ကာချုပ် Facebook သုံးနေပြီလား

 

 

Senior General Min Aung Hlaing - Nay Pyi Taw
Tuesday, December 24, 2013

 

မြန်မာ့တပ်မတော်ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာမည်နဲ့ Facebook Fan Page တစ်ခု ပေါ်နေတာတစ်လနီးပါးလောက်ရှိပါပြီး။ ဒါပေမဲ့ Facebook အတုတွေများတဲ့အတွက် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook အစစ်လို့ အသုံးပြုသူအများစုက မယူဆခဲ့ကြပါဘူး။ ဒါပေမဲ့ ယခု ရက်ပိုင်းအတွင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး Sea Games ပြိုင်ပွဲတွေကို လိုက်လံအားပေးပြီး ဆုချီးမြှင့်တဲ့ ပုံတွေကို အဲဒီ Facebook မှာ တွေ့လာရပါတယ်။ ဒီဓာတ်ပုံတွေဟာ Ministry of Defence နဲ့ မြ၀တီ Website တွေမှာ မပါတဲ့ဓာတ်ပုံတွေ တွေ့လာရတဲ့အတွက် ဒီ Facebook ဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ ဆက်စပ်မှုရှိမယ်လို့ ယူဆ ခဲ့ကြပါတယ်။

 

ဒါ့အပြင်ယခုလ ၂၃ ရက်နေ့ညက နေပြည်တော်မြို့တော်ခန်းမမှာ ကျင်းပခဲ့တဲ့(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်မြင်ရေးအတွက် ကူညီထောက် ပံ့ပေး သည့်အဖွဲ့များအား နိုင်ငံတော်သမ္မတမှကျင်းပပြုလုပ်တဲ့ ဂုဏ်ပြု ညစာစားပွဲမှာ တိုင်းရင်းသားအက အဖွဲ့တွေ၊ စေတနာဝန်ထမ်းတွေ ကို နုတ်ဆက်နေတဲ့ဓာတ်ပုံတွေနာရီပိုင်း အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook မှာ ပေါ်လာတဲ့အတွက် ဒီ Facebook ဟာ ကာချုပ် ရဲ့ Facebook စစ်မှန်တယ်လို့ စောင့်ကြည့်သူများက ခန့်မှန်းကြပါတယ်။

 

ဒီသတင်းသာ တကယ်မှန်ခဲ့ရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ Facebook Social Network ကို တရားဝင်သုံးတဲ့အဆင့် အမြင့်ဆုံး   ခေါင်းဆောင်တစ်ဦးဖြစ်လာသလို မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေထဲက ပထမဆုံး Social Network အသုံးပြုသူဖြစ်လာမှာပါ။ ကာချုပ်ရဲ့ Facebook မှာ Comment တွေကိုလည်း လွတ်လပ်စွာရေးသားခွင့်ပေးထားတာကိုတွေ့ရပါတယ်။

 

ဒီကိစ္စနှင့် ပတ်သက်ပြီး သတင်းစာဆရာတစ်ဦးဖြစ်သူ ကိုမြင့်စိုးနိုင်က “ ကာချုပ် Facebook သုံးတာမှန်တယ်ဆိုရင်တော့ တကယ် ကောင်းပါတယ်။ ခေတ်မီ တဲ့နိုင်ငံ   တော်တော်များများမှာ ခေါင်းဆောင်တွေဟာ Social Network ကို သုံးပြီး ပြည်သူ့အသံကိုနားထောင်လာကြပါပြီ။ Facebook ကတဆင့်   အောက်ခြေ မှာအမှန် တကယ်ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေကို လူကြီးတွေသိရှိလာနိုင်ပါတယ်” ဆိုပြီး ပြောဆိုသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook ကို လေ့လာချင်တယ်ဆိုရင်တော့

 

www.facebook.com/seniorgeneralminaunghlaing

 

မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။

 

ဝင်းမြင့်လေး
Planet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: