သမိုင်းဝင် ဦးပိန်တံတား ရှေးမူအတိုင်း ပြုပြင်မည်

 

105_0578
မန္တလေး ။         ။   မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ သမိုင်းဝင် ကမ္ဘာကျော် သစ်သားတံတားကြီး ဖြစ်သည့် ဦးပိန်တံတားအား ရှေးမူအတိုင်း လက်ရာမပျက် ပြန်လည် ပြုပြင်မွမ်းမံမည်ဟု သိရသည်။

 

ရှေးယခင် နှစ်ပေါင်း ၁၅၀-ကျော်က ကျွန်တိုင်များဖြင့် တည်ဆောက်ခဲ့သည့် တံတားကြီးဖြစ်ပြီး ယခုအခါ ပျက်စီးယိုယွင်းမှုများရှိလာပြီး ခိုင်ခံ့မှုအင်အား နည်းပါး လာသောကြောင့် ရှေးဟောင်းသုတေသနနှင့် အသင်းအဖွဲ့များ၊ အလှူရှင်များက စုပေါင်းပြုပြင် ထိန်းသိမ်းရန် စီစဉ်နေကြောင်းသိရသည်။

 

ဦးပိန်တံတားသည် ၃၉၇၆ ပေရှည်ပြီး၊ နားနေဆောင် ၄-ခု၊ အခန်း ၄၈၂-ခန်း၊ တိုင် ၉၈၄ တိုင် တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် သမိုင်းဝင် ဦးပိန် တံတားကြီး သည် နိုင်ငံခြားသားခရီးသည်များအား စိတ်ဝင်စားအောင် စွဲဆောင်မှုရှိပြီး ကမ္ဘာတွင် မရှိသည့် အရှည်ဆုံး ကျွန်း တံတားကြီး လည်းဖြစ် သည်။

 

ဓါတ်ပုံအညွှန်း- ၂၀၀၉ ခုနှစ်က ရိုက်ကူးထားသော ဦးပိန်တံတားဖြစ်ပါသည်။

 

 

 

M-Media Link =>http://www.m-mediagroup.com/news/24489

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: