ရခိုင်ပြည်နယ်၊နယ်စပ်မြို့လုံခြုံရေးအတွက်နယ်မြေ ရဲစခန်း (၄) ခု ထပ် မံ တည် ဆောက် မည်

ရခိုင်ပြည်နယ် နယ်စပ်မောင်တောမြို့လုံခြုံရေးအတွက် နယ်မြေရဲစခန်း (၄) ခုထပ်မံ အားတိုးချဲ့တည်ဆောက် သွားရန် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ ထံမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖုန်းဆက်မေးမြန်းချက် အရသိရသည်။

စတင်တည်ဆောက်မည့်နေရာများအား ယခုလက်ရှိတွင် လိုက်လံကြည့်ရှုလျက်ရှိပြီး မောင်တောမြို့နယ် အင်းဒင်ကျေးရွာ၊ အလယ်သံကျော်ကျေးရွာ၊ သရေ ကုန်ဘောင်ကျေးရွာနှင့် ကျီးကန်းပြင်ကျေးရွာတွင် တည်ထောင်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“စခန်းတစ်ခုကို ရဲတပ်သား (၄၅) ဦးနဲ့ဖွဲ့စည်းသွားမယ် ရဲတပ်သားတွေကို လက်နက်အပြည့် တက်ဆင်ပေးဖို့ကတော့ အခုမှအထက်ကို တင်ပြနေလျက် ရှိသေတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ရဲမှူးတစ်ဦးက ဆိုသည်။

မောင်တောမြို့တွင် ရဲစခန်း (၄) ခုအား ထပ်မံတိုးချုတည်ဆောက်ခြင်းသည် ကောင်းသည့်ကိစ္စတစ်ခု ဖြစ်သော်လည်း ရဲစခန်းတည်ဆောက်ရာတွင် ခိုင်မာမှုရှိရန်လိုပြီး တရားဥပဒေ စိုးမိုးမှုရှိရန်လိုအပ်ကြောင်း ကိုလည်း မောင်တောမြို့မှ ကိုဝင်းသိန်းက ပြောသည်။

“ဒီလိုတည်ဆောက်ပေးမယ်ဆိုရင်ကောင်းပါတယ်၊ ပေမယ့်အဲဒီရဲစခန်းတွေကို ခိုင်မာတဲ့ ရဲစခန်းအဖြစ် တည်ဆောက်ဖို့ လိုပါတယ်။ နောက်တစ်ခု ကတော့ ရဲစခန်းတစ်ခု တည်ဆောက်ပြီးရင် တရားဥပဒေ စိုးမိုးမှုရှိ ဖို့လည်း လိုအပ်သေးတယ်” ဟု ဦးဝင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ် နယ်စပ်ကို ယခင် အစိုးရလက်ထက်က နစက တပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့သော မောင်တောအရေး အခင်းတွင် မလိုလားအပ်သော အကြမ်းဖက် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သဖြင့် နယ်စပ်လုံခြုံရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် အစားထိုးခဲ့သည်။
Myanmar Age

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: