ဂျာမဏီ သမ္မတ Joachim Gauck ၏ ရန် ကုန် တက္က သိုလ် ဘွဲ့နှင်း သ ဘင် ခမ်း မ ၌ ပြော ကြား သော မိန့် ခွန်း မှ ကောက် နှုတ် ချ က်

ဂျာမဏီ သမ္မတ Joachim Gauck ၏ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခမ်းမ၌ပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ချက် (၁)


မြန်မာနိုင်ငံဟာ အချိန်တိုလေးအတွင်းမှာ ခရီးရှည်တစ်ခုကို လျှောက်ခဲ့တယ်။ ဒါပေမယ့် ဆက်သွားရဖို့ အဝေးကြီးကျန်ပါသေးတယ်။ အပြောင်းအလဲဆို တိုင်း ရံဖန်ရံခါတော့ အကြောက်တရားနဲ့ ငြင်းဆန်မှုက ဒွန်တွဲပါလာတတ်တယ်။ အရင်တုန်းက ဖိနှိပ်ခံခဲ့ရတဲ့ ပဋိပက္ခတွေကလည်း အခုတော့ ပွင့်ပွင့် လင်းလင်း ခေါင်းထောင်လာခဲ့တယ်။

 

ပြောရတာကတော့ လွယ်ပါတယ်။ ဒါပေမယ့် လူနည်းစု လူမျိုးစုတွေ၊ ကိုးကွယ်တဲ့ဘာသာ ကွဲပြားမှုတွေအများကြီးရှိနေတဲ့ နိုင်ငံတစ်နိုင်ငံအတွက် အရမ်း ကို ခက်ခဲပါတယ်။ ပြီးတော့ ကာလရှည်ကြာလှတဲ့ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ ဖယ်ကြဉ်မှုတွေရှိတဲ့ သမိုင်းကြောင်းကလည်း ရှိနေတယ်။ မိသားစုတွေ၊ ကျေးရွာတွေအများအပြားဆို မျိုးဆက်လိုက်ကို ဘာမှ မသိခဲ့ရဘူး။ အစိုးရအာဏာပိုင်တွေကလည်း လက်မှတ် ထိုးပြီး   ပြောင်းလဲနိုင် တာ လည်း မဟုတ်ဘူး။ သည်းခံမှု ခန္တီတရားနဲ့ အပြန်အလှန် လေးစားမှုဆိုတာ အထက်ကနေ လုပ်ပေးလို့ရတာမဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံသားတွေဟာ သူတို့ကို ဘယ်လိုပဲခေါ်ခေါ်၊ ဘယ်လိုပုံသဏ္ဍာန်ပဲရှိရှိ၊ သူတို့မိဘတွေ ဘယ်ကပဲ လာလာ အားလုံးဟာ တန်းတူ ညီမျှ ရှိဖို့၊ တူညီတဲ့အခွင့်အရေးနဲ့ လုံခြုံစိတ်ချ ဘေးကင်းစွာနေထိုင်နိုင်ဖို့တော့ နိုင်ငံတော်က Framework တစ်ခု ဖန်တီးရမှာပဲဖြစ်တယ်။

 

ဒါမှသာ အားလုံးဟာ သူတို့ရဲ့ သဘောထားအမြင်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုပြီး အခြားသူတွေနဲ့ အတူတကွ ပေါင်းစည်းနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ အားလုံးဟာ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ ခရစ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ မွတ်ဆလင်ပဲဖြစ်ဖြစ် သူတို့ဟာ သူတို့ယုံကြည်ကိုးကွယ်မှုကို ကျင့်သုံးနိုင် မှာဖြစ်တယ်။ သင်တို့နိုင်ငံမှာ စေတီပုထိုးတွေ၊ ဗလီဝတ်ကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေရှိပါတယ်။ ဒါဟာ သင်တို့နိုင်ငံရဲ့ မတူ ကွဲပြား မှုတွေ ကို ဖိတ်ခေါ်တဲ့ သရုပ်သကန်ဖြစ်ပြီး ဒါဟာလည်း ခွန်အားတစ်ခုဖြစ်ပါတယ်။

 

ဂျာမဏီ သမ္မတ Joachim Gauck ၏ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခမ်းမ၌ပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ချက် (၂)

 

အကြောက်တရားနဲ့မနေဘဲ သတ္တိရှိကြဖို့ မြန်မာပြည်သူတွေဟာ အတိတ်ကာလတုန်းက အကြိမ်ကြိမ် သက်သေပြခဲ့ပါတယ်။ “အကြောက်တရားဆိုတာ ယဉ်ကျေးတဲ့လူသားရဲ့ သဘာဝအနေအထား မဟုတ်ဘူး”လို့ ဒေါ်အောင်ဆန်းစုကြည် တစ်ခါတုန်းက ရေးခဲ့ဖူးပါတယ်။ သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်ချက် နဲ့ ခင်ဗျားတို့ လူ့အဖွဲ့အစည်းက သတ္တိရှိတဲ့သူတွေအများကြီး မပါဘဲ ပြုပြင်ပြောင်းလဲရေးဆိုတာ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။

 

ဒီကနေ့ ပရိသတ်ထဲမှာ လူငယ်တွေအများကြီးပါတာ တွေ့ရတယ်။ သင်တို့အားလုံးဟာ လွတ်လပ်မှုဆိုတဲ့ ဒီအံ့သြဖွယ်ရာ တာဝန်ကြီးတစ်ခုအတွက် ထမ်းဆောင်နေကြတယ်။ ကိုယ့်ခွန်အားကို ကိုယ်ယုံကြပါ။ အပြောင်းအလဲနောက်ကွယ်မှာ အကြောက်တရားနဲ့ ကျန်ရစ်ခဲ့သူတွေကို ကူညီဖေးမပါ။ ပြီးတော့ အာဏာလက်လွှတ်ရမှာ၊ ဥစ္စာဓနလက်လွှတ်ရမှာ၊ အခွင့်ထူးခံဘဝတွေကို လက်လွှတ်ရမှာ ကြောက်နေကြသူတွေရဲ့ စကားတွေကို နား မထောင်ပါနဲ့။

 

သင်တို့ အပြာင်းအလဲတွေကို ဘယ်လို ကိုင်တွယ်လဲဆိုတာ မြန်မာပြည်အတွက်တင် အရေးကြီးတာ မဟုတ်ပါဘူး။ သင်တို့ အောင်မြင်မှုဟာ ဘာ ကိုပြ မလဲ ဆိုတော့ လူထုကို ဆန့်ကျင်တာမျိုးမဟုတ်တဲ့၊ အကြောက်တရားတွေ မွေးထုတ်နေတာမျိုးမဟုတ်တဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှုဟာ ဒီဒေသ တစ်ခုလုံးနဲ့ အခြားနေရာတွေဆီကိုပါ သက်ရောက်မှုရှိနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ အာရှဒေသက အခြားသော နိုင်ငံသားတွေကိုလည်း သူတို့ကံကြမ္မာကို သူတို့ ကိုယ် ပိုင် ဖန်တီးနိုင်ဖို့ ခွန်အားတွေပေးရာလည်း ရောက်ပါတယ်။ ကျွန်တော် ဒီကနေ့ သေချာပေါက် ပြောနိုင်တာက သင်တို့တွေဟာ တရားဥပဒေ စိုး မှုမှုရှိတဲ့ ငြိမ်းချမ်းသော ကြွယ်ဝသော ဒီမိုကရက်တစ်နိုင်ငံကို ဦးတည်နေတယ်ဆိုရင် ဂျာမဏီနိုင်ငံက သင်တို့နဲ့အတူ ဘေး မှာရှိနေတယ်ဆိုတာပါပဲ။

 

ဂျာမဏီ သမ္မတ Joachim Gauck ၏ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခမ်းမ၌ပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ချက် (၃)

 

မြန်မာပြည်မှာ ပြောင်းလဲမှုတွေရှိနေတယ်ဆိုတဲ့ အချက်တွေကို ကျွန်တော်ပြောတဲ့အခါ ကျွန်တော့်မှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိပါတယ်။ ကျွန်တော် ဒီကို ဂျာမဏီပြည်သူ့သမ္မတနိုင်ငံတော်ရဲ့ သမ္မတတစ်ယောက်အဖြစ် လာခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ဖိနှိပ်မှုနဲ့ တရားမမျှတမှုတွေရဲ့အောက် လူ့သက်တမ်း ၃ပုံ ၂ပုံလောက် နေခဲ့ရတဲ့ ဂျာမန်တစ်ယောက်အနေနဲ့ သင်တို့ရှေ့မှောက်မှာ ရောက်လာခဲ့တာပါ။

 

ကိုယ်ချစ်ခင်ရတဲ့သူတွေ ဖမ်းဆီးခံရတာ၊ ပျောက်ကွယ်သွားတာ၊ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ထောင်းထောင်းကြေအောင် ခံစားပြီးမှ နှစ် အတန်ကြာ မှ ပြန် ဆုံတွေ့ရတာတွေကို ကျွန်တော် ကလေးဘဝကတည်းက ကြုံဆုံခဲ့ဖူးပါတယ်။ အကြောက်တရားကနေ ကင်းဝေးပြီးနေချင်တဲ့ အာသီသ ကို ကျွန်တော် သိပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဝတွေကို အစိုးရရဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေက ပုံဖော်ခဲ့တာကိုလည်း သိခဲ့ပါတယ်။

 

လူသားတွေဟာ အကြောက်တရားကို ဖယ်ခွာလိုက်တဲ့အချိန်မှာ ကိုယ့်ကြမ္မာကို ကိုယ့်လက်နဲ့ ကိုယ်ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အချိန်ကို ကျွန်တော် အမြဲ အမှတ်ရနေပါတယ်။ အရှေ့ဂျာမဏီမှာ ၁၉၈၉ ဆောင်းဦးတုန်းက ဒီမိုကရေစီ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တ့အခါ ငြိမ်းချမ်း တဲ့ တော်လှန်ရေးတစ်ခု မဟုတ် ခဲ့ပါဘူး။ လွတ်မြောက်ရေးကာလတွေမှာ မထင်မှတ်ထားတဲ့ အင်အားတွေကို ရင်ဆိုင်ခဲ့ရပါတယ်။   မြန်မာပြည်လည်း ဒီလို အလားတူ အတွေ့အကြုံမျိုး ရှိနေမယ်လို့ ထင်ပါတယ်။

 

စစ်အာဏာရှင်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေး၊ အာဏာရှင်နိုင်ငံကနေ ဒီမိုကရေစီနိုင်ငံ၊ ပြည်သူတွေဟာ နိုင်ငံတော်ပိုင်ဘဝ Subject တွေ ကနေ နိုင်ငံသားတွေ Citizen တွေအဖြစ် အသွင်ပြောင်းလဲမှုဟာ ခက်ခဲပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: