ယောက်ျား မိန်းမ ထိုကိစ္စ

 

ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်းတပုဒ် ပါရှိလာ၏ ၊ ထိုသတင်းမှာ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနအောက်ရှိ သန်လျင် GTCကျောင်း၏ စာသင်ခန်းအတွင်း (သံလျှင် GTC ကစုံတွဲ၏လုပ်ရပ်) ၊ ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည် လူး နေကြသည့် GTC ကျောင်းသား/သူနှစ်ဦး၏ဗီဒီယိုဖိုင် ကို မသမာသူများက အင်တာ နက်ပေါ်လွှင့်တင်လိုက်ရာ ဂျာနယ်စာမျက်နှာများ ထက်ရောက် လာပြီးနောက် ယခုအခါ ဗွီဒီယို အခွေများ အဖြစ် ရောက် ရှိလာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည် ဆိုသည့်သတင်း ဖြစ်သည် ။

 

မိမိစိတ်က ပထမဆုံးအကြိမ် ထွက်ရှိသောMelody World တေးစီးရီးတွင်ပါဝင်လျှက် နာမည် ထွက်လာခဲ့သော အဆိုတော်မလေး တစ်ယောက် ကို လည်း တစ်ဆက်တည်း သွားသတိရလိုက်မိသည် ၊ သူမသည် လည်း GTCကျောင်းသား ကျောင်းသူနည်းတူ အင်တာနက်မင်းသမီးဖြစ်ခဲ့ရသည် ၊

 

သူမအတွက် ပိုဆိုးတာက သူမသည် ပြည်သူသိ အဆိုတော် တစ်ယောက်ဖြစ်နေခြင်းပင် ဖြစ်သည်၊ ထို့ကြောင့် သူမအနုပညာပါ သေ သွားရသည် ၊ ယခု အခါ ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်းပင် မသိရတော့၊ သူမအကြောင်းတွေးမိတိုင်း မိမိရင်ထဲ နင့်နင့်သီးသီး သနားစိတ်ဝင်မိသည်၊ ထို့   နောက် နှမျှောစိတ်လည်း ဖြစ်ရသည် ၊ အရွယ်ရောက်ပြီးသော ယောက်ျားမိန်းမတိုင်း မကင်းနိုင်သည့်ကိစ္စ တစ်ခုကြောင့် ဘ၀နှင့်ရင်းထားရသော အနုပညာလမ်းကြောင်းမှ သွေ ဖီသွားရသည့် အဖြစ်၊ ကိုယ်သာ သူတို့လိုအဖြစ်မျိုး ကြုံလိုက်ရမည်ဆိုလျှင် ဘယ်လောက်များအရှက်ရလိုက်မလဲ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုများရပ် တည်နေရမလဲ ဟူသော ကိုယ်ချင်းစာနာသောစိတ်နှင့် ခံစားကြည့်မိတိုင်း မိမိအလွန်ရင်နာရသည် ၊

 

ထို့ပြင် အဆိုတော်တစ်ယောက်ဘ၀မှ နိုင်ငံသိသရုပ်ဆောင်ဖြစ်လာသော မင်းသမီး တစ်ယောက်၏ ဟိုတယ်ခန်းတစ်ခုအတွင်းက အဖြစ်အပျက် ၊ ထိုအဖြစ်အပျက်သည်လည်း အင်တာနက်ပေါ်ပျံ့နှံ့၍ ညစ်ညမ်းဗွီဒီယိုခွေ တို့ဖြင့် လုပ်စားနေကြသူတို့အတွက် အကြိုက် ဖြစ်ခဲ့ရသည် ၊ မြန်မာ့ ယဉ်ကျေး မှုထိန်းသိမ်းရေးကို တတွတ်တွတ်ပြောတတ်ကြသော အနှိပ်ခန်းပျော်လူကြီးလူကောင်းတို့၏ လက်ညှိုးထိုးအပြစ်ဆိုစ ရာ ဖြစ်ခဲ့ရသည် ၊

 

အထက်ပါကိစ္စတို့ကို မိမိ၏ပုဂ္ဂလိကအမြင်ဖြင့် ရိုးရိုးသားသားပြော ရလျှင် ရိုင်းသည်ဟုလည်း မမြင် ၊ ယဉ်ကျေးမှုမျက်လုံးဖြင့်လည်း ဘယ်သောအခါမှ ကြည့်လေ့မရှိ ၊ အရွယ်ရောက် ပြီးသော မိန်းမယောက်ျားတို့၏ ဖိုမသဘာဝ သာဖြစ်၍ အပြစ်ဆိုစရာမဟုတ်ဟု ယူဆသည်၊ ဘာသာရေးအမြင်အရ ယုတ်ညံ့သောအကျင့် ဖြစ်ကောင်းဖြစ်မည် ၊ သို့ရာတွင် ဖိုမသဘာဝ လိင်ကိစ္စသည် အရွယ်ရောက်ပြီးသောမိန်းမယောက်ျားတိုင်း ကင်းနိုင်သော အရာမဟုတ်ပေ၊ ထင်ရှားခြင်း မထင်ရှားခြင်း သာကွာမည်၊ ဘ၀၏ကန့်လန့် ကာနောက်ကွယ် မှာတော့ ဒီကိစ္စသည် အရွယ်ရောက်ပြီးသော မိန်းမ   ယောက်ျား တိုင်းအတွက် ကြီးမားသော အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ရှိနေသည် ၊ မုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်မှုမျိုး မဟုတ်လျှင် ကိုယ်နှင့်နှိုင်း၍ စာနာနားလည်နိုင်ရမည်သာ ဖြစ်သည် ၊

 

အိပ်-စား-ကာမ ၊ ဤသုံးဝသည် လူနှင့် တိရစ္ဆာန်အတူတူဖြစ်သည်ဟု စာပေတို့တွင် ဆိုသည် ၊ ဤအဆိုသည် ယေဘု ယျမှန်ကန်သော အဆိုဖြစ်သည် ၊ အထူးအားဖြင့် ကာမကိစ္စတွင် လူနှင့်တိရစ္ဆာန် များစွာ ခြားနား ခြင်းမရှိပေ၊ ဆိုလိုသည်မှာ မိန်းမယောက်ျား နှစ်ဦးသား တို့သည် သူတို့၏ စိတ်အလို ဆန္ဒပြည့်ဝရေးအတွက် တိရစ္ဆာန်ကဲ့သို့ နှစ်ဦး သဘောတူ ကျင့်ကောင်း ကျင့်မည် ၊မည်သို့ပင်ကျင့်စေ ဤကိစ္စတို့သည် ယဉ်ကျေးမှုနယ်မြေမှ ကင်း လွတ် သည်သာ ဖြစ်သည် ၊ ဤအဆိုကို တစ်ချို့လူကြီးလူကောင်းများက ခပ်ရှက် ရှက်နှင့် ငြင်းကောင်းငြင်း မည် ဖြစ်သော်လည်း သဘာဝတရားကို အနည်းငယ်စဉ်းစားထောက် ဆကြည့် လျှင်တော့ ငြင်းဆိုဖို့ အလွန်ခဲယဉ်းပါလိမ့်မည်၊ စာဖတ်သူကို တစ်ခုတော့ အသိပေးပန်ကြားလိုပါ၏ ၊

 

ယခု မိမိ၏အဆိုတို့သည် အပြင်လောကတွင် ဖြစ်ချင်ရာဖြစ်၍ အင်တာနက်ပေါ်ရောက်နေသော မြန်မာအမျိုး သားအမျိုးသမီးတို့၏ ဖိုမသဘာဝ လိင် ကိစ္စတို့ကို အကာအကွယ်ပေးနေခြင်းမဟုတ်၊ ကိုယ့်အဖြစ်ကို မျက်ကွယ်ပြု၍ ယဉ်ကျေးမှုစကားကို တွင်တွင်သုံးလျှက် ပါးစပ်သရမ်းနေ ကြသော လူကြီး လူကောင်းများ စဉ်းစား ဆင်ခြင်ကြစေနိုင်ရန် မိမိ၏ရင်ထဲတွင်ရှိသော စာနာမှု တရားကို ချပြပေးခြင်းမျှသာ ဖြစ်သည် ၊ အဓိကအားဖြင့် ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာမှုတရား ထားရှိရေးပင် ဖြစ်သည် ၊ စာဖတ်သူတို့အနေဖြင့် မိမိ၏ ဦးတည်ရာကို ကောင်းစွာနားလည် နိုင်လိမ့်မည် ဟု မျှော် လင့်မိပါသည် ၊

 

ယခုခေတ်သည် မိမိတို့ ကြားသမျှ မြင်သမျှတို့ကို ဘယ်လိုမှ ငြင်းကွယ် မရအောင် အလွယ်တကူ ရိုက်ကူး ထားနိုင်သော စက်ပစ္စည်းများ ပေါ များသော ခေတ်ဖြစ်သည် ၊ မိမိနှစ်သက်သော ရှုခင်းရှုကွက်နှင့် ပျော် ပွဲရွှင်ပွဲစသည်တို့ကို မှတ်တမ်းတင်ရိုက်ကူးခြင်းဖြင့် ပြဿနာမရှိနိုင်သော် လည်း မိန်းမယောက်ျားတို့၏ ဖိုမသဘာဝလိင်ဆက်ဆံသည့်ကိစ္စရပ်များ များကို ရိုက်ကူးမှတ်တမ်းတင်မိလျှင်တော့ ကြီးမားသော ပြဿနာ များ ဖြစ်နိုင်စွမ်း ရှိသည် ၊ အထူးအားဖြင့် အမျိုးသမီးများ ပိုသတိထားဖို့ လိုအပ်ပါသည် ၊ ဖိုမ သဘာဝ လိင်ကိစ္စတွင် နာမည်ပျက်စရာဖြစ် လာပြီဆိုလျှင် အမျိုးသားထက် အမျိုးသမီးက ပိုနာမည်ပျက် သည် ၊

 

ထို့ကြောင့် မိမိ၏ချစ်သူရည်းစားနှင့်ဖြစ်စေ လင်ယောက်ျားနှင့် ဖြစ်စေ ဆက်ဆံဖြစ်လျှင် ကင်မရာ ထောင်ပြီး ရိုက်ကူးမထားမိဖို့ သတိကြီးစွာ ဆင်ခြင် သင့်သည် ၊အမျိုးသားလုပ်သူက “ ပြန်ဖျက်ပါ့ မယ် “ ဟု ပြောတိုင်းလည်း လုံးဝမယုံကြည်သင့်ပေ ၊ အင်တာနက်ပေါ် တွေ့ ရသော   မြန်မာညစ်ညမ်း ဇာတ် ကား အများစုသည် ပြန်ဖျက်ပါ့ မယ်ဟူသော စကားကို ယုံကြည်မှုမှ ပေါက်ထွက် လာခြင်းဖြစ်ကြောင်း လေ့ လာတွေ့ ရှိရသည် ၊

 

ဤနေရာတွင် ယောက်ျားတို့၏ စိတ်သဘာဝကို အနည်းငယ်ပြောချင် ပါသည် ၊ ယောက်ျားအများ စုသည် ကျန်သောကိစ္စများထက် လိင်ကိစ္စတွင် အချင်း ချင်းကြွားလိုသော စိတ်သဘာဝရှိကြသည် ၊ ထိုစိတ်သဘာဝနှင့်ပင် သူရိုက်ကူးထားသည့်ပုံ(သို့မဟုတ်) ဗွီဒီယိုမှတ်တမ်းတို့ကို သူ့အပေါင်းအ သင်း  တစ်ဦး မဟုတ်တစ်ဦးကိုတော့ အလွယ်တကူ ပြမိတတ်ကြသည်၊ တစ်ချို့ဆိုလျှင် ပြရုံတင်မဟုတ်တော့ပဲ ရက်ရက် ရောရောပင် မျှဝေပေးလိုက် ပါသေးသည် ၊ ဤသို့ဖြစ်လာလျှင် သက်ဆိုင်ရာအမျိုးသမီး ၏ အရှက်နှင့် သိက္ခာအတွက်တော့ တွေးဝံ့စရာ မရှိတော့၊ အယုံ အကြည်လွန်ကဲသော အမျိုးသမီး များ တစ်ခုသတိ ထားဖို့က မိမိနှင့်ဆက်ဆံ သော မိမိ၏ချစ်သူရည်းစား(သို့မဟုတ်) လင်ယောက်ျား သည် မိမိနှင့် အစဉ်ထာဝရ အဆင်   ပြေနေ မည်မဟုတ် ၊ တစ်ချိန်မဟုတ် တစ်ချိန်၌ တစ်ယောက်နှင့်တစ်ယောက် အဆင် မပြေမှုများ သဘောထားကွဲလွဲမှုများ မလွဲမသွေ ကြုံလာရဦး မည် သာ ဖြစ်သည် ၊

 

ထိုအခါ ယောက်ျား လုပ်သူက စိတ်သဘောထားညံ့ဖျင်းမည် ၊ လိင်ဆက်ဆံမှုကို ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်း စသည်များ လည်း ကျန်ရှိမည် ဆို လျှင် မိမိ၏အရှက်နှင့် သိက္ခာကတော့ မလွဲမသွေထိပါးခံရပေလိမ့်မည်၊ ထိုကဲ့သို့ မဖြစ်ရအောင် ခပ်ရိုင်းရိုင်းအကြံ ပြုရလျှင် အိပ်ခန်းထဲကကိစ္စသည် အိပ်ခန်းထဲမှာပင် ပြီးပြတ်တာအကောင်း ဆုံး ဖြစ်သည် ၊

 

ထို့ပြင် ဘယ်သူနှင့်ပဲဆက်ဆံဆက်ဆံ သန်လျင်GTCကျောင်း ၏အဖြစ်အပျက် ကဲ့သို့ မသမာသူများက တိတ်တဆိတ်ရိုက်ကူးခံရခြင်းမှ ကင်းဝေး   အောင် လုံခြုံမှုကို အထူး ဂရုစိုက်ဖို့ လိုအပ်သည် ၊ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော ပုထုဇဉ်လူသားတိုင်း ယခုလို လိင်ကိစ္စများ ကို နှစ်နှစ်ခြိုက်ခြိုက် ခံစားနေကြသည်ကား မှန်၏ ၊ သို့ရာတွင် ကမ္ဘာဦးကတည်းက ဖြစ်တည်လာသောလူ့စည်းမျဉ်းဥပဒေက ကွယ်ကွယ်ဝှက်ဝှက်သာ ခံစားခွင့်ပြုသည် ၊ တရားဝင်လင်မ ယားပင် ဖြစ်နေပါစေ ၊ မြန်မာစကားပုံဆိုရိုး အတိုင်း “ သိသာသိစေ ၊ မမြင်စေရ “အောင် ကျင့်သုံးရသည် ၊ မဟုတ်လျှင် အထက်ဖော် ပြပါ Melody World မှ တက်လာသောအဆိုတော်မလေးကဲ့သို့ မိမိတို့၏ အနာဂတ်ဘ၀သည် အလွဲမသွေ ပျောက်ဆုံးပါ လိမ့် မည်၊

 

ကြုံ၍ တစ်ခု ၀န်ခံလိုက်ရပါဦးမည် ၊ မိမိ ဤဆောင်းပါး လေး ကိုရေးရန် လေ့လာသောအားဖြင့် လိင်ကိစ္စတို့ဖြင့်နာမည်ထွက်သော bloggerဆိုဒ် များသို့ ၀င်ကြည့်ရာ တွေ့ရသည်က အံ့သြစရာကောင်း သလို ရယ်စရာလည်းကောင်းသည်၊ ရယ်လည်း ရယ်လိုက်မိပါသည် ၊ ကြည့်လေ ၊ vzoချက်ဆိုသော ဗွီဒီယိုဖိုင်တို့တွင် တစ်ချို့ကောင်မလေးများက သူတို့၏အမြင်မတော်ရာကို ဖော်ချွတ်ပြကြသည့်အဖြစ်၊ ဒီကောင် မလေးတွေ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုလုပ်ရပါလိမ့်ဟု မိမိစဉ်းစားမရ ၊ ဖော်ချွတ်ပြတတ်သော သဘောသည် မိန်းမတို့၏ ၀ါသနာတစ်ခုပေလား ၊ ဆောရီး ၊ (ဤစကားရပ်တွင် တကယ့်ကို ဣနြေ္ဒသိက္ခာ ကြီးမားသော အမျိုးသမီးများမပါဝင်ပါ၊ မိမိပတ်ဝန်းကျင်တွင် အသက်ထက် အရှက်ကို ပိုတန်ဘိုးထားသော အမျိုးသမီး များစွာ ရှိပါသည် ၊ ဤစကားရပ်သည် vzoချက်ဆိုသော ဗွီဒီယိုဖိုင်များကို လေ့လာကြည့်ပြီး နောက် အမှတ်မထင်သုံးသပ်မိသော အတွေးမျှသာ   ဖြစ်ပါသည်၊ )

 

vzoချက်ရာတွင် ၀ါသနာကြောင့်ပဲဆိုဆို တစ်ခြားဘာအကြောင့်ကြောင့် ပဲဖြစ်ဖြစ် ဖော်ချွတ် ပြခြင်းသည်ကား ပြဿနာမဟုတ် ၊ ကိုယ့်ကိုယ်ပိုင် အခွင့် အရေး သာ ဖြစ်သည် ၊ ပြဿနာက မိမိပြလိုက်သော တစ်ဖက်ယောက်ျားလေးက ထိုပုံရိပ်ကို ဖမ်းယူ ထားပြီး အင်တာနက်ပေါ် လွှင့်တင်ခြင်း ပင် ဖြစ် သည် ၊ယခုကဲ့သို့ဖြစ်လာလျှင် မိမိ၏အနာဂတ်ဘ၀ကို မထိခိုက်စေဦးတော၊့ မိမိကိုသိသော ပတ်ဝန်းကျင်မှာတော့ အရှက်ရဖို့ရာ များသည် ၊ ထို့ကြောင့် ခပ်လွယ် လွယ်ဖော်ချွတ်ပြတတ်သော ၊ ဖော်ချွတ်ပြချင်သော ကောင်မလေးများ အနေဖြင့် ဘာမဟုတ်သည့် ကိစ္စ လေး တစ်ခုနှင့် မိမိတို့၏ရည်မှန်း ချက်များ ၊ အနာဂတ်ဘ၀များ အဖုအထစ်မဖြစ်စေရန် လေးလေးနက်နက် တွေးတောဆင်ခြင်သင့်ပါသည် ၊

 

ထို့ပြင် မိမိ၏၀ါသနာဆန္ဒအရ အမှတ်မထင်ပြုမူလိုက်မိသော ကိစ္စရပ်လေး တစ်ခုက မိမိ၏ မိဘဆွေမျိုး မိတ်ဆွေ ညီအကိုမောင်နှမအားလုံးကိုပါ ထိခိုက်နိုင်ကြောင်း သတိပြုသင့်ပါ သည်၊ ဤဆောင်းပါးတွင် မြန်မာ့ လိင်မှုကိစ္စများကို ပညာပေးသဘောမဟုတ်ပဲ မသမာစိတ်ဖြင့် နည်းမျိုး စုံဖြင့် ရယူပြီး အင်တာနက်ပေါ်လွှင့်တင်နေကြသူတို့အား တစ်စုံတစ်ခုပြော ချင်မိ သော်လည်း မိမိ၏ ပြော စကားသည် လုံးဝအရာထင်မည်မဟုတ်ပေ၊ ထိုသူတို့အတွက် ကုရာနတ္ထိ ဆေးမရှိပေ ၊ နှမချင်း ကိုယ်ချင်း စာနာတတ်သောစိတ်ကလေး နည်းနည်းလောက် ထားပေးနိုင်ကြ လျှင်တော့ အထူးဝမ်းမြောက် ဖွယ် ရာ ဖြစ်ပေလိမ့်မည်၊ အထက်ပါစကားရပ် တို့ကို ခြုံငုံပြီး မိမိထပ်ပြောပါဦးမည် ၊ မှုဒိန်းမှုကဲ့သို့သော မတရား အနိုင်ကျင့်စော် ကားခြင်း၊ သူတစ်ပါးမယားကို ကြာခိုခြင်း ၊သူတစ်ပါး လင်ယောက်ျားနှင့် နောက်မီးလင်းခြင်း ကိစ္စမျိုးမဟုတ်လျှင် အရွယ်ရောက်ပြီးသော ယောက်ျား မိန်းမတို့၏ နှစ်ဦးသဘောတူချစ်ရည်လူးသည့် ကိစ္စသည် အပြစ်မဟုတ် ၊ ယဉ်ကျေးမှုနှင့် မဆိုင် ၊ ဒီကိစ္စသည် ဘ၀တစ်ခုအတွက် အရေးပါသော စည်းစိမ်ဖြစ်သည် ၊

 

ခံစားလိုက ခံစားပိုင်ခွင့်ရှိသည် ၊ ဘာသာရေးပုဂ္ဂိုလ်အနည်းငယ်မှတစ်ပါး အနန္တစကြာ ၀ဠာတစ်ခုလုံး ဒီစည်းစိမ်ကို ခံလည်း ခံစားနေကြသည် ၊သို့ရာ တွင်   တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံ ထားသော လူ့စည်းမျဉ်းဥပဒေအရ သိုသိုဝှက်ဝှက် ခံစားဖို့လိုတော့ပါသည်၊ ဒီကိစ္စရပ်ကြောင့် မိမိတို့၏ အနာဂတ်ဘ၀ တိမ်းစောင်းသွားသည်အထိ မဖြစ်စေရပေ၊ ကိုယ့်ဘာသာရိုက်ကူး၍ အင်တာနက်ပေါ်လွှင့် တင်ခြင်းမျိုး မဟုတ်ပဲ မသမာသူများက ရိုက်ကူးလွှင့်တင်လိုက် သောကြောင့် ထင်ထင်ရှားရှားဖြစ်လာသော ချစ်ရည်လူးသည့်ကိစ္စရပ်များကိုလည်း ယဉ်ကျေးမှုအမြင်ဖြင့် အပြစ်ရှုထောင့် ကမကြည့်ပဲ ကိုယ်နှင့်နှိုင်းယှဉ်၍ စာနာနားလည်ပေးနိုင်ကြစေရေးသည် ဤဆောင်းပါး၏ ပဓာနရည်ရွယ်ရာ ဖြစ်ပါသည် ၊ မြေနိမ့်ရာ လှံမစိုက်ကြဖို့ အထူး ပန်ကြားချင်ပါသည် ၊ အားလုံးကို ကျေးဇူးတင်ပါသည် ……..။

 

Credit: Myanmar Express
(မြန်မာလူငယ်များနှင့် အမျိုးသမီးငယ်များ ထိုကဲ့သို့သော အန္တရာယ်မှ ရှောင်ရှားစေနိုင်ရန် အခမဲ့ကြော်ငြာပေ့ဂ်ျမှ ပြန် လည်မျှဝေလိုက်ပါသည်)
အခမဲ့ ကြော်ငြာ

 

xxxxxxxxxxxxxxxxxxxxxxx

 

ကလေးအဖေဘယ်သူလဲ

 

၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့်   ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ် ပုဒ်ဖြစ် ပါတယ်။

 

တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဟာ သားသမီး လိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေလို့ ကလေးမ ရနိုင် ဘူး   ဖြစ်နေ ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကလေးလိုချင်၊ ဇနီးဖြစ်သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။

 

ယင်းအလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေး ရပါတယ်။

 

သားသမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလိုလုပ်တာကို မကြိုက်ပေမယ့် “ငါဒီ အလုပ်တွေ မလုပ်ချင်ပါဘူးမိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့…စာချုပ်သက်တမ်း ၆ လ အတွင်း တပတ်သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ် နဲ့  ၆ လသာ ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှ မယ်လေး ကိုယ်ဝန်မရခဲ့ပါ။

 

ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျားက စိတ် ဆိုးပြီး တရားစွဲခဲ့ ပါ တယ်။ Frank Maus ကလည်း သူ “စွမ်းသလောက် ကြိုးစားမယ်လို့ပဲပြောခဲ့တာ… ကလေး ရစေ့ရ မယ်လို့ အာမ မခံခဲ့ဘူး” ဆိုပြီး အေးအေး   ဆေးဆေး   တရား ရင်ဆိုင်ခဲ့ပါတယ်။

 

ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီး သည်ပဲ ဖြစ်ပါတယ်။ သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက ဘယ်သူပါလဲ။ 

 

Ref:islandmix.com

 

http://www.innewsmyanmar.com/2012/08/blog-post_4667.html

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: