတွေ့ရပါတယ်။ တချို့ကလေးတွေဟာ သူတို့ရဲ့ အမည်တွေကို ရေးတတ်လာပြီး၊ ရေတွက်မှုကိုလည်း ပြုလုပ်နိုင်လာပါပြီ” ဟု ကျောင်းသား ၆၅ ဦးအား ပညာသင်ကြားပေးနေသည့် အဌမတန်းထိ ပညာသင်ကြားခဲ့သော ဆရာဖြစ်သူ အန်ဝါရ်က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ယမန်နှစ်အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး၊ ထိုမှတစ်ဆင့် ပြည်နယ်တစ်ဝှမ်းလုံးသို့ ပျံ့နှံ့ကူးစက်ခဲ့သည်။ ထို အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာများမှာ ပစ်မှတ်ထား သတ်ဖြတ်ခြင်းခံကြရပြီး လူဦးရေ ၂၄၀ ခန့် သေဆုံးခဲ့ကာ ရိုဟင်ဂျာလူမျိုး ၂ သိန်း ၄ သောင်းကျော်မှာလည်း အိုးအိမ်များကိုစွန့်ကာ ထွက်ပြေးခဲ့ကြရသည်။ AP

မန္တလေး ဘောလုံး လောင်းကစားလုပ်သည့် နေအိမ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်



မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ၃၈ လမ်း၊ ၈၃ x ၈၄ လမ်း ကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟု ဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ထံမှ စုံစမ်း သိရှိရသည်။
::
အဆိုပါ အခင်းဖြစ်ပွားရာ အိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း သိရ၍ ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်ကို ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း ၅၀ နှစ်သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။

“ကောင်လေးကတော့ သွေးကွက်တွေနဲ့ လဲနေတာကို တွေ့တယ်။ အဲဒါနဲ့ လူမှုကူညီရေးအသင်းက ကားနဲ့ ဆေးရုံကို ပို့တဲ့အချိန် လမ်းမှာပဲ သေသွားတယ်။ ဘောလုံးဒိုင် လုပ်တယ် ဆိုတာတော့ သိတယ်။
::
အဲဒီအိမ်က အမြဲတမ်း တံခါးပိတ်ထားတယ်” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ အချိန်တွင် သက်သေခံ ပစ္စည်းများနှင့် မသင်္ကာဖွယ်ရာများကို စုံစမ်း စစ်ဆေးလျက် ရှိပြီး ဘေးပတ်ဝန်းကျင်က မျက်မြင် သက်သေ အဖြစ် ထွက်ဆိုခြင်း မရှိသဖြင့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ CID အရာရှိများ ကိုယ်တိုင် လာရောက် စစ်ဆေးလျက် ရှိကြောင်း အမှတ် (၇) ရဲစခန်းမှ ဒုရဲအုပ်ဝင်းသိန်းက The Voice သို့ ပြောကြားသည်။

“ကျွန်တော့်သားက အဲဒီမှာ အလုပ်လုပ်တာ တစ်လလောက်ပဲ ရှိသေးတယ်။ အဲဒီအလုပ်ကို လုပ်တာ သဘောမကျဘူး” ဟု သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ဆိုသည်။
::
အဆိုပါ အခင်းဖြစ်ပွားရာ နေအိမ်ကို ဦးလှမြင့် ဆိုသူက ငှားရမ်းထားခြင်း ဖြစ်ပြီး သေဆုံးသူ နှစ်ဦးသည် ၎င်း၏ အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အမှတ် (၇) ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်းတွင် (ပ) ၇၈၁။ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ထားရှိပြီး အမှုမှန် ပေါ်ပေါက်ရေး အတွက် စစ်ဆေး စုံစမ်းလျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
::
သြဂုတ်လဆန်းပိုင်းက ပြည်ကြီးတံခွန် မြို့နယ်ရှိ တိုက်ခန်းတစ်ခန်းနှင့် စက်တင်ဘာလ ပထမပတ်ခန့်က ချမ်းအေးသာစံ မြို့နယ်ရှိ လျှပ်စစ် ဝန်ထမ်းအိမ်ရာတို့တွင် ပစ္စည်းယူ လူသတ်မှုများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီ လမ်းထောင့်ရှိ Rainbow Bridge Distribution Co., Ltd. (Panasonic Battery ) မန္တလေးရုံးခွဲတွင် အောက်တို
ဘာလ ၁ ရက်နေ့ ညပိုင်းက သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး တရားခံများကို တစ်ပတ်အ
တွင်း ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့သည်။

The Voice ::–