အင်တာနက်မှာ ပျံ့နေတဲ့ သတင်းတွေအပေါ် စိုးမြတ်သူဇာ ဖြေရှင်း

 

အခုရက်ပိုင်း အင်တာနက်မှာဖြစ်ပေါ်နေတဲ့ Myanmar celebrity တွေရဲ့ သတင်းနဲ့ပတ်သက်ပြီး အကယ်ဒမီ စိုးမြတ်သူဇာက သူမရဲ့ ကိုယ်ပိုင် Facebook စာမျက်မှာ ဖြေရှင်းထားတာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ အကယ်ဒမီ စိုးမြတ်သူဇာ၊ ဓာတ်ပုံ- စိုးမြတ်သူဇာ ဖေ့စ်ဘုတ် ပရိတ်သတ်များရှင်ဒီရက်ပိုင်းအတွင်း FB စာမျက်နာပေါ်သို့ ရောက်လာသည့် ကျမ နှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ်သက်ပီးကျမ မိသားစု မိတ်ဆွေသူငယ်ချင်းများအပါအဝင် ကျမကိုသံယောဇဉ် ရှိကြတဲ့ ပရိတ်သတ်များ အားလုံး စိတ်အနှောက်အယှက် များစွာဖြစ်ရသလို ကာယကံရှင် ကျမ ကိုယ်တိုင်လဲ အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက်နာကျင်ရပါတယ်။

 

Moe Zay Nyein ကို ကျမ မသိပါ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့လဲ ဆိုတာကိုလည်း ကျမ နားမလည်ပါ။ သူတင်ပြထားတဲ့ အကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှ မထောက်ခံထားသလို လုံးဝ အမှန်လို့လဲ မယူဆသင့်ပါ။ အခြေအနေမှန်ကို သေချာမသိဘဲ ဝင်ရေးထားတဲ့ comment နှစ်ခုလောက်ကို မြင်ရတဲ့အခါ ကျမ တော်တော်ကို စိတ်ပျက်မိပါတယ်။ အနုပညာရှင်တွေဟာ စည်းကမ်းမရှိ အရှက်အကြောက်မရှိ ဥပဒေဘောင်တွင်း တကယ် နိုင်ငံတော် အစိုးရက ဒီတိုင်းကြည့်မနေဘဲ ထိထိရောက်ရောက်အပြစ်ပေးခဲ့တာ လူတိုင်းလဲသိကြပါတယ်။ nobody perfect ဆိုပေမဲ့ perfect ဖြစ်တဲ့သူတွေလဲ အများကြီးရှိနိုင်ပါတယ်။ သေချာတာက ကျမဟာ perfect မဟုတ်ဘူး ဆိုတာပါဘဲ။

 

ကျမမှာ အားနဲချက် ချို့ယွင်းချက်တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလဲ မဟုတ်ပါဘူး။ ကျမ အသက် ၄၂ နှစ်ရှိပါပြီ။ လက်ရှိ မိဘတွေနဲ့ တူတူနေပြီး ကျမ ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းပညာနဲ့ လူ့ပါတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ရိုးသားစွာနေထိုင်ပြီး တင့်တယ်အောင် ရပ်တည်နေပါတယ်။ အခုကိစ္စမှာ ကျမကို မရည်ရွယ်လဲ ကျမဓါတ်ပုံ နဲ့ ခေါင်းစဉ်တတ် အကြောင်းအရာတွေကိုတော့ ကျမအနေနဲ့ အင်မတန် ခံရခက်ပါတယ်။ နိုင်ငံရေး နားလည်သည့် အသိဥာဏ်မျိုး မရှိတဲ့အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ ဒီနိုင်ငံသူ တစ်ယောက်အနေနဲ့ နိုင်ငံ့အရေးကိုတော့ ကျမ စိတ်ဝင်စားပါတယ်။

 

ပစ္စုပ္ပန်ကာလမှာ ရုပ်ရှင်မင်းသမီး တစ်ယောက်ဖြစ်နေတဲ့အတွက် ကျမနဲ့ သက်ဆိုင်သော ကိစ္စများကိုဘဲ ကျမ စိတ်ဝင်စားပါတယ်။ ကျမ အလုပ်ကို လေးလေးစားစား လုပ်ပါတယ်။ ဘယ်သူ့ကိုမှ အနိုင်မယူ ဘ်ာသူ့ကိုမှ အရူံးမပေး Win win situation ကို လက်ခံကျင့်သုံးပါတယ်။ ကျမ life ကို Day by day ဖြတ်သန်းပါတယ်။ ကျမ ပျော်ပျော်နေတတ်ပေမဲ့ ဘယ်တုန်းက မှ ပေါ့ပေါ့မနေခဲ့ပါဘူး။့  ကျမ life perfect မဖြစ်ပေမဲ့ ဒီနေ့ဒီအချိန်ထိ ကျမကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင် ပျက်ဆီးဆုံးရူံးအောင် ဆိုးဝါးတဲ့ အမှားမျိုး အပြစ်မျိုး မလုပ်ခဲ့တဲ့အတွက် ဒီအသက်အရွယ်ထိ ဒီနေရာမှာ ကျမ ရပ်တည်ခွင့် ရနေတာ လူတိုင်းအမြင်ပါဘဲ။

 

လိပ်ပြာသန့်တဲ့အတွက် ကျမ ဘဝက မင်္ဂလာ ရှိပါတယ်။ MZN ရဲ့ အမှန်တရားဖော်ထုတ်တဲ့ ကိစ္စက ကျမတင်မက အကြောင်းအရာထဲမှာ နံမည်ပါတဲ့ လုပ်ဖော်ကိုင်ဖက် ကျမရဲ့ အနုပညာရှင်မောင်နှမတွေကိုပါ အများကြီး ထိခိုက်နစ်စေပါတယ်။ မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်ဆီးစေပါတယ်။ သံသယတွေနဲ့ ရင်းနှီးမူကို ဒုက္ခ ရောက်စေပါတယ်။ အဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အများအတွက် နစ်နာဆုံးရူံးမူကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက်ဘဲ ( အမှန် ) ဖြစ်နေပါစေ နောက်ဆုံးမှာ (အမှား) ဖြစ်စေပါတယ်။ ပရိတ်သတ်များရှင် MZN တင်ပြချက်မှာပါတဲ့ ကျမနဲ့ပတ်သက်တဲ့ ဓါတ်ပုံအပါအဝင် အကြောင်းအရာ အရာအားလုံးကို ကျမ လုံးဝ လက်မခံပါဘူး။ အစစ်မှန်ဆိုတာကိုလဲ မယုံတဲ့အတွက် အသိအမှတ်လဲ မပြုပါဘူး။ ကျမအတွက် အချိန်က ဘဝပါ။ ဘဝကို တန်ဖိုးထားသလို အချိန်ကိုလဲ ကျမ အရမ်းတန်ဖိုးထားပါတယ်။

 

ကျမရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကိုအကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျမကို ချစ်တဲ့ လေးစားကြတဲ့ ပရိတ်သတ်တွေကို ကျမ တန်ဖိုးထားထားလို့ပါ။ ကျမ အတွက် နံပါတ်တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲမှာ ပရိတ်သတ်များ ပါပါတယ်။ ဆက်လျှောက်ဖို့ ကျန်နေသေးတဲ့ ခရီးမှာ ကျမကို လက်တွဲထားမဲ့ အဖော်ကောင်း မပါပေမဲ့ မိတ်ဆွေကောင်းတွေကို လက်တွဲပြီး ပရိတ်သတ်ပေးတဲ့ ခွန်အားတွေနဲ့ ကျမ ဆက်လျှောက် ချင်ပါတယ်။ MZH က comment တစ်ခုမှာ မကြီးစိုး စဆရ လို့သုံးနူန်းထားပါတယ်။ စစ်သား သားသမီးဖြစ်လို့ ဒီအသုံးအနူန်းကို ကျမ နားလည်ပါတယ်။ ဦး MZN ရှင်(ဦးနဲ့ပတ်သက်လို့ အနဲငယ် သိထားတဲ့အတွက် ဦးတတ်ပြီး ခေါ်လိုက်တာပါ) ဦးပြောသလို အကြောင်းအရာတွေ ချန်ထားခဲ့လို့ဆိုပြီး မရှိတဲ့ အကြောင်းအရာတွေအတွက် ကျမ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင်။ ဒါပေမဲ့ ဦးပြောတဲ့ အသုံးနူန်းတိုင်း ပြောရရင် ကျမအတွက် MZN စဆရ မှာ မိတ်ဆွေကောင်းတွေ အများကြီး ထပ်ရလိုက်လို့ ဒီအတွက်တော့ ဦးကို ကျေးဇူးတင်မိပါတယ်။

 

ဘယ်သူနဲ့မှ ရေရှည် အခြေအတင် မဖြစ်ချင်တာ ကျမ ဆန္ဒပါ။ လူမူဆက်ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍပါ။ လူမူဆက်ဆံရေး မပြေလည်ရင် တခြား ဘယ်အရာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကျမ နိုင်ငံခြားမှာနေရတဲ့ အချိန်မှာ သိခဲ့တဲ့ ဥပဒေတစ်ခု ရှိပါတယ်။ ဘယ်နိုင်ငံမှာဘဲ နေနေ နိုင်ငံတိုင်းရဲ့ ဥပဒေမှာ တူညီတဲ့ ဥပဒေတစ်ခုတော့ ရှိပါတယ်။ အနုပညာရှင်များ (သို့) အောင်မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို (၁) ကာယကံရဲ့ ခွင့်ပြုချက် မရရှိပါက (၂) တရားဥပဒေအရ အကြောင်းမတိုက်ဆိုင် (သို့) တရားရုံးမှ ခွင့်ပြုချက်မရရှိပါက (၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျုးလွန်နေသူဟု ခိုင်လုံသော သတင်းအထောက်အထား မရှိပါက ဘယ်တော့မှ လူအများမြင်သာတဲ့ နေရာတွေမှာ ဖြန့်ဝေနိုင်ခွင့် မရှိဘူး ဆိုတာပါဘဲ။ ကျမကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက်တာမျိုး မဖြစ်စေချင်သလို ဥပဒေနဲ့ စကားပြောရတာမျိုးတွေအထိလဲ အလုပ်တွေ မရူပ်ချင်ပါ။

 

အဲဒါကြောင့်ဒါနဲ့ပတ်သက်ပြီး ပထမဆုံးနဲ့ နောက်ဆုံး ရှင်းပြတာပါ။ နောက်ထပ် ဒါနဲ့ပတ်သက်တဲ့ ဘာအကြောင်းအရာကိုမှ ကျမ ပြန်ရှင်းပြမှာ မဟုတ်ပါဘူး။ လူ့ အခွင့်အရေးကို တကယ်နားလည်လေးစားမယ်ဆိုရင် စာနာစိတ်နဲ့ ဆက်ဆံရေးကို အသုံးပြုကြတာ အကောင်းဆုံး မဟုတ်ဘူးလား။ ကျမကို ချစ်တဲ့ ပရိတ်သပ်များ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နာမည်ပါခဲ့တဲ့ အနုပညာ မောင်နှမများရှင် ကျမနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ရခဲ့ကြတဲ့အတွက် ဒီနေရာကနေ ကျမ တောင်းပန်ပါတယ်။ ကျမကို နားလည်ပေးကြပါ။ ဒီကိစ္စမှာ ကျမကို ကူညီဖေးမခဲ့တဲ့ သူများနဲ့ အကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အားလုံး မင်္ဂလာရှိသောသူများ ဖြစ်ကြပါစေရှင်။

 

စိုးမြတ်သူဇာ 2nd December 2013 1:30 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: