သမိုင်းကိုလည်း ဖျက်ပေးကြပါ

 

» ကုလားမို့လို့ ခွင့်မပြုဘူးဆိုတဲ့ မျိုးချစ်ဘုန်းဘုန်းတို့ရေ …

ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဦးဘရှင်ဆိုတဲ့ ကုလားကြီးရဲ့ သမိုင်းကိုလည်း အစားထိုးပြီး ဖျက်ပေးကြပါ။

ဒုတိယကျောင်းသားသပိတ်မှာ ဦးဆောင်သွားတဲ့ ဦးရာရှစ်ဆိုတဲ့ကုလားကြီးကိုလည်း သမိုင်းကနေဖျက်ပြီး အစားထိုးလိုက်ပါ။

ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံးဥက္ကဋ္ဌ ဦးထွန်းစိန် ဆိုတဲ့ ကုလားကြီးနေရာမှာ သမိုင်းဖျက်ဖို့ အစားထိုးလို့ရရင် ထိုးလိုက်ပါ။

ပင်လုံစာချုပ် မအောင်မြင်လို့ဆိုပြီး ပြန်တော့မယ့်ဗိုလ်ချုပ်ကို တညလောက်တော့ အချိန်ပေးပါ ကျွန်တော်ကြိုးစားပါဦးမယ်ဆိုပြီးတားခဲ့တဲ့ ကုလားကြီး ဦးဖေခင်ရဲ့ သမိုင်းကိုလည်း အစားထိုးပြီး သမိုင်းကို ဖျောက်ရရင်ဖျောက်ပေးစမ်းပါ။

ဒုတိယနဲ့ တတိယကျောင်းသားသပိတ်အပါအဝင် (၁၃၀၀) ပြည့် အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့။ တပည့်ကျောင်းသားတွေကို မျိုးချစ်စိတ်ဓါတ် တက်ကြွစေ ရန် အမြဲ အားပေးကူညီလေ့ကျင့်ပေးတဲ့။ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်နဲ့အတူတူ နေ့မအိပ် ၊ ညမအိပ်ပဲ ကြိုးပမ်းပြီးသွေးမြေကျခဲ့ရတဲ့ ကုလားကြီး ဦးရာဇာတ် ရဲ့ သမိုင်းကိုလည်း ကုလားမို့လို့ ဖျက်လို့ရရင် အစားထိုး သေပေးပြီး ဖျက်လိုက်ကြစမ်းပါ။

ဒို့ဗမာအစည်းအရုံးနဲ့အတူတူတွဲပြီး နယ်ချဲ့ကို ဆန့်ကျင်ရေးလုပ်ခဲ့တဲ့ နိုင်ငံဂုဏ်ရည် ပထမအဆင့် ပုဂ္ဂိုလ်ကြီး ဆရာချယ်ဆိုတဲ့ ကုလားကြီး နေရာမှာ လူစား ထိုးလို့ရရင် လူစားထိုးပြီး ဖျောက်ဖျက်ဖို့ ကြိုးစားလိုက်စမ်းပါ။

အဲ့ဒီ ကုလားကြီးတွေက သူတို့သမိုင်းကို သူတို့ရေးနေတဲ့အချိန်မရှိခဲ့ပါဘူး သမိုင်းကဘဲ သူတို့ကို အသိမှတ်ပြု ရေးခြင်းခံလိုက်ရတာပါ။

နှစ်ကာလကြာလို့ သမိုင်းဖျောက်မရဘူးဆိုလဲ မနေ့တနေ့ကလုပ်သွားခဲ့တဲ့ လုပ်ရပ်ကိုဘဲ အစားထိုး ဖျောက်ဖျက်ကြည့်လိုက်ပါ။

သမိုင်းဆိုတာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဖျက်လို့မရပါဘူး။

သမိုင်းဆိုတာ ကိုယ်တိုင်ပါဝင်ပေမဲ့ ပွဲကြည့်ပရိတ်သတ်က ဆုံးဖြတ်ပေးရတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: