မြန်မာအစိုးရ မောင်တောလူသတ်မှုကိစ္စငြင်းချိန် လူ၈ဝကျော်ကို ဖမ်းဆီးထားသည်ကို ဦးဝင်းမြိုင် ဝန်ခံ

 အေပီသတင်းဌာနမှာ ရခိုင်ပြည်နယ်ေ      မာင်တောမြို့    ဒူချီရာတန်း အလယ်ရွာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၆ကို သတ်ဖြတ်ခဲ့ တယ် ဆိုတဲ့သတင်းကို မြန်မာအစိုးရက ဇန်နဝါရီ ၁၇ရက်နေ့ညမှာပဲ ငြင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဇန်နဝါရီ ၁၄ရက်)မှာ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေ  နဲ့အတူ လူအုပ်ကြီးဟာ မွတ်ဆ လင်တွေအများ စုနေထိုင်တဲ့ ဒူချီရာတန်း အလယ်ရွာမှာ သတ်ဖြတ်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ ချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင် စုက အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းကြောင်း ရိုက်တာ သတင်း ဌာနကို ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရက သတ်ဖြတ်မှုတွေရှိတယ်ဆိုတာကို ငြင်းဆိုလိုက်ပြီးနောက်မှာပဲ မောင်တောမြို့ ဒူချီရာတန်း ကျေးရွာသား ၈၄ယောက်ကို ဖမ်ဆီးထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးက ဘီဘီစီသတင်းဌာနကို အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ MSF အဖွဲ့ကလည်း သေနတ်ဒဏ်ရာရတဲ့သူ တစ်ယောက်နဲ့ ရိုက်နှက်ခံရသူတစ်ယောက်ကို မျက်မြင်အဖြစ် ဇန်နဝါရီ ၁၅ရက်နေ့မှာ မြင် တွေ့ခဲ့ရပြီး ဒူချီရာတန်းကျေးရွာဘက်မှာ ပဋိပက္ခတွေဖြစ်နေတာ သေချာတယ်လို့ အတည်ပြုပြောဆိုခဲ့ ပါတယ်။ မောင်တောမြို့မှာ တပ်ကြပ်ကြီးတစ်ဦး ပျောက် ဆုံးခဲ့တဲ့  အပေါ် ကျေးရွာတွေထဲဝင်ပြီး မြေလှန်ရှာရာက အမျိုးသားတွေဟာ ရွာတွေကနေ ထွက်ပြေး လွတ်မြောက်ခဲ့ကြပေမယ့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေသာ ကျန်ရစ်ခဲ့ပြီး တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ အေပီရဲ့ ကနဦးသတင်းတွေမှာဖော်ပြခဲ့ပါတယ်။ Kamayut Media ဖဘ စာမျက်နှာ မှကူးယူဖေါ်ပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: