ရိုဟင်ဂျာလူမျိုးစုနဲ့ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့ ပဋိ ပက္ခဖြစ် နေ တဲ့ အ ခြေ အ နေ ပေါ် မှာ ဒေါ်စု ၏ အဖြေ

ရိုဟင်ဂျာလူမျိုးစု နဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု တို့ရဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ၏ အဖြေ

မေးခွန်း …

 ရခိုင်ပြည်နယ်နဲ့ပတ်သတ်ပြီးတော့ ရခိုင်လူထုတွေ လက်ရှိဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ လူမျိုးစု နဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု တို့ရဲ့ ပဋိပက္ခဖြစ်နေတဲ့ အ   ခြေ အနေပေါ်မှာ ဒေါ်စု အနေနဲ့ ဘယ်လိုများသုံးသပ်ပြီးတော့ ထင်မြင်ယူဆတယ်ဆိုတဲ့မေးခွန်းကို ဖြေ ကြားပေးနိုင်မလား ဒေါ်အောင်ဆန်းစုကြည် ၏  အဖြေ

ကျွန်မတို့နိုင်ငံကလေ အစတည်းက တိုင်းရင်းသားလူမျိုးများစွာရှိတယ်၊ နောက်တစ်ခြား ဘာသာတွေလဲ အများကြီးရှိတယ်၊ အခု ရခိုင်ပြည်နယ် မှာ ဖြစ်နေ တဲ့ ပဋိပက္ခတွေဆိုရင် ဒါဟာ မနေ့တစ်နေ့က ဖြစ်တာ မဟုတ်ဘူး၊ မြစ်ဖျားခံတာကတော့ ကြာပြီ၊ ဒါပေမယ့် အဓိက က ပြသနာ ကို ဘယ် လိုဖြေရှင်းမလဲ ၊ ဘယ်လိုပုံနဲ့ ဖြေရှင်းမလဲဆိုတာ အရေး ကြီးတယ်၊ အဲ့ဒီတော့ ကျွန်မပြောချင်တာ ကတော့ ပြသနာ တစ်ခု ဖြေရှင်း တဲ့ အခါမှာ အ ကောင်း ဆုံးနည်းကို ရှာရမယ်၊ အကောင်းဆုံးဆိုတာ အပေးအယူနည်းပဲ၊ ဒီခောတ်ကြီးမှာ ကိုယ်သီးသန့်နေလို့ရတဲ့   ခောတ်မဟုတ်တော့ ဘူး၊   နိုင်ငံတစ်ခု အနေနဲ့လဲ သီးသန့်နေလို့ မရဘူး၊ ကိုးကွယ်တဲ့ ဘာသာအနေနဲ့လဲ သီးသန့်နေလို့မရဘူး၊ အားလုံးကနေပြီးတော့ စု ပေါင်းပြီးနေ ရတဲ့   ခောတ်ကြီးပဲ၊ ဒီလိုစုပေါင်းပြီးနေရတဲ့ ခောတ်ကြီးမှာဆိုရင် ကိုယ်ဘယ် လို ကမ္ဘာကြီးမှာ နေချင်လဲဆိုတာ ပထမစဉ်းစား ရမယ်၊ နောက်ပြီးတော့ အဲ့ဒီ ကမ္ဘာကြီး ထဲမှာ ကိုယ့်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးမှာနေချင်လဲဆိုတာ စဉ်းစားရမယ်၊ အဲ့ဒီကနေမှ ဆင်းလာပြီးတော့ ကိုယ်ဟာ ဘယ်လိုဒေသ မျိုး မှာနေချင်လဲ၊ နောက်ဆုံးကျတော့ ဘယ် လိုလမ်းမျိုးမှာနေချင်လဲ၊ ကိုယ့်လမ်းမှာ ဘယ်လို အခြေ အနေဖြစ်စေချင်လဲ၊ အဲ့ဒီကနေ စ ပြီးတော့ စဉ်းစား ရမယ်၊ ကျွန်မတို့က ပဋိပက္ခကနေစပြီးတော့ မစဉ်းစားနဲ့ ၊ လူတိုင်းလူ တိုင်းဟာ ရည်ရွယ်ချက် ရှိရမယ်၊ လူတိုင်းလူတိုင်း မှာ မျှော်မှန်းချက် တစ်ခုရှိ ရမယ်၊ နောက် ပြီးတော့ ဒါဟာ ကောင်းတဲ့ မျှော်မှန်းချက်ဖြစ်ရမယ်၊ ဘာဖြစ်လို့ လဲဆိုတော့ လူဖြစ်လာ မှ တော့ မျိုးဆက်တစ်ခု နဲ့ တစ်ခု ပိုတိုး တက် လာအောင် မြင်စေချင်ကြမှာပဲ၊ မြင်ချင်ရမယ်၊ ဒါမှလဲ လူငယ်တွေ အတွက် မျှော်လင့် ချက်ရှိမှာပေါ့၊ မျိုးဆက်တွေ က တစ်ဖြည်းဖြည်း ဆုတ်ယုတ်သွား မယ်ဆိုရင် လူငယ်တွေက ဘာမျှော်လင့်ချက်ရှိမှာလဲ၊ အဲ့တော့ ဒီလိုမေး ခွန်းတွေက တကယ်အဖြေရှာရမှာ လူငယ်တွေ အဖြေရှာ ရမှာပဲ၊ အန်တီတို့ ကနေပြီးတော့ ခေါင်းရှောင်ချင်လို့ မဟုတ်ဘူး၊ ဒီကိစ္စတွေက အန်တီတို့ရဲ့ တာဝန်ဖြစ်လာရင် အန်တီတို့ ရင်ဆိုင်မယ်၊   ကျော်လွှား မယ်၊ ဖြေရှင်းမယ်၊ ဒါပေမယ့် အဓိက အခုအချိန်မှာတော့ အစိုးရ ရဲ့ တာဝန်ဖြစ်တယ်၊ အဲ့တော့ အစိုးရကိုလဲ မေးရမယ်၊ အဲ့ဒီတော့ ဒါကျွန်မ ခဏခဏပြော တယ်၊ မီဒီယာတွေ ကို၊ ကျွန်မတို့ကို လာလာပြီးမေးလို့ရှိရင် ၊ ကျွန်မတို့ကို မေးတာ ဟုတ် ပြီ၊ ကျွန်မတို့ ကလဲ နိုင်ငံရေး အဖွဲ့တစ်ခုကို ကိုယ်စားပြုတဲ့ သူဆိုတာ မေးတဲ့ မေးခွန်းကို ဖြေရမှာပဲ၊ ဒါ ခေါင်းရှောင်ပိုင်ခွင့်မရှိဘူး၊ ခေါင်းရှောင်ချင်လို့ရှိရင် ဒီအလုပ်မလုပ် နဲ့ ဖြေ  မယ်၊ သို့သော်ငြားလဲ တကယ် တာဝန်ရှိတဲ့သူတွေ လဲ မေးရမယ်၊ မေးမှလဲ တကယ် အဓိ ပ္ပါယ်ရှိတဲ့ အဖြေကိုရမယ်၊ ကျွန်မတို့မေး မယ့် အဖြေတွေက Theoretically   ပေါ့နော်၊ ဒါ အတွေးအခေါ်အားဖြင့် အဖြေတွေ အများကြီးပေးနိုင်တာပေါ့၊ တကယ်တော့ ကိုယ်လုပ် ပိုင်ခွင့်မရှိဘဲနဲ့ အဖြေပေးတယ်ဆိုတာကလဲ အမှန်ပြောရင် ဒါလဲ သိပ် ပညာ မပါဘူး၊ အဲ့တော့ မီဒီယာတွေကိုတော့ အဲ့ဒါကို မျှမျှတတ မြင်စေ ချင်တယ်၊ တကယ် တာဝန်ရှိတဲ့ သူတွေကို အဓိကမေးရမယ်၊ ဒါဟာ လွတ်လပ်တဲ့ ဒီမိုကရေ စီနိုင်ငံတွေမှာ ဒီအတိုင်းပဲ၊ ဥပမာဆိုရင် အမေရိကန် ပြည်ထောင်စုမှာ ဒီလို ပဋိပက္ခဖြစ်တယ်ဆိုရင် ဘယ်သူ့ကို သွားမေးလဲ ၊ သမ္မတ အိုဘားမား ကို နံပါတ်တစ် မေးရမှာပဲ၊ ဒါအမှန်အတိုင်းပဲ၊ သမ္မတ အိုဘားမားကို နံပါတ်တစ် မမေးဘဲနဲ့ အတိုက်အခံကို နံပါတ်တစ် ထားပြီးတော့   မေး တယ်ဆိုတာဟာ ၊ မေးတော့ မေး ပါတယ်။ မေးလဲ မေးနိုင်တယ်၊ ဒါပေမယ့် တကယ်ေ ဖြေရှင်းရမှာက ဘယ်သူက ဖြေရှင်းရမှာလဲ၊ ဒါဟာ အစိုးရက ဖြေရှင်းရမှာ၊ ဖြေရှင်းရ မယ့် သူ ကိုမေးပါ၊ ဘယ်လို ပုံစံနဲ့ ဖြေရှင်းဖို့ အစီအစဉ်တွေ ချထားလဲဆိုတာ ၊ အဲ့ဒီ တော့ အမှန်ပြောရရင် အန်တီတို့ လဲ သိချင်တယ်၊ မီဒီယာတွေက မေးပေး လို့ ရှိရင် ကျွှန် မတို့ အားလုံးလဲ သိရမှာပေါ့၊

NLD Chairperson ပြန်လည်မျှဝေပေးပါတယ် လေးစားလျက် Martin Swe 03-02-2014

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: