အသက် ၅၃ နှစ်အရွယ် မာရာဒိုနာ ဘောလုံးပြန်ကစားမည်

– အာဂျင်တီးနားအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်ဖြစ်ပြီး အသက် ၅၃ နှစ်အရွယ်ရှိပြီ ဖြစ်သည့် မာရာဒိုနာမှာ ဘောလုံးပြန်ကစားတော့မည်ဟု သိရသည်။

အာဂျင်တီးနားရှိ ပဉ္စမတန်း Primera D တွင် ယှဉ်ပြိုင်နေသည့် ဘောလုံးအသင်း Deportivo Riestra တွင် ကစားမည်ဖြစ်ပြီး၊ လာမည့် မတ်လ နှောင်းပိုင်းတွင် ပွဲဦးထွက် ကစားရဖွယ်ရှိနေသည်။

ထိုအသင်းမှာ မာရာဒိုနာ၏ အရင်းနှီးဆုံး သူငယ်ချင်းနှင့် ၎င်း၏ ရှေ့နေဖြစ်သူတို့ ပိုင်ဆိုင်သည့် အသင်းလည်းဖြစ်ပြီး၊ မာရာဒိုနာ ပါဝင်ကစားမည့်ပွဲအတွက် လူ ၃၀၀၀ သာ ဆန့်သည့် ၎င်းတို့၏ အိမ်ကွင်းတွင် မကစားဘဲ၊ အာဂျင်တိုင်း ပရီးမီးယားလိဂ်တွင် ကစားနေသည့် San Lorenzo အသင်းကွင်းတွင် ကစားရန် အကူအညီတောင်းထားသည်။

မာရာဒိုနာအား ခေါ်ယူရန်အတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်သို့ Riestra အသင်းမှ ခွင့်တောင်းထားပြီး စာချုပ်ချုပ်ဆိုမှုကို မကြာမီပြုလုပ်သွားမည်ဟု အသင်းရှိ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

အာဂျင်တိုင်းဘောလုံးလောကသမိုင်းတွင် ဘုရင်တစ်ဆူဟု သတ်မှတ်ထားသည့် မာရာဒိုနာ ဘောလုံးပြန်ကစားမည့်သတင်းအား လူအများအပြားက စိတ်ဝင်စားနေပြီး၊ Riestra အသင်းရှိ တိုက်စစ်မှူး Victor More က ၎င်း၏ကျောနံပါတ် ၁၀ ကို မာရာဒိုနာအား ပေးသွားမည်ဖြစ်ပြီး အခြား မည်သည့်ကျောနံပါတ်ကိုမဆို ၀တ်ဆင်မည်ဟု ပြောကြားခဲ့သည်။
Ref: Mirror

M-Media Link =>http://www.m-mediagroup.com/news/24515

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: