ကိုင်ရို
OIC အတွင်းရေးမှူးချုပ်ဟောင်း အိက္ကမိလဒ္ဒီးန် အိဟ်ဆန်နိုဂလူ
OIC အတွင်းရေးမှုးချုပ်သစ် အိုင်ယဒ် မဒနီ
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)၏ အတွင်းရေးမှူးချုပ်အဖြစ် ၉ နှစ်ကြာ အောင်မြင်စွာတာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှ လွှဲပြောင်းအနားယူလိုက်ပြီဖြစ်သော အိက္ကမိလဒ္ဒီးန် အိဟ်ဆန်နိုဂလူက နှုတ်ဆက်ပွဲအခမ်းအနားတွင် မွတ်စလင်နိုင်ငံများအား အချင်းချင်း ရန်ညိုးဖွဲ့ တိုက် ခိုက်နေမှုများ၊ ဆင်းရဲမွဲတေမှုနှင့် အစွန်းရောက်ဝါဒတို့၏ မြင့်မားလာသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။ “အိုအိုင် စီဟာ အခုဆိုရင် နိုင်ငံတကာရေးရာတွေမှာ ကမ္ဘာနဲ့ချီ အရေးပါတဲ့ စွမ်းဆောင်နိုင်သူ၊ မွတ်စလင်ကမ္ဘာရဲ့ ခေတ်နဲ့အမီ ရင်ပေါင်တန်းနိုင်တဲ့ အစွန်း မထွက် သမာသမတ်ကျတဲ့ ကိုယ်စားလှယ်အဖြစ် အသိမှတ်ပြုခံခဲ့ရပါတယ်”ဟု အိဟ်ဆန်နိုဂလူက သူ၏ (OIC အတွက်)နောက်ဆုံး သတင်းစာ ရှင်း လင်းပွဲတွင် ပြောကြားကြောင်း အာရပ်သတင်းဌာနက ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဖော်ပြသည်။ မွတ်စလင်ကမ္ဘာရှိ အခွင့်ရေးနှင့် ပတ်သက်သော ပြဿနာရပ်များကို အကျိုးဆောင်ပေးရာတွင် အဖွဲ့၏ နိုင်ငံတကာသြဇာကို အသုံးပြု၍ အတွင်းရေးမှူးဟောင်း အိဟ်ဆန်နိုဂလူက အဖွဲ့ ကိုဦး ဆောင်နိုင်ခဲ့သည်ကို အလေးအနက်ထားဖော်ပြကြသည်။ … မွတ်စလင်ကမ္ဘာ၏ မုခ်ဦး … ကြီးမားသော ရာထူးတာဝန်ကို ၉ နှစ်ကြာ ထမ်းဆောင် ခဲ့သော အိုအိုင်စီအကြီးအကဲဟောင်းက အဖွဲ့အနေဖြင့် အမေရိကန်နိုင်ငံအပါအ၀င် အခြားနိုင်ငံများစွာနှင့် မဟာဗျူဟာကျ ဆက်ဆံရေး ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတ၏ အိုအိုင်စီရေးရာ အထူးကိုယ်စားလှယ်ကို ရည်ညွှန်း၍ ထည့် သွင်းပြော ဆိုခဲ့ သည်။ “ဒါတွေအားလုံးဟာ တစ်ခုတည်းကိုပဲ ညွှန်ပြနေပါတယ်။ အဲဒါက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ ထိပ်သီးနိုင်ငံတွေက မွတ်စလင် လူ့အဖွဲ့ အစည်း နဲ့ ပိုမိုအားကောင်းတဲ့ ဆက်ဆံရေးမျိုးကို လိုလားကြတယ်။ အခုဆိုရင် OIC ဟာ မွတ်စလင်ကမ္ဘာရဲ့ မုခ်ဦးလို့တောင် ဆိုရမှာပါ”ဟု ၎င်းက ဆို သည်။ ရာထူးမှ အနားယူသွားပြီဖြစ်သော အကြီးအကဲဟောင်းက မွတ်စလင်ကမ္ဘာကြီးအနေနှင့် အစွန်းရောက်ဝါဒ၊ ဆင်းရဲမွဲတေမှု၊ အလုပ် လက် မဲ့ပေါ များမှုတို့ကို တိုက်ဖျက်ရန်နှင့် အမျိုးသမီးတို့၏ အခွင့်ရေးများကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းခဲ့သည်။ လွန်ခဲ့သော ၉ နှစ်က အာရပ်သတင်း စာတစ်စောင်တွင် အိုအိုင်စီအား ခိုင်းနှိုင်း၍ ပက်လက်လန်ကျသော လိပ်ကို ဟန်ချက်ညီ ပြန်လည်တည့်မတ်ရန် လူတို့က ၀ိုင်းဝန်း ကူညီနေပုံ ကာတွန်းကို ဖော်ပြခဲ့သည်။ “အိုအိုင်စီဟာ ၁၉၇၂ ခုနှစ် မော်ဒယ် ဂျုံးဂျုံးကျနေတဲ့ ကားနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ၀င်ပြိုင်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ၁၉၇၂ ခုနှစ်က ခေတ်ကုန်နေသော အိုအိုင်စီ၏ ဖွဲ့စည်းပုံအဟောင်းအား ရည်ညွှန်းပြောဆိုသည်။ “ကျွန်တော်တို့မှာ ဒီနေ့ခေတ် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့ ကား အသစ်လိုအပ်နေပါတယ်။” ၁.၆ ဘီလီယံရှိသော မွတ်စလင်တို့၏ အမြင်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာ မျှမျှတတ ရှိဖော်ပြနိုင် ရန် လိုအပ်ပါကြောင်း ၎င်းက ပြောဆိုသည်။ အိုအိုင်စီအနေနှင့် ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်အပါအ၀င် အဓိကကမ္ဘာ့ အင်အားကြီးနိုင် ငံတို့နှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးများကို တရားဝင် အပြန်လေ့လာ၍ ထူထောင်နိုင်ရန် ကြိုးစားနေ ကြောင်း ၎င်းက ထည့်သွင်းပြော ဆိုသည်။ ထို့ပြင် ၎င်းက အနောက်နိုင်ငံများအနေနှင့် မွတ်စလင်ဆန့်ကျင်ရေးသဘောထားများကို အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်သင့်ကြောင်း တိုက်တွန်းသွားခဲ့သည်။ … အတွင်းရေးမှူးချုပ်အသစ် … အိဟ်ဆန်နိုဂလူက ဆော်ဒီအာရေဗျနိုင်ငံမှ ယခင် ယဉ်ကျေးမှုနှင့် ပြန်ကြားရေး ၀န်ကြီး ဖြစ်သော အိုင်ယဒ် မဒနီအား အတွင်းရေးမှူးချုပ်အဖြစ် လွှဲပြောင်းပေးခဲ့ပြီး ထိုအတွင်းရေးမှူးချုပ်အသစ်မှာ ဇန်န၀ါရီလ ၁ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ အိုအိုင်စီသည် ဇန်န၀ါရီလတွင် ဒေသတွင်း အန္တရာယ်ကြီးမားသော ပြဿနာများဖြစ် သည့် ဒုတိယ အကြိမ်မြောက် ဆီးရီးယားအရေး ဂျနီဗာညီလာခံနှင့် အလ်ကုဒ်ကော်မတီ၏ ဆွေးနွေးပွဲများသို့ တက်ရောက်ရန်ရှိသည်။ အိုအိုင်စီ၏ ၂၀၁၃ ခုနှစ် မှတ် တိုင် များ တွင် မြန်မာပြည်က ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများသို့ အကြီးအကဲနှင့်အဖွဲ့ သွားရောက်ကြည့်ရှုလေ့လာခဲ့မှုလည်း ပါဝင်သည်။ မြန်မာနိုင်ငံ သို့ သွားရောက်ခဲ့သော အိုအိုင်စီကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဒီဂျီဘောင်တီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်တို့မှ အဖွဲ့ဝင်များ ပါဝင်သည်။ နိုင်ငံသား အခက်အခဲ ဖြေရှင်းပေးရန် အာမခံချက်ရရှိ အဆိုပါကိုယ်စား လှယ်အဖွဲ့ သွားရောက်လေ့ လာရာ တွင် မြန်မာအစိုးရအနေနှင့် ရိုဟင်ဂျာမွတ်စလင် ၈ သိန်းကျော်နှင့်ပတ်သက်သော နိုင်ငံသား အသိ အမှတ်ပြုရေး ပြဿနာ အား တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း အာမခံရရှိခဲ့သည်။ ၂၀၁၂ခုနှစ် အောက်တိုဘာ လတွင် မြန်မာပြည်၌ အိုအိုင်စီရုံးခန်းဖွင့်လှစ်ပြီး အကူ အညီပေး ရန် ကြိုးစားခဲ့သော်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး အများအပြား၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန် က အဆိုပါအစီစဉ်အား ရပ်ဆိုင်းခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မွတ်စလင်ကမ္ဘာ၏အကျိုးစီးပွားအား ကာကွယ်ပေးရန် နိုင်ငံတကာအစိုးရများပါဝင်သော အဖွဲ့အစည်းတစ်ရပ် အနေနှင့် OIC အား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အိုအိုင်စီတွင် တိုက်ကြီး ၄ တိုက်မှ ကိုယ်စားပြု နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ကြီးသည် ကုလသမဂ္ဂတွင် အမြဲတမ်းကိုယ်စားလှယ်ရရှိထားသည်။ – Onislam.net တွင်ဖော်ပြသော “Ihsanoglu Hands Over OIC Presidency ” ကို စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။