ဒုချီးရားတန်းကိစ္စ နိုင်ငံတကာစံနှုန်းနှင့်အညီမ ဆောင် ရွက် ပါက ကုလ လူ့ အခွင့် အရေး ကောင်စီ အား စုံစမ်း မှု လုပ် ရန် တိုက် တွန်း မည် ဟု ကင်တားနား ပြော


 

ဒုချီးရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်မှန်ပေါ်ပေါက်စေရန် နိုင်ငံတော်သမ္မတကဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် နိုင်ငံ တကာ စံ ချိန်စံနှုန်းများနှင့်အညီဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပါက မြန်မာအစိုးရနှင့်အတူစုံစမ်းစစ်ဆေးမှုများဆောင်ရွက်ရန် ကုလလူအခွင့်အရေးကော်မရှင် အား တိုက် တွန်း သွားမည်ဖြစ်ကြောင်း မစ္စတာကင်တားနားက ပြောကြားသည်။

 


မြန်မာနိုင်ငံသို့ ခြောက်ရက်တာရောက်ရှိနေသော ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်မစ္စတာကင်တားနား က   ဖေဖော် ဝါရီ ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင် ကျွန်တော်အနေနဲ့ ဒုချီးရားတန်းမှာဘာ တွေဖြစ်ပျက်ခဲ့သလဲ ဆိုတာကိုယုံကြည် စိတ် ချ    လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့နဲ့လူ့အခွင့် အ ရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိုတဲ့ဘယ်သူ့ကိုမဆို အရေးယူဆောင်ရွက် ဖို့ မြန် မာ အစိုးရနှင့်အတူ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားဖို့ကုလလူအခွင့်အရေး ကောင်စီကို တိုက်တွန်းသွားပါမယ်” ဟုမစ္စတာကင် တားနား က   ပြော သည်။

 

ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းရာတွင် ကွဲပြားခြားနားသည့်စိန်ခေါ်မှုများရှိနိုင်ပြီး ယင်းစိန်ခေါ်မှုများကို သတိ မမူခဲ့ပါက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှု ဖြစ်စဉ်အားလုံး ပျက်စီးနိုင်ကြောင်း ကုလအထူးကိုယ်စားလှယ်က ဆက်လက်ပြောကြားသည်။

 


မစ္စတာကင်တားနားက ကချင်အရေး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေးအကျဉ်းသားများ၊ မီဒီယာ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များနှင့်ပတ်သက်၍လည်း ရှင်းလင်းပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှာ စိုးရိမ်ဖွယ် အခြေအနေရှိနေဆဲဖြစ်သည်ဟုလည်း ကုလလူ့အခွင့်အ ရေး ကိုယ်စားလှယ်က ဆက် လက်ပြော ကြား ခဲ့သည်။ မစ္စတာကင်တားနားသည် ၎င်း၏ မြန်မာနိုင်ငံနောက် ဆုံးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့ ဝန်ကြီး များ၊   ကေအိုင် အို ဗဟိုကော်မတီ စသည်တို့ နှင့်တွေ့ဆုံခဲ့ သည်။

 

7 Day Daily No.302 ပါ သတင်းကို မူရင်းအတိုင်း မြန်မာမွတ်စလင်မ်မီဒီယာက ကူးယူဖေါ်ပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: