အလေးချိန် ၁၅ တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ဖား ကန့် ဝှေ ခါရွာ အနီး တွေ့ ရှိ

ဖားကန့်မှ မိုင်းတွင်းနယ်မြေတစ်ခု

ဒဏ္ဍာရီ(ပျဉ်းမနား)၊ ဖားကန့်၊ ဖေဖော်ဝါရီ-၁၁

ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာနတ်ကြီးစင် အဟောင်းအောက် မော်သောင်းကျေးရွာ အဆင်း လမ်း တွင် အရွယ်အစား အလွန်ကြီး မားသောကျောက်စိမ်းအရိုင်းတုံးကြီးတစ်တုံးတွေ့ရှိကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက အကြောင်းကြားခဲ့သည်။ ဖားကန့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် အဖွဲ့များသွားရောက်ကြည့်ရှု ရာ ဝှေခါကျေး ရွာရတနာကြယ်ကုမ္ပဏီ၊ တစ်သုံးလုံးကုမ္ပဏီ၊ ဧရာရတနာကုမ္ပဏီလုပ်ကွက်များနှင့် မျက်နှာ ချင်းဆိုင် ပေ ၁၅၀၀ ခန့်အကွာတွင် အရွယ်အစားပေ ၂၀ ပတ်လည်ခန့်ကျောက်စိမ်းအရည်အသွေး(ပဲရည်/ပဲသား)ခန့်မှန်း အလေးချိန် (၁၅)တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးကို တွေ့ရှိခဲ့သဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက အထူးကြပ်မတ်စောင့်ကြပ်လျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: