အစ္စလာမ်ဟာ ရပ်တန့် နေတဲ့ သာသနာ၊ ဆုတ်ယုတ်နေတဲ့ သာသနာ တစ်ခု ဟုတ် မဟုတ် ဆိုတာကို ဓာတ်ပုံကလေး ၃၊ ၄ ပုံကို ကြည့်ရုံမျှနဲ့ သိနိုင်ပါတယ်

အစ္စလာမ်ဟာ ရပ်တန့် နေတဲ့ သာသနာ၊ ဆုတ်ယုတ်နေတဲ့ သာသနာ တစ်ခု ဟုတ် မဟုတ် ဆိုတာကို ဓာတ်ပုံကလေး ၃၊ ၄ ပုံကို ကြည့်ရုံမျှနဲ့ သိနိုင်ပါတယ်။

အစ္စလာမ်ဟာ ရပ်တန့် နေတဲ့ သာသနာ၊ ဆုတ်ယုတ်နေတဲ့ သာသနာ တစ်ခု မဟုတ်ဘဲ ဘာသာကူးပြောင်း သက်ဝင်ယုံကြည်လာသူတွေ၊ သာသနာကို ပိုမို ခိုင်မြဲစွာ သက်ဝင်ယုံကြည်လာကြသူတွေနဲ့ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာရွှေမြို့တော်ရှိ ကအ်ဗာဝတ်ကျောင်းတော်ကို နှစ်စဉ် တိုးချဲ့ တည်ဆောက်နေရတာတွေကို နှိုင်းယှဉ် ကြည့်ခြင်းအားဖြင့် သိနိုင်ကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၀၀ ပြည့်နှစ်ကနေ ယခု ၂၀၁၄ ထိ၊ နှစ် ၁၀၀ကျော်အတွင်းမှာ ကအ်ဗာဝတ်ကျောင်းတော်ကို အကြိမ်ကြိမ်တိုးချဲ့တည်ဆောက်ခဲ့ရခြင်းဟာ သာသနာဝင်များ တိုးတက်လာခြင်းကြောင့်လော၊ သာသနာဝင်များ ဆုတ်ယုတ်ရပ်တန့်နေခြင်းကြောင့်လော၊ အဖြေမှာ ရှင်းလင်းတိကျနေပါတယ်။

ဒီညမှာလည်း ကအ်ဗာဝတ်ကျောင်းတော်ကို တိုးချဲ့နေတုန်းပါပဲ။

ဒီနေ့မှာလည်း အစ္စလာမ်သာသနာဝင် အရေအတွက်ဟာ တိုးတက်များပြားလာနေဆဲပါ။

အစ္စလာမ်ဟာ ဒီလောက်ဆိုးပါတယ်၊ မွတ်ဆလင်တွေ အကျင့်စာရိတ္တမကောင်းဘူး၊ လည်လှီးတယ်၊ မုဒိမ်းကောင်တွေလို့ မသိ နားမလည်သူတွေက ဘယ်လိုပဲ စွပ်စွဲနေကြပေမယ့် အစ္စလာမ်ကို ပြောင်းလဲကိုးကွယ်လာသူတွေ တစ်နေ့တစ်ခြား ပိုမိုများပြားလာနေရတာ ဘာကြောင့်ပါလဲ။

အစ္စလာမ်ကို အတွင်းကျကျ လေ့လာပါ။ အစ္စလာမ့်အနှစ်သာရကို သင်တွေ့ပါလိမ့်မယ်။

အစ္စလာမ့်ငြိမ်းချမ်းမှုကို သင်ရှာဖွေနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်။

Lynn Naung (လင်းနောင်)
https://www.facebook.com/LinnNaung13

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: