အာဏာရူးနဲ့ လှေလူး

 

သူ့ကျွန်ဘ၀မှလွတ်မြောက်ခဲ့သော ကျနော်တို့မြန်မာနိုင်ငံသည် စစ်ကျွန်ဘ၀သို့ ရောက်ခဲ့သဖြင့် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများ စာရင်းဝင်ဖြစ်သွားရခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအများက ဆိုကြပါ သည်။

စစ်ကျွန်ဘ၀တွင် နှစ်ပေါင်း(၅၀)ကျော် ကျရောက်နေခဲ့သည့် ကျနော်တို့နိုင်ငံအား ဤအဖြစ် ဆိုးကြီး အတွင်းမှ ကယ်တင်ပေးနိုင်မည့် ကယ်တင်ရှင်ကား ယခုတိုင်ပေါ်ထွက်လာခြင်း မရှိသေးသည်ကို ၀မ်းနည်းဖွယ်တွေ့မြင်ရပါသည်။

ကယ်တင်ပေးနိုင်မည့် မျှော်လင့်ချက်ရောင်ခြည် သန်းလာလေသည့်အခါတိုင်း အာဏာရှင်တို့၏ ပရိ ယာယ်ကြွယ် ၀စွာဖြင့် ချေမှုန်းသုတ်သင်မှုအောက်တွင် မရှုမလှပျောက်ကွယ်သွားမြဲဖြစ်သည်။

နောက်ဆုံးတော့ မြန်မာပြည်သူတို့၏ အယုံလွယ်မှုနှင့် မသိနားမလည်မှုတို့ကိုသာ အပြစ်ဖို့ရမယောင် ခေတ်အဆက်ဆက် အာဏာရှင်တို့ကလည်း ဤအချက်ကို   ကောင်းမွန်ပိုင်နိုင်စွာ အမိအရအသုံးချနိုင်ခဲ့ကြသည်။

လက်ရှိမြန်မာ့နိုင်ငံရေးပုံရိပ်ကို လေ့လာကြည့်လျှင် အာဏာရှင်တို့၏ ပြည်သူနှင့်နိုင်ငံအပေါ် ငဲ့ညှာမှုကင်းစွာဖြင့် ၄င်းတို့အာဏာလက်မလွှတ်ရရေးအတွက် ပက် စက်သော အကြံများဖြင့် စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ရိုးစင်းစွာတွေ့မြင်နေရပါသည်။

ဤအချက်ကို ရှင်းပါမည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခဲ့ပြီး ပါလီမန် ဒီမိုကရေစီစံနစ်နှင့် အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသ တစ်လွှားတွင် ဂျပန်နိုင်ငံပြီးလျှင်အချမ်းသာဆုံးနှင့် အင်အားအကြီးနိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည်ကို နိုင်ငံရေးလေ့လာသူတိုင်း သိပြီးကြမည်ဖြစ်ပါသည်၊ တစ်ချိန်တခါက လွမ်းစရာအခြေအနေကား ကြာကြာပင် မခံလိုက်ပါချေ။

(၁၉၆၂)ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကံကြမ္မာမှာ စစ်အာဏာရှင်တို့၏ လက်အောက်သို့ လုံးလုံးလျှားလျှား ကျရောက်သွားခဲ့သည်၊ ထိုအချိန်က ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင် သည့် စစ်တပ်သည် တော်လှန်ရေးကောင်စီကိုဖွဲ့စည်းကာ နိုင်ငံ့အာဏာကိုရယူလျှက် အုပ်ချုပ်ခဲ့သည်၊ ဆယ်နှစ်နီးပါး အုပ်ချုပ်ခဲ့ပြီးသောအခါ၊ ဗိုလ်ချုပ်ကြီးနေ၀င်း သည် ဥက္ကကြီးဦးနေ၀င်းအဖြစ် အမည်ပြောင်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းပြီး ဆက်လက်အုပ်ချုပ်ခဲ့ ပြန်သည်။

ယခုလည်း အဆိုပါဓါတ်ပြားဟောင်းကြီးအတိုင်း တစ်ထပ်တည်းတူညီနေသည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်၊ အဆိုပါ စစ်အုပ်စု၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း တို့ကြောင့် အရှေ့တောင်အာရှဒေသတစ်လွှားတွင် ဂျပန်နိုင်ငံပြီးလျှင်အချမ်းသာဆုံးနှင့် အင်အားအကြီးဆုံ နိုင်ငံတစ်ခုဖြစ်ခဲ့ သည့် မြန် မာနိုင်ငံတော်ကြီးသည် ဆင်းရဲမွဲတေကာ ပြည်သူများစားစရာပင်မရှိသည့် အခြေအနေဆိုးသို့ ထိုးဆင်းရောက်ရှိသွားခဲ့သည်။

(၁၉၈၈)ခုနှစ်တွင် အထွေထွေသပိတ်ကြီးပေါ်ပေါက်ကာ ပြည်သူတွေ ပေါက်ကွဲလေတော့သည်၊ မခက်ပါ..စစ်အာဏာရှင်ထံမှအာဏာကို စစ်တပ်မှပြန်သိမ်းခဲ့သည်၊ တိုင်းပြည်ကိုကယ်တင်လိုက်သည်ဟုဆိုပါသည်အချို့က အကိုကြီးပြီးတော့ ညီလေးအလှည့်ပေါ့လို့ ခနဲ့တဲ့တဲ့ပြောခဲ့ကြသည်။

ညီလေးကတော့ အကိုကြီးထက် လက်ဇောင်းပိုထက်ခဲ့သည် ဟုပြောရပါမည်။ ညီလေးကနှစ်ပေါင်း(၂၀)ခန့် စစ်အာဏာဖြစ်အုပ်ချုပ်ပစ်လိုက် သည် ပြည် သူ့ခေါင်းဆောင်  အဖြစ်ပေါ်ထွက်လာခဲ့သောသူမကို အပျောက်ရှင်းနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်ကို အထင်အရှားတွေ့ခဲ့ရသည်။

ဒီပဲယင်းလုပ်ကြံမှုကြီးကား ကမ္ဘာကျော်ခဲ့လေသည် သို့သော်သူမ၏ ဘုန်းကံကားအလွန်ကြီးမားခဲ့ပါသည် သေကံမရောက်သက်မပျောက်ခဲ့ မတတ်သာသည့်အဆုံးတွင် သူမအား နေအိမ်တွင် အကျယ်ချုပ်ချထားလိုက်တော့သည်။

မြေကြီးပေါ်သို့ပင် ခြေချခွင့်မပြုခဲ့ပေ ဥပဒေအရ လွတ်ရက်စေ့ကာ နီးသောအခါ သူမ၏အိမ်အတွင်းသို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော နိုင်ငံခြားသားတစ်ယောက်ကို အကြောင်းပြုပြီး သူမအားနောက်ထပ် နေအိမ်အကျယ်ချုပ်သက်တမ်းတိုးလိုက်ပြန်လေသည်။

ဝင်ရောက်ခဲ့သည့် သူခိုးအားမဖမ်းပဲ အိမ်ရှင်အား ဖမ်းခဲ့သည့် စစ်အုပ်စု၏ လုပ်ရပ်အပေါ် အချို့က နားမလည်နိုင်အောင်ဖြစ်ခဲ့ကြသည်၊ သူမအပေါ်မည်မျှ အငြိုးထားခဲ့သည်မှာသိသာထင်ရှားလွန်းခဲ့သည်၊ ကမ္ဘာကျော် ဒီပဲယင်းလုပ်ကြံမှုကြီး၏ တရားခံများကိုကား ယနေ့ထက်တိုင် ဖော်ထုတ်မပေးပဲရှိနေဆဲဖြစ်သည်။

အာဏာ၏အရသာကို ကောင်းစွာသိရှိနေသဖြင့် အာဏာကိုလက်မလွှတ်ချင်သော စစ်အုပ်စုသည် ယူနီဖောင်းချွတ်ကာ အရပ်သားအစိုးရအဖြစ် ဆက်လက်အုပ်      ချုပ်နေပြန်သည်။

သူတို့၏ အသံကောင်းဟစ်သံတွေကား မကြားချင်အဆုံးပင် …..

အဖြေထုတ်ကြည့်လျှင်..

မြန်မာနိုင်ငံသည် နှစ်ပေါင်း(၅၀)ကျော်လာသည့်တိုင် စစ်တပ်နှင့် ဆက်နွယ်သော အုပ်ချုပ်မှု လက်အောက်တွင်သာ ရုန်းမထွက်နိုင်အောင်ရှိနေဆဲဖြစ်သည်၊ အခုတော့ သူမအားဖမ်းချုပ်ထားပြီး နှစ်ပေါင်း(၂၀)ခန့် အုပ်ချုပ်ခဲ့ပြီးသောအခါ…

ညီလေးတို့မှာ… အလွန်အမင်းကြီးပွားချမ်းသာလာခြင်းနှင့်အတူ အာဏာ၏အရသာကို ဖက်တွယ်လာပုံရသည်၊ သူမအပေါ် မတရားဖမ်းဆီချုပ်နှောင်ထားမှုအတွက် ကမ္ဘာကဝေဖန်ကဲ့ရဲ့လာသဖြင့် စစ်အုပ်စုအကြပ်ရိုက်လာသည်၊ သူမအားဆက်လက် ချုပ်နှောင်ထားရန်မဖြစ်နိုင်တော့ သူတို့ပြုခဲ့သမျှ မတရားမှုအစုစုတို့အတွက် ကင်းလွတ်ခွင့်ကို သူမနှင့်တိတ်တဆိတ်ညှိနှိုင်းခဲ့သည်။

သူမသည် သူမ၏ အဖေသွေးအပြည့်ပါသူဟုဆိုရပါမည် သွယ်ဝိုက်ပြော ဆိုညှိနှိုင်းခဲ့ခြင်းအလျှင်းမရှိ၊ သူမအနေဖြင့်မည်သည့် အာဃာတမှမရှိပါကြောင်းနှင့် အဆိုပါကိစ္စမှာ ပြည်သူကသာ ဆုံးဖြတ်မည့်ကိစ္စဖြစ်ပါသည်ဟု ရိုးရိုးရှင်းရှင်းကြီး အဖြေပေးခဲ့သည်။

ဤအချက်မှာ… သူမ၏ ပထမဦးဆုံးသော အမှားကြီးတစ်ခုပင်ဖြစ်သည်… နှစ်အတန်ကြအောင် အကျယ်ချုပ်ဖြင့်နေကာ ပေးဆပ်ခဲ့ရ သည်၊ နောက်ဆုံးသူမ   ပြန်လည်လွတ်မြောက်လာခဲ့သည် သူမသွားလေရာတွင် ပြည်သူလူထု၏ ထောက်ခံမှု ရရှိခဲ့ပုံများကား အံ့သြဖွယ်ကောင်းလှပါသည်။

ပြည်သူတို့ နိုင်ငံရေးနိုးကြားလာအောင် သူမကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သည်၊ သူမအပေါ် အသေအချာစောင့်ကြည့်နေသော စစ်အုပ်စုသည် သူမ၏ ထင်ပေါ်ကျော်ကြားမှုနှင့် သူမအပေါ် ပြည်သူ၏ထောက်ခံမှုများ၊ လျော့ကျသွားစေရန် နည်းလမ်းပေါင်းစုံရှာကြံခဲ့သည်။

သူမ၏ အားနည်းချက်ကို အသေအချာရှာဖွေခဲ့သည် သူတို့ကောင်းစွာရှာဖွေတွေ့ရှိသွားခဲ့ပါသည်၊ ထိုအရာကား နိုင်ငံရေး စားဖားကြီးတို့၏ လွန်စွာရိုးရှင်း လှသောအောက် လမ်းနည်း တစ်ခုသာဖြစ်ခဲ့သည်၊ ပြည်သူတို့နိုင်ငံရေး နိုးကြားကာ သူမအပေါ်ထောက်ခံနေမှု ကျဆင်းသွားစေရန် အမျိုးသားရေး မှိုင်းတိုက်မှုများကို စတင်ဆောင်ရွက်လာသည်။

စစ်ယူနီဖောင်းချွတ်ကာ အရပ်သားအစိုးရအဖြစ် အုပ်ချုပ်နေသူတို့သည် ဘာသာရေးကို ရုတ်တရက်ကြီး ပိုမိုကိုင်းရှိုင်းလာခဲ့ကြသည်၊ နေစဉ်ထုတ်သတင်းစာတို့တွင် သူတို့၏ ကောင်းမှုကုသိုလ်တို့ကို ဝေေ၀ဆာဆာ နေ့စဉ်ရက်ဆက်ဖော်ပြလာသည်။

သံဃာတော်များအား လက်အုပ်ချီနေသည့် စစ်ဗိုလ်ဟောင်းကြီးတို့၏ ဓါတ်ပုံများမပါရှိသော သတင်းစာဟူ၍ မရှိသလောက်ပင်။

နေပြည်တော်တွင် ထွန်တုံးပိတ်ပွဲကျင်းပသည်ကိုပင် သံဃာတော်များပင့်ကာ အန္တရာယ်ကင်းပရိတ်တွေရွတ်ခဲ့ကြသည်၊ စစ်အုပ်စုသည် နိုင်ငံရေးနှင့် ဘာသာရေးကို   ပြောင်ပြောင် တင်းတင်းပင် ထွေးရောယှက်တင် ပြုလုပ်လာသည်ကို သတိထားမိပါသည်။

တရုတ်ပြည်မှ စွယ်တော်ကိုပင့်ကာ ပြည်သူတို့၏ အမျိုး၊ ဘာသာ၊ သာသနာအပေါ် ချစ်ခင်တတ်သည့်စိတ်ကို နိုးကြားလာအောင် စနစ်တကျဆောင်ရွက်ခဲ့သည်။

သို့သော်လည်း တစ်ဖက်တွင် ဒီမိုကရေစီ အရပ်သားအစိုးရပါဟု ကြွေးကျော်နေသည့် စစ်အုပ်စု၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုအောက်တွင် မြန်မာပြည်သူတို့သည် မွဲပြာကျနေမြဲပင်…။

မွဲနေသည့် မြန်မာပြည်သူတို့အား ဖွံ့ဖြိုးရေးလုပ်ငန်းအချို့ ဆောင်ရွက်ပြကာ မျှော်လင့်ချက်အားဆေးတွေတိုက်ကျွေးခဲ့သည်၊ ဘာသာရေးနိုးကြားနေသည့် အပြင် မျှော်လင့်   ချက်တွေကြီးမားလာသည့်အချိန်နှင့် တိုက်ဆိုင်စွာပင် ရခိုင်အရေးအခင်းကြီးကို စနစ်တကျဖန်တီးပေးလိုက်သည်။

ပြည်သူတို့၏ ဒေါသအိုးပေါက်ကွဲစေရန် လူမှုရေး ၀က်ဆိုက်အသီးသီးတွင် စစ်အုပ်စုမှ ကောင်းစွာလေ့ကျင့်ပေးထားသူများက ပက်စက်လှသော ကွန်မင့်တွေ ပြု လုပ်ပေး ကာ ဘေးတီးပေးခဲ့ကြသည်။

အပြစ်မဲ့သူပေါင်းများစွာ သေကြေပျက်စီးခဲ့သည် လူတွေသိန်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်ကြရသည်၊ နှစ်ဖက်စလုံး အထိနာခဲ့သည်၊ (၂၀၁၅)ရွေးကောက်ပွဲ အမီ အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဟု ဆိုချင်ပါသည်၊ အမှန်စင်စစ် ရခိုင်အရေးအခင်းမှတဆင့် စစ်အုပ်စုလိုချင်သည့် အဓိကရလာဒ်ကို    အောင်မြင်စွာရ ရှိသွားခဲ့ပြီဖြစ်ပါသည်။

နိုငံခြားသားနှင့် လက်ဆက်ခဲ့သည့် သူမ၏ပုံရိပ်က ပြည်သူကြားတွင် ညှိုးမှိန်သွားသည် စစ်အုပ်စုအကြံပိုင်သည်ဟု နိုင်ငံရေးလေ့လာသူတွေက ပြောကုန်ကြသည်။

အကိုကြီးပြီးတော့ ညီလေး….ညီလေးပြီးတော့ အငယ်လေးအတွက် အသင့်အနေအထားဖြစ်လာနေသည်ကို လူမှုရေး ၀က်ဆိုက်များပေါ်တွင် ပို၍ ပို၍ ထင်ထင်ရှားရှားတွေ့မြင်လာနေရပါသည်။

ကျနော်တို့နိုင်ငံဟာ လှိုင်းကြမ်းထဲမှ လှေကလေးကဲ့သို့ ဆက်လက်၍ လူးလွန့်လှုပ်ရှားနေရပါဦးမည်။

မနေ့က… ကျနော့အတွေးတွေကို ပိုမိုခိုင်မာသွားစေတဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါသည်၊၊

(၉၆၉)ဦးဝိရသူက သူမအားသမ္မတအဖြစ် မရွေးကြရန်လိုက်လံတရားဟောနေသည်ဟုဆိုသည်၊ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဦးဝိရသူက ဟန်ကျပန်ကျပင် “ပါရာဒိုင်းက ရွေ့သွားပြီဗျ။”ဟု ပြောကြားခဲ့ခြင်းအပေါ် အတော်လေး ထူးဆန်းနေသည်ဟု ကျနော်ထင်နေမိသည်။

ဤမျှကြီးမားသော စကားလုံးကြီးတစ်ခုကို ဦးဝိရသူအဘယ်ကြောင့်ပြောပါသနည်း၊ ဦးဝိရသူသည် အတန်းပညာအားဖြင့်(၅)တန်းမျှပင်အောင်မြင်ခဲ့ခြင်းမရှိကြောင်းကို ကျနော်သိထားသည်၊ ဦးဝိရသူ၏ နောက်ကွယ်တွင် တစ်စုံတရာရှိနေသည်မှာ သေချာလှပါသည်။

တကယ်တော့ မြန်မာ့နိုင်ငံရေးက သိပ်တော့လည်း မရှုပ်ထွေးလှပါ … လွန်စွာရိုးရှင်းလှပါသည်။ ဒေါ်အောင်ဆန်းစုကြည် အလားအလာမကောင်းပါပြီ….စစ်အုပ်စုရဲ့ အလဲထိုးခြင်းကိုခံလိုက်ရပြီဟု ကျနော်ကထင်ပါသည်။

သို့သော်…သူမကတော့ ပြည်သူတွေရဲ့အနာဂါတ်အတွက် အရေးကြီးလှတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်  ကြိုးစားပမ်းစားဆောင်ရွက်နေဆဲ…..

ကျနော်ချစ်တဲ့ မြန်မာပြည် …
စစ်ကျွန်အဖြစ်မှ မလွတ်နိုင်ပြီ
မျှော်လင့်ချက်လင်းရောင်ခြည်
ဟိုး…အဝေးမှာ လွင့်ရှာပြီ
ဟိုတုန်းကအဆိုတော်ကြီးဒေါ်ကြည်ကြည်ဌေးရဲ့သီချင်းတစ်ပုဒ်ကို ပြန်သတိရလာသည်…
ဘဲအုပ်က တစ်ရာနှစ်ရာ
မဗေဒါက တစ်ပင်တည်း
ပန်းပန်လျှက်ပဲ…

ကျော်ထက်နောင် | အလင်းမျက်ဝန်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: