အရေးကြီးသောအချိန်ရောက်နေ၍ပူးပေါင်း ဆောင် ရွက် ရန် ဒေါ်စုနှင့် ၈၈ သ ဘော တူ

 

 

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲ ကြေညာချက်ကို လာမယ့် သတင်းပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ စတဲ့ ခေါင်းဆောင်တွေဟာ ဒီနေ့ညနေက နေပြည်တော်မှာရှိတဲ့ စည်ပင်ဧည့်ရိပ် သာမှာ တွေ့ ဆုံခဲ့ပါ တယ်။   ကြေညာချက် ထုတ်ပြန်မယ့်အကြောင်း ကိုဂျင်မီက အခုလို ပြောပါတယ်။ “အရေးကြီးတဲ့အသွင် ကူးပြောင်းရေး ကာလမှာ ကျွန်တော်တို့ ဒီထက်ပိုမို ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အဓိကထားဆွေးနွေးခဲပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှေ့အပတ်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကြေညာချက်တစောင်ထုတ်ပြန်ပါမယ်။” ဒါအပြင် ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေဟာ ပြီးခဲ့ တဲ့ ဇန်န၀ါရီလ ၄ ရက်နေတုန်းကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေ အိမ်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ ဆုံခဲ့ကြပါတယ်။

 

 မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ၏ အရေးကြီးသောအချိန်ကို ရောက်နေသောကြောင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်ကြ ဖို့     ဒေါ်အောင် ဆန်း စုကြည်နှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ ဖေဖော်ဝါရီ ၄ရက်နေ့ ညနေတွင် မိနစ် ၄ဝကြာ တွေ့ဆုံခဲ့ကြောင်း ၈၈မျိုးဆက်က ထုတ်ပြန်လိုက်သည်။ နှစ်ဖက်ဆွေးနွေးပွဲ ရလဒ်များကို လာမည့် သီတင်းပတ်များအတွင်း ပူးတွဲထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ ကြေညာ ချက် ၌   ဖော်ပြထားပြီး တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီနှင့် ဦးပြုံးချိုတို့ ပါဝင်ခဲ့သည်ဟု ဆို သည်။   မြန်မာသမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးအတွက် ဆန့်ကျင်ဘက် အင်အားစုများက လူစုလူဝေးများပြု လုပ်ခြင်း၊ အကြမ်း ဖက်တိုက် ခိုက်ခြင်းများ ပြုလုပ်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုရှိရန် လျှို့ဝှက်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သတင်းများ ထွက်ပေါ်နေ   ပြီး ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ဆိုသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်း သား ခေါင်းဆောင်တို့၏ တွေ့ဆုံမှုသည် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးဆိုင်ရာကို အဓိကဆွေးနွေးကြမည်ဟု ယူဆနိုင်ပြီး ဥပဒေဘောင်အတွင်း လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေး ပိတ်ဆို့ ဟန့်တားမှုများရှိပါက၊ အခြားသော နည်းလမ်းများရှိသည်ဟု လူထုခေါင်းဆောင်က တရားဝင် ပြောဆို ထားသည်။ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်ကို သမ္မတ ဦးသိန်းစိန် က ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်ကြား တင်းမာမှုများ စတင်ပေါ်ပေါက်ခဲ့သလို သမ္မတဦးသိန်းစိန်ကို လိုလားသော အင်အားစုများက ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လူမျိုးရေး ဘာသာရေး ခေါင်းစဉ်များဖြင့် စတင်လှုပ်ရှားလာနေကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: