မြန်မာ့ဗုဒ္ဓသားတော်အချို့ အစ္စလာမ်အားစော်ကားမှု အတွက် မလေးရှားတွင် ရှုံ့ချ ဆန္ဒပြ

 ကမ္ဘာ့မွတ်စလင်မ်ထုကိုစော်ကားရာရောက်သဖြင့် အခြားနိင်ငံများတွင်ပါ ဆက်လက်ရှုံ့ချ ဆန္ဒပြနိင်ရန်ကြိုးပမ်းနေပာုဆို မိုးပြာ နိုဝင်ဘာ ၂၉၊ ၂၀၁၃ မြန်မာနိင်ငံမှာ OIC ဆန္ဒပြပွဲအမည်ခံကာ အစ္စလာမ်ဘာသာကို စော်ကားပြောဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ခဲ့ကြတဲ့ ဗုဒ္ဓသားတော် အချို့ရဲ့လုပ်ရပ် ပာာ မြန်မာမွတ် စလင်မ်တွေကိုသာမက ကမ္ဘာ့မွတ်စလင်မ်တွေကိုပါ စော်ကားတာဖြစ်တဲ့အတွက် မလေးရှားနိင်ငံမှာသာမက အင်ဒိုနီးရှားနိင်ငံနဲ့ အခြားနိင်ငံတွေမှာပါ ကန့်ကွက်ဆန္ဒပြပွဲတွေ ကို ပြုလုပ်သွားဖို့ကြိုးစားနေပြီလို့ မလေးရှားနိင်ငံမှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ BMY Network Malaysia မှ ကိုအောင်ကျော်မိုး က မြန်မာမွတ် စလင်မ်မီဒီယာကိုပြောပါတယ်။ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁၅ ရက်နေ့ကပြုလုပ်တဲ့ OIC ဆန္ဒပြပွဲမှာ ” သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်ကိုင်ဆောင်ခဲ့ကြတဲ့ ဗုဒ္ဓသားတော် များ ရဲ့လုပ်ရပ်ပာာ တစ်ကမ္ဘာလုံးမှာရှိတဲ့ မွတ်စလင်မ်တွေကို စော်ကားတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် အခုလိုရှုံ့ချဆန္ဒပြကြတာလို့လည်းသိရပါတယ်။ “သားဖောက်နှုန်းမြန် အစ္စလာမ် တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ ဆိုတဲ့ အသုံးအနှုံးဟာ လက်ရှိမြန်မာနိုင်ငံသား မွတ်စလင်မ်တွေကိုပဲမဟုတ်ဘူးတစ်ကမ္ဘာလုံး မှာရှိတဲ့အစ္စလာမ် ဘာသာဝင် တိုင်းကို စော်ကားတာဖြစ်တဲ့အတွက် ဒီနေ့ဆန္ဒပြပွဲကို လုပ်ကြတာပါ၊ လက်ရှိမှာ အင်ဒိုနီရှားမိတ်ဆွေတွေက သူတို့နိုင်ငံမှာလည်း ပြုလုပ်ဖို့ ရှိကြောင်းပြော ပါတယ်။ နောက်အခြားနိုင်ငံတွေအနေနဲ့တော့ မသိရသေးပါဘူး”လို့ ကိုအောင်ကျော်မိုးကပြောပါတယ်။ အစ္စလာမ်ဘာသာကိုစော်ကားတဲ့ ဗီနိုင်းကိုင်ဆောင်တဲ့ ဗုဒ္ဓသားတော်များကို ဗပာန်းရဲစခန်းက”အခြားသူများကိုးကွယ်သည့်ဘာသာသာသနာ အားညိုးနွမ်းစေမှု ပ/၄၅၈./ ၂၀၁၃။ ပုဒ်မ ၂၉၅ က နဲ့ဗပာန်းရဲစခန်းက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အမှုဖွင့်ထားပါသတဲ့။ အခုလို မလေးရှားနိင်ငံက The Coalition Against Religious Extremism In Myanmarအဖွဲ့က ဦးဆောင်ပြီး မြန်မာနိင်ငံက ဗုဒ္ဓသားတော်အချို့ရဲ့ အစ္စလာမ်သာသနာ အပေါ် စော်ကားမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့လုပ်ရပ်ကို မြန်မာမွတ်စလင်မ်တွေက တော့ကျေနပ်အားပေးနေတဲ့သဘောမျိုး ဖဘ စာမျက်နှာတွေမှာတွေ့ရပါတယ်။ ဥပမာအားဖြင့် အမည်အမှန်နဲ့ ပို့စ်ကောင်းကောင်းလေးတွေရေးလေ့ရှိတဲ့ ဦးကျော်ဝင်း က “အထူးကျေးဇူးတင်ပါသည်”လို့ ခေါင်းစဉ်တပ်ကာ သူ့ရဲ့ ဖဘစာမျက်နှာ Kyaw Win မှာ အခုလိုရေးထားပါတယ်။ “အစ္စလာမ်ကိုစော်ကားသူများအားတနည်းနည်းဖြင့်တုံ့ပြန်ရန်မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်များကကြိုးစားကြည့်သော်လည်းမျက်ကန်းဥပဒေအောက်တွင်မလူးသာ၊မလှုပ်သာရှိနေခဲ့ပါသည်။ ကျွန်တော်တို့ကိုယ်စားမလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့်မလေးရှားနိုင်ငံသားများ၊ အဖွဲ့အစည်းများကယနေ့သောကြာနေ့တွင်ဆန္ဒပြတုန့်ပြန်ခဲ့သဖြင့် အားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်းနှင့်အသျှင်မြတ်ထံတော်မှဆထက်တန်ဘိုးအစားရရှိပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်။….. အာမီးန်” (Kyaw Win)ပါတဲ့။ ဆန္ဒပြပုံနဲ့ပတ်သက်လို့လည်း ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကိုအောင်ကျော်မိုးက သူ့ရဲ့ ဖဘ စာမျက်နှာမှာ အခုလိုရေးပါတယ်။ “မလေးရှားနိုင်ငံ Mapim ဥက္ကဌကြီး Muhammad Azmi Abdul Hamid မှ ဦးဆောင်၍ မလေးရှားနိုင်ငံရှိ အဖွဲ့အစည်းများမှ The Coalition Against Religious Extremism In Myanmar အမည်ဖြင့် စည်းလုံးညီညွှတ်စွာ၊ ပူးပေါင်းပါဝင် ရှုံချခဲ့ကြောင့် ယနေ့ ၂၉.၁၁.၂၀၁၃(ဂျွန်မာအ်ဆွလာသ်)ပြီးချိန် မှစတင်ကျင်းပပြီး နယ်စုံမှ လူအင်အား(၂၅၀၀)ကျော် ဆန္ဒပြပွဲသို့ တက်ရောက် ပါဝင်ခဲ့ပါသည်။ ညနေ(၃း၀၀)ကျော် အချိန်မှာ ဥက္ကဌကြီး Cikgu Azmi နှင့်အတူ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော အင်အားတရပ်နှင့်အတူ မြန်မာသံရုံးသို့ ချီတက်၍ သမ္မတကြီး ကိုအိပ်ဖွင့်ပေးစာ သွားရောက်ပေး အပ်ခဲ့ပြီး မြန်မာသံရုံးအရှေ့မှာ သတင်းစာရှင်းလင်ပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါသည်။၎င်းနောက် အဆိုပါဆန္ဒပြပွဲကို အောင်မြင်စွာအဆုံး သတ်ခဲ့ပါသည်”( Aung Kyaw Moe) မြန်မာသံရုံးရှေ့မှာ အိတ်ဖွင့်ပေးစာသွားပေးတော့ မြန်မာသံရုံးတာဝန်ခံက ထွက်မယူရဲကြောင်း ဖဘ စာမျက်နှာကနေဖောက်သည်ချထားသူတစ်ဦးလည်း ရှိပါတယ်။သူကတော့ ဦးမောင်မောင်(ရွှေကရ၀ိတ်)ပါ။ ဦးမောင်မောင်က သူ့ရဲ့ဖဘ Maung Maung မှာရေးပုံက အခုလိုပါ။ “မြန်မာသံရုံးကတာဝန်ခံစာထွက်ယူရဲတဲ့သူမရှိလို့သံရုံးစာပုန်းထဲကိုပဲ ထည့်ခဲ့ရပါတယ်”(Maung Maung) ဒီဆန္ဒပြပွဲကိုတော့ မလေးရှားနိင်ငံက အဖွဲ့အစည်းတွေ၊မလေးရှားရောက် မြန်မာမွတ်စလင်မ်အဖွဲ့တွေ ပှုးပေါင်းထားတဲ့ The Coalition Against Religious Extremism In Myanmar ဆိုတဲ့အဖွဲ့က ဦးဆောင်ခဲ့တာပါတဲ့။ ဓာတ်ပုံ Brother Nasir(MMM-CJ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: