အကြမ်းဖက်မှုကြောင့်ဒုက္ခသည်စခန်းရောက် မွတ်စလင်မ် ကလေး ငယ်များ အစိုးရကျောင်း များတွင် ပညာသင်ခွင့် မရ၊ ဘာသာရေးကျောင်း များတွင် သာ ဖြစ် သလို သင်ကြားနေ ရ

နိုဝင်ဘာ-၂၅ ၂၀၁၃ M-Medi

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် ဗုဒ္ဓဘာသာဝင် လူအုပ်စုကြီးက ရိုဟင်ဂျာမွတ်စလင်များအား အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်ခဲ့မှုမှာ တစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး အစိုးရကလည်း ရိုဟင်ဂျာများအား သီးခြားခွဲထားခြင်းကြောင့် ရိုဟင်ဂျာကလေးငယ်များမှာ ၎င်းတို့၏ ရှည်ကြာလှသည့် နေ့များအား ဖုန်ထူသော ဒုက္ခသည်စခန်းများတွင် ကုန်ဆုံးနေကြရသည်။ ထို့ပြင် ရိုဟင်ဂျာကလေးငယ်များအား အစိုးရကျောင်းများတွင် ပညာသင်ကြားရန် ခွင့်မပြုသောကြောင့် စစ်တွေမြို့ဆင်ခြေဖုံးဒေသရှိ ယခင်က အစ္စလာမ်ဘာသာရေးပညာရပ်များ သင်ကြားပို့ချခဲ့သော မဒ်ရာဆာကျောင်းများတွင် ရိုဟင်ဂျာလူမျိုး ကလေးသူငယ်များမှာ မြန်မာနှင့် အင်္ဂလိပ်ဘာသာရပ်တို့အား စုပြုံတိုးဝှေ့ သင်ယူနေရသည်။ ထိုကျောင်းများ၌ အချို့နေ့များတွင် ကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ကျော်ခန့် လာရောက်သင်ကြားကြပြီး ၎င်းတို့၏ မိဘများက ကလေးငယ်များ စာအံ့သံများကို ကြားရသည့်နေရာတွင် ထိုင်စောင့်နေကြရသည်။ ပျက်စီးယိုယွင်းနေသော အဆောက်အဦးရှိ သစ်သားကြမ်းခင်းများတွင် ကလေးငယ်များမှာ ပြွတ်သိပ်စွာ ပညာသင်ကြားရပြီး၊ ဆူညံမှုများကို လျော့ကြစေရန် ဆရာများက ကြိမ်လုံးများကိုင်ကာ လှည်လည်ကြည့်ရှုကြရသည်။ ထိုမဒ်ရာဆာ စာသင်ကျောင်းများမှာ ပြင်ပမှ မည်သည့်ထောက်ပံမှုမှမရဘဲ၊ ထိုကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများမှာလည်း မည်သည့် အခကြေးငွေမှ မရရှိပေ။ ထို့ပြင် ပြဌာန်းစာအုပ်များ ပြတ်လပ်မှုကြောင့် ၎င်းတို့မှာ အခြေခံပြဌာန်းစာအုပ်များ ရရှိရန်အတွက်ပင် ရုန်းကန်နေကြရသည်။ “ကျွန်တော်တို့ နိုင်သလောက် လုပ်နေကြတာပါ။ ဒါပေမယ့် ဒါ(ပညာသင်ကြားမှု) ဟာ အားလုံးနီးပါး မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးနေတဲ့ ကလေးတွေ အတွက်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ တိုးတက်မှု အနည်းငယ်ကိုတွေ့ရပါတယ်။ တချို့ကလေးတွေဟာ သူတို့ရဲ့ အမည်တွေကို ရေးတတ်လာပြီး၊ ရေတွက်မှုကိုလည်း ပြုလုပ်နိုင်လာပါပြီ” ဟု ကျောင်းသား ၆၅ ဦးအား ပညာသင်ကြားပေးနေသည့် အဌမတန်းထိ ပညာသင်ကြားခဲ့သော ဆရာဖြစ်သူ အန်ဝါရ်က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် ယမန်နှစ်အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး၊ ထိုမှတစ်ဆင့် ပြည်နယ်တစ်ဝှမ်းလုံးသို့ ပျံ့နှံ့ကူးစက်ခဲ့သည်။ ထို အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာများမှာ ပစ်မှတ်ထား သတ်ဖြတ်ခြင်းခံကြရပြီး လူဦးရေ ၂၄၀ ခန့် သေဆုံးခဲ့ကာ ရိုဟင်ဂျာလူမျိုး ၂ သိန်း ၄ သောင်းကျော်မှာလည်း အိုးအိမ်များကိုစွန့်ကာ ထွက်ပြေးခဲ့ကြရသည်။ AP

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: