၂၀၁၄ အတွင်း သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်း တို့နှစ်ယောက် ကျန်းမာရေး အကြောင်းပြကာ တာဝန်မှ အနားယူဖို့ရှိနေ

(နေပြည်တော် လျှို့ဝှက်သတင်း)

၂၀၁၄ အတွင်း သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်း တို့နှစ်ယောက် ကျန်းမာရေး အကြောင်းပြကာ တာဝန်မှ အနားယူဖို့ရှိနေဟုသော သတင်းများ ထွက်ပေါ်လာသည်ဟု နေပြည်တော် သတင်းရပ်ဝန်းမှပေးပို့လားပါသည် ၊

ပြီးခဲ့ရင်ပိုင်းက ဦးသိန်းစိန် မိန့်ခွန်းမှာ ပတ်မကြီး အကြောင်းထည့် သွင်းပြောခဲ့ရတာ နဲ့ ပတ်သတ်ပြီး ဦးသိန်းစိန်မှာ များစွာစိတ် မကောင်းဖြစ် .နေကြောင်း ၊ ပတ်မကြီးအကြောင်းကို ဦးသန်းရွှေမှ တိုက်ရိုက်ညွှန်ကြားပြီး ထည့်သွင်းပြောဆိုစေခဲ့တာ ဖြစ်ကြောင်း ၊

ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်တွေ့ဆုံကတည်းက ယခုတိုင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးသိန်းစိန်မှ လေးစားမှု အပြည့်ရှိနေကြောင်း သတင်းများ လည်း ထွက်ပေါ်နေပါသည် ၊

မင်းကို ဒီနေရာရောက်အောင် ငါမြှောက်စားထားတာ ငါခိုင်းတာလုပ်ရမယ် ဆိုသော ဦးသန်းရွှေ၏ ကျေးဇူးတရားများ ဖိအားများကြောင့် ဦးသိန်းစိန် ခမျာ အလုပ်ကို အလွန်စိတ်ကုန်နေသည်ဟု လည်း သိရပါသည် ၊

ပြည်သူလူထုအတွင်း ဦးသိန်းစိန်၏ ရပ်တည်မှုကို ဝေဖန်နေကြပြီး သမ္မတရာထူး စတင်လက်ခံသော အချိန်မှ ပြည်သူလူထု ၏ ထောက်ခံမှုအနည်းဆုံး သို့ ရောက်ရှိနေပြီး ထောက်ခံမှုများ ဆက်လက်ကျဆင်းဖွယ်ရှိနေသည် ဟုလည်း သုံးသပ်သူများက

ပြောကြားနေကြသည် ၊

ဦးသန်းရွှေ မှ ၂၀၁၄ အတွင်း ဦးသိန်းစိန်နှင့် ဒေါက်တာစိုင်းမောက်ခမ်းကို တာဝန်မှ အနားယူစေပြီး လူစားလဲမည်ဖြစ်ကြောင်း တီးတိုးပြောဆိုမှုများ ရှိနေပြီဟု နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လားပါသည် ၊

Hawdeka Khalaylay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: