တိုက်ကြီးမြို့တွင် ၉၆၉ တရားပွဲစတင်အပြီး အုံကြွမှုဖြစ် ဆီးဂိမ်းကာလအတွင်း ဒေါသထွက်နေသည့် လူအုပ်ကြီးအား လုံခြုံရေးများ အချိန်မှီထိန်းသိမ်း

ဒီဇင်ဘာ ၁၃၊ ၂၀၁၃ ဟိန်းအောင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးငယ်တစ်ဦးအား ကာအိနြေ္ဒ ပျက်ယွင်းအောင်လိုက်လံနှောက်ယှက်သည့် ဗုဒ္ဓဘာသာအမျိုးသားတစ်ဦးခံဝန်လက်မှတ်ထိုးရခြင်းအပေါ် မကျေမနပ်ဖြစ်ကာ တိုက်ကြီးမြို့ရှိရပ်ကွက်ရုံးကို ၀ိုင်းဝန်းခဲ့သည့် “ဒေါသထွက်နေသော လူအုပ်ကြီးကို”မြန်မာနိင်ငံ၏လုံခြုံရေးတာဝန်ရှိသူများက ၂၀၁၃ တစ်နှစ်တာလုံးအတွင်း ပထမဆုံးအကြိမ် အဖြစ် ထိန်းချုပ်ထားနိင်ကြောင်းဒေသခံများ၏ပြောကြားချက်များအရသိရသည်။ တိုက်ကြီးမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် အစ္စလာမ်ဘာသာဝင် အမျိုးသမီးငယ်တစ်ဦးအား ကာအိနြေ္ဒ ပျက်ပြားအောင်လိုက်လံနှောက်ယှက်သည့် ဗုဒ္ဓဘာသာတစ်ဦးနှင့် နှောက်ယှက်ခံရသည့် အမျိုးသမီး၏ မွေးချင်း ၂ ဦးစကားများခဲ့ကြောင်း ၊ထိုမှတဆင့်လိုက်လံနှောက်ယှက်သည့်အမျိုးသားကို ဘူတာရပ်ကွက်ရုံးတွင်ခံဝန်ထိုးစေကာညနေ ပိုင်းတွင်ပြန်လွတ်ခဲ့ကြောင်း၊အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် ည ၇ နာရီတွင် ဘောဒိကုန်းရပ်ကွက်၊ တိဇောတိကကျောင်းတိုက်တွင် တရားမ၀င်ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည့် ၉၆၉ ဂိုဏ်းတရားပွဲကို စတင်ကျင်းပခဲ့ကြောင်း၊ထိုသို့ တရားမ၀င်ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်သည့် ၉၆၉ ဂိုဏ်းတရားပွဲစတင်ကျင်းပသည့် ပြီး ၁ နာရီကျော်အကြာတွင် ဗုဒ္ဓဘာသာ အမျိုးသားကို ခံဝန်ထိုးခိုင်းစေခဲ့သည့် ဘူတာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့သို့ လူအင်အား ၃၀၀(သုံးရာ) ၀န်းကျင်က ၀ိုင်းကာ အော်ဟစ်ဆဲဆိုခြင်း၊အစ္စလာမ်ဘာသာနှင့် မွတ်စလင်မ်များကို မဟုတ်မမှန်ယုတ်ညံသည့် စကားများဖြင့်အော်ဟစ်ခြင်း စသည့်အကြောင်းအရာများကို ပြုလုပ်ခဲ့သဖြင့်ရဲတပ်ဖွဲ့နှင့်လုံထိန်းများက ထိန်းသိမ်းခဲ့ရကြောင်းသိရသည်။ “ရပ်ကွက်ရုံးကို သင်္ကန်းနဲ့ ဆရာတော် ၂ပါးကြွလာတယ်။ဆရာတော်တွေကြွလာတော့ လူအုပ်ကြီးက ဒီကုလားတွေလူပါးဝတယ်၊ဒီကုလားတွေကို ထိထိရောက်ရောက်အရေးယူပေးပါ လို့ဝိုင်းလျှောက်ကြတယ်၊လူအုပ်ကိုခေါင်းဆောင်တာကတော့ ၉၆၉ အုပ်စုတွေပါပဲ။တာလမ်းပဲခြားတဲ့ ၉၆၉ တရားပွဲနဲ့ ဆက်စပ်နေတဲ့သူတွေပါ”ဟုဒေသခံတစ်ဦးကမြန်မာမွတ်စလင်မ်မီဒီယာသို့ ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပင်ပေးပိုင်ခွင့်မရှိသည့် ဘာသာရေးလူတန်းစားတစ်ရပ်ဖြစ်သည့် ဗုဒ္ဓသားတော် ရဟန်းတော်များ၏ အကြမ်းဖက်လုပ်ရပ်များသည် ၂၀၁၃ ခုနှစ်အတွင်း ကျယ်ပြန့်စွာထွန်းကားခဲ့ပြီး လည်းကောင်းတို့အနက် မိတ္တီလာမြို့ ၀က်လန်တောတွင် အစ္စလာမ်ဘာသာဝင်ကျောင်းသားတစ်ဦးအား ရိုက်သတ်နေသည့် ဗုဒ္ဓသားတော်တစ်ပါး၏ ရုပ်သံမှတ်တမ်းနှင့် ကမ္ဘာကျော်Time မဂ္ဂဇင်းတွင်ပါရှိသည့် ဘာသာရေးအဓိကရုန်းမှုထောင်ထွက် ၀ီရသူ တို့၏ ပုံရိပ်များမှာထင်ရှားသည်။ “လက်ရှိအချိန်အထိတော့ ဘူတာရပ်ကွက်ရုံးနားက သာသနာ့ဗိမ္မာန် မှာလူစုနေတယ်၊အခြေအနေက တော့စောင့်ကြည့်နေဆဲပဲ၊လုံခြုံရေးတွေတော့ထပ်တောင်းထားတယ်”ဟု ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၀၀း၁၀ အချိန်တွင် ပြောသည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: