Monthly Archives: December, 2013

စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံများတွင် မြန်မာ ထိပ်ဆုံးနားမှပါဝင်

ရန်ကုန်- စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ခက်ခဲသောနိုင်ငံ တစ်နိုင်ငံအဖြစ် (Doing Business 2014)က ဖော်ပြထားချက်အပေါ် လေ့လာသုံးသပ်ပြုပြင်နိုင်ရန် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေး ဆပ်ကော်မတီက စီးပွားရေးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များအား အကြံပြုစာ တောင်းယူနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့တို့က လေ့လာပြုစုထားသော (Doing Business 2014) တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အဆင့် ၁၈၂ တွင် တည်ရှိနေသည်။ ထို့ကြောင့် နောက်ဆုံးမှ ရေတွက်လျှင် အဆင့် ၈ ဖြစ်သည်။

ယင်းသတ်မှတ်ချက်ကို ပြုပြင်ပြီး ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးအခက်အခဲများနှင့် ဆီလျော်အောင် ပြုပြင်ဆောင်ရွက်ရန် ကုန်သည်စက်မှုအသင်းများနှင့် လုပ်ငန်းရှင်များ၊ ပညာရှင်များထံမှ အကြံဉာဏ် ရယူဆောင်ရွက်သွားမည်ဟု ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ကြေညာချက်ထုတ်ပြန်သည်။

“၀ိုင်းဝန်းဆွေးနွေးမယ်ဆိုရင် အဖြေထွက်မှာပဲ။ လောလောဆယ်တော့ ဗျူရိုကရေစီကြိုးနီစနစ်က ရှိနေသေးတော့ လုပ်ရတာခက်တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ကုန်သွယ်မှုနှင့်သက်ဆိုင်သော ဌာနများမှ အဖွဲ့ဝင် ၂၅ ဦး ပါဝင်သည်။

Advertisements

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် လုပ်သေနတ်နှင့် ကျည်ခွံများ ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်

သတင်းအရ ကျောက်ဖြူမြို့နယ်၊ သဲတန်းကျေးရွာအုပ်စု၊ ကြတ္တိန်ကျွန်း ပိုက်ဆိပ်တဲစုတွင် ရေလုပ်ငန်းလုပ်ကိုင်ရန်ရောက်ရှိနေသော ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာနေ စိန်သန်းဝင်း (၄၃) နှစ်၏တဲအတွင်းသို့ သဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်အတူ ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ စိန်သန်းဝင်း၏ တဲအနောက်ဘက် (၁၀)ကိုက်ခန့် အကွာရှိခြံထဲ၍ ဝှက်သိမ်းထားသော သံထည်ဖြင့် ပြုလုပ်ထားသည့် အရှည် (၃) ပေ (၅) လက်မခန့်ရှိ တူမီး တစ်လုံးထိုးသေနတ် ၁ လက်၊ သံဖြင့်ပြုလုပ်ထားသော ယမ်းတောင့်ကျည်ခွံ ၃ ခု၊ ရောစပ်ပြီး ယမ်းမှုန့် ၅ ကျပ်သားခန့်တို့အား သိမ်းဆည်း ရမိခဲ့သောကြောင့် စိန်သန်းဝင်း အား ကျောက်ဖြူမြို့မရဲစခ န်း (ပ)၂၂၀/၂၀၁၃၊ လက်နက် ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

ကိုးကား – ပြန်ကြားရေး ဝဘ်ဆိုဒ်
Link =>https://www.facebook.com/MOIWebportalMyanmar/posts/437943549666850

အခြေခံဥပဒေ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ NLD ၂၀၁၅ ရွေးကောက်ပွဲဝင်မည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယနေ့ မွန်းလွဲ တော်ဝင်နှင်းဆီတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ပြောဆိုသည်။ NLD သည် ပြိုင်ဖက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နှလုံးရည် အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်မည်ဖြစ်ကြောင်း၊ NLD အနေနှင့် ပုဒ်မ ၅၉ စ လုံးအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသော အချက် ၁၆၈ ချက်ရှိကြောင်း ယနေ့ ထုတ်ပြန်ပြောဆိုသည်။

The Irrawaddy (Burmese Version)

သံတွဲမြို့ဂျာမေ့ဗလီကြီး၏အဇန်တိုင်တစ်ခုပြိုကျပျက်စီးမည့်အန္တရာယ်ကြုံတွေ့နေရသော်လည်းပြင်ဆင်ခွင့်ပိတ်ပင်ခံရ

သံတွဲမြို့လယ်၌ရှိသောစွန္နှီဂျာမေဗလီကြီး၏အနောက်ဘက်အာဇန်တိုင်အဟောင်းကြီးမှာစတင်ဆောက်လုပ်သည့်၁၉၄၈ခုနှစ်ကတည်းကယနေ

့အထိပြင်ဆင်ခွင့်ပိတ်ပင်ခံထားရသဖြင့်ပြိုကျတော့မည့်အနေအထားဆိုက်ရောက်နေကြောင်းသိရသည်။ဗလီဂေါဗကအဖွဲ့ဝင်တစ်ဦးဖြစ်သော

ဦးခင်မောင်လတ်က
`ဗလီကြီူအာဇန်တိုင်ကပြင်မယ်ဆိုရင်ငွေကြေးပိုင်းအရပူစရာမလိုပါဘူးသက်ဆိုင်ရာကလူတွေခွင့်ပြုချက်ယူစရာမလိုရင်ချက်ချင်းပြင်လိုက်လို့

ရတယ် ညောင်ပင်တစ်ပင်ပေါက်နေတာလဲ
ဒီနေ့ အမြန်ရှင်းလိုက်ရတယ
အခုဗလီတွေတောင်ဖျက်နေတာ
ဗလီပြင်ဖို့ဆိုရင်ခွင့်ပြုဖို့နေနေသာသာဖျက်ပဲဖျက်ချင်နေကြတာကိုဗျ´
ဟုပြောကြားသည်။
ငါးသိုင်းချောင်းမှပြောင်းလာသော
သံတွဲမြို့နေမွတ်စလင်တစဦးက်
ငါးသိုင်းချောင်းကဗလီမှာဆိုအမိုးတောင်မရှိတာဒီမှာကတော်သေးတယ်လို့ပြောရမယ်
ဟုပြောကြားသည်။

ထိုင်းစစ်တပ် အာဏာသိမ်းရန် အလားအလာရှိနေ


တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေးအငြင်းပွားမှုများအား ထိန်းသိမ်းကြရန် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးအား ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ယမန်နေ့တွင် တိုက်တွန်းခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးတင်းမာမှုများမှာ ၂-လ ခန့်ရှိနေပြီဖြစ်ပြီး၊ ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၃-ဦးသေဆုံးခဲ့ကာ ၂၀၀-ကျော်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ယမန်နေ့ကလည်း ဘန်ကောက်မြို့ Chamai တံတားအနီးတွင် ဆန္ဒပြနေသော လူအုပ်အတွင်းသို့ လူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ၁-ဦးသေဆုံးခဲ့ပြီး ၃-ဦးဒဏ်ရာရရှိခဲ့သည်။

တိုင်းပြည်အတွင်း မငြိမ်မသက်မှု ကြာရှည်နေခြင်းကြောင့် စစ်တပ်မှ အာဏာသိမ်းမည်ဟု လည်း သတင်းများထွက်ပေါ်နေပြီး၊ ထိုကိစ္စနှင့်ပက်သက်၍ သတင်းထောက်များက မေးမြန်းရာ ဗိုလ်ချုပ်ကြီးက အခြေအနေပေါ်တွင် မူတည်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထိုင်းနိုင်ငံ သမိုင်းတွင် စစ်တပ်မှအာဏာသိမ်းမှုမှာ ၁၁-အကြိမ် အထိ ရှိခဲ့သည်။

Ref : Aljazeera

ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ပညာရှင်များစွာပါဝင်သော ညီလာခံကြီး ပြုလုပ်မည်


ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်တွေးခေါ်ပညာရှင်များနှင့် အခြားသော နယ်ပယ် များမှ ပညာရှင်များပါဝင်သော ညီလာခံကြီးတစ်ခုကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပပြုလုပ်တော့မည်ဟု သိရသည်။

ထိုညီလာခံအား The Reviving the Islamis Spirit (RIS) အမည်ပေးထား ပြီး၊ အင်္ဂလိပ် ဘာသာစကားဖြင့် ဆွေးနွေးကြမည်ဖြစ်ကာ မြောက်အမေရိက နှင့် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင် ၂၀၀၀၀ ခန့်တက်ရောက်မည်ဟု ခန့်မှန်းထားသည်။

ယခင်ကလည်း ထိုကဲ့သို့သောအခမ်းအနားများကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်မှ မွတ်စလင် မဟုတ်သည့် ပညာရှင်များ ပါဝင်ခဲ့ကာ၊ ယခု ပြုလုပ်မည့် အခမ်းအနားတွင် အနောက်တိုင်းမှ ကျော်ကြားသော မွတ်စလင် ပညာရှင်များဖြစ်သည့် ဒေါက်တာ ဆရဒ် ဟူစိန် နာဆာရ်၊ ဟဘိဘ်အလ် ဂျစ်ဖရီ၊ တာရစ်ရမဒန် စသည်တို့အပါအ၀င် ပညာရှင်များစွာပါဝင်မည်ဖြစ်ပြီး အစ္စလာမ့် ဓမ္မတရားများကို ဟောကြားမည်ဖြစ်သည်။

ထို့ပြင် အစ္စလာမ့်ဓမ္မတေးများကို သီးကျူးသည့် မလေးရှားနိုင်ငံမှ Raihan ဟူသောအဖွဲ့လည်းပါဝင်မည်ဖြစ်ပြီး၊ လူရွှင်တော် မွတ်စလင်တစ်ဦးဖြစ်သည့် မဇ်ဂျော့ ဘရာနီလည်း လာရောက်ဖျော်ဖြေမည်ဟု သိရသည်။

Ref : Islam RU

#MMedia_IntShortNews

M-Media Link => http://www.m-mediagroup.com/news/22151

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က လုံခြုံရေး အထောက်အကူပြု အဖွဲ့ ဖွဲ့စည်း ပြီး  တာဝန် ပေးလိုက် ပါတယ်။
အဘ ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီ ဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်း တာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ် လိုက်ခြင်းဖြစ်ပါတယ်။

လေးစားလျက်
28.12.2013

23/12/2013 နေ့ မလေးရှားနိုင်ငံ sarawak ပြည်နယ်ရှိ မြန်မာလူမျိုး နှင့် အင်ဒိုနီရှား လူမျိုး အလုပ်သမားများအကြားဖြစ်ပွားခဲ့သည့် အဖြစ်မှန် သတင်းအတည်ပြုချက်

မလေးရှားနိုင်ငံ /ဆာရာဝ ပြည်နယ်နယ် /အဘာဖီ သင်္ဘောကျင်း တွင် 23/12/2013 နေ့ ၌ မြန်မာအလုပ်သမားများနှင့် အင်ဒိုနီရှား အလုပ်သမားများ အကြားရှိ ပြသနာအနည်းငယ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဘာဖီသင်္ဘောကျင်း ကုမ္ဗဏီတွင် အလုပ်လုပ်ကိုင်သော အလုပ်သမားများအား ၎င်းသင်္ဘောကျင်းတွင် ထားရှိပြီး ကောင်န်တိန်နာ များ သစ်များဖြင့် ဆောက်လုပ်ထားသော နေစရာများဖြင့် ထားရှိကြောင်းသိရသည်။

23/12/2013 နေ့တွင် ကိုသိန်းစံ နှင့် ကိုခိုင်လင်းဆိုသူ မြန်မာအလုပ်သမားနှစ်ဦးတို့သည် တစ်နေ့တာအလုပ်ချိန်ပြီးမြောက်ပြီး over time မဆင်းပဲ အရက်ဆိုင်သို့ အရက်သောက်ရန်သွားရောက်ခဲ့ကြသည်။ကျန်ရှိသည့် မြန်မာအလုပ်သမားများနှင့် အင်ဒိုနီရှား အလုပ်သမားများမှာ ဆက်လက်ပြီး အိုဗာတ်ုင် အချိန်ပို ဆင်းနေခဲ့ကြသည်။

ကိုသိန်းစံ နှင့် ကိုခိုင်လင်း ဆိုသူနှစ်ဦးသည် ည 07:00 အချိန်တွင် အလုပ်သမားများထားရာ အဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။ယင်းအချိန်တွင် ကျန်လုပ်သမားများ အိုဗာတိုင် အချိန်ပိုအလုပ် လုပ်နေခဲ့သည်။

ထိုအချိန် အင်ဒိုနီရှာ အမျိုးသမီး နာဂျာရတ် သည် အလုပ်သမားအဆောင်၌ ထမင်းချက်ပြုတ်လျက်ရှိနေခဲ့သည်။

ယင်းအား ကိုသိန်းစံ နှင့် ကိုခိုင်လင်းဆိုသူ အလုပ်သမားနှစ်ဦးသည် အဆိုပါ အင်ဒို အမျိုးသမီး နာဂျာရတ် အား မုဒိမ်းကျင့်ခဲ့ကြသည်။နဂျာရတ် ၏ လင်ယောက်ျား အလုပ်မှာ ပြန်လာလျင် မတိုင်ကြားရန်နှင့် တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ည 09:30 အချိန် သင်္ဘောကျင်း အလုပ်သမားများ အိုဗာတိုင်ပြီးမြောက်၍ ပြန်လာချိန် နဂျာရတ်မှ ခင်ပွန်းဖြစ်သူအား သူမသည် သိန်းစံ နှင့် ခိုင်လင်း တို့၏ အဓမ္မ ပြုကျင့်ခံလိုက်ရကြောင်း တိုင်ကြားခဲ့သည်။

နဂျာရတ်၏ ခင်ပွန်းသည် ၎င်းသတင်းကြား၍ သိန်းစံနှင့် ခိုင်လင်းဆိုသူနှစ်ဦးအား သွားရောက်မေးမြန်းရာ ထိုအချိန်၌ အဆိုပါ မုဒိမ်းကျင့်သူ နှစ်ဦးသည် အိုဗာတိုင်မှ ပြန်လာသူ မိမိမြန်မာအလုပ်သမားများအား အရက်တိုက် စည်းရုံးနေချိန်ဖြစ်သည်။

နဂျာရတ်၏ ခင်ပွန်း လာရောက်မေးမြန်းခြင်းကို တစုံတရာမဖြေရှင်းပဲ အရက်ဝိုင်းမှ သိန်းစံ / ခိုင်လင်း နှင့် မြန်မာ ၅ ယောက်မှ နဂျာရတ် ၏ ခင်ပွန်းအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်။

အနီးရှိ အင်ဒို ၃ ဦးသည် ၎င်းတို့ အင်ဒိုလူမျိုး တစ်ဦးအားမြန်မာ ၅ဦးဝိုင်းရိုက်နေခြင်းအားတွေ့ရှိကာ ၎င်းတို့မှလည်း ရန်ပွဲသို့ ပါဝင်ခဲ့ကြသည်။

အင်ဒို ၄ ဦးသည် မြန်မာများအကြား ရောက်ရှိနေ၍ အထိနာ ဒဏ်ရာရခဲ့ကြသည်။

ယင်းအား အင်ဒိုများမှ မကျေနပ်၍ ကျန်ရှိသည့် အင်ဒိုများဖြင့် လာရောက်ပြသနာရှာရန် စီစဉ်နေကြစဉ် အလုပ်ထဲမှ superviser တစ်ဦးသည် အလုပ်မှ မမြန်သေးပဲရှိနေ၍ ပြသနာမဖြစ်ကြရန်ဖြန့်ဖြေပေးခဲ့ပြီး မန်နေဂျာ အားလည်း မုဒိမ်းမှု ကြောင့် လူမျိုးနှစ်အကြား ပြသနာဖြစ်နေကြကြောင်း ဖုန်းဆက်အသိပေးခဲ့သည်ဟုသိရသည်။

24 /12/2013 နေ့တွင် နဂျာရတ်နှင့် သူမ၏ ခင်ပွန်းဖြစ်သူမှ ရဲစခန်းသို့ အမှုဖွင့်ခဲု့ကြောင်းသိရသည်။

မလေးရှားနိုင်ငံ မြန်မာသံရုံး မှ သံအရာရှိ ဦးစိုးဝင်း မှ အဆိုပါ မုဒိမ်းမှု တရားခံ သိန်းစံ နှင့် ခိုင်လင်း အား မလေးရှားနိုင်ငံ တရားဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံထုတ် 24/12/2013 နေ့ထုတ် The Star အင်္ဂလိပ် သတင်းစာနေ့စဉ် သတင်းစာတွင်လည်း ဆာရာဝ မုဒိမ်းမှု တရားခံ နှစ်ဦးအား ဖမ်းဆီးမေးမြန်းနေပြီး ဥပဒေအရ ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

မှူးဇော် ၏ page / ရှင်မင်းယာ ၏ ဖဘ နှင့် တခြားသတင်းဆိုဒ်များတွင်ရေးသားနေသော သတင်းများမှာ ကောလဟာလ ဖွသတင်းများသာဖြစ်ပြီး မြန်မာပြည်တွင်း၌ အကြမ်းဖက်နိုင်စေရန် သွေးထိုးသတင်းများသာဖြစ်ပါကြောင်း သတိပေးအပ်ပါသည်။

Eleven Media မှ လီဆယ်ကာ ဖွသတင်းများ ဖြန့်ချိနေကြောင်း စိတ်မကောင်းစွာ တွေ့ရှိရသည်။

ပိတ်မိနေသောမြန်မာ အလုပ်သမားများဟု လီဆယ်နေကြပြီး တခြားစက်ရုံတစ်ရုံမှ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား ဓါတ်ပုံရိုက်ကာ ဝါဒဖြန့်နေခြင်းသာဖြစ်သည်။

မလေးရှာနိုင်ငံသည် မည်သည့်အမှုများအားမျှ မြန်မာနိုင်ငံကဲ့သို့ လျှစ်လျှူရှုထားခြင်းမရှိပေ။မလေးရှားနိုင်ငံတွင် အမှုတစ်ခုဖြစ်လျှင် တိုင်ကြားသူရှိပါက ၁၀ မိနစ်အတွင် ရဲကားများရောက်ရှိလာကြောင်း မလေးရှာနိုင်ငံတွင်အလုပ်လုပ်နေသော မြန်မာတိုင်းသိရှိပြီးဖြစ်သည်။

Eleven Media မှ လူနှစ် ဖုန်းပြောခြင်းအား လီဆယ်ကာဝါဒဖြန့်ခြင်းသာဖြစ်သည်။

ပိတ်မိနေသည်ဟုဆိုသော မြန်မာများ တခြား ပြည်နယ်မှ သူငယ်ချင်းများနှင့် ဖုန်းပြောနေပြီး မလေးရှားသံရုံနှင့် အဆက်အသွယ်မရရှိပဲ မလေးရှားသံရုံးမှ အဆက်ရသွယ်ရစေရန် ရဲများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟူသည့် သတင်းမှာ လိမ်လည် ဝါဒဖြန့်နေသော သတင်းဖြစ်မှန်း သိသာထင်ရှားလှပေသည်။

ဤသည်ကား ဆာရာဝ ပြည်နယ်တွင် မြန်မာနှင့် အင်ဒို များအကြားဖြစ်ပွားခဲ့သော သတင်းအမှန် အကျဉ်းချုပ်ဖြစ်ပါကြောင်း။

အပုချေ ( မာန်အောင်ကျွန်း )

သမ္မတကတော် မီရှယ်က အိုဘားမားအား ကွာရှင်းတော့မည်ဟု သတင်းများ ထွက်ပေါ်နေ


M-Media
– ယခုလအစောပိုင်းက ပြုလုပ်ခဲ့သော တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၏ အောက်မေ့ဖွယ် အခမ်းအနားတွင် ရွှေရောင် ဆံပင်ရှိသည့် နိုင်ငံအကြီးအကဲအမျိုးသမီးတစ်ဦးနှင့် ပုံမှန်ထက် ပိုမိုရင်းနှီးစွာဆက်ဆံခဲ့သောကြောင့် အမေရိကန်သမ္မတကတော် မီရှယ်က သမ္မတအိုဘားမားအား ကွာရှင်းရန် ကြိုးစားနေသည်ဟု အမေရိကန် သတင်းစာတစ်စောင်ဖြစ်သည့် The National Enquirer က ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။

ထိုအဖြစ်အပျက်က မီရှယ်အား လူပုံအလယ်တွင် အရှက်ရစေခဲ့ပြီးနောက် ၂၁ နှစ်တာ ပေါင်းသင်းလာခဲ့သည့် သူမ၏ ယောက်ျားအား ချီကာဂိုရှိ တန်ဖိုးကြီးသော ၎င်းတို့ နေအိမ်မှ နှင်ချရန် ပြင်ဆင်နေပြီး၊ အိုဘာမားနှင့် ကွာရှင်းရန်ကိုလည်း ရှေ့နေနှင့်ဆွေးနွေးနေကြောင်း၊ အိုဘားမားနှင့် နီးစပ်သူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ကျန်ရှိနေတဲ့ သမ္မတသက်တမ်းမှာတော့ မီရှယ်ဟာ အိမ်ဖြူတော်မှာနေမှာပါ။ ဒါပေမယ့် သူတို့တွေရဲ့ ဘ၀တွေကို သီးခြားစီ ရှင်သန်ကြတော့မယ်ဆိုတာကိုတော့ မီရှယ်က ရှင်းရှင်း လင်းလင်းပြောထား ပါတယ်။ အခု သူဟာ အခြားသီးသန့် အခန်းတစ်ခုကို ပြောင်းရွှေ့ဖို့ လုပ်နေပါတယ်။ ချီကာဂိုက သူတို့အိမ်မှာရှိတဲ့ သမ္မတရဲ့ အ၀တ်တွေ ပစ္စည်းတွေကို ရွှေ့ပြောင်းဖို့လည်း မီရှယ်က စီစဉ်နေပါတယ်” ဟု အမည်မဖော်လိုသူ ထိုအရာရှိက ပြောကြားခဲ့သည်။

Ref: The National Enquirer

#MMedia_IntShortNews

Link =>http://www.m-mediagroup.com/news/22092

ရခိုင်တိုင်းရင်းသား တချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို အားကျနေသလား

ရခိုင်တိုင်းရင်းသား တချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို အားကျနေသလား
=================================
ဆောင်းပါးရှင် – စည်သူအောင်မြင့်
မြန်မာတိုင်းမ်

လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုဟာ အခြားလူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ဘူး၊ မုန်းတီးတယ်၊ စက်ဆုတ်ရွံရှာတယ်ဆိုရင် သူတို့လို လိုက်မလုပ်ဖို့ပါပဲ။ ဒါဟာ အလွန်ရိုးရှင်းတဲ့ ဥပဒေသပါ။ တချို့ကျတော့ လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်ကို မကြိုက်ပေမယ့်၊ လက်မခံပေမယ့်၊ ရွံရှာမုန်းတီးပေမယ့် အသိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ အဲ့ဒီလုပ်ရပ်တွေအတိုင်း ထပ်တူလိုက်လုပ်မိတတ်ပါတယ်။ အဲလိုဖြစ်ခဲ့ရင်တော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ တာလီဘန်လို့ဆိုလိုက်ရင် အစ္စလာမ်အစွန်းရောက်တွေလို့ အားလုံးက နားလည်ကြပါတယ်။ တစ်ကြိမ်တစ်ခါက အာဖဂန်နစ္စတန်မှာ တိုင်းပြည်အာဏာရဖူးပြီး ဒီနေ့အချိန်ထိ အာဖဂန်နဲ့ပါကစ္စတန်နိုင်ငံ နယ်မြေအချို့မှာ လှုပ်ရှားနေဆဲရှိပါတယ်။ သူတို့ဟာ ခေတ်သစ်မှာ အစွန်းရောက်တဲ့ ရှေးရိုးရှားရီးယားဥပဒေကို ပြန်အသက်သွင်းလိုသူတွေဖြစ်ပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကို တားဆီးပိတ်ပင်လိုသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ ဖြစ်ကြပါတယ်။ ဒီနေ့အချိန်ထိ သူတို့တွေ ကျင့်သုံးနေဆဲဓလေ့တွေကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပါအ၀င် မယားလေးယောက် ယူနိုင်တာ၊ မိန်းမကို ဖောက်ပြားတယ်လို့ထင်ရင် ဖမ်းဆီး၊ လူမြင်ကွင်းမှာ ဦးခေါင်းပေါ်ရုံလောက် မြေမြှုပ်ပြီး ကျောက်ခဲနဲ့ မသေမချင်းပစ် အရေးယူတာမျိုးဖြစ်ပါတယ်။

ခေတ်သစ်မှာ သူတို့အဓိကလုပ်တဲ့အလုပ်တွေကတော့ သူတို့လူမျိုး၊ ဘာသာဝင်တွေ အပါအ၀င် ပြည်သူတွေကို ကူညီဖို့လာတဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုး၊ အင်န်ဂျီအိုအမျိုးမျိုးကို တားဆီးတာ၊ ပိတ်ပင်တာ၊ ရန်ရှာတာ၊ အလုပ်လုပ်လို့ မရအောင် နှောင့်ယှက်ခြိမ်းခြောက်တာ၊ နောက်ဆုံး တိုက်ခိုက်တာအထိ လုပ်လေ့ရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားအုပ်စု တချို့ရဲ့ လုပ်ရပ်တွေနဲ့ သွားဆင် တူနေတာ တွေ့ရပါတယ်။ ဘယ်အချက်မှာလည်းဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြို့မိမြို့ဖ ဒေသခံတွေလို့ဆိုတဲ့ ကော်မတီတစ်ခုက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ အင်န်ဂျီအိုအဖွဲ့တွေ လိုက်နာရမယ့်အချက်တွေဆိုပြီး ကြေညာချက်တစ်ခု ထုတ်ပါတယ်။ အဲဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိရင် ဒီဇင်ဘာ ၂၀ ရက်နောက်ဆုံးထားပြီး မြို့နယ်ထဲက ထွက်သွားကြဖို့ တောင်းဆို ပါတယ်။ တောင်းဆိုချက်တွေထဲပါတဲ့ အချက်ကတော့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရာမှာ ဒေသခံတွေ ပါဝင်တဲ့ ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့ပစ္စည်းနဲ့ အခြား အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒီကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး ငါးယောက်ကို အတူလိုက်ပါခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှုအခြေအနေကို ကော်မတီကို အချိန်မရွေး ၀င်ရောက်စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်ကာလနဲ့အကူအညီပေးမယ့် အဖွဲ့အစည်းရဲ့နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး လုံးဝမလုပ်ဖို့၊ အကူအညီပေးတာကို နံနက် ၆ နာရီကနေ ည ၆ နာရီအတွင်းပဲလုပ်ဖို့၊ အရေးပေါ်အကူအညီ လိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှလုပ်ဖို့ စတဲ့ အချက်တွေပါပါတယ်။

ဒီတောင်းဆိုချက်တွေကိုကြည့်ရင် အရင် စစ်အာဏာရှင်တွေကို သတိရစေပါတယ်။ အာဖဂန်က တာလီဘန်တွေကို သတိရစေပါတယ်။ အရင် စစ်အာဏာရှင်တွေခေတ်တုန်းကလည်း နိုင်ငံတကာ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေအနေနဲ့ ဒုက္ခရောက်နေသူတွေ၊ ဖျားနာသူတွေ၊ စစ်ဘေးဒဏ်ခံရသူတွေ၊ အကူအညီလိုအပ်နေသူတွေဆီ အကူအညီမပေးနိုင်အောင် ၊ မရောက်နိုင်အောင် စည်းကမ်းအမျိုးမျိုး ချမှတ်ပြီး တားဆီးပိတ်ပင်လေ့ရှိပါတယ်။ ထင်ရှားတဲ့သာဓကကြီး တစ်ခုကတော့ ဂလိုဘယ်လ်ဖန်းလို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အလွန်ကြီးမားတဲ့ အကူအညီပေးရေးအဖွဲ့အစည်းကြီး မြန်မာနိုင်ငံထဲက ထွက်ခွာသွားရတဲ့အထိပါပဲ။ နောက်ထပ် ခါးသီးတဲ့ဥပမာ တစ်ခုကတော့ နာဂစ်လေမုန်တိုင်းဘေးဖြစ်ချိန် နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူတွေရော အကူအညီမပေးနိုင်အောင် တားမြစ်ပိုတ်ပင်ထားတဲ့ စည်းကမ်းချက်တွေကလည်း စောစောက မြောက်ဦးက ကော်မတီရဲ့ တောင်းဆိုချက်တွေနဲ့ သိပ်မတိမ်းမယိမ်းပါပဲ။ တာလီဘန်တွေကတော့ အဲဒီထက် ပိုဆိုးပါတယ်။ မိန်းကလေးငယ်တွေကို ပညာလာသင်ပေးတဲ့ အင်န်ဂျီအိုအဖွဲ့တွေ၊ ဆေးလာကုပေးတဲ့သူတွေကို ရန်ပြုတိုက်ခိုက်တာမျိုးအထိ လုပ်ကြပါတယ်။

အဲ့ဒီ ကော်မတီ ဆိုတာရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး မြောက်ဦးက အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေက လက်မခံကြပါဘူး။ ဒါဟာ အစိုးရအာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်တဲ့အတွက် အစိုးရဖက်ကိုပဲ တင်ပြသင့်တယ်လို့ အကြောင်းပြန်ကြပါတယ်။ ဒီလို အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေဖက်က လက်မခံတဲ့အခါ ကော်မတီ ဘက်က နောက်တစ်ဆင့် တက်လာပြန်ပါတယ်။ ဒီတောင်းဆိုချက်တွေကကို လက်မခံတဲ့ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဟိုတယ်တွေကနေ လက်မခံဖို့ ထပ်ပြီး ရာဇသံပေး တောင်း ဆိုလိုက်ပြန်ပါတယ်။ ကော်မတီ ဘက်က ဒါဟာ သတိပေးမှု၊ မလိုက်နာရင် ဆန္ဒပြမယ်လို့ ပြောထားပေမယ့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။

တကယ်တော့ ဒီလိုဖြစ်ရပ်မျိုး၊ အလားတူဖြစ်ရပ်မျိုး ရခိုင်ပြည်နယ်မြို့နယ် အချို့မှာ လူပုဂ္ဂိုလ်တချို့ကလည်း လုပ်ခဲ့ဖူးပါတယ်။ ရခိုင်တိုင်းရင်းသား တချို့ဟာ ဘာကြောင့် လူသားချင်းဆိုင်ရာ အကူအညီပေးမှုတွေကို ရန်လိုနေရတာပါလဲ။ လူသားချင်းဆိုင်ရာ အကူအညီတွေဟာ ဒုက္ခသုက္ခရောက်နေတဲ့၊ စုတ်ပြတ်သတ်နေတဲ့၊ ပညာမဲ့နေတဲ့ ဘင်္ဂါလီ လူအုပ်စုကြီးဆီကို ရောက်မသွားရင် ရခိုင်ပြည်နယ်ကြီး ပိုပြီးဖွံ့ဖြိုါ်တိုးတက်လာမယ်လို့ ယူဆနေကြလို့လား၊ ရခိုင်တိုင်းရင်းသားတွေ ဘ၀ ပိုပြီး လုံခြုံအေးချမ်းစွာနေရမယ်လို့ မျှော်လင့်ကြလို့လား စသဖြင့် မေးခွန်း ထုတ်ရမလို ဖြစ်နေပါတယ်။ ဒါတင်မက ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေတင်မက ရခိုင်တိုင်းရင်းသားတချို့လည်း ဒုက္ခရောက်၊ အကူအညီလိုအပ်နေကြပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်၊ တိုင်းဒေသကြီးတွေထဲမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေပါတယ်။ အဲဒါ ဘင်္ဂါလီတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဖန်တီးနိုင်လောက်အောင်လည်း သူတို့လက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့၊ အုပ်ချုပ်ရေး ယန္တရား၊ တရားစီရင်ရေးယန္တယား၊ စီးပွားရေးစွမ်းပကား ဘာတစ်ခုမှ ရှိကြတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ဆင်းရဲမွဲတေမှုတရားခံဟာ အရင် စစ်အာဏာရှင်အစိုးရပါ။ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီပြဿနာဟာလည်း တိုင်းပြည်ကို ရာစုနှစ်တစ်ဝက်ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကနေ ထွက်ပေါ်လာတဲ့အကျိုးဆက်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ရခိုင်ပြည်နယ် မြောက်ဦးက ကော်မတီ ဆိုတာနဲ့ အချို့ရခိုင်တိုင်းရင်းသားတွေရဲ့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ပြုမူ ဆက်ဆံပုံဟာ အရင် စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေက အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ဆက်ဆံပြုမူပုံနဲ့ သွားဆင်တူနေပါတယ်။ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်တွေကို အားကျအတုယူလို့ကတော့ဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်သလို ပြဿနာတွေလည်း ပြေလည်ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး။ ဒါတင်မက ရခိုင်တွေကိုယ်တိုင် ဘ၀လုံခြုံစိတ်ချအေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

( မြန်မာတိုင်းမ် ဂျာနယ်ပါ ဆောင်းပါးရှင်၏ အချက်အလက်များအတိုင်းဖြစ်ပါသည်။)