တရားဝင် ပြင်ဆင်နေသောဘာသာရေးအဆောက် အ ဦး ကို လူ အင် အား သုံး ၍ တား ဆီးနှောက် ယှက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်အတွင်းရှိ ပျက်စီးနေသော ဘာသာရေးအဆောက်အဦးတစ်ခုအား သက်ဆိုင်ရာအာဏာပိုင်များရဲ့ ခွင့်ပြုချက်များနဲ့အညီ ပြင်ဆင်မွမ်းမံနေခြင်းအပေါ် အနီးရှိ လူတချို့မှ အင်အားသုံး၍ မမှန်သတင်းများ ဖြန့်ဝေကာ အကြိမ်ကြိမ် တားဆီးပိတ်ပင် နှောက် ယှက်ခံနေ ရတယ်လို့ သိရပါတယ်။

၁၉၇၅ ခုနှစ် နောက်ပိုင်းကတည်းက တည်ရှိခဲ့သည့် အစ္စလာမ့်လင်းရောင်ခြည် အခြေခံဘာသာရေးစာသင်ကျောင်းနှင့် ၀တ်ပြုဆောင်မှာ သဘာဝဘေးအန္တရာယ် များကြောင့် ပြိုကျပျက်စီးလုနီးပါး ယိုယွင်းလာခြင်းကြောင့် ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် အထောက်အထားများကို ဥပဒေနှင့်အညီ သက်ဆိုင် ရာအာဏာ ပိုင်များထံ တင်ပြပြီးနောက် ၎င်းတို့ဘက်မှ တရားဝင် ခွင့်ပြုချက်များ ထုတ်ပြန်ပေးခဲ့သည့်အတွက် အစ္စလာမ်ဘာသာဝင်များထံမှ အလှူခံ၍ ပြင် ဆင်ခဲ့ကြသော်လည်း သုံးကြိမ်တိုင်တိုင် နှောက်ယှက်မှုများဖြင့် ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါရပ်ကွက်အတွင်း အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ကြပြီး ဗုဒ္ဓဘာသာရေးအဆောက်အအုံ ဓမ္မာရုံများကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစတင်၍ အသစ် တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ဒေသတွင်း အစ္စလာမ်ဘာသာဝင်များက တစ်စုံတစ်ရာ ကန့်ကွက်မှုများ မရှိခဲ့ပေမယ့် ယခုလို ပျက်စီးပြိုကျလုနီးပါး အစ္စလာမ် ဘာသာရေး အဆောက်အဦးတစ်ခုအား တရားဝင်ပြင်ဆင်မှုများ ပြုလုပ်မှုကိုတော့ အိမ်အဖြစ်မှ ဗလီဆောက်လုပ်သည်ဟူ၍ အင်တာနက်ပေါ်မှ အခြေအမြစ် ခိုင်မာမှုမရှိသည့် သတင်းများ… (ရန်ကုန်အခြေစိုက် အလင်းမျက်ဝန်း သတင်းအဖွဲ့မှ ဒေသတွင်းအထိ ဆင်း၍ သတင်းရယူ ပေးပို့ခဲ့သော ရုပ်/သံသတင်းအပြည့်အစုံကို နားဆင်ကြည့်ရှု နိုင်ပါသည်။)

http://youtu.be/p9-khGup4kk

တရားဝင် ပြင်ဆင်နေသော အဆောက်အဦးကို လူအင်အားသုံး၍ မမှန်သတင်းပေး လုပ်ကြံလီဆယ်ကာ အကြိမ်
youtube.com
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်အတွင်းရှိ ပျက်စီးနေသော

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: