MM ရောင်နသ်ဗလီမိသားစုမှ ဦးဆောင်၍ ထန်းကုန်းတွင် လုံးချင်းအိမ် (၃၅) လုံး ဆောက်လုပ်လှူဒါန်းခဲ့


၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ ညပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူမြို့အနီးတွင်ရှိသော ထန်းကုန်းကျေးရွာတွင် MM ရောင်နသ်ဗလီမိသားစုမှ ဦးဆောင်၍ ဒုက္ခသည်များအား နေအိမ်များ ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နေအိမ်များမှာ (၄) ပင် (၃) ပင်အရွယ် အမြင့် (၁၈) ပေရှိသည့် နှစ်ထပ် ထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်း မြေစိုက် လူနေအိမ် အဆောက်အဦးများ ဖြစ်ပြီး အိမ်ပေါင်း (၃၅) လုံးတိတိကို ရောင်နသ်ဗလီမိသားစုမှ ဦးဆောင်ကြီးကြပ်၍ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက အလင်းမျက်ဝန်းသို့ ပြောပြပါတယ်။

အဆိုပါ အိမ်များ ဆောက်လုပ်ရေးအတွက် ရန်ကုန်မြို့နေ ဟာဂျီယာကွဗ်မနီးမိသားစုမှ စုစုပေါင်း အိမ် အလုံး (၂၀) နှင့် ရောင်နသ်ဗလီမိသားစုမှ အိမ် (၁၅) လုံးတို့အား စုပေါင်းလှူဒါန်း ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပြီး ဒုက္ခရောက်ခဲ့သည့် အစ္စလာမ်ဘာသာဝင် အများစုပါဝင်သော ဒေသခံများ အဆင်ပြေစွာ နေထိုင်လျက်ရှိကြတယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ ရောင်နသ်ဗလီမိသားစုမှ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်အစိုးရ၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ ကြီးကြပ်မှုဖြင့် မိတ္ထီလာမြို့ ချမ်းအေးရပ်တွင်လည်း မတ်လအတွင်းက ဘာသာရေးအကြမ်းဖက်မှုများကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်ခိုလှုံခဲ့ကြရသည့် ဒုက္ခသည်များအား ရာနှင့်ချီသော အဆင့်မြင့် လူနေအိမ်ခန်းနှင့် လုံးချင်းအိမ်များကိုလည်း မကြာမီတွင် လှူဒါန်းဆောက်လုပ်ပေးသွားမှာဖြစ်လို့ လက်ရှိအချိန်တွင် အလှူငွေများ စုဆောင်းနေတယ်လို့ သိရပါတယ်။

အလင်းမျက်ဝန်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: