ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဒုချီရာတန်းကျေးရွာအုပ်စုနှင့် အနီးတဝိုက်ကျေးရွာများတွင် ဖြစ်ပေါ်လျက်ရှိနေသော အခြေအနေများအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦရွှေမောင်မှ ၄င်း၏ တရားဝင် Facebook စာမျက်နှာမှာ ရေးသားထားခြင်ြး

ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။
Nobody is Above the Law.
======================
ချစ်ခင်လေးစားအပ်ပါသော မောင်တောခရိုင်ရှိ မိဘပြည်သူ အပေါင်းတို့ခင်ဗျား-

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှစ၍ ရခိုင်ပြည်နယ၊် မောင်တောမြို့နယ်၊ ဒုချီရာတန်းကျေးရွာ အုပ်စုနှင့် အနီးတဝိုက်ကျေးရွာများတွင် ဖြစ်ပေါ်လျက်ရှိနေသော အခြေအနေများ အတွက် ကျွန်တော်တို့ မောင်တောခရိုင်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ အထူးဝမ်းနည်းပြီး ဖြစ်စဉ်အားလုံးကိုလဲ အနီးကပ်စောင့်ကြည့် လေ့လာနေပါတယ်။ ပျေက်ဆုံးနေသော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းနှင့် အပြစ်မဲ့ ရွာသူရွာသားများ အတွက်လဲ အထူးစိုးရိမ်လျက် ရှိနေပါတယ်။

ဒုချီရာတန်း (ခ) ကီလားတောင်ကျေးရွာအုပ်စုမှာ ဒေသခံ လူတစ်ဦးတစ်ယောက်မျှမရှိသောကြောင့် တစ်ရွာလုံး တိတ်ဆိတ်တည်ငြိမ်နေသော်လည်း ပတ်ဝန်းကျင်ရွာများတွင် တည်ငြိမ်မှု မရှိသေးကြောင်း ဒီကနေ့ မနက် ၁၁ နာရီ အချိန်တွင် ပြည်သူများ၏ တင်ပြချက်အရ သိရှိရပါတယ်။ အနီးပတ်ဝန်းကျင်ရှိ ဂေါ်ဒူဆော်ရား၊ နူရုလ်လာကျေးရွာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေ ဖမ်ဆီးမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ စိုးရိမ်လျက် ရှိနေကြကြောင်း လေ့လာသိရှိရပါတယ်။ မောင်တောဒေသတွင် လုံခြုံရေးတာဝန်ယူဆောင်ရွက်နေသော ရဲမှုးချုပ် တင်ကိုကို အား အထူးကျေးဇူးတင်ရှိပါတယ်။ ရဲမှုးချုပ်မှ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ညွှန်ကြား ရင်လည်း အောက်ခြေ လုံခြုံရေး တပ်ဖွဲ့ဝင်များက အတိအကျ လိုက်နာမယ်လို့ ပြောလို့ မရပါဘူး။ ဒါကြောင်မလို့ ပြည်သူတွေရဲ့ပြောကြားချက်တွေကိုလဲ နားထောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကိုလည်း ပြည်သူတွေက အများကြီး တင်ပြထားတာ ရှိပါတယ်။ ပြည်သူ့တွေရဲ့ ခံစားချက်၊ တင်ပြချက်တွေကို အလေးအနက်ထားဖို့ လိုပါတယ်။ ပြည်သူတွေ ပြစ်မှု ကျူးလွန်နိုင်သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေလဲ ပြစ်မှု ကျူးလွန်နိုင်ပါတယ်။ ပြည်သူတွေပြောတာ အားလုံး ကောလဟာလ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြောတာ အားလုံးအမှန်လို့ ယူဆပြီး လုပ်ဆောင်နေသမျှ တရားဥပဒေစိုးမိုးမှု ဘယ်တော့မှ ရှိမှာမဟုတ် ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာ ရဲနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်မှ ဖြစ်နိုင်မှာပါ။

လူသတ်မှုတွေ၊ မုဒိန်းမှုတွေ မြန်မာနိုင်ငံ တဝှမ်း လုံးမှာ နေ့စဉ်နှင့် အမျှ ဖြစ်နေပါတယ်။ ပြစ်မှု ကျူးလွန်သူတွေကို ပြည်သူ့ရဲက ဘယ်လိုပုံစံနှင့် ဖေါ်ထုတ်ကြပါသလဲ၊ Police Procedures လို့ခေါ်တဲ့ ရဲလုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ပြစ်မှု ကျူးလွန်သူ တစ်ယောက် နှစ်ယောက် အတွက် တရွာလုံးက လူတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေကို ခြိမ်းခြောက်ဖမ်းဆီးလို့ မရပါဘူး။ အဲသလို ဥပဒေလဲမရှိပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ရာဇဝတ်မှုများကို စစ်ဆေးဖေါ်ထုတ်တဲ့အခါ ဥပဒေ၊ နည်းဥပဒေများ အတိုင်း စံတစ်မျိုးတည်း ကိုသာ သုံးဖို့လိုအပ်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က တောင်ကုတ် မြို့မှာ ခရီးသွားသူ ၁၀ ဦးကို အင်အား ၃ဝဝ ခန့်ရှိ လူအုပ်မှ သတ်ဖြတ်ခဲသည့် ရာဇဝတ်မှုများကို ဘယ်လိုကိုင်တွယ် ဖေါ်ထုတ်ခဲ့ပါသလဲ။ တစ်နှစ်ကြာအထိ တောင်ကုတ်နှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက မဖေါ်ထုတ်နိုင်ခဲ့လို့ နေပြည်တော်မှ အထူး ရဲတပ်ဖွဲ့ဝင်များသွားပြီး ဖေါ်ထုတ်ဖမ်းဆီးခဲ့ရတယ်။ အဖမ်းခံရသူ ၆ ဦး သာ ရှိပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း လေ့လာ သိရှိရပါတယ်။ ကျွန်တော် တင်ပြ လိုတာကတော့ ဒီတရားခံ ၆ ဦးကို ဖမ်းဆီးဖို့ လုံခြုံရေးတပ်ဖွဲ့ဝင် ဘယ်နှစ်ဦး အသုံးပြုခဲ့ပါသလဲ၊ ရွာဘယ်နှစ်ရွာကို ဝင်စီးခဲ့ပါသလဲ၊ အချိန်ဘယ်လောက်ယူခဲ့ပါသလဲ၊ ရပ်မိရပ်ဖ၊ အမျိုးသမီးနှင့် ကလေး ဘယ်နှစ်ဦးကို ဖမ်းဆီး ခဲ့ပါသလဲ၊ သေနတ် ဘယ်နှစ်ချက် ပစ်ခတ်ခဲ့ရပါသလဲ၊ အခု မောင်တောမှာ ဘယ်လိုပုံစံနဲ့ လုပ်နေကြပါသလဲ။ ဒါတွေကို ကျွန်တော်တို့ သိဖို့လိုပါတယ်။ စံတစ်မျိုးတည်းဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ခွဲခြားဆက်ဆံ ဆောင်ရွက်မှုလို့ဘဲ ပြောရပါလိမ့်မယ်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက မည်သည့်ခွဲခြားဆက်ဆံမှုကိုမှ လက်မခံပါဘူး။ ဥပဒေ ချိုးဖောက်သူ မည်သူမဆို ပြစ်ဒဏ် ပေးခြင်းခံရပါမည်။ Nobody is Above the Law ဟု ဆိုတဲ့အတိုင်း ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအဝင် ဒုချီရာတန်း မူဆလင်ရွာမှ ပျောက်ဆုံးနေသော အမျိုးသမီးများ၊ ကလေးများ၊ အမျိုးသားများ အားလုံးကို ရှာဖွေတဲ့နေရာမှာ ပြည်သူများ၏ တာဝန်သိမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိသူများ ဖြစ်ကြတဲ့အတွက် နိုင်ငံတော်နှင့် လူမျိုးစုံ၊ ဘာသာစုံ ပြည်သူများ၏ အကျိုးကို ရှေ့ရှု၍ လွှတ်တော်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဗဟိုအာဏာပိုင်များနှင့် ဆက်သွယ်၊ ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။

ဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို ဥပဒေနှင့် အညီ အရေးယူနိုင်မှ နယ်မြေ တည်ငြိမ်အေးချမ်း မှုကို ဖေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နစ်နာသူများ၏ တိုင်ကြားစာများ၊ လူအသေ အပျောက် စာရင်းများ၊ သတင်းအချက် အလက်များး၊ ဓါတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် အထောက်အထားများကို အောက်ပါ Electronic လိပ်စာများသို့ အမြန်ဆုံး ပို့ပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မှတ်ချက်။ သတင်းအချက်အလက်ပေးပို့သူများ၏ ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက် ထားရှိပါမည်။

1. Viber ID: 09-500-2570
2. WeChat ID: ShweMaung_MP
3. Skype ID: ShweMaung.MP
4. Facebook ID: ShweMaung.BTG
5. Gmail ID: ShweMaung.MP@gmail.com

[ Video file များကို YouTube တွင် Upload လုပ်ပြီး Link ကို အထက်ဖေါ်ပြပါ အဆင်ပြေရာ ID တစ်ခုခုသို့ Share လုပ်ပေးရင် လုံလောက်ပါတယ်။ YouTube ပေါ်တွင် Upload မလုပ်တတ်သူများ ဆက်သွယ်လာပါက ကူညီရှင်းပြပေးပါ့မယ်။ ]

လေးစားစွာဖြင့်

ဦးရွှေမောင်
(မောင်တောခရိုင်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မိုဘိုင်းဖုန်း – ဝ၉-၅ဝဝ-၂၅၇ဝ

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
ရန်ကုန်မြို့

Link =>https://www.facebook.com/ShweMaung.BTG/posts/1402303183352043?stream_ref=10

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: